အကယ်၍သာ....
ပွင့်သောပန်းတိုင်း ထာဝရတည်ရှိမည်ဆိုလျှင်
ဤကမ္ဘာကြီးသည် ပန်းတို့ နှင့် လွှမ်းခြုံထားသော
ကမ္ဘာလုံး တစ်ခုနှင့် တူနေပေမည်။
မေတ္တာဟူသော ဝေါဟာရကို ကြွေးကြော်တိုင်းသာ ပီပြင်လာမည် ဆိုလျှင်
ဤကမ္ဘာလောကကြီးသည် မေတ္တာတို့ နှင့် လွှမ်းခြုံထားသော
ပျော်ရွှင်စရာ လှပသောနေရာလေး တစ်ခုနှင့် တူနေပေလိမ့်မည်။

သို့ သော်.....
ပွင့်သောပန်းတို့  နွမ်းကြွေ ခြောက်သွေ့ကာ
ပျက်စီး ပျောက်ကွယ်ခဲ့ရ သကဲ့သို့ 
ကြွေးကြော်သော မေတ္တာတို့ သည်လည်း လေထဲလွင့်ပါ ပျောက်လွင့်ရ စမြဲပင်။

သို့ ရာတွင်....
ပျက်စီးဆုံးပါးသွားသော ပန်းပွင့်လေးများနေရာတွင်
အခြားအပင်မှ ပန်းပွင့်ကလေးများဖြင့် အစားထိုးလိုက်ခြင်းကြောင့်သာ
ဤကမ္ဘာကြီးတွင် ပန်းတို့ သည် တည်မြဲနေရခြင်း ဖြစ်သည်။

ထိုနည်းတူစွာ....
အောင်မြင်မှု မရှိပဲ ဆုံးရှုံးခဲ့ရသည့် မေတ္တာတို့ နေရာတွင်
အခြားသော အပင်သစ်ကလေးများကို စိုက်ပျိုးပေးကြပါက
ဤလူ့ ကမ္ဘာတွင် မေတ္တာသည် ဆက်လက်ရှင်သန်နေဦးမည်သာ............

သမီးရဲ့ မြန်မာစာဆရာ ဆရာလင်းချင်း သင်ပေးခဲ့ဖူးတဲ့ ကဗျာတွေ စာတွေထဲက
မှတ်သားထားတာလေးကို ပြန်ပြီး ပုံဖော်လိုက်မိတာပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
4.7.09 ( Sat; )
11:30 Pm

6 comments:

“သဟဇာတ ညီမျှခြင်းဖြင့် လူသားကမ္ဘာ ငြိမ်းချမ်းစေ”
အဟောင်းတွေနေရာအသစ်တွေဝင်ယူပြီးလောကကြီး
ကို အလှဆင်ပါစေ..။
အလှဆုံးသောပန်းတွေနှင့် အချိုမြဆုံးသောမေတ္တာတို့ဖြင့်
ငါတို့ကမ္ဘာ ရှင်သန်လှပ ပါစေ။
..........
ဒါပဲဟ....မပြောတတ်တော့ဘူး...ဟီး :P

ကဲ မမရေ ကြိုက်တယ် မမကိုယ်တိုင်ရေးလား ဟင် မမလိုတောင်မရေးတတ်ဘူးရယ်

ဆက်လုပ် ရဲဘော် အားပေးနေတယ် ဟဲဟဲ ဘိုင်

ကောင်းတယ်နော်..... ။ မေတ္တာလွှမ်းခြုံသော ကမ္ဘာကြီး ဆိုရင်...ထောင်မှုး၊ ၀န်ထမ်းတွေ ၊ဘာတွေ ညာတွေ အလုပ်မရှိလို့ ပျင်းကုန်ပါ့မယ်...။း)

ကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ပဲ....။ မေတ္တာလွှမ်းခြုံသော ကမ္ဘာကြီး ဆိုရင်... ထောင်ဝန်ထမ်း တွေ ဘာတွေ ညာတွေ အလုပ်မရှိလို့ ပျင်းကုန်ပါ့မယ့်...။း)

မေတ္တာလွှမ်းခြုံသောကမ္ဘာကြီး ဖြစ်ရင် အကောင်းဆုံးပေါ့...၊ အချုပ်တွေ ထောင်တွေ ဘယ်ရှိတော့ မလဲ...အဲ့ဒါဆိုရင် သူတို့တွေ ပျင်းကုန်မှာပေါ့....း)

တို့တော့ အပြင်မှာ စိုက်မရလို့ facebook ထဲ သွားစိုက်နေတယ်ကွယ်၊