ကိုဇောင်း ချစ်ခင်မှုနဲ့ တက်ဂ်ထားတဲ့ပိုစ့်လေး သူတောင်မေ့နေပြီထင်တယ်။ ညည်းဖြစ်တဲ့ သီချင်းများ ဆိုပဲ။
ကိုယ်က သီချင်းညည်းတယ်ဆိုတာထက် အာပြဲကြီးနဲ့ အော်ပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးတာပိုများပါတယ်။ အင်း ကိုဇောင်းက ညည်းဖြစ်တဲ့ သီချင်းဆိုတော့လဲ ညည်းဖြစ်တဲ့ သီချင်းပဲပေါ့လေ။ သီချင်းကတော့ အမြဲလိုလို အော်ညည်းဖြစ်တော့ အကုန်ချရေးရမယ်ဆိုရင် ပိုစ့်ရှည်ကြီးဖြစ်ဦးမယ်။ ဒီတော့ ကိုယ်နားထောင်နေကျ၊ အော်ဆိုနေကျ သီချင်းလေးတွေထက် ခုလတ်တလော တိုက်ဆိုင်မှုလေးတွေနဲ့ အတူညည်းဖြစ်တဲ့ သီချင်းလေးတွေပေါ့ဗျာ။

ခုရက်ပိုင်း ကိုယ့်ရဲ့ ပြသနာလေးတွေအတွက် စိတ်ညစ်ညူးလို့ အားငယ်နေချိန်မှာတော့ အမှန်အတိုင်းပြောရရင် Gospel သီချင်းလေးတွေ ညည်းရင်း ခွန်အားယူဖြစ်ပါတယ်။

GOD WILL MAKE A WAY

God Will Make A Way, Where There's seems to be no way,
He walks in way we can not see He will make a way for me
He will be my Guide hold me closely to His side with love and strength for each new day
He will make a way, He will make a way.

YOU WILL NEVER WALK ALONE

You will never walk alone
As long as you have faith
Jesus will be right beside you all the way
And you may feel you're far from home
But home is where He is
And He'll be there down every road
You will never walk alone

ခုလိုချိန်မှာ သူ့ ကို အပြင်းအထန် သတိရနေမိတယ်။ ( သူ=အမည်မသိ..ဟိဟိ မမေးရနော်။) သူ ကိုယ့်ကို ပထမဆုံး စပြီး ပေးခဲ့တဲ့ လက်ရွေးစင်သီချင်းက အဲလက်စ်ရဲ့ သီချင်းပါ။
သူ့ ကို တမ်းတလွမ်းဆွတ်မှုတွေနဲ့ ညည်းနေဖြစ်မိတာ မမှားပါဘူးနော်။
သီချင်းလေးက ကလေးရယ် တဲ့။
ကလေးရယ်.... ဘာကြောင့် မင်းလေးနဲ့တွေ့မှ ကိုယ့်စိတ်တွေယိုင်လဲ
ကလေးရယ်.... အချိန်ရှိတိုင်းပဲပေါ့ မျက်စိထဲ မင်းအရိပ်တွေပါပဲ
ကလေးရယ်.... ကိုယ်ဟာ ပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ ရူးလို့နေရမှာလား

အတွေးလေးထဲလဲ မင်းက ကလေးပါပဲ
ကလေးရယ် မင်းမြင်တတ်ရင် တွေ့မှာပဲ ရင်ထဲကသံယောဇဉ်
မင်းနဲ့ကျမှ ချစ်တတ်ပြီ ကလေးရယ်... အသည်းလေးထဲက ချစ်မိပြီ
မင်းနဲ့ကျမှ ရူးရပြီ ကလေးရယ်....မစဉ်းစားပဲနဲ့ ချစ်လိုက်တာ ငါမှားယွင်းနေလား

ကလေးရယ်.... ဘယ်အချိန်တုန်းက မင်းအသည်းထဲ ရောက်လို့နေတာလဲ
ကလေးရယ်.... ငါအလိုလိုက်ခဲ့သမျှ သိပ်ချစ်လို့ မင်းနားလည်ပါဦး
ကလေးရယ်.... ဘယ်လိုနည်းနဲ့ မှ မင်းလေးနဲ့ ခွဲလို့ မနေနိုင်ဘူး။

Let Me Be Your Hero ဆိုတဲ့ Enrique Iglesias ရဲ့ အသံလေးက သူ ကိုယ့်နားထဲကို ဖွဖွလေး လာပြောနေသလို ခံစားခဲ့ရတဲ့ စာသားလေးပါ။ ခုတော့ကိုယ်တိုင်လိုက်ရွတ်မိနေပြီ။ ဘယ်လိုလုပ်မတုန်းးးးးး

I can be your hero, baby
I can kiss away the pain
I will stand by you forever
You can take my breath away..........

ဒီသီချင်းလေးကိုတော့ ကိုယ်တကယ် ကြိုက်လွန်းလို့ ညည်းရုံတင်မက ခုထိ ဖုန်း Ring Tone တောင် ဒီသီချင်းလေး ထည့်ထားတာ။ ဒီသီချင်းသံကြားရင် ဖုန်းထရှာနေမိတတ်တယ်။
Shayne Ward ရဲ့ No Promises

Hey Baby, When we are together, doing things that we love,
Every time you're near I Feel like I'm in heaven, feeling high
I don't want to let go, girl, I just need you to know girl.
I don't wanna run away, baby you're the one I need tonight, No Promises.
Baby, now I need to hold you tight, I just wanna die in your arms, Here Tonight.

နောက်တစ်ပုဒ်ကတော့ SClub7 ရဲ့ Have You Ever

Have you ever loved and lost somebody, wished there was a chance to say I'm sorry,
can't you see, that's the way i feel about you and me, baby,
have you ever felt your heart was breaking, looking down the road you should be taking,
i should know, coz i loved and lost, the day i let you go......

ဘာမှမပြောတော့ဘူး။ အဲလိုခံစားပြီးတော့ Anne Murray ရဲ့ You Needed Me ဆိုတဲ့သီချင်းလဲ ညည်းဖြစ်တယ်။

I cried a tear, you wiped it dry
I was confused, you cleared my mind
I sold my soul, you bought it back for me
And held me up and gave me dignity
Somehow you needed me

You gave me strength to stand alone again
To face the world out on my own again
You put me high upon a pedestal
So high that I could almost see eternity
You needed me, you needed me

And I can't believe it's you
I can't believe it's true
I needed you and you were there
And I'll never leave, why should I leave?
I'd be a fool 'cause I finally found someone who really cares

You held my hand when it was cold
When I was lost you took me home
You gave me hope when I was at the end
And turned my lies back into truth again
You even called me "friend"

နောက်ဆုံး Some Body's Me ဆိုတဲ့ Enrique Iglesias ရဲ့ ခပ်ဆွေးဆွေး သီချင်းလေး ညည်းရင်း ဆွေးဖြစ်တယ်။

You, do you remember me
Like I remember you?
Do you spend your life
Going back in your mind to that time?

Because I, I walk the streets alone
I hate being on my own
And everyone can see that I really fell
And I'm going through hell
Thinking about you with somebody else

Somebody wants you,
Somebody needs you.
Somebody dreams about you every single night.
Somebody can't breathe, without you it's lonely.
Somebody hopes that one day you will see
That somebody's me.

How, how did we go wrong?
It was so good, and now it's gone,
And I pray at night, that our paths will cross.
And what we had isn't lost.
Cause you're always right here in my thought.......

ကိုဇောင်းရေ.... နောက်ကျမှ ရေးပေးတဲ့ ညီမအလိမ်မာလေးကို မုန့်အဝကျွေးပြီး ဆုချဖို့ စောင့်နေနော်။ ဟဲဟဲ။ ကိုဇောင်းနဲ့ သမီးရဲ့မောင်နှမများအားလုံး ကျေနပ်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.10.09 (Fri;)
5:30 Am

26 comments:

ဗြိတိသျှလိုတွေ နားမလည်ဘူးဟာ ဘာပဲဖြစ်ဖြစ် သီချင်းလေးတွေညည်းရင်း ပျော်ရွှင်ပါစေ

၁ ... 1 ... တစ်.... One....

ညည်းဖြစ်တာလေးတွေကို ပြီးမှ ခံစားမယ် ဟဲဟဲ..
အခုတစ်ရတုန်းယူလိုက်အုံး...


လူကြမ်းမင်းသားကြီး

တပိုင်းတစ တွေ ကို အတုံး အတုံး စာလုံးတွေ မမြင်တဝက် မြင်တဝက် နဲ့ ကြည့်လိုက်ရတယ် အိန်ကျယ်ရေ ..

သီချင်းလေး ပဲ ညည်းပါနော် ..
ဘဝ မောမောတွေ ပြေအောင်ပေါ့ ..

သီချင်းညီးရုံတင်မကပါဘူး အဆိုလဲကောင်းပါတ်ာနော်။

ဟွန်း...

တစ်ရမယ်ထင်တာ... မမီလိုက်ဘူး.. ရေတမာက ဦးသွားတယ်... တိပါဘူး... ကိုယ့်ကို ရန်ကုန်ရောက်ဖူးတယ် လူလည်ဆိုပြီး သီချင်းတအေးအေးနဲ့ သူခေါ်ရာကို လိုက်လာတာ... အခုတော့ ဒုတိယဖြစ်သွားတယ်.....

ကလေးရယ် ဘာကြောင့်မင်းနဲ့တွေ့မှ ငါ့စိတ်တွေယိုင်ခဲ့...
ကလေးရယ် ....
ကလေးရယ်....
နဲ့လမ်းထဲရွတ်လာတာ...
ဟွန်းအခုတော့ အဆက်ဟောင်းဟာလည်း အဆက်ဟောင်းပါပဲဖြစ်ကုန်ပြီ...

ကလေးသီချင်းလေး ကျနော် ငယ်ငယ်က ရူးသွပ်ခဲ့တဲ့သီချင်းလေးပေါ့... နောက်တစ်ပုဒ်ရှိသေးတယ်... အဲလက်စ်ဆိုထားတာပဲလေ...

မင်းရဲ့နောက်က...

ကိုယ့်ရဲ့အတွေးမှာရှိခဲ့တာ ... မင်းမျက်ဝန်းကိုတွေ့ခဲ့တာ တင်းကြပ်လွန်းလို့ရင်ထဲအချစ်တွေ ဘယ်လိုရင်ဆိုင်ရယ်နေရမလဲ ကျောင်းထဲဆင်းသွားတဲ့အချိန်တိုင်းကိုယ့်မှာ

မင်းရဲ့နောက်က တကောက်ကောက်လိုက်ရင် နှုတ်ခမ်းလေးမဲ့လို့ မင်းစိတ်ဆိုးရင် ကိုယ့်ကို ညီမလေးခွင့်လွှတ်ပါကွယ်....

မင်းရဲ့ဘေးက ချစ်သူငယ်ချင်းများစွာ ဘယ်လိုလှောင်ပြောင်ရယ်နေကြမလဲ
အမှတ်မရှိတဲ့ ကိုယ့်တယောက်ထဲလမ်းပေါ်မှာ...

မင်းရဲ့နောက်က တကောက်ကောက်လိုက်ရင် နှုတ်ခမ်းလေးမဲ့လို့ မင်းစိတ်ဆိုးရင် ကိုယ့်ကို ညီမလေးခွင့်လွှတ်ပါကွယ်....
..........................

သူများတွေများ ဇာတ်လမ်းလေးတွေကိုယ်စီကိုယ်ငှ

နောက်ဆုံးတော့လည်း..
တငြိမ့်ငြိမ့်လေးနဲ့ပဲ...

You, do you remember me
Like I remember you?
Do you spend your life
Going back in your mind to that time?

Because I, I walk the streets alone
I hate being on my own
And everyone can see that I really fell
And I'm going through hell
Thinking about you with somebody else

Somebody wants you,
Somebody needs you.
Somebody dreams about you every single night.
Somebody can't breathe, without you it's lonely.
Somebody hopes that one day you will see
That somebody's me.

How, how did we go wrong?
It was so good, and now it's gone,
And I pray at night, that our paths will cross.
And what we had isn't lost.
Cause you're always right here in my thought.......


Walk on ... Walk on...

Bye
With love,
LuGyanGyi

ညည်းဖြစ်တဲ့သီချင်းလေးတွေကို လာခံစားသွားပါတယ်

၃ ယူသွားတယ်... သီချင်းလေးတွေ ညဉ်းရင်း ပျော်ပါစေ..

သီချင်းညည်းတာလေးကို လာခံစားပါတယ်တယ်ရင်းရေ...

တောသူအေ့ ညည်းရေးထားတာ ဘာသီချင်းတုန်း
သိဘူးအေ့

မမေးနဲ့ပြောလို့ မမေးတော့ဘူးနဲ့
ဒါနဲ့ စကားမစပ်
သူက အခုဘယ်မှာတုန်း
စလုံးလာရင်ခေါ်ခဲ့

သီချင်းတွေက..အလန်းတွေကြီး
ပါပဲလား...အကုန်လုံးကြိုက်မှကြိုက်...

မဖတ်တတ်တာတွေချည်းပဲဆိုတော့ ဖတ်တတ်တာပဲ ဖတ်သွားတယ်။ ကလေးရယ်တဲ့ ဟီးဟီး နာ ငယ်ငယ်ကလည်း ကောင်မလေးတစ်ယောက်ကို ပေးဖူးတယ်။ ဆယ်တန်းအောင်ကာစကပေးတာ။ ပေးပြီး သူပျောက်သွားတယ်။ နှစ်နည်းနည်းကြာတော့ ပြန်တွေ့တယ်။ နာလည်း ကွက်တိဟာဆိုပြီး အဖြေလိုက်တောင်းတာ သူက တစ်ခွန်းတည်း ပြန်ပြောတယ် ... ဒု သ န သော ဖြစ်ချင်တာလားတဲ့။ မှတ်ကရော .. ဟီး

ကလေးတဲ့လား ဒါကြောင့် ရေခဲမုန့် ဝယ်ကျွေးတာနေမှာ နော့် ဟိဟိ

ဘာမှကို နားမလည်ဘူး... အင်းလေ ဘယ်နားလည်မလဲ.. ကိုယ်တွေ သိတာက ဟင်္သာတထွန်းရင်တို့၊ တွံတေးသိန်းတန်တို့၊ သန်းဖေလေးတို့၊ ကိုမြကြီးတို့၊ စန္ဒာယားလဗထွတ် တို့လောက် သိတာဆိုတော့...

သီချင်းနားထောင်သွားတယ် :)

အဆိုတော်ကြီးရေ
နားညည်းတဲ့အထိ နားထောင်သွားတယ်နော်...
သီချင်းက ညည်းတာမှမဟုတ်တာ...
Remix လုပ်ပီများ ဆိုနေတာလားလို့....
သီချင်းတွေအားလုံး လန်းမှလန်း..

ချစ်မမ
နှင်း

သီချင်းညဉ်းသံလေးလာနားထောင်သွားတယ်...
ငှက်ငယ်လေးကတော့ ကျလိကျလိပဲအော်တက်တယ် ခွိခွိ

သူဆိုတာ ဘယ်လူလည်း ပြောပြပါ...

းဝ)

သီချင်းလေးတွေ ကောင်းတယ်ဖြူစင်ရ ငါကတော့ သီချင်းတွေထက် အတွေးတွေကို ပို ရင်းနှီးသလို ပဲ :)))

အဲဒီ သူ ဆိုတာကို ငါ သိတယ်နော် ပြောပြလိုက်ရမလားးးးးးး ဟင်းဟင်း

ဘိုလိုတွေ မရပါဘူးဆိုမှ ဒီ သမီးကြီးနဲ့တော့ ခက်တော့ တာပဲ။

ဒီတခါ တွေ့မှ အဲဒီသီချင်းတွေ ဆိုခိုင်းအုံးမယ်

မငုံ said...

အကြိုက်တူတယ်ဗျို့

အမလဲ အဲလက်စ်သီချင်းတွေ နားမထောင်ဖြစ်တာနှစ်ချီနေပီ...

ဘာလို့လဲ မမေးနဲ့..

သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေ..

မိုမင်းကြီး

အဲလက်သီချင်းလေးနဲ. Enrique Iglesias သီချင်း
နှစ်ပုဒ်က တော. တော်တော် အကြိုက်ချင်းတူတယ်ဗျို. :)

ညည်းဖြစ်တဲ့ သီချင်းလေးတွေ လိုက်ညည်းသွားပါတယ်။ လွမ်းနေတာလား။ ပျော်ပျော်နေမယ်ဆို။။။။

အဲလက်စ်သီချင်းတော့သိတယ်...

းဝ)

အကြိုက်တော်တော်များများတူတယ်
သမီးကြီးရ
Shayne Wardရဲ့no promiseသီချင်းကို ကောင်မလေးနဲ့စပြီးလမ်းခွဲတော့အရက်
သောက်တိုင်းနားထောင်ဖြစ်တယ်
ENRIQUE IGLESIASရဲ့အသံအေးအေးဆွေးဆွေးလေး
တွေလည်းကြိုက်တယ်
သူဆိုတဲ့maybeဆိုတဲ့တစ်ပုဒ်လည်း
တော်တော်ကြိုက်တယ်