ခုတလော အိမ်တိုင်းလိုလိုမှာ တွေ့နေရတဲ့ ခုတလော ဆိုတဲ့ တက်ဂ်လေးကို ငှက်ကလေးဆီ သွားဖတ်တော့ သူက လူလည်ကျပြီး အားလုံးကို သိမ်းကျုံး တက်ဂ်ထားတာတွေ့ရတယ်။ ဘယ်ရမလဲ.. အရူးကွက်နင်းပြီး မသိချင် ယောင်ဆောင်နေလိုက်တာပေါ့။ ဟိဟိ...ဒါပေမယ့် အဲဒီ ငှက်စုတ်လေးက မရဘူး။ အိမ်ထိလာအော်သွားတယ်။
မမရေ... တက်ဂ်ထားတယ်နော်...ဆိုလို့ အရင်တက်ဂ်လိုပဲ နေလိုက်ရမလားပေါ့။ အဟဲ.....လုပ်တော့ပါဘူးနော်။
ငဇော့်အိမ်ရောက်ပြန်တော့ နာမည်စာရင်း၊ ဘလော့စာရင်းနဲ့တကွချစ်ပြထားတာတွေ့လိုက်ရပြန်ကော။။။။
ဟိုရွေ့ဒီရွေ့ လုပ်ကြည့်မိသေးတယ်။ မနေ့က ကိုကြီးသစ် (သီဟသစ်) ကလဲ မလှမ်းမကမ်း လာအော်ထားတာ တွေ့တော့ ဘယ်ပြောကောင်းမလဲ.......
ကျွန်ုပ်လဲ လောကီသားပေမို့  ချစ်ခင်၍ တက်ဂ်ခြင်းကို ဝမ်းသာအားရပဲ ချရေးလိုက်မိပါတော့သည်။ ပေါ့.......

တို့  ခုတလော
တွေးနေမိတာက
တာရာမင်းဝေရဲ့ ဝတ္ထုတစ်ပုဒ်ထဲက ကောင်လေးတစ်ယောက်လို လိုက်တွေးကြည့်နေမိတယ်။
အော်.... တို့တစ်တွေ ခုခေတ်မှာ လူဖြစ်လာရတာ ကံကောင်းလိုက်တာနော်။
ကမ္ဘာဦးမှာသာ လူဖြစ်ရရင်တော့.... အဝတ်တွေလဲ မပါဘူး။။။
ရှက်စရာကြီးးးး အဟိ.............လို့  အူကြောင်ကြောင်တွေးနေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အော်.... What I Know Is I Know Nothing!!! ပါလားနော်။

ကျန်းမာရေး
ခေါင်းက ဒေါင်ခနဲ ဒေါင်ခနဲ ထထမြည်တယ်လေ။
မျက်ကြောတွေလဲ တင်းလို့ ။
အရိုးအဆစ်တွေလဲ တစ်ကျွတ်ကျွတ် ထထ မြည်တယ်။
အဲလောက် ကျန်းမာရေး ဒေါင်ဒေါင်မြည်၏ ပြောပါတယ်။

ဖတ်ဖြစ်တဲ့စာအုပ်
လက်လှမ်းမီသလောက်ပါပဲ။ (လှမ်းမမီရင် မဖတ်ဖြစ်တော့ဘူးလေ)

ရောက်ဖြစ်နေတာက
ဟိုဟို ဒီဒီ။ ရောက်တတ်ရာရာ။။။။

ရေးဖြစ်နေတာက
ဟိုရေး၊ ဒီရေး၊ ရေးချင်ရာလျှောက်ရေး နေမိတယ်။

နားထောင်ဖြစ်နေတာက
Jango က လာတဲ့သီချင်းတွေ၊ မောင်နှမတွေရဲ့ ဘလော့အိမ်ကသီချင်းတွေ၊ ဖုန်းထဲက သီချင်းတွေ၊ အစုံပါပဲ။

ရွတ်နေမိတဲ့ကဗျာ
နင်လည်းရူး၊ ငါလည်းရူး။
လူတွေအကုန်လုံး တစ်မျိုးစီရူး။

ဖြစ်ချင်နေတာ
ကာတွန်းထဲက ကိုပူစီလေး ဖြစ်ချင်မိတယ်။ အမြင်မတော်တာလေးတွေ လိုက်လုပ်ပေးနိုင်အောင်လို့ ။

စားဖြစ်နေတာက
လူနဲ့ တည့်တဲ့အစာ၊ စားလို့ ရတာမှန်သမျှ စားဖြစ်နေတယ်။
ဟိဟိ။။။ အစားဆိုရင် ကြိုက်တာလာ။။။။။

သနားနေမိတာက
ဘဝင်မြင့်ရောဂါ ရနေတဲ့သူတွေ။

လွမ်းနေမိတာက
စိတ်ကောက်ရင် ရေခဲမုန့် ကျွေးပြီး ချော့တတ်တဲ့သူ့ ကို။

မေ့လျော့ပစ်နေမိတာက
တို့ ကမေ့တတ်တယ်နော် အချစ်......
စဉ်းစားနေတာ........ စဉ်းစားနေတာ... ဘာတွေ မေ့နေတာလဲလို့ ...
အဲ ပြောမလို့ ဟာ မေ့ပြီ။

ခါးသက်နေမိတာက
ရင်ထဲကမပါတဲ့ အပြုံးတုတွေ၊ စကားလုံး အနုအရွတွေ (အသည်းယားလို့ ...)

တမ်းတနေမိတာက
မိသားစုလက်စုံစားရတဲ့ ထမင်းဝိုင်း။
မနက်တိုင်း အဘိုးဝယ်ကျွေးတဲ့ ကြက်သားပူတီ နဲ့ အီကြာကွေး။
အဘွားချက်ကျွေးတဲ့ ချင်းဆန်ပြုတ်။
လိမ္မာတိုင်း အဖေဝယ်တိုက်တဲ့ ဒိန်ချဉ်တစ်ခွက်။
အမေပြင်ဆင်ပေးတဲ့ အစားအသောက်တွေ။
ဦးလေး လုပ်ကျွေးတဲ့ ခေါက်ဆွဲပြုတ်။
အဒေါ်တွေလုပ်ကျွေးတဲ့ မုန့်တီသုပ်။
ညီမလေးကြော်ကျွေးတဲ့ ကြက်ဥကြော်.....
မောင်လေးကျွေးတဲ့ ရေခဲချောင်း။
မောင်လေးအငယ်ဆုံးဖြစ်တဲ့ သားငယ်လေး ခပ်တိုက်တဲ့ ရေတစ်ခွက်။
အိုးးးးးးးးး မယ်မင်းကြီးမ... တမ်းတတာတွေကလဲ အစားအသောက်တွေကြီးပဲလား... ဟရို့ ။

ကြိတ်ပြီးချီးကျူးနေမိတာက
လောကကြီးကို ကိုင်လှုပ်မဲ့သူတွေကိုပေါ့။
စွန့်စားရဲတဲ့သူတွေ။

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်ကိုယ်ကို သာ ကိုးကွယ်နေသူတွေ။ ( ငါ.. ငါ... ငါ... ဆိုသူတွေပေါ့ )

ဆန္ဒမရှိတဲ့နေရာ
မေတ္တာတရား နဲ့  ခွင့်လွှတ်ခြင်း မရှိတဲ့နေရာ။

ဆန္ဒရှိနေတဲ့ ကိစ္စ
အများကြီးပဲ.... စားမယ်။ အိပ်မယ်။ ဘလော့လည်ဖတ်မယ်။ သီချင်းနားထောင်မယ်။
ဂစ်တာတီးမယ်။ လိုက်အော်မယ်။

မုန်းတီးနေမိတာ
မျက်နှာဖုံးစွပ် ဟန်ဆောင်တတ်တဲ့သူတွေ။ ကြီးနိုင်ငယ်ညှင်း လုပ်ရဲတဲ့ သူရဲဘောကြောင်တွေ။

ချစ်နေမိတာ
ရိုးသားပွင့်လင်းသူတွေ

စိတ်ပျက်နေမိတာ
စောင့်ဆိုင်းရတာကို တကယ်စိတ်ပျက်တယ်။
ဥပမာ.....၅နာရီခွဲနော်ဆိုပြီး ၈နာရီခွဲမှ ရောက်လာတဲ့သူတွေကိုစောင့်ဆိုင်းရတာမျိုးပေါ့။
ဘတ်စ်ကားစောင့်ရတာ။ ကားလမ်းပိတ်လို့ စောင့်ဆိုင်းရတာမျိုး။

စွဲလန်းနေမိတာက
သူ့ အသံ။ အဟိ

လိုအပ်နေတာက
မေတ္တာ၊ အကြင်နာ၊ နွေးထွေးတဲ့ ဂရုစိုက်မှု ( လောဘကြီးတယ်နော် )

တောင်းမိတဲ့ဆု
ကမ္ဘာကြီးငြိမ်းချမ်းပါစေ။
လူသားအားလုံးပျော်ရွှင်ပါစေ။ (တကယ်တောင်းဖြစ်တယ်နော်။ မယုံမရှိနဲ့ )

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာ
ဟဟဟားးးးးးးးးးး

ပါးချင်တဲ့အမှာစကား
ပျော်ပျော်နေ သေခဲ၊ မော်တော်တွေ ရေထဲ။။။။။
သူလေ တော်တော်ကဲ။ ဟဲဟဲ
ရိုးရိုးကျင့် မြင့်မြင့်ကြံ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်။
အားလုံးပဲ...
ခုတလော ပြုံးပျော်ကြည်နူး နိုင်ကြပါစေလို့ လဲအမှာစကားပါးခဲ့ချင်ပါတယ်။။။။။။။

ဝန်ခံချင်တာက
ကိုယ်တကယ် ဝမ်းသာဂုဏ်ယူစွာနဲ့  ဒီတက်ဂ်လေးကိုရေးလိုက်တာပါနော်။

ငှက်ကလေး၊ ငဇော်၊ ကိုကြီးသစ် ကျေနပ်နိုင်ပါစေလို့ ။။။။။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.8.09 ( Wed; )
2:30 Am

23 comments:

မမရေ
သူ့အသံတဲ့ ???????
ရေခဲမုန့် ကျွေးတဲ့သူ ?????
ပို့စ်အသစ်တစ်ပုဒ်ရေးပီး ရှင်းပေတော့...


ဒေါ်နှင်း

ခံစားချက်တွေက အခုတလော အများသားလား..
ဒိန်ချဉ်ကြိုက်တတ်ရင် ၀ယ်ကျွေးပါ့မယ်..စိတ်မညစ်ပါနဲ့..
ငါဆိုတဲ့ အတ္တသမားတွေက မကောင်းဘူးဆိုတာ ဟုတ်တယ်နော်...
ကဲ ဘော်ဒါရေ ..လိုရာတွေရလို့ ..
ပျော်ပါစေ...
ခင်တဲ့
ဦးလေး ဖြိုး

ရေခဲမုန့်က စိတ်ကောက်သူမစားရလို့ကြားဘူးတယ် ထင်တယ်။သူအသံဆိုတာ ညဘက်လည်ရောင်းတဲ့ မုန့်ဖတ်ထုပ်သည် အသံလဲ ဖြစ်နိုင်ချေရှိ၏။:P
ပျော်ပျော်နေ သံခဲလေးပါ။
ပျော်ပါစေဗျာ။
ဘကြီးချမ်း
တူမလေး DIMအတွက် ဦးလေး၊အဒေါ်၊ဘကြီးများ၏ ဆုတောင်းများ

စာလာဖတ်ပါတရ်။ ဖတ်ရတာ စိတ်ချမ်းသာစရာတွေကြီးပါပဲ။
ကောင်း၏

ပေါ့ပေါ့ပါးပါး ခုတလောလေးကို ပေါ့ပေါ့ပါးပါး လေး လာဖတ်တယ် ညီမလေး၊ တမ်းတနေတာတွေ အမြန်စားနိုင်ပါစေနော်

မမရေ..ဟီး...သူများခေါ်လို့လိုက်ခေါ်ကြည့်တာ..
အသက်ဘယ်လောက်လဲဟင်?
စကားမစပ် ဂစ်တာတူတူတီးမယ်လေ..
လာခဲ့ တိုက်တစ်လုံးရလည်းနည်းလားနော်..ဟီး...
ပျော်ရွှင်ပါစေ

နင်ရလဲဟာ... ကမ္ဘာကြီးကို ကိုင်လှုပ်တာ ငါမဟုတ်ပါဘူးလို့ ပြောထားတယ်လေဟာ.... ဟင့်

မင်းလည်းရူး ငါလည်းရူး
လူတွေကုန်လုံးတစ်မျိုးစီရူး
အဲဒါဘဝဆိုတဲ့acidရဲ့သီချင်းနဲ့တူတယ်
မနှင်းလိုပဲရေခဲမုန့်ကျွေးတဲ့သူကိုကျွန်ုပ်လည်းသိချင်ပါ၏ သမီးကြီးရေ ရှင်းပေတော့ ဟဟဟဟားးးး

မဖြူစင် ကျနော်သိတာလေး တစ်ခု မျှဝေ ပါရစေ မဖြူစင်က “ကိုယ့်ကိုယ်ကို ပြန်ဆင် ခြင်မိတာက အော်.... What I Know Is I Know Nothing!!! ပါလားနော်။” ဒီလို လေး ရေးထား တာတွေ့ မှ သွားသတိရတယ် ..... မိတ်ဆွေ အသစ်တစ်ယောက်က ပေး တဲ့ လက်ဆောင် လို့ မှတ်ပါနော ...... (သိပြီး သားလဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် )
“I know nothing and have nothing. So I have to learn .” ပြောသူက Daniel Webster ...... စကား နဲ့  လက် ဆောင်ပါးလိုက်ပါရစေ ......
အေးမြသာယာပါစေ (ရန်ကုန်သား)

ဟဲ့ နှင်းနဲ့မာယာနဲ့ ကိုသားကြီးပြောသလို ရေခဲမုန့်ဝယ်ကျွေးတဲ့ သူအကြောင်းကို ပို့စ် တပုဒ်ရေး ဒါပဲ ဟွန်းးးး

လာဖတ်သွားတယ် များက မအားတဲ့ကြားက ဖတ်သွားတယ်နော် သိလား ဟွန်းးးးးးး

တမ်းတနေမိတာကို ကြိုက်တယ် ဗျို့.... ဟီဟီး

ပွင့်ပွင့်လင်းလင်းလေးဝန်ခံသွားတာ သဘောကျမိပါတယ်။ ဒါနဲ့ စိတ်ကောက်ရင်ရေခဲမုန့်ကျွေးတတ်တာ ဘယ်သူလဲ။ အစ်မကို တိုးတိုးလေးပြောပြ...

ဆီပုံးမတွေ့လို့လာအော်တာ..ေ၇ာက်ပါကြောင်းခင်ဗျား..

ရှဲရှဲဗျိုးးး။ =)

ညီမလေးရေ..တမ်းတနေမိတာတွေနားရောက်တော့
ကိုယ်တောင်ရောပြီး အိမ်ကိုတမ်းတမိတယ်။။
:)..တမ်းတမှုတွေ လက်တွေ့ ကျလာပါစေ။
:)
ခင်မင်လျှက်...ခင်မာလာအောင်..:)

မဖြူစင်ကြယ်တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ။

yu ya

အေးဟုတ်တယ် ဖြူစင်ရေ
မနှင်းမေးသွားသလို တို့လည်းသိချင်တယ်

တမ်းတနေမိတာတွေ မြန်မြန်စားရပြီး ဆန္ဒရှိတာတွေ အမြဲအကောင်အထည်ဖော်နိုင်ပါစေ

တောင်းမိတဲ့ဆုတွေလည်းပြည့်ပါစေကွယ်

ရေးပေးလို့ကျေနပ်ကာ ကျေးဇူးတင်ပါသည်

ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

ကဲ မရွှေချော..သူ?????ဆိုတာတွေ ထပ်နေတယ်နော်။ မပြောရင် ရေခဲမုန့် မ၀ယ်ကျွေးတော့ဘူး။

တမ်းတနေမိတာလဲ အမျိုးတွေ ကုန်ပါရောလား...
သူတို့ကရော ညီမလို ကမ္ဘာဦးကလူတွေပဲလား...

ဟာဟ...

းဝ)

တီနှင်း နဲ့  ကိုသားကြီး အသေသတ်ပြောဘူးးးးဟူးးဟူးးးးဟူးးးး
ဟုတ်တယ် ကိုသားကြီးရဲ့... ဘ၀ ဆိုတဲ့ အက်ဆစ်သီချင်းထဲကဟာလေး ရွတ်ပြီးရူးနေတယ်။ ဟိဟိ။
ဦးဖြိုး ၀ယ်ကျွေးမယ်ပြောထားတာနော်။ တကယ်မကျွေးလို့ကတော့ နာပြီသာမှတ်။ ဟင်းးးးး
ဘကြီးချမ်းကလည်း မယုံရင် ကျွေးကြည့် ခုစိတ်ကောက်နေတယ်နော်။ ဟွန်းးးးးးးးး
ကိုနွန်က ကောင်းတယ်ပဲပြောတယ်။ ယုံဘူးးးးးး
မပြာရေ... ပေးတဲ့ဆုနဲ့ အမြန်ဆုံး တလုံးတ၀ကြီး ပြည့်ပါစေနော်။။။။ ဟိဟိ
ဟွန့် တီတီစုလတ်နော် မီးက ခုမှ ၄၂ ပြည့်ဖို့လပိုင်းပဲလိုတော့တာကို။ ဟွန့် မမတဲ့။။ ကြီးတော် လုပ်ပါ... အဟိ
မော်စကွီတိုနော် နင်ကိုင်လှုပ်လို့  မုန်တိုင်းတွေ ထန်သွားတာ ငါအသိ။ ခုမှ ဗြောင်မငြင်းနဲ့ ။
သယ်ရင်း ရန်ကုန်သားရေ... တန်ဖိုးရှိတဲ့ စကားလက်ဆောင်လေးအတွက် ကျေးဇူးကမ္ဘာနော်။
" I KNOW NOTHING AND HAVE NOTHING, SO I HAVE TO LEARN " မှန်ကန်လေးနက်လိုက်တဲ့ စကားလုံးနော်။
ငှက်ကလေးနော် မင်း သူ့ အကြောင်းတွေ နှိုက်ဖန်များလာပြီနော် ဟွန်းးးးးးးးး
မေဇင်ရေ... တမ်းတမိတာလေး တူတယ်ဟုတ်စ်။
မလပြည့် ကိုဖြိုး လာမေးနေဦးမယ်နော်။ သူမရှိမှ တိုးတိုးလေးလာပြောမယ်။ ဟိဟိ
CRATON ရေ... စီပုံးကို အောက်ပို့ ထားရတယ်လေ။ အခြေအနေအရ သူတို့ ခမျာလဲ မဆင်းချင်ပဲပေးဆင်းလိုက်ရတယ်လေဟာ။
ငဇော်နော် လာပြီး ဖလားဝါးသွားတာလား ရှဲရှဲနဲ့  တောင်မြည်တယ်...ဟွန်းးးးးးးးးးးး
မမာလာနဲ့ ကိုကြီးယုယရေ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။
ကိုကြီး သီဟ ပေးတဲ့ဆုနဲ့ ပြည့်ပါစေနော်။ သူကတော့ သူပါပဲ ဟိဟိ။။။
တီငုံနော်...အဲလို ခြိမ်းခြောက်နဲ့ ဟွန်းးးးးးး
နိုပစ်လိုက်မယ်... ဗြဲ...ဟဲ....ဟဲ
သူပါ ဆိုမှ သူပေါ့ ဂျ....
ကိုကြီးလူထွေးကလဲ ဒါတောင် တမ်းတတာတွေ များနေလို့  တစ်ချို့ ကို စိတ်မကောင်းစွာ မေ့ထားခဲ့ရတာနော်။။ ဟိဟိ
အမျိုးတွေကတော့ ခုခေတ်လူသားစစ်စစ်တွေပါဂျ။။။ ဟဲဟဲဟဲ
အားလုံးသော ချစ်တဲ့ မောင်နှမများကို ကျေးဇူးတင်ပါတယ်လို့ ။

၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁

နောက်ဆုံးကရီရင်

း)

မဖတ်ဘူး (စိတ်မဝင်စားတတ်လို့သူများအကြောင်း)
မန့်သွားတယ်

အဟား..အခုတလော. ..
အော်...... အခုတလော........စိတ်ပိန်နေတယ်.........ဟင့်ဟင့်..


သူလဲလေ.....အခုတလော....... :P

ဘာလိုသေးလည်း လာစစ်ဆေးပါတယ်...။
သူ့အသံကို အမြဲကြားချင်ရင် အသံသွင်းထားလေကွယ်
ခုတလော အဆင်ပြေပါစေဗျာ