သူငယ်ချင်း သက်တန့် က ချစ်ချစ်ခင်ခင် နဲ့ သတိတရလေး တက်ဂ်ထားတာ အင်မတန်ကြာလှပေါ့။ ကိုယ်က ဘာမှမဟုတ်တဲ့ ရှိစုမဲ့စု အလုပ်ကလေးကြောင့်ပဲ လူက စိတ်မော၊ လူမောနဲ့  ပင်ပန်းပြီး ဖျားနေလို့  ခုမှ အားခဲပြီး ရေးလိုက်ပါတယ်။ ဖျားတယ်လို့ လဲ အတိအလင်းမကြေငြာချင်ပါဘူးလေ။ ဆရာဝန်ကြီး ဒေါက်တာ သက်တန့်ချို ဆေးလိုက်တိုက်မှာလဲ ကြောက်ရသေးတယ်လေ။ အဟီး

ဘာတဲ့ တက်ဂ်ထားတဲ့ ပိုစ့်ကလဲ လွယ်လွယ်လေးပါဟ။ ကြာလို့ မေ့တောင်နေပြီ။ အော်... အကြိုက်ဆုံးဘလော့ ငါးခုနဲ့ အဘယ့်ကြောင့် ကြိုက်နှစ်သက် ရသည်ဆိုပါလား။ သူတစ်ယောက်ထဲက တက်ဂ်တော့ ငါးခုပဲ ရေးရမတဲ့။ ဘယ်ရမလဲ Angel Shaper (ဖြူစင်ကြယ်) သမီးကြီး ပါဟ။ ကိုယ့်ကိုယ်ကို သိပ်ချစ်တာလေ သိတယ်ဟုတ်။ ကိုယ့်ကိုယ်ကို ဒီပိုစ့်ကို ပြန်တက်ဂ်လိုက်တယ်ကွာ။ ဘယ်ရမလဲ ဟွန်းးးးးး တစ်... နှစ်... သုံး... လေး...ငါး...ခြောက်.. ခုနှစ်... ဟိဟိ ခုနှစ်ကြိမ်တိတိ တက်ဂ်တယ်နော်။ သက်တန့် တက်ဂ်တာနဲ့ ဆိုရင် ရှစ်ကြိမ်။ ရှစ်ငါးလီ လေးဆယ် ဟိဟိ.... ရေးလို့ လောက်မယ် ထင်တာပဲလေ။

ပထမဆုံး ဘလော့ ဆိုတာကို စဖတ်ဖူးတာက Angel Shaper ရဲ့ အကိုတော်စပ်ထားသူ ကိုနေစိုးနိုင်နဲ့ ကိုလွင်မင်းခန့် တို့ ရဲ့ " ပေးဆပ်သူ " ဆိုတဲ့ဘလော့လေးပေါ့။ သူတို့ နှစ်ယောက်တည်းရေးတာတော့ မဟုတ်ဘူး။ သူငယ်ချင်းညီအကို မောင်နှမတွေနဲ့ သင်ခန်းစာတွေ၊ မှတ်သားစရာတွေ၊ဗဟုသုတလေးတွေ၊ ဆုံးမစကားလေးတွေ မှတ်သားနာယူစရာတွေ ပေးလေ့ရှိတဲ့ Angel Shaper ရဲ့ နားခိုရာ အိမ်လေး တစ်ခုပါ။

နောက် အဲဒီကနေ ရောက်ဖြစ်တာကတော့ ရေတမာရဲ့ သင်ပုန်းကြီးဖတ်စာ ဆိုတဲ့ အိမ်လေးပေါ့။ သူက အသက်ငယ်ပေမယ့် ထင်ထားတာထက် ပိုရင့်ကျက်တဲ့ အတွေးတွေ၊ အရေးအသားတွေနဲ့  တပုံတပင် ပေးတတ်တဲ့ သူတစ်ယောက်ပါ။ ခုတော့ သင်ပုန်းကြီးဖတ်စာ ဟာ လူအအိပ်မက် ဖြစ်လို့  ဘာတွေမက်နေလဲ မသိပါဘူး အင်အားတွေလဲချွေတာနေလေရဲ့။ အဲဒီမှာလဲ နားခိုနေတတ်ပါတယ်။ အဲဒီကနေ ရောက်သွားမိတဲ့ နေရာကတော့ ရေးချင်ရာလျှောက်ရေး တဲ့ Angel Shaper ရဲ့ အကိုတော် ကိုသားကြီး ပါ။ သူကတော့ အရင်က သူ့ အကြောင်းတွေ အဲ သရဲအကြောင်းတွေ ရေးတတ်ပြီး၊ တစ်ခါမှ မတွေးနိုင်တဲ့၊ မတွေးဖူးတဲ့ အတွေးတွေ တွေးမိရလောက်အောင် ရယ်စရာလေးတွေလဲ တွေးတတ်၊ ရေးတတ်ပြီး တစ်ချက်ကလေးမပြုံးပဲ လှည့်မပြန်ရတဲ့ နားခိုရာလေးပေါ့။

အဲဒီကတဆင့်နားခိုဖြစ်တာကတော့ သတင်းတွေဖွတဲ့ဘက်မှာအားသာပြီး ခု ငှက်ကလေး ဘဝကနေ ဝက်ကလေး ဖြစ်သွားရရှာတဲ့ ညီမတော်စပ်သူ ဝက်ဝံကလေးရဲ့ စံမြန်းရာ လေးပါ။ သူက ပေါက်တီး ပေါက်ရှာတွေ ရေးတယ်။ ဖတ်လို့ တော့ကောင်းတယ်။ သူလဲသူ့  အကြောင်းတွေရေးတတ်တယ် အဲလေ သရဲအကြောင်းတို့ ၊ သူ့ အတွေ့အကြုံတို့ ကိုပြောတာပါ။ ဒါပေမယ့် သူက ကိုးရီးယားမင်းသမီးလုပ်နေတာ ဆိုတော့ တစ်ခါတစ်ခါ ရိုမန်ကလဲ တစ်လိုက်တာ တစ်တစ်တစ်နဲ့ ကိုနေလို့ တနင့်တပိုး ခံစားအောင် ရေးပြ တတ်သေးတယ်လေ။ သူ့ ဆီရောက်ရင်တော့ ခံစားရမလား၊ ဒါမှမဟုတ်လဲ တဝါးဝါးရယ်ရမလား အဲလိုလေးတွေနဲ့ ပြည့်နေတဲ့ နားခိုရာလေးတစ်ခုပေါ့။

ကိုလူထွေး လဲဘယ်ပြောကောင်းမလဲ ရယ်စရာမောစရာ ကောင်းတဲ့ သူ့ ရဲ့ပန်းခြံထဲက အတွေ့ အကြုံတို့၊ မှတ်သားစရာ၊ နာယူစရာတွေလဲ ပေးတတ်လို့  နားခိုဖြစ်တယ်။ နောက်တစ်ယောက်ကတော့ ဘလော့လောက ကနေ ခဏတဖြုတ်အနားယူထားတဲ့ ကိုကြီးရီနိုမာန် ပါ။ သူလဲပဲ အရေးအသား၊ အတွေးအခေါ် ကောင်းကောင်းလေးတွေနဲ့  ဆုံးမသွန်သင်ပေးတတ်တဲ့ အကိုကြီးတစ်ယောက်မို့ သူ့အိမ်မှာနားခိုတတ်တယ်လေ။
သူ့ လိုပဲ အနားယူထားတဲ့ ကိုနေမင်းသံစဉ် ကြီးလဲပဲ ဘာ့ကြောင့်မှန်းမသိပါဘူး နားပါတယ်တဲ့လေ။ သူလဲ အတွေးအရေး ထက်မြတ်တဲ့ အကိုဖြစ်လို့  နားခိုဖြစ်တာ ကျုပ်အမှားလားနော်။ သတိလဲ ရနေပါတယ်လေ။

နောက်တစ်ယောက်က မျှစ်ချိုးပြီးမွေးလာတဲ့ လေးစားအားကျရသူ ကိုမြစ်ကျိုးအင်းကြီး ပါ။ သူ့မောင်နှမတွေကို ဘာရသမှမပါပဲ မပေးဆပ်ချင်သူ၊ အားလုံးနားလည်မဲ့ ရသမျိုးနဲ့ စာတွေပဲ ပေးဖတ်ချင်သူ တစ်ယောက်ပါ။ သူ့ရဲ့ အတွေးနဲ့အရေးတွေဟာလဲ အံ့မခန်းလောက်အောင် ပါပဲ။ နောက်ဆုံးတင်တဲ့ ဘလော့ဂါ အငြိမ့်နဲ့ ဘလော့ဂါ ပွဲဈေးတန်းဟာလဲ ဘလော့လောကကြီးကို ပျော်ရွှင်ကြည်နူးစရာလေးနဲ့ ချစ်စရာကောင်းအောင် သူလက်စွမ်း ပြထားသေးတယ်လေ။ ဒါကြောင့်သူ့ အိမ်မှာလဲ နားခိုဖြစ်လို့  အပြစ်မတင်ကြဘူး မို့ လား။

နောက်နားခိုဖြစ်တဲ့ အိမ်လေးကတော့ တလောကပဲ လတ်လတ်ဆတ်ဆတ် အသဲကွဲခဲ့တဲ့ လူကြမ်းမင်းသားကြီး ကိုပြည့်စုံ ပါ။ သူဟာလဲ စီနီယာသိပ်ကျတဲ့ ဘလော့ဂါတစ်ယောက်ပေါ့။ သူ့ စာတွေဖတ်တာမကြာသေးပါဘူး။ ဒါပေမယ့် သူဟာအတွေးအရေး အားသာသလောက် အင်အားအလွန်ချွေတာပြီး ပိုစ့်တွေတော်တော်လေးကို မတင်ဖြစ်တာပါ။ သူ့ ဆီတော့ မသွားချင်လဲ သွားပါတယ်။ ရန်ရှာဖို့ ။ ဟိဟိ

ဒနက်စ်ကတော့ စာအရေးကောင်းသလောက် အင်မတန် အင်အားချွေတာသူများ စာရင်းမှာပါတဲ့ သူငယ်ချင်း တမလွန် အဲဆောရီးးးး တလနွန် (လကြီး) ဟာလဲ ခုတော့လယ်ထဲမှာပဲ ပျော်မွေ့ နေတယ်။ လယ်သူကြွယ်လေး ဖြစ်ရင် သူကြီးသမီးများ တင်တောင်းမလို့ စိတ်ကူးယဉ်ထားလားမသိပါဘူး။ ခုတော့လဲ လယ်ထဲမှာပဲ အချိန်ကုန် နေလေရဲ့။ နောက်ပြီး ရွက်လွင့် နေတဲ့ ကိုအင်ဒရူး ဆီလဲနားခိုဖြစ်ပါတယ်။ သူပျော်ပါးခဲ့တာတွေ အားကျအောင် အရေးအသားကောင်းကောင်းနဲ့ ကြွားတတ်သလို ရယ်စရာလေးတွေလဲ ဖြည့်ရေးတတ်တဲ့ အကိုတစ်ယောက်ပါ။ နောက်တစ်ယောက်ကတော့ Bonus လေးတွေရက်ရက်ရောရောပေးပြီး သူ့ မောင်နှမတွေကို ရယ်မော ပျော်ရွှင်အောင် လုပ်ပေးလေ့ရှိတဲ့ မအားလပ်တဲ့ကလေးအဖေကြီး ကိုသီဟသစ်ပါ။ သူ့ဆီလဲ အားမာန်သစ်တွေ သွားယူရင်း နားခိုဖြစ်တယ်လေ။

နားခိုဖြစ်တဲ့ ဒဒွေးက Angel Shaper ရဲ့ ဘကြီးချမ်း နဲ့  အသက်ကိုးဆယ်ပြည့်မွေးနေ့ ကို ချစ်တဲ့ သူငယ်ချင်း မောင်နှမတွေနဲ့ ပျော်ရွှင်စရာလေး ကျင်းပဖြစ်တဲ့ ကိုဖြိုး (လင်းကြယ်ဖြူ) တို့ ဟာလဲ အထင်မစမောလ် ကြနဲ့နော်။ အတွေးအရေးအားသာသလို၊ အစားကြီးတယ်။ အဆိုလဲကောင်းတယ်။ သူတို့ တူမလေး Angel Shaper အတိုင်းပဲ ဟိဟိ။ ကိုကြီးပီတာ နဲ့  သက်တန့် ချို တို့ ကတော့ ထူးဆန်းအံ့သြဖွယ် ကောင်းပြီး တစ်ခါမှ မမြင်မတွေ့ ဖူးတဲ့အရာတွေ ရှာရှာကြံကြံ တင်ပြတတ်လို့  ဝင်ခိုဖြစ်တယ်လေ။ ကြံကြံဖန်ဖန်လူသားနှစ်ဦးပေါ့လေ။ မတတ်တစ်ခေါက်လေး ရေးထားတာပါ ဆိုပြီး မသိမသာ စော်ကားနေတဲ့ ချစ်သူငယ်ချင်းကြီး ရကောက်ကတော့ အားလုံးရဲ့ ရင်ခွင်တစ်ခုစီကို သူ့ အရေးအသားတွေနဲ့  စိတ်ကြိုက်ဖန်ဆင်းနေပါတယ်။ ရယ်လိုက်ရတယ် တစ်ခါ၊ ငိုလိုက်ရတယ် အခါခါ၊ ကြည်နူးလိုက်ရတယ်တစ်ခါတရံ၊ စိတ်မကောင်းလဲ ဖြစ်ရတတ်ပြန်တယ်။ အဲလို အမျိုးမျိုးသော ရသတွေပေးနိုင်လောက်အောင် စာကိုအေးအေးဆေးဆေးပဲရေးချင်တဲ့ ရန်ကုန်သား ဆီလဲ နားခိုဖြစ်ပါတယ်လေ။

နောက်တစ်အိမ်ကတော့ သူ့ ရဲ့ ပတ်စ်ပို့ ပုံလေး တင်ပြီး သူဖြစ်ချင်တဲ့ဆုကို လူသိရှင်ကြား တောင်းဆုခြွေတဲ့ ကိုဟန်ကြီး ရဲ့ အိမ်လေးပါ။ သူက အတွေးသမား၊ တွေးချင်ရာတွေးပေမယ့် ရေးအားတော့ကောင်းတယ်နော်။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ ကိုတောင်ပေါ်သား ဆီကိုလဲ သူ့ ရဲ့ ပွင့်လင်းတဲ့ စာသားလေးတွေ၊ ခံစားချက်လေးတွေ လိုက်ဖတ်ဖြစ်ပါတယ်။ တစ်ခါတစ်ခါ တိုတိုတုတ်တုတ်လေးတွေနဲ့ ပညာပေးတတ်တဲ့ ကိုယုယကြီး ဟာလဲ မဟေသီအနားပဲ ကပ်နေလားမသိပါဘူး။ ပျောက်နေပါတယ်။ သူမရှိတဲ့အချိန်တွေသွားပြီး အိမ်စောင့်ပေးဖြစ်တယ်လေ။ အိမ်စောင့်ခ ရေခဲမုန့်  ဝယ်ကျွေးခိုင်းရဦးမယ်။ ဟဲဟဲ

သူ့ ဆီမသွားရင် စိတ်ဆိုးတတ်တဲ့ ချစ်စရာမောင်ငယ် ကြယ်ကလေး ဟာလဲ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ပြီး လူတိုင်းကို ကောင်းစေချင်တဲ့စိတ်ဓာတ်နဲ့ ကြိုးစားနေတဲ့ အတွက် သူ့ စာတွေဖတ်ရင် တစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်တောင်ရှက်မိပါတယ်။ သူ့လောက်မှ မရင့်ကျက်ရလေခြင်းဆိုပြီးပေါ့။ သူ့လိုပဲမတွေ့တာကြာရင်၊ သူ့ ဘလော့ကို ဝင်မကြည့်ရင် စိတ်ကောက်တတ်တဲ့ မောင်ငယ်လေး တစ်ယောက် ရှိသေးတယ် အားလီ တဲ့။ သူ့ကောင်မလေးကို အလျော့ပေးသလောက် သူ့အမကိုတော့ အနိုင်ယူချင်တဲ့ ကလေးဆိုးကြီးပါလေ။ ကဗျာလေးတွေ၊ ပိုစ့်တိုတိုရှင်းရှင်းလေးတွေ၊ အိုင်တီပိုင်း ဆိုင်ရာ လေးတွေနဲ့  ပြည့်နှက်တဲ့ ကိုဇောင်းကြီး ရဲ့ အိမ်ဟာ Angel Shaper နားခိုနေကျနေရာလေးတွေထဲက တစ်ခုပါ။ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်မဲ့ သူငယ်ချင်းလေး မင်း ရဲ့အိမ်ဟာလဲ သိသင့်တဲ့ သတင်း၊ အနုပညာ၊ ဂိမ်းတွေပါမကျန် သွားလေ့လာလို့ ရလို့ အရောက်သွားတတ်တယ်။

မြန်မာပြည်ပြန်ရောက်နေတဲ့ သူငယ်ချင်း ဂျပန်ကောင်လေး ကိုလဲ သတိရမိပါတယ်။ သူ့ ရဲ့ ရိုးသားဖြူစင်မှုတွေ ပေါ်လွင်အောင် ဖော်ပြရေးသားတတ်တဲ့ သူငယ်ချင်းတစ်ယောက်မို့ သူ့စာတွေအမြဲသွားဖတ်ဖူးတယ်။ ခုတော့ သူလဲ အွန်လိုင်းမော်တော်ပီကယ်တွေကြောင့် လိုင်းတွေကြပ်ပြီး အသစ်မတင်နိုင်ရှာဘူးနေမယ်။ မအားတာလဲ နေမှာပါလေ။ သူငယ်ချင်း ၀ါဆိုမိုး ၊ အလှအပလေးတွေကို သဘာဝကျကျ လှပအသက်ဝင်အောင် ရိုက်ယူ တတ်တဲ့ ကိုမင်းသန့်  ဆီလဲ ပုံလေးတွေကို သွားသွားခံစားရတာ ရင်ထဲ ကြည်နူးဖို့ ကောင်းတယ်လေ။ ဒီတစ်ယောက်က သီချင်းလေးတွေလဲမတတ်တခေါက်ရေးပြီး ခြင်ထောင်ချ အသံသွင်းယူ တတ်တဲ့ ကိုနွေဆူး ပါ။ သူကလဲ အတွေးကောင်း အရေးကောင်းသလို ညနေပိုင်းဆို ပုလင်းထောင်တတ်တယ်ဆိုလား။ ခွက်ပုန်းချတာ ဆိုလား နားတော့မလည်ပါဘူး။ ဟိဟိ သူ့ ဆီစာသွားဖတ်ရတာ အရသာ တော်တော်ရှိတာနော်။

ညခင်းနဲ့ လမင်း ကိုရင်နော်ခင်လေးငယ် နဒီမိုးညိုကိုဂျူလိုင်ကိုမိုးကုတ်သားကိုအိမ်ကို TnT ကိုခြေလှမ်းသစ်ကိုမနောသား ကာရံဆူး အရူးလေး၊ ပေါက်တတ်ကရ အတွေးအပိုင်းအစတွေနဲ့ ကိုစည်သူ ၀သန်မိုး၊ တစ်ခါတလေ သွားချောင်းဖတ်ဖူးတဲ့ RepublicFidoDido ကစားပြီး စာမရေးတော့တဲ့ ကိုနေဒေးသစ်၊ အသက်ငယ်သလောက် လိမ်မာပြီး ထက်မြက်တဲ့ မောင်ငယ်လေး Craton သူတို့တွေဟာ လေးစားအားကျ အတုယူစရာကောင်းတဲ့ ခံစားချက်တွေ၊ အရေးအသားတွေနဲ့  မျှဝေပေးကြလို့ နားခိုဖြစ်ခဲ့တယ်။

နောက်ပြီး Angel Shaper ကြိုက်တဲ့အိမ်လေးထဲကပါပဲ အမကြီးနှစ်ယောက်ရဲ့အိမ်ကို အမြဲလိုလိုသွားဖြစ်ပေမယ့် ကိုယ်လို ငပေါလေး တစ်ယောက်အနေနဲ့ မန့်တောင်မမန့် ရဲလို့ ဖတ်ပြီး မမန့်ပဲလှည့်ပြန်လာရ တတ်ပါတယ်။ သူတို့ ကတော့ လူငယ်တွေကို ထက်မြက်ထူးချွန်ကြိုးစား စေချင်ပြီး၊ အင်မတန်တော်တဲ့ အမကြီး မနော်ဟရီနဲ့  မနိုင်းနိုင်းစနေ ပါ။

Angel Shaper ချစ်တဲ့ကဗျာလေးတွေ စုဝေးရာဖြစ်တဲ့ အိမ်လေးတွေရဲ့ သခင်လေးတွေကတော့ ပီပြင်လှတဲ့ စကားလုံးလေးတွေပိုင်ရှင်တွေ ဖြစ်ကြတဲ့ မကြီးပန်ဒိုရာကိုအောင်သာငယ်ကိုဖုန်းမြင့်ကိုမိုးလှိုင်ည ကိုကင်းကောင်ကိုစိုင်း၊ ပိုစ့်လဲရေးပေမယ့် ကဗျာရေးလဲကောင်းတဲ့ ကိုမိုးစက်အိမ်ပင့်ကူအန်တိမ်တိုက် ဖြစ်တဲ့ ဆူးရင့်နဲ့ တန့်ဆည်စာချစ်သူ အဝေးရောက်ပင်လယ် သူတို့ ဆီမှာ ကဗျာလေးတွေခံစားရင်း နားခိုတတ်ခဲ့တယ်။

စကားလုံး အသုံးအနှုန်း လှလှပပသုံးတတ်ပြီး အရမ်းတော်တဲ့ မမများကတော့ မာယာများတဲ့ မနှင်း မမယ်ကိုးမကြီးငုံ၊ Angel Shaper ကို ရေခဲမုန့် ကျွေးပြီး ဆုချမဲ့ မမအလိမ်မာလေး သမီးပျို၊ ကို ဆိုတဲ့လူကိုပဲ အချိန်တိုင်း သတိရနေတတ်တဲ့ ငဇော်၊ ဟိုးးးးးး တလောကမှ တွေ့ပြီး ခင်မင်ခွင့်ရခဲ့တဲ့ မလေး အမရာ နဲ့ မမယ်မဒီ၊ ကိုလေး အိုင်လွယ်ပန် (ဟိဟိ မမများစာရင်းထဲ ထည့်လိုက်လို့ တလွဲမတွေးကြေးနော်။ သူနဲ့ တော့ မဆုံဖြစ်သေးပါဘူး)၊ မမေလေး၊ ခံစားတတ်လွန်းတဲ့ မမကောင်းကင်ပြာ၊ အရမ်းချစ်တတ်တဲ့ မကြယ်ဖြူစင် မမိုးခါး မေဇင်၊ ချစ်သူငယ်ချင်းကြီး အနော်မအနမ်း၊ လွတ်လပ်စွာတွေးတတ်ပြီး စိတ်ကြိုက်ရေးပြလေ့ရှိတဲ့ ဘလော့ဂါခုံရုံးရဲ့ ပေါင်ချိန် မယ်မယ်ကိ၊ အငိုသန်တဲ့ တူမလေး မက်မက်၊ ပျောက်နေတာ ကြာပြီဖြစ်တဲ့ မကြီး လပြည့်ရိပ်၊ ချစ်တဲ့ မမစူး၊ မကြီး KOM၊ လိုင်ဘရာဒီ စာတိုက်ကြီးသဖွယ် ဖတ်စရာစုံတဲ့ မ May 16 နဲ့  Flower Poem တို့ ရဲ့ ဧရာဝတီ စာကြည့်တိုက်ကြီ၊ မကြီး မေတ္တာရောင်ပြန်၊ Broken Heart နေတယ် ဆိုပြီး အသည်းကွဲပြနေတဲ့ ချစ်သူငယ်ချင်း ချင်းမလေး (ပျောက်ချင်းမလှ ပျောက်နေတာ.. ဘယ်ဆီကို မင်းရောက်နေလဲ) ၊ ချစ်ခင်ပွန်းနဲ့ သားသမီးတွေကို သိပ်ချစ်တဲ့ မမ Sharon၊ အချက်အပြုတ်အရမ်းကောင်းတဲ့ မမမေမေဂျာမုန်း နဲ့ ညီမလေး မြူးမမမိုး (သူတို့စေတနာတွေပေါ့ Angel Shaper ဒီနှစ်လအတွင်း ၁၀ပေါင်တောင် ဝိတ်တက်ပါသတဲ့လေ ဟူးးးး )၊ မမဘေဘီဝိုင်း၊ ဂိမ်းမက်တဲ့ စုလတ်၊ အလုပ်များနေတာလား၊ နေမကောင်းပဲဖြစ်နေလား သတင်းမရတဲ့ မမမာလာ၊အိမ်ဝေးနှင်းဆီလေး အမတငယ်၊ သုံးရာသီဘဝခရီးလေးက မအိအိ၊ ပြောချင်တဲ့ အကြောင်းလေးကို ချစ်စရာပုံလေးတွေနဲ့ တင်ပြတတ်တဲ့ ၀င်နီ၊ နှစ်ယောက်ပေါင်းသောင်းကျန်းနေကြတဲ့ ရှောက်သီးနဲ့ဂေါက်သီး၊ သားချောချောလေး မွေးပြီးကြွားနေတဲ့ မပွင့်မြူးဇင်၊ ကိုကိုချစ်ကို အားကြီးချစ်တဲ့ မီးမီးချစ်၊ ရင်တွေလှလှပပ ဖွင့်ပြတဲ့ (ရင်ထဲကစာသားတွေ ဖွင့်ပြတာကိုပြောပါတယ် အဟဲ) မမစိမ်း၊ ချစ်စရာသတ္တ၀ါလေး အဲလေ ညီမလေး ဖြစ်တဲ့ ငှက်ငယ်လေး၊ ပျော်တတ်တဲ့ သူငယ်ချင်း မော်စကွီတို သူ့ဆီမှာပျော်စရာတော်တော်ကောင်းပါတယ်ဆို၊ အနာဂတ်ရဲ့ လမ်းပြကြယ်လေး ဖြစ်တဲ့ ဇေလေး၊ တောင်ကြီးရောက်ပြီး အပျော်လွန် ဘလော့လေး မေ့နေတဲ့ သူငယ်ချင်း အိပ်မက်ကဗျာ၊ ခန့် ညားထည်ဝါတဲ့ MRDBA ရဲ့ ဘလော့လေးပေါ့။ အမြဲမရောက်ပါဘူး။ ဒါပေမယ့် တစ်ခါရောက်ဖူးလို့  အချိန်ရရင် နဲနဲစီသွားဖတ်တယ်။ အိုင်တီပိုင်း မျှဝေပေးတတ်တဲ့ အကိုတွေ မောင်ငယ်တွေလဲ ရှိသေးတယ်။ ကိုသံလုံငယ်၊ ချစ်သူငယ်ချင်း ဟိန်းနီမောင်ငယ်စံပီးTechanical Library ပန်မြတ်သွင် တို့ ရှိပါသေးတယ်။ ကိုယ်က အိုင်တီပိုင်း ခပ်ပါးပါးလေး ဆိုတော့ သူတို့တွေဆီက အကူအညီအများကြီး ရတယ်လေ။

ကဲပါလေ........ ပြောနေရရင် ရှည်တယ်ဖြစ်မယ်။ ဒါတောင် မမှတ်မိတာအများကြီးရှိသေးတယ်နော်။ လင်ခ့်တွေ မသိတော့လို့ နာမည်တွေလဲမေ့လို့ ဆိုတာတွေ တပုံကြီးပဲ။ သူတို့ တွေအားလုံးဟာ သူတို့ ရဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ အိုင်ဒီယာတွေကို လွတ်လပ်စွာ၊ လှပစွာ၊ အကျိုးရှိစွာ အသုံးချနေကြတဲ့ လူမှုဝန်ထမ်းလို့  Angel Shaper သတ်မှတ်တဲ့ လူမျိုးတွေထဲက ပါ။ ဘာလို့ လဲဆိုတော့ စာဖတ်သူကို အဓိက ပေးချင်တဲ့ သူတို့ ရင်ထဲက မေတ္တာစေတနာစစ်စစ်နဲ့ မက်ဆေ့လေးတွေ လှမ်းမြင်ရလို့ ၊ ခံစားရလို့ ပါ။

နောက်ဆုံးအကြိုက်ဆုံး အိမ်လေးတစ်ခုကတော့ ဖြူစင်ကြယ် ( Angel Shaper ) ရဲ့ဘလော့အိမ်လေးပါ။ သူ့ရဲ့ ရူးတူးတူးပေါတောတော အရေးအသားကို ကြိုက်တာတော့ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းမောင်နှမတွေ အားလုံး ချစ်ခင်မှုနဲ့ ပေးခဲ့ကြတဲ့ ကွန်မန့်လေးတွေ ပြန်ပြန်ဖတ်ရင်း ၊ ချစ်စရာသူတို့ အော်သံလေးတွေ သွားနားထောင်ရင်း ပျော်ခဲ့ရလို့ ကြည်နူးရလို့  အမြဲပဲ ရောက်ပါတယ်လေ။ ဟဟားးး

သက်တန့် နဲ့အားလုံးသော သူငယ်ချင်းမောင်နှမများ တက်ဂ်ထားတာနဲ့တစ်ခြားစီလို့ တော့ မပြောလိုက်ပါနဲ့နော်။ မုသားမပါ လင်္ကာမချောတဲ့။ Angel Shaper ကတော့ ကိုယ့်လင်္ကာမချောရင် နေပါစေ။ ကိုယ့်ကာရံတွေ မညီရင် နေပါစေ။ မုသားမပါတဲ့ ရင်ထဲက အဖြူရောင် စကားလုံးတွေနဲ့  ပွင့်လင်းရိုးသားစွာ ဒီက်ဂ်ကိုရေးလိုက်တာပါ။ အပိုစကားတွေ မဟုတ်သလို၊ ဖောနေတာလဲ မဟုတ်ဘူးနော်။ အားလုံးကို အပြင်းအထန်သတိရနေပြီး ကမောက်ကမ အလုပ်ချိန်တွေနဲ့  လတ်တလောကျန်းမာရေးကြောင့် ဘယ်အိမ်မှ မလည်နိုင်တာ ခွင့်လွတ်ပေး စေချင်ကြောင်း တောင်းပန်ရင်း ခုသက်သာလာတာနဲ့ ဒီတက်ဂ်လေး ရေးလိုက်ပါတယ်။ နောက်နေ့ ဝက်ကလေးနဲ့ မကြီးနှင်းရဲ့ တက်ဂ်လေးရေးရင်း ဘလော့တခွင် ပြဲပြဲစင်အောင် သောင်းကျန်းရေး စတော့မည်ဟု အတိအလင်းကြေငြာအပ်ပါသည်။ ကိုသားကြီး၊ ဘွားကိ၊ ဝက်ကလေး၊ မေဇင်၊ ပါးလုံး၊ ရကောက်၊ သောင်းကျန်းသူများ သတိ သတိ သတိ။။ သမီးကြီးလာပြီနော်။။။။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.9.09 ( Sat; )
7:45 Am

57 comments:

ဝေး... ၁ ကွ..

အားရိုး...သွားပြီ ၁ မဟုတ်တာ သေချာသွားပြီ။ Your comment has been saved and will be visible after blog owner approval ဆိုတော့ ကိုယ့်ရှေ့မှာ ဘယ်နှယောက်လောက် ရှိနေပြီလည်း မသိ..အဟီး။

အောင်မငီး.. စုံလိုက်တဲ့ လူတွေ။ ဘလော့တခွင် ပြဲပြဲစင်အောင် မွှေထားသလားအောက်မေ့ရတယ်..မွှေနိုင်သူလေးရယ်။ အခုတော့ ကျွန်တော်ကို အိမ်စောင့်ပေးတဲ့။ အော် အခုမှ အိမ်စောင့်အစိုးဖြစ်တော့တယ်။

yu ya

စာရေးကောင်းတယ် ကောင်းတယ် ဆိုပြီး လာလာအော်တတ်တဲ့ angel shaper ဆိုတဲ့ကောင်မလေးကို သတိရနေပါတယ်

တဂ် ထားတဲ့ ပိုစ့် ကလေးတစ်ခု ကို အချိန်ပေးပြီး
လေးလေးစားစား နဲ့ ရေးပေးတဲ့ ရှား ရှားပါးပါး လူတွေထဲက တစ်ယောက်ဖြစ်ကြောင်း ရှေးဦးစွာပြောပါရစေ။

ဘလော့တွေများ လည်ထားလိုက်တာ နည်းတဲ့ ညီကို မောင်နှမတွေလားလို့

ညီမလေး ကို ဒီပိုစ့်ဖတ်ပြီးမှာ နာမည်တစ်ခုပေးချင်စိတ်ပေါက်လာတယ် ကြိုက်ချင်မှတော့ကြိုက်မှာပေါ့လေ

ဒီပိုစ့်ကိုရေးထားတဲ့လူကို ဘလော့တေလေ ဆို တဲ့ နာမည်ပေးရရင်ကောင်းမလားလို့လေ။
ဘာလို့လဲဆိုတော့ သူသွားလည်တယ်ဆိုတာ ..
ဘာသာရေး...
နိုင်ငံရေး
လူမှုရေး .. စတဲ့ဘောင်တွေထဲကမဟုတ်ဘဲ အားလုံးကို သိမ်းကြုံးပြီး တေလေ တစ်ယောက် လိုပဲလေ

ချစ်စရာကောင်းတဲ့ ဖြူစင်တဲ့ဘလော့ တေလေ လေးတစ်ယောက်ပါပဲ

မလာရင်စိတ်ဆိုးမယ် ဆိုလို့လာတယ်ဗျာ

မဖတ်ဘူးဗျာ

မမန့်ရင်ပြန်လာမန့်ခိုင်းမယ်ဆိုတာသိလို့မန့်သွားတယ်

ပျော်ရမယ် ထင်တဲ့ နေ. ဝမ်းနဲစရာကြားလို့ ငိုမဲ့မဲ့နဲ့ ဖြစ်နေတယ်

အားပါး
Angel လေး တောင်ပံဖြန့်ထားနိုင်တာ မနည်းပါလား စာတွေအားလုံးလိုက်ဖတ်နိုင်သလို စာရေးလည်းကောင်းတဲ့ Angel ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်

:D

ခင်မင်စွာဖြင့်
သီဟသစ်

လာတယ်....ဖတ်တယ်....ရေးခဲ့ တယ်....

ကျေပါတယ်နော်....

ကျွန်တော်လည်းပါတယ်ဗျ။ :D
အားတုန်းဝင်ကွန့်သွားပြီ

မေ့သမီးကြီးရေ တော်တယ် ဖေသားကြီးထက် တော်တယ် ဟဟဟဟ ဖေသားကြီး နဲနဲလေးနဲ့ ရေးသွားတာ ပြီးတော့ ပြီးပြီတဲ့ သူလုပ်ထားတဲ့ photoshop ကိုလဲ ကြွားလိုက်သေးတယ် များက မလုပ်တတ်ပါဘူးဆိုမှ ခိခိ

ရေးပေးသွားတာမှစုံစေ့နေတာပဲ ဟားဟားးးးးးးးးးးးးးးး

အော် ဒါနဲ့ ကြယ်လေးက အိန်ဂျယ့်ထက် ငယ်တာမဟုတ်ဘူးနော် ကြီးတယ် (အသက်) သိလား သူက သူ့ကိုယ်သူ အဲလိုပဲ သိပ်ငယ်ချင်အောင် လုပ်ထားတာ ဟဟဟဟ (ဖွလိုက်ပြီနော် ကြယ် ဟဲဟဲ) ချိတ်ချိုးနဲ့ ဟိဟိ

ချင်းတောင်းလေးရေ...
မသွားချင်လည်း သွားပါတယ်ပေါ့လေ ဟုတ်လား....
သွားတာတောင် ရန်ရှာဖို့တဲ့...
တော်တော်ချစ်ဖို့ကောင်းတဲ့ ချင်းတောင်းလေးပဲ...

ဟဲဟဲနောက်တာပါ... (ကြောက်လို့တာပြောရတာ..)

အစစ အရာရာ အဆင်ပြေပါစေနော်...

ပျောက်နေပါတယ်လို့ထင်နေတာ နေမကောင်းလို့ကိုး... မသိလိုက်ဘူးကွယ်.... ဘလော့တွေတော်တော်လည်နိုင်တာဘဲ... မမ မသိသေးတဲ့ ဘလော့တွေ အများကြီးတွေ့လိုက်တယ်

အင်းးးခြေတော်ရှည်
လာမယ့်နေ့ကို
မျှော်လိုက်ပါဦးမယ်.....

ရှင်သွားလည်တဲ့ နေရာတွေကလဲများသား
ကိုယ့်ဟာကိုယ် အစားပုပ်တာတော့ပြေားဖူး
ရုံလေးတို့ ကြောင့်တယ် RAMADAN နဲ့တွေ့ တာတောင်
နည်းသေး တနှစ်မှာ ၅ခါ ရှိရင်ကောင်းတယ် အဲ့လိုပွဲမျိုး

ဟဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခင်တဲ့
မြူးလေး

လာဖတ်ပါကြောင်း ရေးထားသမျှ ဘလော့ဂ်တွေလိုက်ကြည့်လိုက်ပါကြောင်း....ခင်ညား

၁၂ကွ ၁၂

၁၃ကွ၁၃

၁၄ကွ ၁၄

၁၅ကွ၁၅

၁၆ကွ ၁၆

၁၇ကွ၁၇

၁၈ကွ၁၈

၁၉ကွ၁၉

ဟောဒီမှာ၂၀

၂၁ပါဗျိုးးး

လာပြန်ပြီ၂၂

ဟူးးးး
မောတယ်
ဒီညတညလုံး ၁လိုက်လုနေတာ
မရတော့လည်း ရတဲ့နံပါတ်ကစအော်တာပေါ့
မပိုင်ဘူးလား

1 day agoတဲ့
ခုမှပေါ်တာ
ရှာမရဘူး
ဘယ်တွေပျောက်

ကုန်ပါပြီ
ကုန်ပါပြီ

စာတော်တော်ဖတ်နိုင်တာပဲ
လေးစားပါတယ် တမီးဂျီးးရေးးးး

ကျွန်တော် အသက် ကိုးဆယ်ပြည့် မွေးနေ့ကို ကျင်းပစဉ်မှာ Karaoke မိုက်ခွက်ကိုတအားခဲထားတဲ့ ကျွန်တော့ အဒေါ် မိုက်ခဲ ဒေါ် အိမ်ဂျယ် ကို လည်း
ဒီနေရာကနေ ပျော်စရာသီချင်းလေးတွေကို အသံကောင်းကောင်း နဲ့ ပိုပြီး အစာကျေရင်ချောင် စားဝင်အောင် ဆောင်ရွက်ပေးခဲ့သမို့ ကျေးဇူးပါလို့..
ဒါနဲ့ ..အဲ့ဒီ့နေ့က သီချင်းဟဲ နေတာနဲ့ စားရောစားလိုက်
ရရဲ့လားဟေ...???

ဂျစ်ညီမလေးရေ
တေလေပွေလီနေတာက ဘယ်သူပါလိမ့်....
တေလေပွေလီ ရွှေတံဆိပ်ဆုရှင်လေးရေ....
ပျော်ရွှင်ပါစေ....

သမီးကြီးတစ်ယောက်ပျောက်နေလို့ 
လိုက်ရှာနေတာ
ခုမှပေါ်လာတော့တယ်
နာမည်လေး ပါလို့  ၀မ်းသာပါတယ်ဗျို့ 
ကျွန်တော်လည်း သတိရပါတယ်
ဂယ် ဂယ် ဂယ်။
ကလေးတွေနဲ့ ပေါင်းမှ စကားတောင်ပီတော့ဘူး ဟီး။

ခင်တဲ့
ဝသန်မိုး

ကျပဟ မရှိမဲ့ ရှိမဲ့ သိက္ခာတွေ။ မသိစေချင်လို့ ခွက်ပုန်းကစ်ပါတယ်ဆိုမှ .. ကောင်းရော။ တစ်ယောက်တည်း အထီးကျန်သောက်နေရတာလို့ရော ထည့်ရေးလေ . အဲဒါမှ အဖော်လုပ်ချင်တဲ့ သူတွေ သနားသွားအောင် (မှတ်ချက်.မိန်းကလေးများသာ)

စာတွေ အများကြီး ဖတ်တာပဲနော်..
ပါဝင်ခွင့်ရထားတာ ကျေးဇူးပါ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကိုသားကြီးတို့ သောင်းကျန်းချက် သမီးကြီးအိမ်မှာ ဟဟ ဖြူစင်ရေ ငါဘာမှ မပြောတော့ဘူး မျက်နှာပူလို့ ဟာ ကျေးဇူးတင်တယ်လို့ ပဲပြောပါရစေ
နင့်အိမ်လေးလှတယ် ဟ အလန်းပဲ
:)

ဘလော့ဂါတွေ ကျန်သေးရဲ့ လား သမီးကြီးရေ..း)
အားနာနာနဲ့ ရေးချလိုက်တာများလား ???
နောက်တာပါ။ တကယ်တော့လည်း အားလုံးလိုလို က သူ့ ဟာနဲ့ သူကောင်းကြတော်ကြပါတယ်လေ။(ကိုယ်ကလွဲလို့ )း)
အဆင်ပြေပျော်ရွှင်ပါစေနော်

ကောင်းတယ်ဗျာ ဘလေဂ့်အားလုံးဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတော့ ငါးခုဟာ မပြည့်စုံဘူးဖြစ်နေတယ် ...

ဖြူစင် နေကောင်းသွားတော့ စာတွေ ဖတ်နိုင်၊ အိမ်တွေလည်နိုင်ပြီပေါ့ ချောင်းဆိုးတော့ဘူး ရင်ကြပ်တော့ဘူး ဆေးလည်းထိုးရတော့ဘူး ဆေးလည်းသောက်ရတော့ဘူးပေါ့ :)))
ပျော်ရွှင်ပါစေ
ခင်လျက်
ဝိုင်း

စိတ်ဆိုးပါနဲ့သယ်ရင်းရယ်...မန့်မရလို့ပါကွယ် သိတယ်ဟုတ် ဒီမှာက ..အခုတော့မရရအောင်တက်လာတာ..လူတွေကစုံတယ်နော် တစ်ချို့ဆိုမသိတဲ့ဘလော့တွေတောင်တွေ့တယ် သိုင်းကျူးအိန်ဂျယ်ရေ....တဂ်လေးကိုဖြေပေးတဲ့အတွက်ပါစိတ်ရှည်ရှည်နဲ့အကြာကြီး အချိန်ပေးရေးတဲ့အတွက် လေးစားမိပါတယ် သိုင်းကျူး...မကွေးနဲ့တော့နော်...ဟီး

ဘလော့တွေ အများကြီး
လည်နိုင်တဲ့ ညီမလေး...
ပျေုာ်ရွှင်ပါစေနော်...

အိမ်တွေများလိုက်တာနော် အဘိဓါန်လုပ်လို့ရ၏ :P

၄၁ ယောက်မြောက်လာယူသွားပါကြောင်းပါချစ်သမီးလေး။
ဘာပဲဖြစ်ဖြစ်..မမမေမေရဲ့နာမည်ကိုလိုက်ရှာတော့တွေ့တယ်။
နာမည်ရှာတွေ့တော့အရမ်းကိုအိပ်လို့ကောင်းတာပေါ့လို့။
သမီးကြီးကမမမေမေကိုသတိရနေလို့လေ။
အခုသလောအင်တာနက်မကောင်းတာကြောင့်အိမ်တွေ
လိုက်မလည်ဖြစ်ဘူး။
တော်သေးတယ်မမေ့သေးလို့လေ။
ချစ်တဲ့မမမေမေ

လာမွှေသွားပါတယ် ညီမ
ကောင်းသောနေ့ပါ :)

အခုမှ ရောက်လာလို့ စိတ်မကောင်းတော့ ဖြစ်မိတယ်...ရှေ့ မှာ အများကြီးအော်သွားကြပြီ... ကာရံနေရာလေးမှာ ခဏပဲ ဖြစ်ဖြစ် ထာဝရပဲ ဖြစ်ဖြစ် မမေ့မလျော့ လာနားခိုတာကို ကာရံက ကျေးဇူးတင်ပါတယ်... စာဖတ်နိုင်အားကောင်းလွန်းတာကိုလည်း ချီးကျူး လေးစားပါတယ်...နောင်လည်း စာတွေရေး စာတွေ ဖတ်နိုင်ပါစေ...

မမရေ မောင်လေးဖတ်တော့မဖတ်ဘူး တာပေမဲ့မောင်လေးရောက်ကြောင်းလာပြောတာပါ
မမ မောင်လေး

ကဲတူမလေးရေ သတင်းသဲ့သဲကြားနေတယ်နော်။ ဒဒွေးကနေနှုတ်ဆက်ခွဲခွာတော့မည်ဆို။
ဘကြီးချမ်း

ဒီအိမ်လေးကို အသေအချာသိမ်းထားပါ။ ဘကြီးဖေးဘရိတ်မို့ပါ။

ကိုနေပြောတာဟုတ်လားဗျ မသွားပါနဲ.ဗျာ
ကြုံတွေ.မဲ. ဒုက္ခအခက်အခဲ ကျောက်ဆောင်
မကြယ် ရင်ဆိုင်ဖို.ခက်မယ် ... မသွားပါနဲ. :D

စာတွေ တော်တော်ဖတ်နိုင်တာပဲ... တော်လိုက်တာ...


တော်လိုက်တာဆိုတာ ကိုလူထွေးနာမည်ပါလို့လည်းပါတယ်...

ငှဲလျောင်း...

းဝ)

ဆိတ်ကလေးရေ အိပ်ချိန်ရောကျန်သေးရဲ့လား
ဒါတွေသာ အကုန် လိုက်ဖတ်မှတော့ အလုပ်တွေလည်း ကောင်းကောင်းပျက်လောက်ရောပေါ့

ပုံ
(ဘကြီးညစ်)

ဟယ် ... လူဆိုးတော့းp
အကျင့်လေးတွေတူလိုက်တာ...
ခင်မင်စွာဖြင့်
နှင်းဟေမာ

ဟင်.... အကုန်ပါပဲလား.....

အင်းးးး ရေထားလိုက်ကျတာနော်..ဘာရေးရမှန်းတောင်မသိတော့ဘူးးးးး

ငါမန့်တယ်လေ ဘာလို့မပေါ်လဲ

Your comment has been saved and will be visible after blog owner approval.


အော်ဒီလိုလားးးး ဟွန်းးးးးး

အောင်မငီး... ကွင်းစကွင်းပိတ်ထဲကစာသားလေး ကယ်ပေလို့... ဟင်း ဟင်း ညည်းတော့နော်...

ဘလော့ဂ်လမ်းညွှန်စာအုပ်ထုတ်ပါဗျိုးးးးးးးးး
ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန် နောက် ဘလော့ဂ်လမ်းညွှန်... ကြော်ငြာလက်ခံဖို့ကိစ္စ စိမ်းတာဝန်ယူတယ်... ဘယ်လိုလဲ သဘောတူရင် စာချုပ်ချုပ်မယ် အဟိ...