သမီးရဲ့ မောင်နှမများအားလုံးကို သတိရနေပါသည်။
အားလုံး ကျန်းခန့်သာလို့ မာနေကြမယ်လို့ ယုံကြည်ယူဆကာ ဆန္ဒလေးလည်းပြုလိုက်ပါသည်။
သမီးလည်း သာလို့ မာလို့ ပါပဲ။ ဟီးးးဟီးးး
အိမ်လည်မထွက်နိုင် အသစ်မတင်နိုင် ခြင်းကို နားလည်ပေးစေချင်သည်။
အိမ်သစ်လေး ဆောက်နေ၍ ဘာမှ မလုပ်နိုင်၊ ဘယ်မှ မသွားနိုင်သေးပါ။
အိမ်သစ်လေး ပြီးမှ မောင်နှမများ နဲ့ ပျော်ပျော်ရွှင်ရွှင် အိမ်သစ်တက်ပွဲ လုပ်နိုင်ရန် အားခဲထားသည်။
အခုတော့ ဖေ့စ်ဘွတ်မှာ လယ်စိုက်ပြီး ပိုက်ဆံစုနေသည်။ ဟိဟိ
အစားအသောက်၊ အဆိုအတီး ပါနိုင်အောင်လဲ ကြိုးစားနေသည်။
အစားသောက်အတွက် သမီးရဲ့ မမမေမေ နဲ့ ညီမလေးမြူးကို အပူကပ်ထားသည်။
မမမေမေကတော့ ချက်ပေးပြီးပြီ။ စားချင်စဖွယ်လေးတွေမို့ လို့  အရင်ကစ်ရမလား စဉ်းစားနေသည်။
ဟိဟိ (ကိုသားကြီး ဒေါပွဦးမယ်)
ဟိုကောင်မလေး ကတော့ ခုထိ သတင်းလာမပို့ သေးပါ။
အားလုံးကို သတိရတယ်။ လွမ်းတယ်။ လင်ခ့်တွေလဲ မနည်းပြန်စုနေရတယ်။
လာချောင်းကြတာ ကျေးဇူးတင်တယ်။ ဟိဟိ
အားလုံးနဲ့ ပျော်ရွှင်ဖို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီး နိုင်အောင် ကြိုးပမ်းနေသည်။
ဒါပဲ။။။ ဒါပဲနော်
အားလုံးးးးးးးးးးးးးးးးးးးးးး အာဘွားးးးးးးးးး

ချစ်ခင်စွာဖြင့်
Angel Shaper
24. 8. 09 ( Mon; )
12: 50 Pm

29 comments:

အိမ်သစ်တက်ပွဲမျှော်လျှက်ရှိပါကြောင်း အစား အသောက်များလည်း ပါမည်ဟု ယုံကြည် ကြောင်းပါ အစ်မဖြူစင်ရေ .... အဟတ် နင် အစ်မပဲ လုပ်တော့ :P

အညာသားတစ်ယောက်
လာရောက်ကာအားပေး
သွားကြောင်းပါ
အိမ်သစ်ကလေးကိုအလှပဆုံးပြင်ဆင်နိုင်ပါစေဗျာ

အမြန်ပြီးအောင်
ကန်တော်ကြီးသွားပြီး
လန်ချားလေးစီးပါ ဟူ၍
အကြံပြုလိုက်ပါ၏
နှမတော် အိန်ဂျယ် လေး ရေ.....

အဝေးကနေ
ကျွေးတာ စားဖို့ စောင့်နေ၏ ...

အမငီးးး ဒေါ်အိန်ဂျိယ် ရဲ့ သူ့ကိုယ်သူ သမီးတဲ့ ဘလော့ဂ်ဂါတွေ လဲရူးနေကြတယ် ဘလော့ဂ်မရေးကြတော့ဘူး လယ်ပဲ စိုက်နေကြတယ် ဟွန်းးးး

သမီးကြီးရေ... အိမ်သစ်တက်ပွဲကို မြန်မြန်လုပ်ပါဗျို့ ။

အစားအသောက်တွေပါရင် ကြိုအသိပေးပါဗျို့ အဟီး။

yu ya

ဟိတ်..အိမ်သစ်တတ်ပွဲးမှာ ဘာကျွေးမှာလဲး
အဟဲးး..မမီးတို့ကစားဖို့ချောင်းနေတာ

ကျွန်တော်က နောက်ကျတတ်တယ်နော်။ စားစရာတွေ ချန်ထားဦး။

ဒင်းမ်ရေ...ကိုးရက်နေ့ကိုမမေ့နဲ့နော်

အိမ်တက်လေးပြောအုံး ၀ါးတီးဆိုစိတ်ဝင်စားတယ် :)

ဟွန်း

င်္ီFacebook ထဲချည်းရောက်နေပြီး ..
တရေးနိုးမှ သတိရနေသည် လာလုပ်တယ်..
:D

စာအသစ်တွေ ရေးပါဗျို့

ခင်မင်စွာဖြင့်
သီဟသစ်

သားကြီးလည်းအားလုံးကို သတိရနေပါသည်။
အိမ်သစ်ပွဲကျရင်အဝကစ်မည်
ယုံချင်ယုံ မယုံချင်နေ ကြွပ်ကြွတ်အိတ်ပါ
အပိုဆွဲလာမည် (ဒေါမပွရန် ပြောချင်သည်)
ကွန်ပြူတာပြန်နေကောင်းသွားပါသည်
ထို့ကြောင့် ဘလော့တခွင် ပြဲပြဲစင်အောင်
သားကြီးမွှေနှောက်တော့မည်
အကျွေး အမွေး လုပ်သူများ သားကြီးကို
အထူးသတိထားသင့်ပါကြောင်းး
စေတနာကောင်းဖြင့် အသိပေးအပ်ပါသည်
ဒူ..ဝေ....ဝေ...နောင် :P

တို့လဲ စားဖို့ဆို အဆင်သင့်ပါ၊ စောင့်နေတယ်နော်၊ အိမ်လေးက ခုတောင် တော်တော်လှ နေပေါ့း)

ရပါဒယ်..ရပါဒယ်..
အေးဆေးပေါ့...
ဖြည်းဖြည်းလုပ်ပါ...နားနားပြီးလုပ်ပါ...
မောတော်မူနေပါဦးမယ်..ဘော်ဒါ ...

ဘာကျွေးမှာလည်း ဆာနေတာနဲ့အတော်ပဲ မြန်မြန်ကျွေးနော် စောင့်နေတယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး

မငုံ said...

အိမ်သစ်တက်ပွဲ ဘာကျွေးမယ်လို့ စီစဉ်ထားလဲ ??? ရေခဲမုန့်တော့ ပါတယ်မလား???

ချင်းတောင်းလေးရေ...

ဒီကလည်း သတိရပါတယ်ဗျာ...
အစစ အဆင်ပြေပါစေနော်...

အိမ်သစ်တက်ပွဲကို မျှော်နေမယ်သိလား...

ဘုရားသခင်ကောင်းချီးပေးပါစေဗျာ....

မမွှေနှောက်တော့ဘူးနော်...


ကိုပြည့်စုံကြီး (ဝေါသားလေး) :):):)

(လူကြမ်းလေးကို အပြစ်မယူနဲ့နော်...)
ကြောက်လို့သာပြောရတာ... :) :) :)
တကယ်ပါ...

အိမ်သစ်တက်ပွဲကို ပျော်ပျော်ကြီး နွဲရမှာပေါ့...
အားလပ်ချိန်ရမှ စာရေးပေါ့....။
အားပေးမယ့်မောင်နှမတွေ အားလုံးက အဆင်သင့် ရှိတယ်လေ။

ပန်းကန်လုံးစီးပါ... စောင့်နေပါမယ်

လှလိုက်တာအေ... အိမ်သစ်လေးက..... လာလည်တယ် အိန်ဂျယ်ရေ.....

အိမ်သစ်တက်ပွဲကိုလာဖိတ်ဦးနော် အစားသောက်ဆိုမမေ့ဘူး အပြေးရောက်လာမယ်..:P
ဟဟ အဆင်ပြေတယ်ဟုတ်..

အခု အိမ်အသစ်လေးနဲ့ အရမ်းလှနေတယ်နော်။ ပိုလို့လှအောင်လည်း ပြင်ဆင်နိုင်ပါစေ။
အစ်မလည်း လယ်စိုက်ချင်လို့ ACCOUNT လုပ်ထားတယ် =)

အေးအေး.. လုပ်ပါလုပ်ပါ...

အစားအသောက်ဆိုတော့..

ဟီးဟီး....... စိတ်ဝင်စားတယ်..
အမြန်ဆုံး ပြီးမြောက်နိုင်ပါစေ

ခင်မင်စွာဖြင့်
စည်သူ။

အိမ်သစ်လေးကိုမျှော်နေသူမှာမမမေမေလည်းပါတယ်ဟေ့။
ကိုယ့်သမီးအိမ်ဆိုဘာမှအားနာဘူး။
ထွက်ချင်ထွက်ဝင်ချင်ဝင်မယ်။
ဒါပဲ...။
ဒီအိမ်လေးလည်းလှတယ်။
ဒီထက်ကောင်းတဲ့အိမ်လေးဆိုတော့ပိုးကောင်းတယ်ဟီး။
ချစ်တဲ့မမမေမေ

သမီး KKS ရေ... ဘကြီးအရောက်နောက်ကျ သကွယ်.. (ဘာမှတောင် မကျန်တော့ဘူး..) ဟိုကောင် နိုင်ကြီးကလည်း လမ်းမှာတွေ့ တာတောင် လက်မတို့ သွားဘူး..သမီးအိမ်သစ်လေးကတော့ တော်တော် တင့်တင့်တယ်တယ်ပါပဲဂလား... ငါ့သမီးနဲ့ လည်း လိုက်ပ...(ဒေါင်းတင်မောင်းတင် ပဲ.)... :) ... အင်း.. ငါ့သမီးလေးကို ဒီလို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့  တင့်တောင်းတင့်တယ် တွေ့ ရတာ ဝမ်းသာတယ်ဟေ့... အဘ ရှိတ်ရကျိုး နပ်သပ.....

ဘကြီးမိုး

ဟွန့် နော် Dim
တကယ်မအားတာပါနော်
မေားလားလို့ တော့တချက်မမေးဖူး
ပြေားချင်ဖူးသိလား
ခုချားမယ်
နောက်ကျတယ်ဆိုရင်
ထပ်ပြီးအသစ်လုတ်ကျွေးသိလား


ခင်တဲ့
မြူးလေး

ဟာ... အိပ်ရာနိုးနိုးချင်း စားပွဲသောက်ပွဲနဲ့တော့ တိုးပြီ...

ကောင်းလေစွ ကောင်းလေစွ... အဟိ..
တယ်ရင်းရေ... နာ့ကိုလည်း VIP လက်မှတ် ၁ စောင်ပေးဥိးဟ... သိလား...

ပျော်ရွှင်ပါစေ...

အိမ်သစ် တက်ပွဲ လာအားပေးဗျို့

ဟာ.... တို့ အိမ်သစ်တက်ပွဲ လာတာ နောက်ကျသွားတယ်ကွာ... ကျန်သေးလား... ရေခဲမုန့်လေး စားရလဲ ကျေနပ်ပါတယ်ကွယ်...း))

သမီးကြီးရေ
မမမေမေကအခုမှရောက်လာနိုင်တယ်။
တော်သေးတယ်ကျန်သေးလို့နော်။
ရေခဲမုန့်တွေ၊လဖက်တွေလာကြိတ်သွားတယ်။
အရမ်းပျော်စရာကောင်းတဲ့အိမ်လေးပါ။
မောင်းလေးကပြောတယ်”မေမေသားသားမမနဲ့အတူနေခဲ့မယ်တဲ့”
မနည်းပြန်ခေါ်ခဲရတယ်။
အိမ်သစ်ဆိုတော့လူတွေများနေလိမ့်မယ်။
မောင်လေးနဲ့ဆိုခက်နေမှာဆိုးလို့ပြန်ခေါ်သွားတယ်။
ချစ်တဲ့မမမေမေ