ချစ်မကြီးမနှင်းရဲ့ ချစ်ခင်မှုတက်ဂ်ပိုစ့်လေးပါ။ Angel Shaper ရဲ့ မလှမပ၊ ကဗျာမဆန်တဲ့ နိစ္စဓူဝ အပိုင်းအစလေးတွေ တစ်ချို့ ဆွဲထုတ်ကြည့်လိုက်ကြတာပေါ့နော်။

အိပ်ယာနိုးတာက စရမှာလား၊ အိပ်ယာဝင်တာက စရမှာလား တောင်မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ... အိပ်ယာထတာက စပြောရတာပေါ့။ အိပ်ယာကနိုးပြီး မျက်လုံးဖွင့်တာနဲ့ ကျမ်းစာဖတ်၊ ဆုတောင်းတယ်။ ပြီးရင် ကွန်ပျူတာလေးဖွင့်၊ သီချင်းလေးတွေ အရင်ဖွင့်၊ နားထောင်ရင်း တွေ့တဲ့လူကို လိုက်နှောင့်ယှက်တယ် အဲလေ.. လိုက်နှုတ်ဆက်ပါတယ်။။ "မောနင်းပါ" လို့။ အဲလို နှုတ်ဆက်လိုက်ရင် "ဘာခုမှ လာမောနင်းနေတာတုန်းးးးး ငါတို့က ရုံးဆင်းတော့မှာ" လို့ ပြန်နှုတ်ဆက်တတ်ကြတယ်လေ... ဟိဟိ။ ပြီးရင် ကော်ဖီလေးသောက်ရင်း ကွန်ပျူတာရှေ့ပြန်ထိုင်တယ်။ ကွန်ပျူတာရှေ့ကနေ တအောင့်နေမှ ထပြီး တကိုယ်ရေသန့်ရှုင်းမှုကို စတင်တယ်။ ပြီးရင် ကွန်ပျူတာရှေ့ ပြန်ရောက်တာပဲ။ (ဟိဟိ.......... ကွန်ပျူတာရှေ့ကမခွာလို့  ကွန်ပျူတာ ပညာရှင်ကြီး မထင်ပါနဲ့ ) တွေ့ သမျှ သူငယ်ချင်း မောင်နှမတွေနဲ့ ချတ်တယ်။ ဆွေးနွေးတယ်၊ စနောက်တယ်။ ရန်ဖြစ်တယ်။ ငြင်းခုန်တယ်။ ပျော်စရာကြီးပါ.... အဲလောက် အွန်လိုင်းကို ခင်တွယ်ပါတယ်။ (သတိ။ မကြူရေးချ မကြူပါနော်။ မကျွမ်းကျင်လို့။ စိတ်မရှည်လို့)

ပြီးရင် ၅ကြိမ်ထက်မက ထမင်းစားဖို့ အော်ခေါ်နေတဲ့ အတူနေ အကို၊ အမတွေ ကို "လာပြီ၊ လာပြီ" ဆိုပြီး ခြေထောက်လေး အရင်လှုပ်ပြ၊ ပြီးရင် အမြီးလှုပ်...အဲ ဟုတ်ပါဘူးးးးးးး (အမြီးမှ မရှိတာကို..ဟိဟိ) ပြီးရင် ပါးစပ်က "လာနေပြီ လာနေပြီ" လို့ ထပ်အော်ရင်း လက်က သွက်လက်စွာ ရိုက်ရိုက်ရိုက်........ချတ်ချတ်ချတ်................... အကို၊ အမတွေရဲ့ အော်ခေါ်သံတွေ ကီး (Key) ပြောင်းလာပြီ၊ ကီး (Key) မြှင့်လာပြီဆိုရင်တော့ အပြေးဆင်းပြီး လိုက်စား။ ပြီးရင် အမတော် ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်သောက်၊ ရေမိုးချိုးပြီး အလုပ်ကိုသွား။။။။။။

ဘတ်စ်ကားဂိတ်ထိ ၁၅မိနစ်လောက် လမ်းလျှောက်ပြီး၊ ကားအလာကို တအောင့်လောက်စောင့်၊ ဘတ်စ်ကားကြီး စီးပြီး အလုပ်ကိုသွား။ အလုပ်ကိုရောက်တော့ တွေ့နေကျ ဒီရုပ်တွေကို တဟိုင်းဟိုင်းနဲ့ နှုတ်ဆက်ပြီး ကော်ဖီတစ်ခွက် ထပ်သောက်၊ အဝတ်အစားလဲပြီး အလုပ်စဝင်ရပါတော့တယ်။ အလုပ်စပြီဆိုရင်ပဲ ပြီကြီးငါး အစားများတဲ့ ပြီတီတီရုပ်တွေကို မနှစ်သက်ကြောင်း၊ စိတ်မဝင်စားကြောင်း မျက်လုံးပြူးပြ၊ မျက်ဆံပြူးပြပြီး သက်သေပြ၊ မျက်နှာပြောင်၊ ထိပ်ပြောင်နဲ့ "ဖုန်းနံပါတ်လာတောင်းပြီး၊ ညနေစာလိုက်ကျွေးမယ်၊ ရုပ်ရှင်အတူ ကြည့်ပါရစေ" ဆိုတာမျိုးကို စိတ်ညစ်ညူးစွာ ပြုံးပြပြီး "No, Thanks" လိုက်ရ၊ မျက်နှာချိုတဲ့သူတွေကို ပြန်ချိုပေး၊ သဘော ကောင်းတဲ့ ဈေးဝယ်သူတွေကို စလိုက်၊ နောက်လိုက်နဲ့ တပျော်တပါးကြီး လိုက်ကူညီပေး၊ တစ်ဆိုင်လုံးလာဖွတဲ့ သူတွေကို အနားသွားပြီး "ကူညီပါရစေ" သွားလုပ်၊ "ရတယ်၊ မလိုဘူး" လာပြောရင် စေတနာ ဗလပွနဲ့ "မဟုတ်ဘူး။ သင် ကျုပ်အကူအညီ လိုနေပါတယ်။ ကြည့်ပါလား....တစ်ဆိုင်လုံးပွနေပြီလေ" ဆိုမှ သူလိုချင်တာ မေးဖော်ရလို့ လိုက်ကူညီရ၊ အရေးထဲ လာရစ်တဲ့ သူရှိရင် မန်နေဂျာ ဟိုမှာရှိတယ် သွားပြောချေလို့ ချောက်တွန်း။ မန်နေဂျာနဲ့ ပြသနာဖြစ်တဲ့ တစ်ချို့ဈေးဝယ်သူတွေကို မန်နေဂျာက ကျွန်မမန်နေဂျာနဲ့သွားပြောပါလို့ ကိုယ့်ဆီ ပြန်ချောက်တွန်းရင် အဲဒီငရစ်တွေကို ကျေနပ်အောင် ပြုံးပြ၊ ဖြဲပြ (သွားဖြဲပြ)ပြီး ကျေနပ်အောင် လှည့်ပတ် ပြောပြ ရှင်းပြရ၊ အရေးထဲ ဈေးဝယ်သူတွေရဲ့ ကလေးတွေ အရမ်းဆော့လို့ တစ်ဆိုင်လုံး ဆူညံနေရင် အဲဒီကလေးတွေကို ပြုံးပြပြီး (မငိုလောက်အောင်) လက်ကောက်ဝတ်ကို ဆွဲညစ်လိုက်ရ၊ "ကစားကွင်းမဟုတ်ဘူး၊ အဆော့နဲ့" လို့ ဖြဲခြောက်လိုက်ရ၊ ဆိုင်မှာလူရှင်းရင် မြူးဇစ်အလိုက် ကလိုက်၊ ကွေးလိုက်၊ ခုန်လိုက်၊ ပေါက်လိုက်။ ဗိုက်ဆာရင် မန်နေဂျာမကို ဂျီကျလိုက်၊ ဆိုင်ပိတ်ချိန် မပြန်ချင်ပဲ အတင်းဝင်ချင်တဲ့ ဈေးဝယ်သူ တစ်ချို့ ကို ပြုံးပြုံးလေးနဲ့  "ခု ဆိုင်ပိတ်ပါပြီ။ နက်ဖြန်မှ လာပါ၊ ကျေးဇူးတင်ပါတယ်" လို့ အနုနည်းနဲ့ မောင်းထုတ်။ အနုနည်းမရတဲ့ သူတွေကို ဗလ အားကိုးနဲ့ အကြမ်းနည်း သုံးပြီး ကြိမ်းမောင်းရင်း မောင်းထုတ်လိုက်ရ။ ပြီးရင် ဆိုင်သိမ်းလို့အိမ်ပြန်။။။။

အိမ်ရောက်တော့ စားစရာရှာစား။ လိုတရ ရေခဲသေတ္တာထဲက Juice ချိုချိုအေးအေး တစ်ခွက်နဲ့  အမောဖြေ၊ ရေမိုးချိုး အဝတ်အစားလဲ၊ ကွန်ပျူတာဖွင့် သီချင်းလေးနားထောင်ရင်းးးးးး အိမ်လည်ထွက်၊ ဂျီပုန်းတွေနဲ့ တွေ့ ရင် ခနလေးချတ်၊ ဘယ်ကဘယ်လိုရောက်ရောက်လာမှန်းမသိတဲ့ အွန်လိုင်းသားကောင်ရှာနေတဲ့ မုဆိုးတွေနဲ့ တွေ့ရင်စိတ်ညစ်ညူးစွာ "ဖိတ်ခေါ်မှုကို ကျေးဇူးတင်ကြောင်း၊ သင်နှင့်ကျွန်ုပ် လိုင်းမတူ၍ စိတ်မကောင်း ပါကြောင်း" ပြောဆိုပြီး ငြင်းလွှတ်ရ၊ အိမ်လည်ထွက်(ဘလော့လည်ဖတ်)ရင်း လယ်ထဲသွားပြီး လယ်စိုက်၊ လယ်ရိတ်၊ လိုအပ်တဲ့ လယ်နီးချင်းတွေကို လိုက်ကူညီပေးးးးးးးးး

တစ်အောင့်နေ တစ်ယောက်ပြီး၊ တစ်ယောက် အွန်လိုင်းပေါ်တက်လာလို့ ရုံးတက်ကြပြီဆိုရင် စောနေပြီ (မိုးလင်းနေပြီ) ကိုယ်လဲ ဖြူစင်အပြစ်ကင်းတဲ့ အလုပ် စလုပ်ရတော့မယ်ဆိုပြီး တွေ့ သမျှလူကို လိုက်မောနင်း၊ ဆုတောင်းပြီးရင် ဒုစရိုက်မပါတဲ့ အလုပ်စလုပ်။ (ချွင်းချက်အနေနဲ့ တစ်ခါတလေ သူ့ဟာသူ ဒုစရိုက်ပါပါ လာတာတော့ မတတ်နိုင်တဲ့ အခြေအနေအရ ပြစ်မှုကျူးလွန်ခြင်းပေါ့) ဥပမာ.... သူများနဲ့ ညားသွားပြီဖြစ်တဲ့ ချစ်သူဆုန်ဂျူး (Kwon Sang Woo) နဲ့ ရေခဲမုန့်လေး အတူတူစားရင်း Rock သီချင်း ကောင်းကောင်းလေးတွေ နားထောင်တာတို့၊ ကောင်မလေးတွေနဲ့ သိပ်ရှုပ်တဲ့ Enrique Iglesias နဲ့အတူတူ သီချင်းတွေ ဆိုကြတာတို့၊ Rain ရဲ့ ပုခုံးလေး အဲ ပုခုံးကြီးကိုမှီ ကော်ဖီလေးသောက်ရင်း Linking Park ရဲ့ New Divide သီချင်းလေး နားထောင်၊ အာ..... ထပ်မပြောချင်တော့ပါဘူးးးးးးးးးးးးးးး

ဒီလို...ဒီလို... ဒီလို....တွေနဲ့  Angel Shaper ရဲ့ နိစ္စဓူဝလေးဟာ နေ့နဲ့ည မှားလောက်အောင် မလှမပနဲ့ပေါ့။ လှပဆန်းသစ်ပြီး အကျိုးရှိမဲ့ နိစ္စဓူဝလေးနဲ့ ဘဝသစ်တစ်ခု၊ ခြေလှမ်းသစ်လေးတွေနဲ့  လျှောက်လှမ်းချင်မိပါရဲ့။ ဖြူစင်ရိုးသားမှုတွေကိုသာ အလေးထား မြတ်နိုးတတ်တဲ့၊ ဟန်ဆောင်မှုကင်းပြီး စစ်မှန်တဲ့ အပြုံးစစ်လေးတွေ ကိုသာ နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်တတ်တဲ့ Angel Shaper ရဲ့ အပြုံးတွေဟာ ခုတော့ ညစ်ညူးစရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပီပြင်နေသေးရဲ့လား မသေချာတော့ပါဘူးလေ။
ချစ်မကြီးရေ......ကျေနပ်နိုင်ပါစေနော်။
ချစ်တဲ့ မနှင်း အမြန်ဆုံးကျန်းမာပျော်ရွှင်ပါစေလို့ လဲ ဒီတက်ဂ်ပိုစ့်လေးရေးပေးရင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
သူငယ်ချင်း မောင်နှမအားလုံး ပျော်စရာနိစ္စဓူဝလေးတွေကြား ပြုံးပျော်ကြည်နူးနိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
25.9.09 ( Fri;)
11:59 Pm

32 comments:

သူငယ်ချင်းတွေကို စိတ်ချမ်းသာမှုပေးတဲ့ နိစ္စဓူဝလေးတွေနဲ့အတူ တန်ပြန် စိတ်ချမ်းသာမှုတွေ ရရှိပါစေ

နိစ္စဓူဝ ကြားမှာ လုံးရင်းလည် လုံးချာလည်နေတဲ့ မိအိမ်ကျယ် တစ်ယောက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်
စိတ်ထားမှန်တဲ့ လူတွေနှင့် ကြုံပါရစေဗျာ။ ဒူဘိုင်းမှာ သရဲတွေ အများကြီးနော် (သတိထား ဟဟ)

နိစ္စဓူဝလေးများ
တနေ့ တနေ့  ဒီလိုပဲ ဒီလိုပဲ ...
ပျော်အောင်သာနေပေတော့ ကွယ် ..
ပျော်ရာ မနေရ တော်ရာမှာ နေရပေမဲ့  . တော်ရာနေရာမှာ ပျော်အောင် နေရတော့မှာပဲ ပေါ့..

မောလိုက်တာနော နိစ္စဓူဝက..
စာဖတ်ကြည့်ရင် သိပါတယ်.. ပေါ့ပါးသွက်လက် ပျော်ရွှင်တတ်တယ် ဆိုတာ.. ဟာသဉာဏ်လေးကလည်း သဘောကျစရာ..

ဒို့တွေကလည်း ပျော်တတ်တော့ ပေါင်းလို့ရပြီ..

ပျော်ရွှင်ခင်မင်တတ်တဲ့..

ဦးနော်၊ တီငယ်

စာတွေလာဖတ်သွားတယ်နော်....ခင်ဖို့ ကောင်းလို့ ခင်သွားပီ

အိမ်မှာတော့ နွဲ့ဆိုးဆိုးပြီး ချစ်စရာကောင်းတဲ့ ကလေးလေးပေါ့။
အလုပ်ရောက်တော့ ဖော်ဖော်ရွေရွေနဲ့ အနုနည်းတွေ အကြမ်းနည်းတွေသုံးပြီး လောက ပညာတွေ တတ်နေပြီဖြစ်တဲ့ အစ်မလေးပေါ့။ လိုက်လျောညီထွေ နေထိုင်တတ်လို့ ချီးကျူးပါတယ်။ အစ်မ ကလေးလေးရေ။

အစ်မလည်း ဒီရက်ပိုင်း Enrique Iglesias ရဲ့ Somebody's Me ကို နားထောင်နေတာ။ညီမလေးရဲ့ နိစ္စဓူဝထဲက တော်တော်များများနဲ့လည်း တိုက်ဆိုင်နေပါတယ်။ =)

အိပ်ရာထတာနဲ့ ကျမ်းစာဖတ် ဆုတောင်းတာလေးကို သဘောကျတယ်... ညီမလေး ဘဝတလျှောက်လုံး ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာများ ကြွယ်ဝစွာ ခံစားရပါစေ....

နေ့ တဓူ ၀ အကြောင်းလေးလာဖတ်သွားတယ်
ညီမရေ
အဆင်ပြေပါစေနော်

ဖတ်ကြောင်ပါ အလုပ်မအားသဖြင့်ဘယ်မှမသွားအားကြောင်းပါ ( လူဖြစ်ရတဲ့ ဒုခ)

customer service အလုပ်က တစ်ခါတစ်လေလည်း ပျော်စရာကောင်းတယ် တစ်ခါတစ်လေလည်း ရစ်တဲ့လူနဲ့တွေ့ရင်တော်တော်လေး စိတ်ညစ်ရတယ်နော်... စိတ်ဆတ်ရင်တော့ မလွယ်ဘူး...
အစစအရာရာ အဆင်ပြေပါစေ အိန်ဂျယ်ရေ...
စလုံးမှာ အခြေအနေမကောင်းရင် ဒဒွေးပြေးခဲ့မယ်လေ... ရတယ်မလား ဟက် ဟက်..

ကဗျာမဆန်တာလေးတွေကလည်း တခါတခါကဗျာဆန်တတ်ပြန်တယ်..ခင်မင်စွာဖြင့်..

အဲ ၃ရပါတယ်..

သူငယ်ချင်းတွေရယ် အွန်လိုင်းပေါ်က မောင်နှမတွေကို သံယောဇဉ် တော်တော်ကြီးတယ်နော်...အားလုံးကို ပျော်ရွှင်မှုတွေ ပေးနေတဲ့ နိစ္စဓူဝလေးတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ...

ကလေးအမေက သူ့ ကလေး လက်နာသွားလို့  တဲ့ ... မန်နေဂျာကို သွားတိုင်တယ် ဗလအား ကိုးနဲ့  လူမိုက်မလုပ်ပါနဲ့ .... :P

ချင်းတောင်းလေးရေ...

ဖတ်ရတာ အရမ်းကိုကောင်းသလို လက်တွေ့ဘ၀တွေက ၀တ္တုပြဇာတ်တစ်ပုဒ်လိုပါပဲလား....

အပြုံးလေးတွေနဲ့ ၀န်ဆောင်မှုပေးသလို ဗလအားကိုးနဲ့ဆိုတော့ ဟဲဟဲ... နည်းနည်းတော့ ရှိန်တာပေါ့... :) :) :)
ချင်းတောင်းလေးရေ...
ဘ၀ဆိုတာ ဒီလိုပါပဲလေ...
ဖြစ်ချင်တာတွေ မဖြစ်လာခင်
လိုချင်တာတွေ မရခင်

လိုအပ်တာတွေ လုပ်သင့်တာလေးတွေကို
ဆန္ဒနဲ့ ဘ၀ တထပ်တည်းမကျသေးသ၍တော့

ဒီလိုနဲ့ပဲ မိုးကြီးချုပ်လို့...
တို့တွေရဲ့ ဘ၀ ဘယ်လိုဆုံးမှန်းမည်နည်း ချင်းတောင်းလေးရေ....

အားမာန်နဲ့ ဖြစ်လေရာဘ၀မှာ ကြေကွဲရင်တောင်
ကြံ့ခိုင်စွာနဲ့ ကြေကွဲရတဲ့ ဘ၀တွေပါ...
ကိုချင်းစာနာမိပါတယ်

အနာဂတ် နေ့သစ်တွေ လှပပါစေလို့
ဆုတောင်းလိုက်ပါတယ်

ချစ်ခြင်းများစွာဖြင့်
လူကြမ်းကြီး

ဝက်ဝံလေး said...

ဟိဟိ ဖတ်ရတာ ရီရတယ် ဟဲဟဲ

ဖတ်သွားတယ်နော် သမီးကြီးရေ ဘိုင် တာ့တာ

ဟင် ..
နိစ္စဓူဝ
ဆိုလို့
မျိုးကြီးသီချင်း ဆိုပြမယ်ထင်နေတာ
လွဲတယ်ကွာ

ကဗျာမဆန်တဲ. နိစ္စဒူဝ မို.ဘဲတော်တော.တယ်
ကဗျာဆန်ဆန်သာရေးမယ်ဆိုရင် ကျွန်တော်လည်း
မကြယ်ဆီ ပညာသင်ရလောက်တယ် ကိုယ်.ကိုလည်း
သနားအောင်ရေးတတ်ပ လူလည်လေး ဘဲဗျ :D :P

ချစ်စရာညီမလေးရဲ့...
နိစ္စဓူဝလေးတွေကို...
ချစ်စဖွယ်အရေးလေးတွေနဲ့
အတူ...ရယ်မောရင်းဖတ်သွားပါကြောင်း....

နိစ္စဓူဝ.. လေးတွေ ကိုလာရောက်ခံစားသွားတယ်..
ပျော်ရွှင်ပါစေ... မဖြူစင်ကြယ်ရေ...

ခင်မင်လျှက်
အဆိပ်ခွက်

ပျော်ရွှင်ပါစေ.. မဖြူစင်ကြယ်ရေ... နိစ္စဓူဝ.. လေးတွေ ကနေ ပျော်ရွှင်စ၊ရာနေ့လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ..

ခင်မင်လျှက်
အဆိပ်ခွက်

ကော်ဖီတွေသောက်လှချီလား။ သိပ်မသောက်နဲ့ ။ ခေါင်းကိုက်နေတယ်မဟုတ်လား

ဒီမယ် ကလေးမ မန်နေဂျာ မဟုတ်ဘူး သူဌေးနဲ့ကို တိုင်ရမယ် ကျမ ကလေးလက်ကို ညှစ်သွားလို့ ဟွန်း
ဖြူစင်ရေ ဗလအားကိုးနဲ့ အနိုင်ကျင့်တယ်ပေါ့လေ ဟုတ်လား ဟိဟိ
သယ်ရင်းလေးရဲ့ နိစ္စဓူဝလေးကို ဖတ်သွားတယ်

ပုခုံးကြီးကို အမှီခံတဲ့ Rain ဆိုတဲ့သူက တော်တော် မြာပွေပုံပေါက်တယ်...

ဟိုကောင်မလေးနဲ့လဲတွဲ ဒီကောင်မလေးနဲ့လဲတွဲ...

သတိတော့ထားနေပေါ့ နတ်ဘုရားမလေးရယ်...

းဝ)

အိန်ဂျယ်ရဲ့ နိစ္စဒူဝလေး စိတ်ချမ်းသာမှု့ ရှိတယ်ဟ။ အလုပ်မှာတော့ အဆင်ပြေနေပါစေနော့ :) အမြဲပြုံးနေတတ်တဲ့ ကောင်မလေး ပိုပိုပြီး နိစ္စဒူဝကြား ပြုံးပျော်နိုင်ပါစေ :)

ချစ်ညီမလေးရေ
ခုမှပဲရောက်တော့တယ်..
ရေးပေးတာကျေးဇူးနော်...
နောက်ဆိုချစ်ညီမကို အဝေးကြီးလှမ်းတက်ဂ်ရတော့မှာ...
ပျော်ရွှင်ပါစေညီမလေးရေ..

မနှင်း

နိစ္စဒူဝတိုင်းကြားမှာ အဆင်ပြေ ပျော်ပါစေ သူငယ်ချင်း

နိစ္စဒူဝတွေနဲ့မို့မရောက်တာအတော်ကြာသွားတယ်။ ရန်ကုန်ကိုရောပြန်ဖြစ်လား။ဘယ်လိုလဲ အခြေအနေ။လိပ်စာပေးထားတယ်။ လာလည်ဦးနော်။

အခုလို ရင်ဖွင့်လိုက်တော့
ပေါ့သွားတယ်မှတ်လား

ရင်ဖွင့်သံတွေကို နားဆင်သွားပါတယ်..
တစ်ပုဒ်ပဲ ကောင်းကောင်းရတယ်..
အိုင်ကန်ကစ်အဝေးသပိန်း လား..
အဲသီချင်းလေ..

လွမ်းမောမှုတွေ ပြေပျောက်ပါစေပါ..

ခင်မင်စွာဖြင့်
စည်သူ။

transformer2 မကြည့်ရသေးဘူးဟာ
linkink parkရဲ့new divideသီချင်းတော့ကြိုက်တယ်
တီးထားတာညက်နေတာပဲ

rainပခုံးကိုတောင်မှီလိုက်သေးတယ်
တော်တော်ဆိုးတဲ့သမီးကြီးပဲ :P
အစ်မဂျာမုန်းနဲ့တိုင်ပြောပစ်မယ်