နင်ဟာ ငါပိုင်ဆိုင်ခွင့်မရှိတဲ့
ငါ့ရဲ့ ဒုတိယဘဝ ဆိုတာ ယုံကြည်စေချင်တယ်။
ဖြားယောင်းမှုမရှိ၊ လှည့်စားမှုမရှိ
ပကတိရိုးစင်တဲ့ ချစ်ခြင်းမေတ္တာ သက်သက်နဲ့သာ
နင့်ကို ချစ်မိခဲ့တာပါ။
ရွေးချယ်နိုင်ခွင့်တွေ သိပ်ပြီးနည်းပါးလာတဲ့ဘဝမှာ
နင့်ကိုချစ်တယ်ဆိုတာ ယုံပါ။

တကယ်တော့ တယောက်နဲ့တယောက်
မာနတရားတွေ တင်းခံပြီး
ညှိနှိုင်းယူဖို့ မကြိုးစားခဲ့ကြတာ ဆုံဆည်းခွင့်မရှိလို့ ပဲပေါ့။
ဆုံဆည်းခွင့်မရှိဘူးဆိုရင်လည်း ဒါဟာကံကြမ္မာပေါ့။

အတိတ်အကြာင်းကို ပြန်တွေးမိတိုင်း မျက်ရည် ဝဲမိတတ်တဲ့
ငါဟာ နင့်ကို ဘယ်လိုမှ မေ့လို့ မရပါလား။
ကြည့်စမ်း ခုအချိန်ထိ နင့်ကိုငါ အမြင်ကတ်စရာကောင်းလောက်အောင်
ချစ်နေသေးတယ်နော်။

တော်ပါပြီ... တို့ နှစ်ယောက်ရဲ့ဆုံနိုင်ခွင့် ကိုတော့
ငါမယုံကြည် မမျှော်လင့်ရဲတော့ပါဘူးဟာ။

တချိန်ကမင်းရဲ့
............

ချစ်ခြင်းများစွာဖြင့်
Angel Shaper
16.6.09 ( Tue;)
12:55 Am

4 comments:

မမေ၇ ဘယ်လိုပြော၇မှန်းတောင်မသိဘူး ညီမေ၇းမယ့်ဝတ္ထု နဲ့တိုက်ဆိုင်နေပါ့လား မာနတ၇ားတွေကြောင့်ဝေး ခဲ့၇တယ် အင်းးးးး အဲဒီ ဝတ္ထု တင်၇င် မမနဲ့ထပ်ပြီး တိုက်ဆိုင်ပြန်ပြီ မမေ၇ စဉ်းစားဦးမယ် တင်ဖို့ အဟီးးး
အယ်သိပ်တော့မဆိုးဘူး မမ၇ဲ့ ကဗျာကိုယူသုံးလို့၇တာပေါ့ ဟုတ်ဘူးလား အဟက် ခွင့်ပြု မလားဟင်
ချစ်ခြင်းများစွာဖြင့်

ငှက်မလေးး

လာဖတ်သွားပါတယ်
ဆွေးဆွေးကြီးကိုခံစားသွားပါတယ်
ခံစားချက်အစစ်ဖြစ်မယ်ထင်တယ်
ဟုတ်တယ်ဟုတ်?

နန်း said...

ဖြားယောင်းမှုမရှိ၊ လှည့်စားမှုမရှိ
ပကတိရိုးစင်တဲ့ ချစ်ခြင်းမေတ္တာ သက်သက်နဲ့သာ
နင့်ကို ချစ်မိခဲ့တာပါ။

ဒါလေးကြိုက်တယ်...း)

ကဲ...ဒေါ် Shaper...ဝင်လို့  ရပါပြီဗျာ....ကဗျာလေးနဲ့  တန်းတိုးတော့တာပါပဲ...နဲနဲတောင် ဆွေးသွားတယ်...ဒါ.." ခလေး က ကိုပြောတာကို ယုံမှာလား...သူများပြောတာကို ယုံမှာလား..." ဆိုတဲ့..ဇာတ်ကားရဲ့...ဇာတ်ဝင်သီချင်းလေးများလား....

လွင်မင်းခန့် 