Angel Shaper ငယ်ငယ်ကတည်းက သီချင်းဆိုတာ ၀ါသနာပါတယ်။ မောင်နှမတွေ အားလုံး ဆုံရင် အရင်ဆုံးဆော့ဖြစ်တာက အဆိုတော်လုပ်တမ်းပေါ့။ ကိုယ့်အလှည့် ခဏခဏကျအောင် ဥာဏ်နီ ဥာဏ်နက်သုံးပြီး အားလုံးကို အသံနဲ့ နှိပ်စက်နေကျ။ Sunday School တက်တဲ့အရွယ် ရောက်ပြန်တော့ ဆရာမက ဘုရားကျောင်းမှာ သီချင်းတွေတက်ဆိုခိုင်းတယ်။
အဲလိုနဲ့ပဲ မူကြိုအရွယ်ကတည်းက သီချင်းတွေ ဆိုလာခဲ့တာပါ။ အသက် ၁၃ နှစ်လောက်မှာ အဖေသင်ပေးခဲ့တဲ့ မိုင်နာကောဒ့်လေးတွေနဲ့ အပတ်တိုင်းဟဲဖြစ်ခဲ့ပြန်ပေါ့။ ၁၀တန်းလည်းရောက်ရော သူငယ်ချင်း ကောင်မလေး၊ ကောင်လေးတွေအတွက် ပေါက်တတ်ကရစာတွေရေးပေးရင်း ကဗျာလေးဘာလေးတွေကြောင့် အတန်းထဲက တယောက်ကတောင် ဘာလိုလို ညာလိုလို ဖြစ်ခဲ့သေးတယ်။ အဟဲ..........

အိမ်ရှေ့ကို သီချင်းလာဆိုတဲ့ ကောင်လေးတွေ အရှုံးနဲ့ လှည့်ပြန်သွားအောင် မောင်နှမတွေ၊ ၀မ်းကွဲတွေ အုပ်စုလိုက်ကြီး ၀ရံတာကနေ ကြိုးကြိုးစားစား တက်ညီလက်ညီ အော်ဟစ်ဆူပူပြီး အောင်ပွဲခံလာခဲ့ဖူးပါတယ်။
ကောင်မလေးတွေ အဆောင်ရှေ့လည်းမရှောင် ၀ါသနာအရင်းခံပြီး သူငယ်ချင်းတွေကို မေတ္တာ၊ စေတနာ အပြည့်နဲ့ကူညီတတ်တာလည်း Angel Shaper ပါပဲ။ ဒေါ်လေး မုံရွာမှာ စီးပွားရေးတက္ကသိုလ်တက်တော့အလည် ခဏသွားဖြစ်ခဲ့သေးတယ်။ သူတို့နေတဲ့ အိမ်ရှေ့သီချင်းလာဆိုတဲ့ ကောင်လေးတွေဆီကဂစ်တာတောင်းပြီး သူတို့ ကို ဆိုခွင့်မပေးပဲ၊ သူတို့ နားထောင်ချင်တာလေးတွေ ဆိုပြပြီး ပြန်ခိုင်းခဲ့တာလည်း Angel Shaper ပါပဲ။

သီချင်းကတော့ ကျောင်းခရစ်စမတ်ပွဲတွေမှာလည်း တက်ဆိုဖြစ်ဆဲ။ စတိတ်ရှိုးဆိုထိပ်ဆုံးက၊ ဆရာကန်တော့ပွဲ ဆိုလည်းကိုယ်ပါမှ၊ အဲလိုပွဲကြမ်းလာခဲ့တာ ရန်ကုန်ရောက်တော့ ကျူရှင်က ဝါသနာတူသူငယ်ချင်းတွေနဲ့ စတူဒီယိုတွေသွားပြီး သောင်းကျန်းခဲ့တယ်။ ကျေနပ်သွားလို့ ရှိရင် တယောက်ယောက်အိမ်ဝင်ပြီး သီချင်းတွေ လျှောက်ရေး၊ လျှောက်ဆိုတတ်ကြသေးတယ်။ မွေးနေ့ ပွဲတိုင်းလည်း ကိုယ့်ဟော်လိုသံလေး၊ သီချင်းသံလေးပါမှ ပွဲပြီးတာ။ စိတ်ညစ်ရင် သီချင်းလေးအော်ဆို၊ ပျော်ရင်လည်း ဟဲ၊ ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်
လျှောက်အော်နေရမှ ကျေနပ်တတ်သူ Angel Shaper ဟာ ကုလားကားတွေထဲက သရုပ်ဆောင်တွေများဝင်စား ထားသလား အောက်မေ့ရပါတယ်။

လွန်ခဲ့တဲ့အပတ်တုန်းက အတူနေအမတွေနဲ့ကမ်းခြေသွားပြီး အပြတ်သောင်းကျန်းလာတာ ပရိတ်သတ် တော်တော်လေး ရလိုက်သေးတယ်။ (ကံကောင်းလို့ ကုလား အိမ်လိုက်မလာတယ်။ ဟဟားးးးးးးးးး) ခုတလော အကို၊ အမတွေ၊ သူငယ်ချင်းတွေ ရေးတဲ့စာတွေဖတ်ပြီး အားကျလို့ ဟိုဟာဒီဟာ ရေးချင်တာ လျှောက်ရေး နေလေရဲ့။ (အဟုတ်ကြီးလဲ ဟုတ်ပဲနဲ့......ဟီးးးးးးးးးးး ) အခုတော့ သူငယ်ချင်း ကိုသားကြီး၊ ငှက်ကလေး တို့ နဲ့ ဇီးသီးထုတ်ပြီး လောကကြီးကို သီချင်းလေးတွေနဲ့  နှိပ်စက်ဖို့ အဲလေ... အလှဆင်ဖို့ တောင် လုပ်နေကြပြီပေါ့။

အားပေးကြပါဦးနော်။
"သုံးယောက်ပေါင်းပြီး နှိပ်စက်နေပြီ" ဆိုတဲ့ ဇီးသီးလေး မကြာမီ၊ လာမည်၊ မျှော်.........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.6.09 ( Sat; )
2:50 Am

6 comments:

မမရေ ကိုသားကြီး မေးလ်ကို အပ်လိုက်လေ သိလား ညီမ တို့ တိုင်ပင်ကြတာပေါ့ ဘယ်လိုလုပ်မလဲ ဆိုတာ ကို သိလား ဟဟ ညီမလဲ အရမ်းဝါသနာကြီးတာ မမရ

အားလုံးကိုယ်ပိုင်သံဇဉ်ပါခင်ဗျာ
ကျနော်ကတော့ rap metalနည်းနည်းနွယ်ပါမယ် အသံပိုင်းဆိုင်ရာလုံးဝအရည်အသွေးပြည့်မှီအောင်
ကြိုးစားထားပါတယ် ရောသမမွေတီးဝိုင်းနဲ့ပါ
ဂရမ်မီဆုကြီးသုံးယောက်စလုံးရလိမ့်မယ်လို့လည်း
မျှော်လင့်ရပါတယ် :P:P:P
(ကြော်ငြာဝင်တာပါဟရို့..)
ခွိခွိ (ငှက်ကလေးရဲ့ ကိုယ်ပိုင်စတိုင်ရယ်သံဖြစ်ပါသည်)

နန်း said...

ဟားဟား... စောင့်မျှော်နေပါတယ်ရှင်.. ဘူတူတွေ ဘီလို ဆိုထားလဲဆိုတာ.. စောင့်မျှော် နားဆင်နေပါ့မယ်... :P :P

ှ့Shaper လေးရေ...Angle Shaper ဆိုတဲ့ နာမည်နဲ့ ပဲ ထုတ်မှာလား....ဒါဆိုရင်တော့...ဟဲ..ဟဲ...သိတယ်နော်...VIP တန်းက တစ်နှစ်စာ လက်မှတ်တစ်စောင် တော့..FOC နဲ့ ...အနဲဆုံးပဲ.... အားပေးနေပါတယ်...အောင်မြင်မှာပါ...."အလွမ်း မိတ်ဆွေ.." သီချင်းဆိုသွားလိုက်တာများ....တကယ့်...မာရဇ္ဇ အတိုင်းပဲ.... :)

လွင်မင်းခန့် 

ကိုလွင်မင်းခန့်ရေ... ကျေးဇူးပါ။
VIP တန်းကို FOC နဲ့ ဘွတ်ကင်တစ်နှစ်စာ
ဆိုတော့ အင်း...........ဟဲဟဲ
ရပါတယ်ဗျာ... ကိုယ့်အကိုတွေပဲ....
ကိုယ့်အကိုတွေမှ အားမပေးရင် ဘယ်သူအားပေးမှာလဲ..နော်.....
အကို့ညီမ Angel Shaper က
မာရဇ္ဇ ထက်တော့နဲနဲ တော်ပါတယ်......ဟီးးးး

sounds good. :)