ကျွန်ုပ်ကို အမြင်ကတ်ကြတဲ့အကြောင်းရင်းများတဲ့ ဝက်ကလေးကအမြင်ကတ်စွာ အဲလေ ချစ်ခင်စွာတက်ဂ်လိုက် ပါတယ်။ ဘယ်လိုစရေးရမလဲ ဆိုပြီး စဉ်းစားတာ ဦးနှောက်တောင် ခြောက်လာပါတယ်။ သိတယ်မို့လား။ Angel Shaper က ငယ်ငယ်ကတည်းက အချစ်ခံခဲ့ရတာလေ။ လူချစ်လူခင်ပေါတယ်။ ဟဲဟဲ (ဒီလိုပြောလိုက်လို့ အမြင်ကတ်လာကြပြီမို့လား) ဟိဟိ...... ဒီလိုပြောတတ်တဲ့ အကျင့်လေးကလဲ ကိုယ့်ကို အမြင်ကတ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုအပါအဝင်ဖြစ်မယ်။ မရှိမဲ့ ရှိမဲ့ အမြင်ကတ်စရာအကျင့်လေးတွေ ပြောပြ ရဦးမှာပေါ့လေ။ ဝက်လုပ်မှပဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း နေရပါပြီ။ ဟူးးးးးး

ဟိုးးးးးငယ်ငယ်ကတည်းကစလို့  ခုချိန်ထိ အကြီးတွေအပေါ်မှာ အနိုင်ယူ ဆိုးနွဲ့ဂျီကျ တတ်ပြီး၊ အငယ်တွေအပေါ် အနိုင်ကျင့် ဗိုလ်ကျ တတ်တဲ့ အကျင့်တွေလဲ ပါမယ်ထင်တာပဲ။ အိမ်မှာ မောင်နှမတွေ စားသောက်ကြပြီဆိုရင် အကြီးဆုံးအခြမ်းကိုမှ လိုချင်တဲ့၊ မုန့်ကို တစ်ယောက်နှစ်ခုဝေရင် ကိုယ်က သုံးခုရမှ ကျေနပ်တတ်တဲ့ အကျင့်တွေ ဟာလဲ မသိတတ်သေးတဲ့ အရွယ်ဖြစ်လင့်ကစား မောင်ငယ်၊ ညီမငယ်တွေအတွက် တော်တော်အမြင်ကတ်စရာ ကောင်းခဲ့မယ်ထင်တယ်။

ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်တော့လဲ အတန်းထဲကသူငယ်ချင်းတွေ အမြင်ကတ်လောက်အောင် အဆော့သန်ပြီး၊ နေရာတကာ ဗိုလ်ကျတတ်တဲ့အကျင့်တွေလဲ ပါနိုင်တယ်။ ရွယ်တူ ကောင်မလေးတွေမပြောနဲ့ ကောင်လေးတွေတောင် ငိုအောင်လိုက်စ၊ သကြားလုံးတွေကျွေးပြီး ပြန်ချော့တတ်တဲ့ အကျင့်လေးတွေလဲ ပါလိမ့်ဦးမယ်။

လမ်းထဲက တရုတ်ကျောင်းဆရာ ခပ်နွဲ့နွဲ့လေး တစ်ယောက် အိမ်ရှေ့ က ဖြတ်လျှောက်တော့ မနေနိုင်မထိုင်နိုင် ဦးချန်ချန် အခြောက်လို့ အော်ပြီး ပုန်းခဲ့တာ မှတ်မိသေးတယ်။ သူတော်တော်ဒေါသထွက်တာလေ အိမ်ထဲထိ လိုက်ရှာတယ်။ ဟိဟိ.... အရပ်ထောင်ထောင်မောင်းမောင်းနဲ့  စကားကော၊ အပြုံးကော ချွေတာတဲ့ ဦးတင်လှိုင် ဆိုတဲ့ ဦးလေးတစ်ယောက် အိမ်ရှေ့ဖြတ်လျှောက်လာတော့ ဘယ်လိုပြောတယ်ထင်လဲ"ဟာ...မြေကြီးတွေတောင် တုန်ခါနေပါတယ်။ ငလျင်များလှုပ်တာလားလို့ ဦးတင်လှိုင်ကြီး လမ်းလျှောက်ထွက်လာတာကိုးးးးးးး ဗျ " ဆိုတော့ သူ့ မှာ အောင့်သက်သက်နဲ့  ပြုံးခဲ့ပေမယ့် စိတ်ထဲကတော်တော် အမြင်ကတ်နေမယ်ဆိုတာ မပြောပဲလဲ သိမှာပါ။
အဲလို လူကြီးသူမ မရှောင် စနောက်တတ်တဲ့ အကျင့်လေးတွေဟာလဲ ကိုယ့်ကို အမြင်ကတ်စေတဲ့ အကြောင်းတွေပဲပေါ့။

ရည်းစားပေါတဲ့ ကိုကြံကြီး (နာမည်ပြောင်ပါ) ကတော့ သူ့ ရည်းစားတွေနဲ့ ချိန်းတွေ့ တိုင်း Angel Shaper ရဲ့ နှောက်ယှက်ခြင်းက မလွတ်နိုင်တာ သူ ညံ့တာပဲမို့  သူပဲခံနေရတာဟာလဲ ကိုယ့်ရဲ့ အမြင်ကတ်စရာ အကျင့်တွေ ပါပဲလို့ ပြောချင်ကြသေးလား။ ရပ်ကွက်ထဲက ငယ်သူငယ်ချင်းတွေ အားလုံးရဲ့ အားနည်းချက်မှန်သမျှ ငယ်ပေါင်းကြီးဖော် ပီသစွာ ကြီးမှ ပြန်ပြန်ဖော်တတ်တဲ့ ကောင်းမှုတွေကြောင့် သူတို့ ရဲ့ မုန့်ဖိုးတစ်ဝက်ဟာ
ကိုယ့်မုန့် ဖိုး ဖြစ်ဖြစ်သွားတတ်တာလဲ အမြင်ကတ်စရာ ကောင်းမလားပဲနော်။ အဟဲ

ရပ်ကွက်ထဲက စားစရာ အပင်တွေ အများကြီး၊ ပန်းပင်တွေအများကြီး စိုက်ထားတဲ့ အပျိုကြီး ညီအမတွေရဲ့ ခြံထဲ သစ်သီးတွေ ဝင်ဝင်ခိုးတာ၊ သူတို့ ပန်းတွေ ခိုးပြီး ဆရာမတွေကို လိုက်လိုက်ပေးတတ်တာ၊ သူတို့မွေးထားတဲ့ ခွေးကောင်ကြီးတွေကို ကြောက်လဲကြောက် မုန်းလဲ မုန်းလို့  ခဲနဲ့ ပေါက်ပြီး လိုက်စတတ်တာတွေ ကိုယ့်အတွက် ပျော်စရာကောင်းပေမယ့် သူတို့အတွက်တော့ အမြင်ကတ်စရာကောင်းနေမှာပဲနော်။ ရပ်ကွက်ထဲမှာ ဘယ်သူနဲ့မှ မတည့်တဲ့ ခပ်စွာစွာ အန်တီကြီးရှိတယ်။ တစ်နေ့တော့ သူကဖျားလို့ အိမ်ထဲမှာ ယဲ့ယဲ့လေး ထိုင်နေရှာတယ်။ ဘယ်သူ့ ကိုမှ ရန်မစွာနိုင်ရှာဘူးလေ။ ကိုယ်ကလဲ မနေနိုင်မထိုင်နိုင် စေတနာသွားပိုမိပါတယ်။ "အန်တီမျိုးးးးး နေမကောင်းဘူးလားဟင်။ ဘာဖြစ်တာလဲ" "ဖျားနေတာ ကလေးရယ်၊ လူကြီးရောဂါပေါ့" "ဟုတ်လား၊ ဆေး မသောက်ဘူးလားဟင်" "သောက်တာပါပဲကွယ်။ မသက်သာဘူးလေ" "အင်း မြန်မြန်ကောင်းချင်ရင်လေ ဆေးတစ်မျိုးဝယ်သောက်လိုက်၊ ကျွန်တော်ပြောပြမယ်။ ဆေးထုပ်ကသေးသေးလေး ကြွက်ပုံလေးပါတယ် သိလား၊ အဲဒါလေး မြန်မြန်ဝယ်သောက်လိုက် အန်တီမျိုး။ ချက်ချင်းပျောက်မယ် အသက်" လို့ပြောပြီး ပြေးသွားတဲ့ ကိုယ့်ကို ဘယ်လောက်အမြင်ကတ်လဲ မသိပါဘူး။ နေမကောင်းတဲ့ကြားထဲ အိမ်ကို ချက်ချင်းရောက်လာပြီး အဖေတို့ ကိုတိုင်တယ်လေ။ ဟီးးဟီးးးးးး

သူခိုးပွဲဆိုတဲ့ ညရောက်ရင် သိပ်ပျော်ခဲ့ရတယ်။ ကလေးတန်မဲ့ ဆိုင်းဘုတ်တွေ ပြောင်းချိတ်လိုပြောင်း (ဥပမာ။။။ နေရာသစ် လက်ဖက်ရည်ဆိုင်ရှေ့ မှာ ဆေးဆိုင်က ဆီးချို၊ သွေးချို ဆေးကြော်ငြာဘုတ် သွားထောင်ထားတာမျိုး၊ ဘေးအိမ်က တရားသူကြီးဆိုသူလူကြီးရဲ့ အိမ်ရှေ့ မှာ ဝက်သားဆိုင်က အလေးခိုးမရောင်းပါဆိုတဲ့ ချိန်ခွင်ကို အတည့်ပုံဆွဲပြီး တင်ထားတဲ့ ကျောက်သင်ပုန်းကို သွားချထားတာမျိုးးးးး၊ သားဖွားဆရာမဒေါ်သီတာအိမ်ရှေ့ မှာ မိတ္တူဆိုင်က ချုံ့ ၊ချဲ့ အမြန် ဆိုတဲ့ ဆိုင်းဘုတ်ကို သွားချထားတာမျိုး၊ ဆေးဆိုင်၊ ဆေးခန်းတွေရှေ့  အသုဘ ကြော်ငြာဘုတ် သွားချထားသလိုမျိုး...... )၊ သူများ ကြက်လေးတွေ၊ ဘဲလေးတွေကို လေးဂွနဲ့ လိုက်ပစ်လိုပစ်၊ လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်တွေကြောင့် ရပ်ကွက်ထဲမှာ Angel Shaper နဲ့ ရွယ်တူကလေးတွေ ပျော်ခဲ့ကြ ပေမယ့်၊ ဘယ်သူ့ လက်ချက်ဆိုတာ မပြောပဲသိနေသလို၊ ဖြစ်လာတဲ့ပြသနာမှန်သမျှကို စိတ်ရှည်တဲ့ အဘိုးနဲ့ အမေက မနက်ကျရင် ပြန်ဖြေရှင်းရနဲ့  အမြင်ကတ်စရာကောင်းလောက်အောင် ကဲခဲ့ဖူးပါရဲ့။

ဒါပေမယ့် ကိုယ်မရှိရင်ရပ်ကွက်ထဲမှာ ခြောက်ကပ်နေတယ်ဆိုတာ၊ သူတို့တွေအပါအဝင် ရပ်ကွက်ထဲက လူတွေရဲ့ ရင်ထဲမှာ ဒီလို အပေအတေလေးကို သတိရနေတတ်တယ်၊ တောင့်တနေတတ်တယ် ဆိုတာတွေ ကတော့ အိမ်ကလူတွေကို "သမီးကြီးပျောက်နေတယ်၊ ဘယ်သွားတာလဲ" လို့ လိုက်မေးနေကြတာတွေက သက်သေထူတာပဲလေ။ ကိုယ်လဲ သူတို့အားလုံးကို သတိရနေပါတယ်လေ။ ငယ်ငယ်ကတည်းက အင်အား ချွေတာပြီး အပြောနဲ့ ပဲ အလုပ်ဖြစ်နေတတ်တဲ့ ကိုယ့်မှာ အဲလိုအကျင့်လေးတွေရှိတာတောင် အပေါင်းအသင်း သိပ်ပေါနေတာကို အဖေက " ပါးစပ်မပါရင် ကျီးကန်းဆွဲလိမ့်မယ် " ဆိုပြီး... ကွန်မန့်ပေးခဲ့ဖူးတယ်လေ။

"ငါ့အကျီ င်္က ဘာတံဆိပ်၊ ဘယ်လောက်ပေးရတာ" လို့  လာကြွားရင် " ငါက အဝတ်အစား သိပ်စိတ်မဝင်စားဖူး။ အိမ်က ဝယ်ပေးလို့ ဝတ်ခိုင်းလို့ မဟုတ်ရင် သိပ်ဝတ်ချင်တာ မဟုတ်ဘူး" လို့  ပြန်ဖဲ့တတ်ခဲ့တယ်။ "ငါအခု လိမ်းထားတာ ကိုးရီးယားမိတ်၊ ငါ့နှုတ်ခမ်းနီက နောက်ဆုံးပေါ်အရောင်၊ ငါ့မိတ်ကပ်လေးက ဘာတံဆိပ် မိတ်ကပ်တွေထဲမှာ ဈေးအကြီးဆုံး" ဆိုတဲ့ စိတ်ပျက်စရာ ကြွားဝါမှုမျိုးတွေ လာပြောတတ်တဲ့ သူတွေကိုတော့ "ငါကတော့ ဘာမှမလိမ်းချင်ဘူး။ ရွှံ့လူးပြီးနေတာ။ င့ါညီမလေး တစ်ခါတလေ မနေနိုင်လို့  သွေးပေးတဲ့ သနပ်ခါးကို စိတ်ပါရင် လိမ်းတတ်တာကလွဲလို့ င့ါမျက်နှာကို သဘာဝအတိုင်းပဲ လွတ်လွတ်လပ်လပ်ထားတာ။ အပူတွေပေးမတင်ဘူး" လို့  ပြောပြီး၊ အရူးကွက်နင်း အနိုင်ယူတတ်တဲ့ ကိုယ့်အကျင့်တွေကို တော်တော်လေး အမြင်ကတ်နေကြလိမ့်မယ်ထင်တယ်။

ဟိုးးးးးးတစ်ခါက မြန်မာမမလေး တစ်ယောက်နဲ့  ကိုကိုကုလား စုံတွဲ တစ်တွဲ ဆိုင်ကိုဈေးလာဝယ်တုန်းကပေါ့။ မမက ဂျင်းဘောင်းဘီလိုချင်လို့ လိုက်ရှာပေးရင်းနဲ့  စကားပြောဖြစ်တော့ "ညီမလေးက မြန်မာလား" တဲ့။ " အယ် ဟုတ်။ အမက မြန်မာလား။ သိပါဘူး အမက ကုလားကြီးနဲ့ တွဲလာလို့ သမီးက ဖားလို့ ထင်နေတာ" ဆိုပြီး ပြောမိခဲ့တဲ့ ကိုယ့်ကို အပြောမတတ်လို့ ဆိုပြီး အမြင်ကတ်မိမှာပါပဲလေ။

ဆက်မပြောချင်တော့ဘူး။ ဒါတောင် အကင်းပဲရှိသေးတယ်။ အကုန်ရေးပြလို့ မဖြစ်ဘူးလေ။ ငယ်ငယ်ကမှတ်မိတဲ့ အဖြစ်အပျက်လေးတွေပဲ ရေးပြထားတာနော်။ အဟဲ.. အဲလောက် လူချစ်လူခင်ပေါတာလေ။ နောက်ဆို Angel Shaper ဘလော့ကို လာမလည်နိုင်၊ မခေါ်နိုင်၊ မပြောနိုင်ဖြစ်ကုန်မှာ စိုးတယ်။ ကြာရင် Angel Shaper ကို ပိုပို အချစ်တိုးလာကြမှာစိုးတယ်။ ဟိဟိ

ကဲ.... ဝက်ကလေးရေ... ရှက်ရှက်နဲ့ပဲ ကိုယ့်ကို အမြင်ကတ်တဲ့အကြောင်းရင်းတစ်ချို့ မပြည့်မစုံရေးခဲ့တယ်ဟေ့။

ဟက်ပီဘတ်ဒေးနော်။မွေးနေ့လက်ဆောင်အနေနဲ့ ဘာမှရေးမပေးနိုင်လို့  ခုတက်ဂ်ပိုစ့်လေး ရေးပေးလိုက်တယ်။ ကျေနပ်နိုင်ပါစေကွယ်။
မကြီးနှင်းနဲ့  ကိုဇောင်းကြီး တက်ဂ်လဲ မမေ့ပါဘူးနော်။ မကြာမီ လာမည် မျှော်ပေါ့။ ဟဲဟဲ။။။
အားလုံးပျော်ရွှင်ကြပါစေလို့ ............

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.9.09 ( Fri;)
4:50 Am

32 comments:

ကဲ
ချင်းတောင်းလေးရေ...
အရင်ဆုံး (၁) ယူလိုက်အုံးမယ်...

ဆက်ဖတ်လိုက်အုံးမယ်...

ချစ်စရာကောင်းတဲ့ ကိုယ့်ကို အမြင်ကတ်စေသော အကြောင်းရင်းတဲ့...

ဟိဟိ ကျနော်လည်း အကြွေးရှိနေသေးတယ်...

သူ့ခေါင်းစဉ်လေးကို သဘောကျတယ်... လူလည်မလေး... ရန်ကုန်ကို ရောက်ဖူးတာ ဖြစ်ရမယ်... ဟဲဟဲ..

ချစ်စရာကောင်းတဲ့ ကိုယ့်ကို တဲ့... ခေါင်းစဉ်က..

အိုကေ
ပြန်လာခဲ့မယ်...

အမြင်ကပ်တယ် x 100000000

ဝေး....

ချင်းတောင်းလေးရေ...
တဖြည်းဖြည်းနဲ့ လန့်လာပြီဗျ... ဟဲဟဲ..

အော်.. ငယ်ငယ်လေးကတည်းက ချစ်မွှေးပါလာတာကို... ဂေါ်လီလေးပေါ့...
ဟဲဟဲ... ဟုတ်တယ်နော် ခေါင်းစဉ်လေးလိုပဲ..
ချစ်စရာကောင်းတဲ့ ကိုယ့်ကို အမြင်ကတ်စေတဲ့အကြောင်းလေးတွေ....

ဖတ်မိမှပဲ ကိုယ့်ရဲ့ ငယ်ကြိုးငယ်နာတွေပါ ပြန်သတိရကုန်ပြီ....
လုပ်လိုက်ရင် အရမ်းကြီးပဲနော်...

တို့လည်းပါသွားတယ်...
လူကြမ်းမင်းသားကြီးတဲ့..
ဝါသနာ ၀ါသနာ... ဖျောက်လို့မရတဲ့ ၀ါသနာ... ဟဲဟဲ..

ပျော်ရွှင်ချမ်းမြေ့ပါစေ ချင်းတောင်းလေးရေ...
ဖတ်ရတာ အားရကျေနပ်မိပါတယ်...
ခင်တဲ့
လူကြမ်းမင်းသားကြီး

အင်းး
အစ မခံရောတ့ အခင် မခံရလို့ နေမှာပါလေ။
အမြင်ကတ်တာတောင် ချစ်စရာက ကောင်းနေသေးတယ်တဲ့ဗျာ။
အမြင်မကတ်တတ်တဲ့ ကျနော်တို့ကျတော့ ဘာပြောရမှန်းကို မသိတော့ဘူး။
ချစ်ခင်စရာ ညီမလေးးး
ဆက်လက် ပြီး ချစ်စရာကောင်းလောက်အေညင် အမြင်ကတ်ခံရပါစေဗျား။။
;-)
;-)

ငယ်ငယ်တုန်းက တော်တော် ကဲခဲ့တာဘဲနော်.... အမြင်ကတ်စရာမကောင်းပါဘူး... ချစ်ဖို့ကောင်းတယ်

ဖြူစင်ရဲ့ငယ်ငယ်ကအကြောင်းတွေ သိကုန်ပြီ ဟိဟိ တကယ့်ကို ချစ်စရာကောင်းတဲ့ အတိတ်ငယ်ဘ၀က အမြင်ကတ်စရာ အကြောင်းတွေပါ
ပိုပြီးတော့တောင် ခင်သွား ချစ်သွားပြီဟေ့ :)

တော်တော်ဆိုးတာပါလား တမီးကြီးရယ်။

အဲ .... ဖြူစင် မလွယ်ပါလား ဟဟ အတော် ဆော့တဲ့ ကောင်မလေးပဲ ဟဟဟ ခုတော့ ဒီလို လုပ်ချင်ရင်တောင်လုပ်မယ့်ပုံပေါ်တော့ပါဘူး .... ဟုတ်တယ်ဟုတ် .... အမြင်မကတ်ကြောင်းပါ သူငယ်ချင်းရာ :)))))
ခင်တဲ့
ရန်ကုန်

Aha
အဲဒါတွေကြောင့် ချစ်နေရတာ :P
တော်တော်ချစ်ဖို့ ကောင်းမှန်း သိသွားပြီကွ :D

ဂုဏ်တွေ သိပ်မဖော်နဲ့လေ
တိနေဒယ်ကော
ဘူပေါလဲ
အမြင်ကတ်စရာမကောင်းပါဘူးးး
နာ့တွေ့ရင်တော့ အမီနာနဲ့မမှားစေနဲ့
ဒါဗြဲ

အဲ့လိုမျိုး လူတွေကို ပတ်ဝန်းကျင်က ပိုပြီးတမ်းတ တတ်ကြတယ်...Angelshaper ရဲ့ ပတ်ဝန်းကျင်ကတော့ ခုလောက် ပျင်းနေရော့မယ်...ချစ်စရာ ကောင်းပြီး အစအနောက်သန်တာ အပစ်ကင်းပါတယ်...

တော်သေးတယ်
သားကြီးကိုမြင်ရင် ဘယ်လိုအော်ဦးမလဲမသိဘူး
တော်တော်အစအနောက်သန်တယ်ထင်ပ
အမြင်ကတ်ကြတယ်ဆိုပေမယ့် ကိုယ်မရှိလည်း သူတို့အမှတ်ရနေကြတာပဲမဟုတ်လား
ကုလားနဲ့တွဲတဲ့ဗမာမကတော့ ခိုက်တယ်ကွာရေရေလည်လည် :P
သမီးကြီးရေ နာဘလော့မဂင်းတော့ဘူးဟာ
အပြီးထွက်လိုက်တော့မယ်
ရက်တွေလည်းသိပ်မကျန်တော့ဘူး
အိမ်ပြန်တော့မယ်
ပျော်ရွှင်ပါစေဟာ
အမြဲတမ်းသတိရနေမယ် :)
တနေ့တော့ အပြင်မှာတွေ့ချင်ပါသေးတယ်
သမီးကြီးနဲ့ သားကြီး ပျော်ပျော်ပါးပါးရန်ဖြစ်ရအောင်လို့ :P

တို့ကတော့

ရေတမာ စကွဲယား

ဂလောက်ချစ်စရာ အကျင့်တွေ ရှိတာတောင် အမြင်ကတ်ကြသေးတာလား
angel လေးကို

:D

အမြင်ကပ်တဲ့အကြောင်းလေးတွေလာဖတ်သွားတယ်အစ်မ
အိန်ရေ...စာရေးကတော့ ညက်နေတာပဲ...ငယ်ဘ၀ကိုပြန်
တွေးပြီးရီသွားတယ်...ဟဟ

ဟယ်..
အဲ့ လို ရေးထား တာ ကြီး ကို က
အ မြင်ကပ်စရာ လေး ပါလား ကွယ် ..

တိန် တိန် ..
ခေါင်းခေါက်သွားပါသည်။

ဝေးဝေးရှောင်ထားမှပဲ...

ကိုပြည့်စုံပြောသလိုချစ်မွှေးပါလာတာထင်တယ် နေဦးဒီတစ်ခါတွေ့မှ ချစ်မွှေးရှာလိုက်ဦးမယ် ဒါပဲ

ခင်မင်လျှက်
သမီးပျို

မြင်ကတ်ဖို့ကောင်းအောင်ကို ခြစ်ချာကြီးပါလား :P

အမြင်ကပ်စရာကောင်းအောင် လုပ်တဲ့နေရာမှာတော့ ဝက်ကလေးနဲ့ နင်လားငါလားနဲ့တူပါတယ်...းD

"ကုလား" ရယ် "ဗမာ" ရယ်ဆိုပြီး အဲလို လူမျိုးကို ယှဉ်ပြီး မပြောင်ရ... မနောက်ရဘူးကွဲ့...

ခင်လို့မင်လို့ ဆုံးမသွားပါတယ်...

းဝ)

နောက်ဆို သတိထားမှပဲ..ဟဲ..ဟဲ
နောက်တာ...
ပျော်ပါစေ

မေ့သမီးကြီးရယ် ဆိုးလှချည်တကား ဟိုဟာလေးကြိုက်တယ် ကြွက်သတ်ဆေး သောက်ခိုင်းတာရယ် သားဖွား မီးယပ်အိမ်ရှေ့ ချုံ့ချဲ့ရယ် ဟိဟိ

ရီသွားတယ်သိလား ဟားဟားးးးးးးးးးးးးးးးးးးး

သမီးကြီး ကပျောက်တော့လည်း
ပျောက်လို့ 
ပေါ်လာတော့လည်း
ပျော်စေတယ် နော်
အမြင်ကတ်ကတ်နဲ့ပဲ
၂ခါပြန်ဖတ်သွားတယ်

ခင်တဲ့
ဝသန်မိုး

စာလေးဖတ်ပြီး ရယ်မိတယ်။ ညီမလေးက အပြင်မှာလည်း တော်တော်ချစ်ဖို့ကောင်းမှာပဲ =)

ခေါင်းစဉ်လေးကအစ..
ပို့စ်တခုလုံးအဆုံး..အမြင်ကတ်စရာ
မတွေ့မိပါနော်...ဒါပေမယ့်ကိုယ့်ကို
ကိုယ်ကြံဖန်အမြင်ကတ်ထားသော
ချစ်ညီမအား...သဘောတကျနှင့်
ပြန်သွားပါကြောင်း...

ပျော်ရွှင်ပါစေရှင်....

ကမ်မလေး လာဇမ်း... ဘောင်းဘောင်းချွတ် ကြိမ်လုံးကောက်ခဲ့...... မနေ့ကပြောတော့ နင်လုပ်တာ ဝုတ်ဝူးဆို....

အမြင်ကတ်တဲ.အကြောင်းမို.ဘဲ ကျွန်တော်ထင်တာတော.
ချစ်စရာအကွက်တွေ ပြောသွားသလိုဘဲ ... မယုံမရှိနဲ.နော်
တကယ်ပြောတာ ရည်ရွယ်ချက်မရှိဘဲ ဆိုးတဲ.အချက်တွေက ချစ်စရာလေးတွေဖြစ်သွားတတ်တယ် ... :D
ခေါင်းစဉ်ကလည်း ပေးတတ်ပ :P

ဟယ် အညင်ကတ်လိုက်တာ.... :P

ဖတ်ပြီး ဟားဟား လို့ပဲ အော်ရယ်သွားတယ်။ :D

Hi, appreciate that you can write full page. Keep going

Enjoy reading it, :)

အမြင်ကတ်စရာတွေ အများကြီးချပြပေမယ့်
အမြင်မကတ်လို့ကို မရပါလားကွယ်...

စေတနာ