အားလုံးသော မောင်နှမများကို နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီကနေ့  အိမ်သစ်တက်ပွဲလေး ဖြစ်မြောက်လာဖို့  အင်မတန်ကြိုးစားခဲ့ရတာပါ။
လွန်ခဲ့တဲ့ တပတ်လောက်ကပေါ့ အလုပ်ကအပြန် လူကလဲ ပင်ပန်းပြီး ဖျားနေသလို ဖြစ်တာနဲ့ပဲ ဆေးသောက်ပြီး မအိပ်ခင် ကွန်ပျူတာဖွင့် ဘလော့လေးဝင်ကြည့်လိုက်တော့ နာဂစ်ထက်ဆိုးတဲ့ မုန်တိုင်ကြီးဖြစ်နေပါတယ်။ Upgrade to pro today! ဆိုတဲ့စာလေး တစ်အိမ်လုံးမှာ ပျံနှံ့ နေပါတယ်။ ဘာကြီးမှန်းလည်းမသိတာနဲ့ ခေါင်းကြီး သွားတယ်လေ။ ဘာမှမလုပ်တတ်လောက်အောင် တော်တဲ့သူဆိုတော့ ဂျီတော့လေးဖွင့်ပြီး တွေ့တဲ့ သူကို အကူအညီတောင်းဖို့ လုပ်ရပါတယ်။

သိတဲ့အတိုင်းပါပဲ..... အားလုံးလိုလိုက ဂျီပုန်းလုပ်ပြီး ပွေလီနေတာလား၊ အိပ်နေကြပြီလား မသိပါဘူး။ တစ်ယောက်မှ မတွေ့။ ကံကောင်းထောက်မစွာ စံပီးဆိုတဲ့ မောင်ငယ်ဘလော့ဂါလေးနဲ့ တွေ့ ပါတယ်။ သေချာ ဝင်မွှေထားပေးဖို့ အကူအညီတောင်းပြီး ဆေးရှိန်နဲ့ အရမ်းအိပ်ချင်နေလို့ အိပ်ယာဝင်ခဲ့တယ်။ မနက်နိုးလာတော့ ဘလော့လေးပဲ အရင်ဆုံးဝင်ကြည့်ဖြစ်ပါတယ်။ ပညာရှင်လေးက ပြီးအောင်လဲ လုပ်မထားဘူးလေ။ အိမ်လေးက သပ်ရပ်နေပေမယ့် Angel Shaper သိပ်ချစ်တဲ့ မောင်နှမတွေ ပေးခဲ့တဲ့ ကော်မန့်လေးတွေနဲ့ လင်ခ့်လေးတွေ မတွေ့ရတော့ ပြာယာခတ်သွားပါတယ်။ အဲဒီနေ့ တစ်နေကုန် ဘာမှ မလုပ်နိုင်ပါဘူး။ ရင်ထဲမှာ ဝမ်းနည်းပြီး ငိုတောင်ငိုမိ မတတ်ပါပဲ။ အဲလို ဘာဆက်လုပ်ရမယ်မှန်းလဲ မသိလောက်အောင် တော်တာပါ။ ဟီးးး

မောင်မင်းကြီးသားကလဲ အွန်လိုင်း နှစ်ရက် ဆက်တိုက် တက်မလာပါဘူး။ ငါတော့ ပညာပြခံလိုက်ရတယ် ဆိုပြီး တငိုငိုနဲ့ အွန်လိုင်းမှာတွေ့သမျှ အကို၊အမတွေ သူငယ်ချင်းတွေအားလုံးကို တိုင်တန်းပါတယ်။ သမီးကို တတ်နိုင် သလောက် ဖျောင်းဖျနှစ်သိမ့်ကြပေးပါတယ်။ ကျေးဇူး သိပ်တင်ပါတယ်လေ။ သမီးအကို ကိုနိုင်ကြီး၊ အကျီ င်္ အဖြူလေးနဲ့ ချစ်မမထင်းထင်းမေလေး၊ သူငယ်ချင်း ရေတမာ၊ ဘုမသိဘမသိ လိုက်ချော့ပေးနေရတဲ့ သူငယ်ချင်း စုလတ်။ သူတို့လေးတွေက အကြံအဥာဏ်ပေး၊ နှစ်သိမ့်အားပေးခဲ့ကြတာ အဲဒီအချိန် Angel Shaper ခံစားနေရ တာတွေအတွက် အားဆေးလေးတွေ ဖြစ်ခဲ့ရတာ အမှန်ပါ။ နောက်ရက် ဟိုတစ်ယောက် အွန်လိုင်းတက် မတက် စောင့်နေပါသေးတယ်။ နေ့လည် အလုပ်သွားခါနီးမှ ရောက်လာတော့ ငိုပြ၊ ချွဲပြပြီး သူ့ကို ဆူလိုက်ပါသေးတယ်။
(အဟီး ချစ်စရာလေးနော်အကူအညီလဲတောင်းသေးတယ်။ ဟဟားး) သူက ရှင်းပြ၊ ပြောပြပါတယ်။ အမအတွက် လုပ်ပေး နေတာပါတဲ့။ သူကလဲ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်တဲ့ ။ အဲလိုဆိုတော့လည်း အိုကေပေါ့။

ဒီလိုနဲ့နောက်ရက် အွန်လိုင်းမှာ ဘလော့လေးစဖွင့်ပေးခဲ့တဲ့ (မိန်းမကြောက် အဲ ချစ်တဲ့) သူငယ်ချင်းဟိန်းနီ ထူးဆန်းစွာ အွန်လိုင်းမှာပေါ်လာပါတယ်။ ဘယ်ရမလဲ အိမ်သစ်လေးကြွားပြီး လိုအပ်တာတွေ ထပ်လုပ်ပေးဖို့ ဝကွက်အပ်လိုက်ပါတယ်။ ဟဟားးး (မျက်နှာမြင်ခိုင်းချင်ပါစေ ဆိုတဲ့ ဆုများ ပြည့်ခဲ့လေရော့သလား ဟိန်းနီရေ)
သူတို့ ရဲ့ စေတနာနဲ့ အလှဆင် ပြင်ဆင်ပေးမှုကြောင့် ဖြူစင်ကြယ်လေးဟာ ခုတော့ ကြည့်ပျော်ရှုပျော်လေး ဖြစ်နေပါတယ်။ သူတို့ကို ကျေးဇူးတင်တယ်ဆိုတဲ့စကားထက် ပိုလေးနက်တဲ့ စကားလေးတွေ ရှိရင်ထပ်ပြောချင် ပါသေးတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေရဲ့ ချစ်စရာကောင်းတဲ့ စေတနာလေးတွေကြောင့် အိမ်သစ်လေးနဲ့ပေါ့။
(အဟဲ..... ငကြွား)

အိမ်သစ်တက်ပွဲလေးကို အစားသောက်လေးနဲ့ပါ လုပ်ချင်လာတာနဲ့ နေကောင်းခါစ မမမေမေဂျာမုန်းကို ပူဆာ လိုက်ပါတယ်။ သူကလဲ လှိုက်လှိုက်လှဲလှဲ ပဲ ချက်ပြုတ်ပြီး ချက်ချင်းပို့ ပေးလိုက်ပါတယ်။ ပညာရှင်လေးတွေရဲ့ နှောင့်နှေးမှုတွေကြောင့် (အဲလို အပြစ်တင်မိတာ ကိုယ်ပျင်းမှန်းမသိစေချင်တာ ဖြစ်မယ် ဟိဟိ) မမမေမေ လုပ်ပေးလိုက်တဲ့ အစားအသောက်လေးတွေ ချက်ချင်းချမကျွေးနိုင်တာ တောင်းပန်ပါတယ်နော်။ ဒါပေမဲ့ မပူ ကြပါနဲ့ ၊ မပူကြပါနဲ့နော်... ရေခဲသေတ္တာထဲ သိမ်းထားပါတယ်။ မပုပ်မသိုးပါဘူး။ ဟိဟိ လတ်ဆတ်မွှေးကြိုင်ပြီး စားချင်စဖွယ်ပါပဲနော်။ မြူးလေး ဆိုတဲ့ကောင်မလေးကတော့ ခရီးပန်းလို့  ဘာမှ ချက်မပေးနိုင်ရှာတော့ ချစ်တဲ့ ရေခဲမုန့် တွေနဲ့ မမမေမေချက်ပေးထားတဲ့ အစားအသောက်လေးတွေနဲ့ပဲ ချစ်တဲ့မောင်နှမတွေကို ဧည့်ခံလိုက်ရ ပါတယ်။

သူငယ်ချင်း ရေတမာကလည်း သူကိုယ်တိုင်ကြော်ထားတဲ့ အကြော်တွေဆိုပြီး ဗန်းလိုက် ယူလာပါတယ်။ ပျော်စရာကြီးပါ။ ဒါပေမယ့် အချဉ်ရည်လေးတွေတော့ အဲကောင် နမော်နမဲ့ လုပ်လိုက်လို့ မှောက်ကုန်သတဲ့။ ခေါင်းတစ်ချက် ခေါက်လိုက်ရပါတယ်။ တိန်။ ဟိဟိ အရသာရှိလေစွ။။။။။။။။။။။။။။။။ ဗိုက်ဝအောင်စားသွားကြပါ။ ကျွတ်ကျွတ်အိတ် ထုတ်လာတဲ့ ချစ်ကို ကိုသားကြီးကတော့ အဝစားပြီး ကျန်တာ ထုတ်သွားပေါ့။ (ဟိဟိ ကျန်တာပဲနော်)။ အဆိုအတီးကိုကျတော့ ကိုယ်တိုင် ဟော်လိုလေးနဲ့ ဆိုပြီး ခြင်ထောင်ချသွင်းကြည့်မလို့ပါပဲ။ ဒီမောင်နှမတွေ သေခန်းရှင်ခန်းပြတ် ဖြစ်သွားမှာ စိုးလို့  လက်လျော့ လိုက်ရပါတယ်။ Angel Shaper မှ အားလုံးကို သံယောဇဉ် မပြတ်နိုင်တာ။ ဟဲဟဲ ဒါကြောင့် ဘလော့လေးနဲ့ လိုက်မယ့် ကိုနွေဆူးပို့ပေးထားသော အကြည်တော်ရဲ့ ဖြူစင်ခြင်းဆိုတဲ့ သီချင်းလေးနဲ့ အားလုံးကို ဧည့်ခံလိုက်ရပါတယ်။ Angel Shaper ကိုယ်တိုင် ဆိုပြီး သွင်းမဲ့ သီချင်းလေးကတော့ ကိုနွေဆူးရေးထားတဲ့ ချိုးငှက်လေး ဆိုတဲ့ သီချင်းပါ။ ကိုသားကြီးကလည်း ရေးပေးနေပါတယ်တဲ့။ မပို့သေးလို့  မရသေးပါဘူး။ ဒါတွေက အဆိုတော် ဖြစ်ချင်တဲ့ Angel Shaper ရဲ့ ရူးသွပ်မှု တစ်ခုသာဖြစ်ပါတယ်လေ။ အခွင့်ရရင်တော့ သတ္တိရှိတဲ့သူ နားထောင်လို့ရအောင် ကြိုးစားပြီး တင်ချင်ပါတယ်။ ဟဲဟဲ....................

ကမ္ဘာကျော်အဆိုတော်ကြီး ဖြစ်လာတဲ့ တစ်နေ့  Show တွေ Concert တွေ အတွက် VIP တန်း လက်မှတ်လေး တွေကိုလည်း ကြိုတင်ပြီး ဘွတ်ကင် လုပ်ထားချင်ရင်ရပါတယ်နော်။ Angel Shaper ရဲ့ ဘလော့ဂါမောင်နှမများ ကတော့ ဦးစားပေး VVIP တန်းကိုပေးမှာပါ။ ဟဲဟဲ။။။။ ကဲကဲကဲ......... ကြွရောက်လာတဲ့ မောင်နှမများအားလုံး အကြည်တော်ရဲ့ ဖြူစင်ခြင်းကို နားထောင်ရင်း မုန့်လေးတွေ အားရပါးရ စားပြီး ပျော်ကြတာပေါ့နော့်။
စားသောက်ခြင်းအစီအစဉ် စတင်လိုက်ပါပြီ။ ဖြောင်းးးးးးးး ဖြောင်းးးးးးးးးးးး ဖြောင်းးးးးးးးး
ကိုသားကြီး လက်ခုတ်သံ အကျယ်ဆုံးးး ဟဟဟဟားးးးးးး

ဒါတွေကတော့ မမမေမေရဲ့ လက်ရာလေးတွေပါ။
မမမေမေ ကိုယ်တိုင်ရှယ်ချက်ပေးထားတဲ့ အုန်းနို့ခေါက်ဆွဲလေးပေါ့။
အိုးလိုက်ကို ချပေးတာနော်။ အစားကြီးတဲ့ သူ ကြိုက်သလောက်သာ တွယ်ကြမယ်ဗျိုးးးးးးးး








ဒါကတော့ ကြက်သဲကြော်တဲ့နော်..........



ဒါကတော့ ဆူရှီပါကွယ်။။။။။




ဒါကတော့ ငှက်ပျောသီးဆနွင်းမကင်းတဲ့။ အချိုပွဲ အတွက်ပေါ့။



ဒါကတော့ သူငယ်ချင်းလေး ရေတမာရဲ့ အကြော်စုံပါ။
လုစားကြမယ်လေနော်။ ခစ်ခစ်



ခုတော့ သမီးရဲ့ ကိုယ်ပိုင် မုန့် လေးတွေ ချကျွေးမယ်လေ။
ဘီစကွတ်နဲ့ ချောကလက်အရင်စားကြမယ်။



ခုရေခဲမုန့် အလှည့် ဟီးးဟီးးးး ပလွတ်။။။





35 comments:

111111111111111111111

2222222222222222222

333333333333333333333333333

444444444444444444444444

666666666666666666666 ဟိဟိ
ရသလောက် အကုန်ယူတယ်

ဟိဟိ ကောင်းပါတယ် မစားရ၀ခမန်းပါပဲ ငါမလာတဲ့ ဗန်းကို သူက အိမ်တက်ပွဲ အတွက် သုံးလိုက်တယ်ပေါ့ အေးပါ ကုသိုလ်ရပါတယ်
ငါ ၇ နိုင်ဦးမလားဟင် ဟိဟိ

အော် မေ့နေလို့ ပြန်ပြီလို့ လာပြောတာ

ဟဟ
အောက်ဆုံးက ရေခဲမုန့်နဲ့ ချောကလက်တွေကလွဲရင် ကျန်တာကို စိတ်မ၀င်စားပါခင်ဗျာ။
ချောကလက်နဲ့ ရေခဲ့မုန့်တွေသာ အပိုင်သိမ်းသွားပါကြောင်း။ ဟဲဟဲ။
=]

အိမ်သစ်အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ။ ပျော်ရွှင်ပါစေ။ =]

အုန်းနို့ခေါက်ဆွဲသွေးတက်လို့မစားဘူးကွယ် ရေခဲမုန့်ချောင်းဆိုးလို့ စားဘူးကွယ် ဟဲဟဲ အလကား စ တာအကုန်စားသွားတယ် သိလား

အိမ်သစ်လေးလာလည်ပါတယ် ၀ိုင်းလည်း အိမ်သစ်လေးနဲ့ပေါ့ လာလည်ဦးနော်.......

အိမ်တက် ကို စပယ်ရှယ် ၀င်ဆွဲသွားတယ် ...
ကောင်းမှ ကောင်းစပယ်ရှယ်ဘဲ :P

ဖြူစင်ကြီး လာပြီဟေ့ အားပါး ကောင်းချက်
အုန်းနို့ ခေါက်ဆွဲများ တစ်ပွဲစားပြီးတာနဲ့ 
လေသင်တုံးဖြတ်သွားလောက်အောင် ကောင်း
တာ အုန်းအဆီကို တက်လို့  ရေခဲမုန့် က လည်း
ကောင်း အကုန်ကောင်း နင်ချကျွေးတဲ့ မုန့် က
နည်းနည်း တော့ နည်းနေသလိုပဲ အဟဲ
အဲတာလည်းကောင်း နောက်တစ်ခါ မဖိတ်
ရဲအောင်ကို တုတ်ပစ်လိုက်တာ ဟာ ဖြူစင်
ပါပီလေးတောင် ဗိုက်နမ်းနေပြီ ... ပြန်မှ ပြန်မှ
တော်ကြာ ဒေါ်ဖြူစင် ရိုက်လွှတ်မှ ဖိနပ်တောင်
မပါဘဲ ပြန်ပြေးနေရဦးမယ် ....
ရန်ကုန် :P

ဝါးးးးးးးး
အိမ်သစ်လေးနဲ့ လှသွားပြီ
မုန့်တွေကိုလည်း ကြည့်သွားသည်
(တကယ်စားလို့မှမရတာ)

:D

တောကြက် ကတော့ လွန်ရော။ မီးမီးရေ

အိမ်သစ်တတ်ပွဲမှာ လာစားသွားပါဒယ်.....
ပလွတ်ပလွတ်...ရလွတ်ပလွတ်.....
ကောင်းမှကောင်း..... ဟီးဟီး

၁၁ယောက်မြောက်ဖြစ်နေပြီဟ
အကျန်ပဲထုပ်ရတော့မလားမသိဘူး
ဒါပေမယ့်အားမငယ်ပါဘူး
အိတ်အကြီးကြီး မ ချလာတယ်ဟဲဟဲ
သားကြီးတို့အရင်မဦးလို့ အပေါ်က ၁၁ယောက် ဝဝစားလိုက်ရတာပါ
မဟုတ်ရင်တော့လား ဟဲဟဲ
နင်အိမ်သစ်ဆောက်တုန်းက ငါ့ကွန်ပြူတာ
အကောင်ကိုက်နေတဲ့အချိန်ဖြစ်မယ်ထင်တယ်ဟ ငါလည်းကူညီချင်တာပေါ့ ငါ့ရဲ့ချစ်သယ်ရင်းကြီးပဲ
နင်ကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လို့
ဂရမ်မီဆုတက်ယူရမယ့်အချိန်ကျရင် ငါ့ကိုလည်းခေါ်ဖို့မမေ့နဲ့ဦးဟ
မမမေမေဆိုသူရဲ့အုန်းနို့ခေါက်ဆွဲလေးက
ဆိမ့်နေတာပဲ ဆူရှီုပါ ပါလိုက်သေးတယ်ဟုတ်လား?
တော်တော်ခမ်းနားတဲ့အိမ်တက်ပွဲပဲ
ဂျပန်အစားအစာတောင်ပါတယ်ဆိုတော့
လေ
ငှက်ပျောသီးဆနွင်းမကင်းတို့ ရာတမေရဲ့
အကြော်တို့ခဏနေဦးဟ
ငါ့ခါးကြားမှာ နင်မသိအောင် ဝီစကီပုလင်းပါ
ထိုးလာတယ် ဟီးဟီး
အိမ်ရှင်စိတ်ဆိုးနဲ့နော် သားကြီးကမူးလည်းအေးဆေးပါ
ရေခဲမုန့်ဆိုတော့အိမ်ရှင်ကအရင် ဟီးးဟီးးးး ပလွတ်တဲ့
မဖြစ်သင့်ဘူး ငါအရင်စားရမယ်
ဧည့်သည်ကိုဦးစားပေးရတယ်လေဟာ
ကဲ ချစ်သယ်ရင်းလေးရေ
အိမ်အသစ်လေးနဲ့ ဆက်လက်ပြီး
ပျော်ပျော်ရွှင်ရွှင်ဘလော့ဂင်းနိုင်ပါစေ :)

အုန်းနို့ ခေါက်ဆွဲနဲ့ ငှက်ပျောသီးဆနွင်းမကင်း
အ၀တီးသွားတယ်ဗျို့ 

မငုံ said...

အိမ်သစ်တက်ပွဲလာ နောက်ကျသွားလားမသိဘူး။ ရေတမာစားတာနဲ့ ကုန်ပြီထင်ပ :)) တစိမြို့တည်းနေလို့ အခုမှရောက်တာ။ စိတ်ဆိုးနဲ့နော်။ အိမ်လေးလှတယ်။

ဖြောင်း..ဖြောင်း..ဖြောင်း
အိမ်သစ်တက်ပွဲအတွက် လက်ခုပ်တီးပေးတာ..
အိမ်လေးမိုက်တယ်...မိုက်တဲ့အိမ်..အိမ်မိုက် ကလေး..
ပျော်ပါစေ ဟေးးးး...
ဒါဘဲ

ရေတမာကိုလဲ တရားစွဲမှဘဲ
တော်တော် သောင်းကျန်းနေတာကို
အုန်းနို့ခေါက်ဆွဲ တစ်ပွဲဟေ့
အကြော်များများ
အီကြာကွေး၊ဘဲသွေး၊ပဲကြော်ထည့်
ရေခဲမုန့်ပါချဟေ့။

နာ့ပြောသားဘဲ
အဆင်ပြေမှာပါဆို
အခုမှ ပိုတောင်လှသွားသေး

အိမ်သစ်လေးက မီးနည်းနည်းမှောင်နေတယ်..
နောက်လာရင် ဖယောင်းတိုင်ယူလာခဲ့မယ်နော်..
ရေခဲမုန့်တွေ့လို့ လာတာ ခုတော့ ကုန်ပီ....
အိမ်ရှင်က အစားပုတ်တာကိုး...
စိတ်ဆိုးတယ်...

နှင်း

ကြိုက်တယ် ဒါပေမဲ့မစားတော့ဘူး အစ်မကြွေးလို့ ဘိုင်းဘိုင်

ဝါးးးးးးးးးးးးး လှတယ်ဝေ့..အိမ်လေးက... လန်ထွက်နေတယ်..ဟိဟိ

တီတီ....မီးအတွက် ရေခဲမုန့် နဲနဲပဲကျန်တော့တယ်... ဟင့်...... အကုန်ကို စားပစ်လိုက်တယ်.. အေးတာပဲ... ဟိဟိ...

အုန်းနို့ခေါက်ဆွဲတော့ မစားတော့ဘူး...ဟိဟိ..အေးစက်သွားလို့...ရေခဲသေတ္တာထဲမှာ အထားကြာသွားတာဖြစ်မယ်...ချားဖူးချားဖူး... အောက်က မုန့်တွေပဲ အကုန်စားပစ်လိုက်တယ်.... :P

အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဖြူစင်ရေ အိမ်သစ်တက်ပွဲလေးကို လာပါတယ်
အမငီး အုန်းနို့ခေါက်ဆွဲ မကျန်တော့ပါလား
ရေခဲမုန့် တအားကြိုက်တယ်
အကြော်စုံလေးလဲ လွေးလိုက်သေးတယ်
အကြိုက်ဆုံးကတော့ အုန်းနို့ခေါက်ဆွဲပဲ ဟင့်
လက်ဆောင်ပေးစရာလဲ မပါဘူးဆိုတော့
အာပွားပဲ ပေးခဲ့တော့မယ်နော်
ဟိဟိ အာပွားးးးးးးးးးးးးးးးးးး ဖြူစင်ရေ
ပျော်ရွှင်ဖွယ်အိမ်သစ်လေးနဲ့ ပို့အသစ်ပေါင်းမြောက်မြားစွာ ဖန်တီးနိုင်ပါစေလို့
ချစ်တဲ့
အနော်

အိမ်အသစ်လေးရေ... အမြဲတည်တန့်ခိုင်မြဲပါစေဗျာ...
နေ့သစ်တွေတိုင်းမှာ ချင်းတောင်းလေးရဲ ရင်ဖွင့်သံတွေ အမြဲမပြတ်ပို့ချနိုင်ပါစေဗျာ....

နေ့ညအချိန်လေးမတူတာ.... အမှတ်စဉ် (၂၂ )ဖြစ်သွားတယ်....
ချင်းတောင်းလေးရေ....မကျေနပ်ဘူးဝေ့... စီးယူလိပ်တာပေါ့... တွေ့ကြသေးတာပေါ့...
စိတ်ကသိပ်မရှည်ဘူး ရှိတာတွေ အကုန်စားသွားတယ်... အိမ်ကိုပါယူသွားတယ်ကွာ သိပ်ကျေနပ်တာမဟုတ်ဘူး... နေ့ဖို့ညစာအတွက်မို့ပါ...

အကျင့်ကပါနေပြီ... သူများအလှုလုပ်ရင် အဲဒီလိုပဲ :) :) :) စိတ်ဆိုးမှ ပိုစားကောင်းတာ.... အဲဒါမှ အားမနာတော့ဘူးလေ.. ဟဲဟဲ...

ပျော်ရွှင်ပါစေ ချင်းတောင်းလေးရေ...

လူကြမ်းမင်းသားလေး ဇာတ်လမ်းအရ ကြမ်းလိုက်ရတာပါ....

အိမ်သစ်တက်ပွဲမှာ စားစရာတွေ စုံလို့ အများကြီး စားလိုက်တာ အစာကြေဆေးရှိရင် နည်းနည်းလောက်..:D

နေကောင်းခါက လာလည်တာ

သွားရည်တွေ ကျသွားလေရဲ့


အားပေးသွားတဲ့သူက အားတက်အောင်လုပ်ရုံတင်မကဘူး

အစားအသောက်နဲ့ပါမျှားသွားတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ကဲ..ကဲ..သမီးကြီး ရေ...
သူများတွေ အကုန်စားသွားကြပြီ
yu ya အတွက် ရေပဲ ကျန်တော့မယ်ထင်တယ်။

အပေါ်ကလူတွေအားလုံးကိုပြောလိုက်။ သူများအတွက် မထားခဲ့တဲ့သူတွေ အားလုံး လူပျိုကြီး၊ အပျိုကြီးတွေ ဘ၀ဆက်တိုင်း ဖြစ်ကြပါစေလို့...အဟီး။

အိမ်သစ်တက်ပွဲလေးကနေစပြီး တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့တဲ့ Blog လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် သမီးကြီးခင်ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya

ဟင်း....... စားချင်စရာတွေ..... စားစရာတွေကိုပြောတာပါနော်.. တမျိုးမထင်နဲ့ အဟီးဟီး

မီးမီးချစ် said...

ရှိတ် ရှိတ် ရှိတ်လိုက်ပါ ရှိတ် ရှိတ်
အားလုံးစားသွားပြီ..း))
ပိန်အောင် ပြန် ရှိတ်ရအုံးမယ်

အိမ်လေး က ရှယ်ပဲ..
မိုက်တယ်

မမ မောင်လေးလာလည်သွားတယ် စာတွေတစ်အားကိုမိုက်တယ်ကွာ

လာဖတ်သွားတယ်သမီးကြီးရေ။
အရေးကောင်းသူက၊စိတ်ထားဖြူစင်သူဖြစ်မယ်ထင်တယ်
ဖြူစင်ကြယ်လေး။
မမမေမေ

နွေးနေခြည် said...

သူရေခဲမုန့်ကြိုက်တိုင်း ရေခဲမုန့်တွေ အစုံကျွေးထားတယ် ဟိး)
ရေခဲမုန့်အကုန်မသွားတယ်ဗျို့ကြိုက်လို့

မသိလိုက်တာ နာတာပဲ...