နင်နဲ့ ငါဟာ တားမြစ်ချက်များစွာနဲ့ ဆုံခွင့်ရထားသူတွေပါ။
တစ်ချိန်တုန်းက နင်ငါ့ကို အရမ်းချစ်ခဲ့ပြီး၊ ငါလဲ နင့်ကို သိပ်ချစ်ခဲ့တာတွေဟာ
ခုတော့ ပုံပြင်လေး တစ်ပုဒ်လိုပါပဲလား။
ဒါပေမဲ့ အဲဒီပုံပြင်လေးကို ငါခုချိန်ထိ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြောပြနေမိတယ်။
ခုထက်ထိ သိပ်ကိုလေးနက်နေသေးတယ်ဟာ။
တကယ်တော့ ငါတို့ နှစ်ယောက်ဟာ ကမောက်ကမ လောကကြီးရဲ့ ချောက်ချတာကို ခံနေရတယ်။
နင့်ကို ငါချစ်သလို၊ ငါ့ကိုနင်သိပ်ချစ်ခဲ့တဲ့ ငါတို့ နှစ်ယောက်ရဲ့အချစ်တွေဟာ
လူတွေအမြင်မှာ နားလည်ရခက်သလောက် ငါတို့ နှစ်ယောက်အတွက်
ရှင်းလင်းပြတ်သားတဲ့ ပုစ္ဆာတပုဒ် အဖြေကို ညှိယူသလိုလေးပါပဲနော်။
ဒါပေမယ့် ငါ့ကို တစ်ယောက်တည်းထားခဲ့ပြီး နင်ဟိုးးးးးးးးးးးးးးးးအဝေးကြီးကို ထွက်သွားလိုက်တာ.....
ငါလုံးဝ မသိတဲ့ အဝေးတစ်နေရာမှ တကယ့်ကို အဝေးကြီးနော်။
ဘယ်ဆီမှာမှန်းကို မသိတဲ့ အဝေးကြီးကို နင်ပျောက်ကွယ်သွားခဲ့တယ်။
ကဲ...ပြောပါဦး
နင် နှုတ်ဆက်မသွားခဲ့သလို ပြန်လာမဲ့နေ့ ကိုလဲ မပြောခဲ့တဲ့
နင့်ရဲ့ ဂတိတွေ၊ သစ္စာတွေအတွက် ငါ နင့်ကို စောင့်နေပေးရဦးမှာလား။။။။
နင့်အတွက် ဆိုပြီး ငါ့အလွမ်းတွေ တနင့်တပိုး ထုပ်ပိုးထားခဲ့တာ ပုပ်သိုးသွားခဲ့ပြီ။
ငါ နင့်ကိုမချစ်ခဲ့ဘူး။ ငါနင့်ကို မလွမ်းခဲ့ဘူး။ ငါနင့်ကို မတမ်းတခဲ့မိပါဘူးဟာ။။
နင်ယုံတယ်မဟုတ်လား ဟင်။။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.8.09 ( Tue; )
4: 25 Am

32 comments:

ပုပ်သိုးသွားပြီလားဟ
နှမြေားစရာကြီးနော်
မချစ်မနှစ်သက်လို့ ထားသွားတာဆိုရင်တော့
မလွမ်းလောက်ပါဘူးနော်

ရှည်ရှည်မမန့် တတ်ဖူးကွယ်
ကြယ်စုတ်လေးမရှိလို့ 
ပထမရတာပျော်လိုက်တာနော်

ဟဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မရှည်သေးဖူးနော်
တ့ာတာကွယ် ငယ်လားကြီးလားမသိဖူးနောက်နေတယ်ကောင်းကောင်း)

ဟာ............

အဲလိုတော့ မလုပ်လိုက်ပါနဲ့ဗျာ...

နွေမိုးဆောင်း
ရာသီပြောင်းလဲ
ရှောင်လွှဲမရ
ထာဝရဖြစ်ပေမယ့်
မင်ကိုချစ်တဲ့
ဒို့ရဲ့အချစ်တွေက
ဘယ်တော့မှ
မပြောင်းလဲဘူးဆိုတာ
မင်းသိမှာပါ..

ကဲ.. ဘာပြောချင်သေးလဲ...

လတ်ဆတ်နေဆဲ အလွမ်းလေး

ပျော်ရွှင်ပါစေ..
ခင်မင်စွာဖြင့်
စည်သူ။

ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်.း)
အဆင်ပြေပျော်ရွှင်ပါစေ ညီမလေးရေ.
ချစ်တဲ့သူနဲ့ပေါင်းဆုံနိုင်ပါစေ။

မမ၀ါ

အဲ့ဒီ အလွမ်း အပုပ်အသိုးတွေ သူပြန်လာရင် ပြန်ပေးလိုက်.... မိုက်တယ်..။

ရေခဲသတ္တာထဲမှ မထည့်သိမ်းထားတာ ကဲကြည့် အခုတော့ပုပ်ပြီ။
အဲဒါဘာလဲ။
ဖြူစင်ကြယ်ရေးသားထားတဲ့ "ပုပ်သိုးသွားခဲ့သော အလွမ်းလေ"
အလွမ်းရသဝတ္တုလုံးချင်းကြော်ချက်အသစ်ဆက်ဆက်ကို Angle Shaper စာပေမှ ဖြန့်ချီလိုက်ပါပြီ။လာရောက်ရှုစားသူများကို စာရေးဆရာမမှ ပုပ်သွားသော အလွမ်းတခြင်းဆီ ဝေပေးပါမည်။

အေးလေ နှမျောစရာကြီး
ဘာလို့ ပုတ်အောင်ထားရတာလဲ။
ပျော်ရွှင်ပါစေ သူငယ်ချင်းရယ်။
အလွမ်းတွေကိုတော့ မပုတ်ခိုင်းပါနဲ့နော်
လတ်လတ်ဆက်ဆက်လေးဘဲ လွမ်းပါရစေကွယ်။

နင်ခေါ်ချင်သလိုခေါ်ပါအေ။ကျုပ်က စီဘောက်မှာတွေ့တိုင်း ဆုံနိုင်ခွင့်လို့ မထင်စေချင်တာတစ်ခုပါဘဲ။

လွမ်းတာ မကောင်းပါဘူးလို့ မမ ပြောသားပဲ ညီမလေးရယ်၊ ခုတော့ ပုပ်ကုန်ပြီး)
အဆင်ပြေပါစေ နော်

ခံစားချက်တွေ သိပ်ပြင်းထန်လွန်းတော့ ထုံကျဉ်ကိုက်ခဲပြီး မခံစားရတော့ဘူး လို့ထင်သွားတာများလား...

ဖြူစင်ရေ ထပ်တူခံစားရပါတယ် သူငယ်ချင်းရေ
ဘယ်ကိုသွားတာလဲ မသိသလို
ဘယ်တော့ပြန်လာမှာလဲ မသိတဲ့ချစ်သူကို စောင့်နေမယ်ဆိုတာကို မပြောလိုက်ပေမဲ့
ရင်ထဲက အချစ်တွေနဲ့အတူ ပြန်လာမယ့်သူ့ကို စောင့်နေတယ် မဟုတ်လားဟင်
ယုံတယ်မဟုတ်လားဟင်လို့ ရင်ထဲက မပါတဲ့ စကားတွေကို မပြောလိုက်ပါနဲ့ကွာ
အလွမ်းတွေ ပုပ်သိုးသွားပေမဲ့
အချစ်တွေကတော့ ရှင်သန်လတ်ဆတ်နေတုန်းပဲ မဟုတ်လား

မှန်ကန်တဲ့ ဂတိသစ္စာဖြစ်တယ်ဆိုရင်
စောင့်သာစောင့်နေလိုက်ပါ
မေတ္တာစစ်ရင်မပုပ်သိုးတတ်ပါဘူးကွယ်
လူသိုးသွားရင်တော့မသိဘူးပေါ့ ဟီးးးး
ပြောပါ .... ပုံပြင်လေးတွေ အများကြီးပြောပါ
အချစ်ပုံပြင်တွေက အချစ်ရှိသူတွေအတွက်
မရိုးဘူးကွဲ့
“အဲဒီအဝေးဆုံးဆိုတာ ဘယ်နေရာလဲ” အဲဒါလေးတော့ သိဖို့လိုလိမ့်မယ်
“ပျောက်ကွယ်သွားတာလား ထွက်ခွာသွားတာလား” အဲဒါလည်းသိဖို့လိုသေးတယ်
“မချစ်ဘူး၊ မလွမ်းဘူး၊ မတမ်းတဘူး”ဆိုတာ
ကိုတော့ တစ်ယောက်သောသူ မယုံပါလေ ။

အချစ်အလွမ်းတွေကို ထားခဲ့ချင်ပေမယ့် သူတို့ နဲ့ ရောထွေးနေတဲ့ ဒီဘဝ ကနေ ထွက်သွားလို့  မရလေတော့ ချစ်ရင်းလွမ်း လွမ်းရင်းချစ် နဲ့ ပေါ့ သယ်ချင်းရာ ........

အေးမြသာယာပါစေဗျာ
:D
ရန်ကုန်

ကောင်မလေးရေ
တကယ်ပြောတာလား...
သတင်းရတယ်
ပျံလာမယ်တဲ့ တောင်ပံတပ်နေလို့ပါ....
ခဏလေးတော့ စိတ်ရှည်လိုက်ပါ..

တကယ်တော့ ငါတို့ နှစ်ယောက်ဟာ ကမောက်ကမ လောကကြီးရဲ့ ချောက်ချတာကို ခံနေရတယ်။

ဒီစာသားလေးကြိုက်တယ်..။

ပုပ်သိုးသွားတယ် ဆိုတဲ့စကားလေးလဲကြိုက်တယ်..။

အမတောင် အိုင်ဒီယာရသွားတယ်..။

ရာသီ တွေပြောင်း
နှစ်တွေဟောင်းလည်း
မပြောင်းနိုင်တဲ့
တမ်းတခြင်းနှင့်
အလွမ်းများစွာကို
မပုပ်သိုးစေဖို့
ရေခဲသေတ္တာထဲ
ထည့်သိမ်းလိုက်မယ်..
ချစ်သူ သိစေကွယ်..။

ရေခဲသေတ္တာ= ဥပေက္ခာ(သို့)အေးခဲသွားအောင်လုပ်ခြင်း။

ယုံပါတယ်ကွယ်... ဟီး..း)

ယုံပါတယ်ကွယ်..း)

ဖေသားကြီး မီးထင်တာ ပြောရရင် ဟိုးးးအဝေးကြီးဆိုတာ သေရွာကိုပြောတာလားမသိဘူးရယ် ငါထင်ရင် မှန်ခဲတယ် အဲလေ မှားခဲတယ် ဟုတ်တယ်မလား မေ့သမီးကြီးးး ဟိဟိ သူတို့နှစ်ယောက်ကို အဲလိုခေါ်ရတာ ကောင်းတာ ဟိဟိ ကဲ လိမ့်ပြီဗျိုးးးးး ဒုန်းးးဒုန်းးးးး

ဘိုင်

ယုံမယ် အားကြီးကြီး။ မချစ်ခဲ့ဘူးလဲဆိုသေး အောက်မှာတော့ ချစ်ခြင်းများစွာဖြင့်တဲ့။

အင် မန့်ထားတာ ပျောက်သွားပြီ။ ယုံမယ် အားကြီးကြီးလို့လေ။

တော်ပီ မန့်တော့ဝူး

ငါ ပါဋ္ဌိလို ပေးတာကို သူက အနက်ပြန် သွားတယ်။
စာဖတ်ရင်း မျက်ရည်တွေ ဘူးသီးလုံးလောက် ကျလာတယ်။

ဟောဗျာ... ပုပ်သွားပြီတဲ့..။ သိမ်းထားအုံး မဖြူစင်ရေ.. ပုပ်သွားပြီဆိုပေမယ့် ပုံသဏ္ဍာန် မပျက်သေးဘူးမဟုတ်လား။ အခြေအနေကောင်းပါသေးတယ်..အဟီး။ အငွေ့မပျံသေးသရွှေ့ မျှော်လင့်ချက် ရှိပါသေးတယ်။

yu ya

ဟိုးအဝေးကြီးကိုထွက်သွားတာတောင် နှုတ်မဆက်သွားဖူးလား.....
ဒါဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာသဘောပေါက်ကိုယ့်လူ...
လွမ်းမနေနဲ့တော့ ...ပျော်သလိုနေပါကွယ်..

အာ မပုပ်ပါနဲ့ဦး။ ကိုယ်ပြန်လာမှာပေါ့ အိမ်ကျယ်လေးရယ်။ သိတယ်မို့လား။ အိမ်ကျယ်လေး လွမ်းနေတယ်ဆိုလို့ ကိုယ်က အပြေးကို လာမှာ။ ဟဲဟဲဟဲ။
ကိုယ့်ကို အဲ့လောက်တောာင်ချစ်လားကွာ။ ရင်တွေတောင် ခုန်လာပြီ။ ကိုယ်နေတတ်တော့ဘူး။ တိရား။ ဟိဟိ။ =]

အစ်မရေခံစားချက်တွေပျင်းထန်နေပါလားဗျ.....။
အနံ့ သက်သာအောင်အထုတ်ကလေးတော့ဖြေထားဗျာ။
ပတ်ဝန်းကျင်တော့သတိထားပေါ့...။တော်ကြာနေရပ်
ကွပ်ရုံးသွားနေ၇ဦးမယ်.....:)
ခံစားချက်နဲ့ ရေးလို့ လားတော့မသိ။ဖတ်ရတာတော့
ခံတွင်းတွေ့ ပါတယ်။အားပေးချင်ခဲ့တာလေးကတော့....
တန်ဖိုးသိတဲ့တနေ့ ပြန်လာပါလိမ့်မယ်ဗျာ။သည်းခံစိတ်
ရှည်လမ်းကြောင်းမှန် ဆက်ရန်နှလုံးသားတဲ့....။
[ဟိုမှာကတော့မောင်းရန်မော်တော်ကားပေါ့ဗျာ :)]
ဘက်စ်ကားပေါ်ကစားသားလေးပါ။
အသုံးဝင်မယ်ထင်လို့ ပေးခဲ့ပါတယ်.....:) :)

အလွမ်းတွေ ပုပ်သိုးသွားပြီတဲ့လား....
တမ်းတမှူတွေ စွန့်ပစ်လိုက်ပြီး ညီမလေး လွတ်လပ်ပျော်ရွှင်နိုင်ပါစေ။

စိတ်ဆိုးပြီးများရေးထားတာလား...
အဲလိုပဲထင်တယ် ပြန်မလာတာကြာတော့ စိတ်ကောက် နေတဲ့ မိန်းခလေးတယောက်ပဲ မြင်မိတယ်

ညီမရေ


မပုပ်သိုးအောင် ရေခဲသေတ္တာထဲ ထည့်ထားဖို့ အကြံပေးပါရစေ

:D

Dim, your love feel is good.
but love is stranger, are you know.
Can i give you some suggestion?
You give true love someone,and than you resieve pure love oneday.

ကိုယ့်သမီးလေးရေ။
ခံစားချက်ပြင်းလှချည်လားကွယ်။
အချစ်ဆိုသည်မှာ
”သင်ကောင်းလျှင်ကျနိုပ်မဆိုးပါ” ပေါ့။
သင်ဆိုးလျှင်ကျနိုပ်လည်းဆိုးမြီပေါ့။
ချစ်သမိးလေး...အလွမ်းတွေနဲ့ကင်းဝေးပါစေ။
ချစ်တဲ့
မမမေမေ

အလွမ်းတွေ အဲ့ လောက်ပုတ်သိုးနေရင် မကောင်းတော့ဘူး..
အသစ်သာ လွမ်းလိုက်တော့.. အဲ့ဒီ ပုတ်နေတာကြီး ပစ်ထားခဲ့..

ဂျင်းစိမ်းနဲ့ မိတ်သလင်ပေါ့ဟယ်....
ဂလိုဂျောဂျောလေးဒွေက ပြန်ရမှာပါ... ပူနဲ့...