လူကြီး အသက် (၂၇) နှစ် သည် လွန်ခဲ့သော ၃ နှစ်ခန့်က သူ၏ချစ်သူ ကလေးထံမှ ပျောက်သွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားစေလိုပါသည်။
လူကြီး၏ ထင်ရှားသော အမှတ်အသားများမှာ-------

၁။ ဆွဲဆောင်မှုရှိသည့် မျက်ဝန်းနက်များ ပိုင်ဆိုင်ထားခြင်း
၂။ နူးညံ့သည့် နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ထားခြင်း
၃။ လန်းဆန်းလတ်ဆတ်သည့် အပြုံးများ ပိုင်ဆိုင်ထားခြင်း
၎။ သစ္စာရှိခြင်း၊ တည်ကြည်ခြင်း
၅။ ယောကျာင်္းပီသသော ခန္ဓာနှင့် လူပီသသော စိတ်ဓာတ်များ ပိုင်ဆိုင်ထားခြင်း
၆။ သူ၏ချစ်သူအား ကလေးတစ်ယောက်လို ဖြူစင်၍ ချစ်ပါသည်ဟုဆိုကာ ကလေး ဟူ၍တင်စားခေါ်ဝေါ်တတ်ခြင်း
၇။ ချစ်သူအား အစွမ်းကုန်အလိုလိုက်ကာ ဆိုးနွဲ့ ခွင့်ပေးတတ်ခြင်း
၈။ ချစ်သူကို အလွန်ချစ်သော အချစ်များ ပိုင်ဆိုင်ထားခြင်း
၉။ ချစ်သူ၏ အချစ်များအားလုံးကိုလည်း ရရှိပိုင်ဆိုင်ထားခြင်း
၁၀။ ချစ်သူအား ရိုသေ၊ တန်ဖိုးထားသော စည်းကမ်းရှိသည့် နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားခြင်း
၁၁။ ချစ်သူ စိတ်ကောက်လျှင် ရေခဲမုန့်ဝယ်ကျွေးကာ ဖြူစင်သည့်အနမ်းများနှင့် ပြန်ချော့တတ်ခြင်း
၁၂။ ချစ်သူ စိတ်အလိုမကျ၊ စိတ်ဓာတ်ကျနေလျှင် လက်ကလေးဆုပ်၍ နဖူးလေးနမ်းကာ အားပေးနှစ်သိမ့်တတ်ခြင်း
၁၃။ ချစ်သူ၏ အားနည်းချက်များအား သူ၏အကြင်နာများနှင့် ပြုပြင်ဖြည့်ဆည်းပေးတတ်ခြင်း
၁၄။ ချစ်သူ အဆစ်အမြစ် ကိုက်ခဲနာကျင်ကာ ဝေဒနာခံစားနေရလျှင် ဆေးလိမ်းပေးရင်း သူသာ ထိုဝေဒနာများအား ယူပစ်လိုက်ချင်သည် ဟုတဖွဖွပြောကာ ကြင်နာယုယတတ်ခြင်း
၁၅။ ဆေးသောက် အလွန်ကြောက်သော ချစ်သူအား ဖျားနာလျှင် ဆေးချော့တိုက်ကာ ပြုစုတတ်ခြင်း
၁၆။ ချစ်သူ ဆိုပြသော သီချင်းများကို ဝေဖန်အကြံပေးကာ အားပေးနားဆင်ပေးတတ်ခြင်း
၁၇။ ချစ်သူနှင့် ရုပ်ရှင်အတူကြည့်၊ သီချင်းအတူနားထောင်ခြင်းအား အလွန်မြတ်နိုးတတ်ခြင်း
၁၈။ ချစ်သူ၏ ဆန္ဒများအား အတတ်နိုင်ဆုံး လိုက်လျောပေးတတ်ခြင်း
၁၉။ ပေါက်ကရပြောတတ်သော ချစ်သူအား ဗိုက်ခေါက်ဆွဲကာ ဆုချတတ်ခြင်း
၂၀။ ချစ်သူအား မိန်းမ မဆန်စေလိုခြင်း

................စသော စသော အချက်အလက်များနှင့်ပြည့်စုံသော သူမှာ ကလေး၏ချစ်သူ လူကြီးပင်ဖြစ်ပါသည်။
တွေ့ ရှိပါက အကြောင်းကြားစေလိုပါသည်။
ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမည်။
ဖြားယောင်းသွေးဆောင် လက်ခံထားသူများအား ဥပဒေအရ ထိရောက်စွာအရေးယူမည်။
လူကြီး ရောက်ရာ အရပ်မှ အမြန်ပြန်လာပါ။
ကလေး အသည်းအသန်ဖျားနေသည်။
လူကြီးကို လွမ်းနေသည်။ စိတ်လဲ ပူနေသည်။
အမြန်ပြန်လာပါ။


ချစ်ခြင်းများစွာဖြင့်
Angel Shaper
7.10.09 ( Thur;)
2:00 Am

50 comments:

ဝေး တစ်ကွ တခါမှမရဖူးသေးဘူး ဘာရမလည်း တစ်
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး

အင်း ငါ ၂ ပေါ့နော် ဟွန်းးး လျင်ပါ့ ပါးလုံးရယ်

ဟေး ဝက် မလာခင် နှစ်လည်းယူလိုက်ဦးမယ်။
ဟေး ဝက် နင်ငါနှစ်ဆက်ယူတယ်ကွ
ခင်မင်လျှက်
သူငယ်ချင်းပါးလုံး

ဟဟဟ ငါ ၂ ဖြစ်သွားတာ နင်မသိဘူးမလား ဟိဟိ

အယ် အရူးမ ငါနှစ်မှတ်နေတာ လုံးဝမကျေနပ်ဘူး။
သုံးဟာ ဝက်မလေး

အံမယ် သူက သူ့ဘဲဘဲကြီးအကြောင်းရေးထားတာပဲ ခစ်ခစ် ဟိဟိ ဟက်ဟက် ခွီးးးခွီးးးး

အယ် အရေးထဲ မန့်မရဘူး အိန်ဂျယ်ရ ငါ့နှယ်နော်။ ဟွန်း လုံးဝမကျေနပ်ဘူး ငါအကုန်ယူပါမယ်ဆို ဝက်နော် ဟွန်းနင်မန့်တာ ရပ်တော့နော်။
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး

ဘာ ၃ လဲ ဘာမှမသုံးဘူး ဟွင်းးးးးး နင် လျှောက်လျှောက်ပြောတယ် အလကား အခု ၇ တောင်ဖြစ်နေပြီဟာကို အိန်ကျယ်ရေ အမျှ အဲလေ ဘွာ ဘွာ သောင်းကျန်းတယ်ဆိုပြီး မပြောနဲ့နော် ဂယ်လဲ ပါးလုံး နဲ့ ဝက်နဲ့ သောင်းကျန်းသွားတယ် သိလား

အေ၇းထဲ စက်ကလာနောက်နေတယ်။ ရင်တောင်ခုန်တယ် ဒီဝက်နဲ့လုရတာ ဟွန့်
စာဖတ်တော့မယ် တော်ပီ
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး

ငါဘာလို့ မန့်တာရပ်ရမှာလဲ ပါးလုံး လုံးးးးးးးးးးဝပဲ ဟွင်းးး နင်သောင်းကျန်းနိုင်သလောက် ငါလဲ သောင်းကျန်းမယ်ကွ ငွားငွားးးးးးးးးးးးးး

မကိရေ များ တို့ ၂ ယောက်ကို ဘလော့ဂ်ဂါကောင်စီရုံးမှာ လက်မှတ်လာမထိုးခိုင်းနဲ့နော် အားဘူးသိလား ဟယ်လီကော်ပတာနဲ့ လာပင့်ရင်တော့ လာမယ် သိရား ဟိဟိ

အိန်ကျယ် ဖျားနေတာလား ဟင် လာခဲ့လေ နင်းပေးမယ် လည်မြိုကို သိလား ဒါမှ ပျောက်သွားမှာ အသက် ဟိဟိ

တွေ့ရင်ပြောကြပါကွယ်...ကျေးဇူးဆပ်ပါမည်
လက်ခံထားတဲ့သူတွေကို ...တရားစွဲဆိုမယ်
နိုင်ငံတော်ကို သိစေချင်သည်..အချစ်နဲ့ပတ်သက်တဲ့..
ခုံရုံးလေး ဖွင့်ပါခင်ဗျာ..
အပေါင်းအသင်းများရယ်..ရောင်းရင်းများရယ်
မြင်ရင်ခေါ်ထား..အကြာင်းကြားပေးကြပါ....
ဆိုတဲ့..ဆိုတဲ့....

ကိုလွှမ်းမိုး သီချင်းကို အခါခါ ဆိုရင်း...အော်နေကြည့်ပါ

ထူးခြားလာပါလိမ့်မယ်....
အဆင်ပြေပါစေ သူငယ်ချင်း..ရောင်းရင်း..မိတ်ဆွေ

အဲ့ဗျာ့ ကျနော့် ကို ရှာနေတာပါလား..း)

ငါတို့သူငယ်ချင်းတွေ ၀ိုင်းရှာပေးမယ်နော်။ ဝေဒနာတွေ သက်သာအောင်နေပါ။ ကျန်းမာရေးဂရုစိုက်ပါ။ ငါတို့တွေ့အောင် ရှာပေးမယ်နော်။ အမြန်ဆုံးသက်သာပေါစေ

အဲဒါ ဘူတုန်းးး

အော်...

ဖျားနေတာ မသိလို့ပါ..
လာလာလာ.. ဒီနားတိုးလာခဲ့
ဆေးကြောက်တာ သိပါတယ် ဒါပေမယ့် မသောက်လို့မှ မရတာ.. လိမ္မာတယ်နော်.. ရော့သောက်လိုက်..

ဟင့်အင်း..သောက်ချင်ဘူး.. သောက်ချင်ဘူး.. ဆေးက အရမ်းခါးတယ်..

အော်.. အဲလိုဆို ရော့ သကြားလေးနဲနဲစားလိုက် ပြီမှသောက်လေ.. ကလေးက လိမ္မာပါတယ်.. သောက်လိုက် သောက်လိုက်..အေးအေးဒါမှပေါ့ ရော့ရော့ရေလေးသောက်လိုက်အုံး မြန်မြန်ပျောက်မှ ရုပ်ရှင် သွားကြည့်လို့ရမှာကလေးရ..

တကယ်နော်.. အဲဒါဆို ညနေကျ တခွက်သောက်အုံးမယ်နော်..

ပြောကိုပြောချင်ဘူး ခုသောက်မယ် ခုမသောက်ဘူး ခုတစ်မျိုး တော်ကြာတစ်မျိုး (စိတ်ထဲကနေပြောတာ)

း)..;P

ကျန်းမာရေးဂရုစိုက်ပါ :P လူပျောက်ကြေငြာတိုင်ထားပေးတယ်။
ရဲတွေက စိတ်ချမြန်ဆန်ပါတယ် :)

ဟင်း လတ်စသတ်တော့ ချစ်သူပျောက်ကြော်ငြာကိုးဗျ
အဲ့ဒီအချက် အလက်တွေ နဲ့ ပြည့်စုံတဲ့ သူဆိုတော့ကာ
အင်း အဲ့ဒီလူကို ကျွန်တော်ပါ တွေ့ချင်လာပြီ အဟီး
တစ်မျိုးမထင်နဲ့နော် မြင်ဖူးချင်လို့ အဟီး သောင်းကျန်းဖို့ပဲ ဟိုနှစ်ယောက် ပါးလုံးနဲ့ဝက် သူတို့သောင်းကျန်းသွားတယ် ကျွ်တော် နောက်ကျတယ် ဟင့် ဘာဘာ ဘာမှကို မမိုက်ဘူး လစ်ပီ တာ့တာ

ပျောက်သောသူ ရှာရင်တွေ့ တဲ့... တစ်နေ့ တွေ့ မှာပါ...သူ့ အတွက် ဘုရားမှာ ရှိခိုးဆုတောင်းပေးပေါ့... အဲ့လိုချစ်သူမျိုးကို လက် မလွှတ်နဲ့ နော်..ကလေး...:P

အင်း ချစ်သူပျောက်ကြောငြာက တတ်ဖတ်ကောင်းတာကိုးဗျ ...

အမ်မယ်ရေး.... ရေထားပုံလေးက လူကြီး မပြောနဲ့ ငါတောင် ခုန်ပေါက်ပြေးချင်လာပြီ....
အဲတာလေးကို သီချင်းစပ်ပါလားဟင်..... ဟစ်ပေါ့လေ.... ဟီးဟီး...

အွန်မလေးးးးး
အဲ့လို လူကြီးပျောက်သွားတာ ဆိုရင် ဒီတသက် ပြန်ရှာလို့ တွေ့ မယ် မထင်တော့ပါဘူး ။
စိတ်သာလျှော့ထားလိုက်ပါတော့ ..
နွားမ လက်လျှော့ ..အဲ ...နှမလက်လျှော့ နေပါတော့ကွယ် ...

စကားမစပ် .....
အပေါ်မှ သောင်းကျန်းသူ နှစ်ဦး ( ပါးလုံး နဲ့ ဝက် ) တို့ အတွက် အဲ့ လို လူကြီး တွေ နဲ့ တောင် မရလောက်ဖူး ..လူကြီးကြီးတွေတောင် ထွက်ပြေးသွားကြလိမ့်မယ် ....

ဟိဟိ

အဲ့လို လူကြီးပျောက်သွားတာ ဆိုရင် ဒီတသက် ပြန်ရှာလို့ တွေ့ မယ် မထင်တော့ပါဘူး ။
စိတ်သာလျှော့ထားလိုက်ပါတော့ ..
နွားမ လက်လျှော့ ..အဲ ...နှမလက်လျှော့ နေပါတော့ကွယ် ...

စကားမစပ် .....
အပေါ်မှ သောင်းကျန်းသူ နှစ်ဦး ( ပါးလုံး နဲ့ ဝက် ) တို့ အတွက် အဲ့ လို လူကြီး တွေ နဲ့ တောင် မရလောက်ဖူး ..လူကြီးကြီးတွေတောင် ထွက်ပြေးသွားကြလိမ့်မယ် ....

အို.. ယောင်လို့ ဘာပုံကြီးနဲ့ တင်မိပါလိမ်.
အပေါ်ကဟာဖွားကိပါအေ့

ရှာတွေ့ပြီလားဟေ့ ... :D

လူကြီးကရုတ်တရက်ပျောက်သွားတာလား။ ဘာဖြစ်ဖြစ်နေကောင်းပါစေ

ကူရှာပေးမှထင်တယ်..
လူကြီးရေ..အမြန်ပြန်လာပါ...

အင်... ကောင်လေးလား ကောင်မလေးလား...
ကောင်မလေးဆိုရင် တော့...... ဟဲဟဲဟဲ... ကျုပ်လဲ အဲဒါမျိုး ရှာနေတာ...

ကျွန်တော်က 14 ပါမမ အောက်က သူငယ်ချင်းတွေက ဘာတွေဆိုလိုဒါလဲမသိဘူးနော် ဟီးး

ဟွန်း... ၃၀ ရလို့ တင်းနေတာနော်....

ညွှန်းနေတာ မလိုနာတော့ဘူး...
ကိုယ့်ဟာကိုနေရင်းနဲ့တောင် ကိုယ့်ကိုကိုယ် ပြန်ကြည့်နေမိတယ်... ငါရောဆိုပြီးတော့...

ချင်းတောင်းလေးရေ....

လူကြီး စစ်ကျောရေးများရောက်နေလားမသိဘူးလေ..
သူက လူပီသနေတာကို ဟဲဟဲ...

ဒါမှမဟုတ် ပေါ်တာများပါသွားလားမသိဘူးနော်....

နွဲ့ဆိုးဆိုးတာ ခွင့်လွှတ်တယ်ဆိုတော့လေ....

ဟွန်း... အခုမှသိတယ်
လုပ်အားပေးပါသွားတာဟ...

သူက ဆန္ဒတွေ အားလုံးကို လိုက်လျောတတ်တယ်ဆိုတော့လေ...

မပူပါနဲ့ ဟိုမှာ သူပျော်မှာပါ.. ငှက်တွေရှိတယ်လေ....
ဟဲဟဲ ငှက်ဖျားလေ... ဒါတွင်ဘယ်ကမလဲ ငန်းတွေလည်းရှိတယ်.. ငန်းဖျားလေ...
လိုအပ်ရင် Flu တွေပါ ၀င်ကူညီတယ်ဆိုပဲ..။

ဘာမှမပူပါနဲ့ သူပြန်လာမှာမဟုတ်တော့ဘူး
ဟိုမှာက ပျော်ရင် တသက် မပျော်ရင် ၇၅ လောက်တော့ သူပိုင်ဆိုင်ထားတယ်....။

အားမငယ်ပါနဲ့
ဒီတသက် ပြန်ဆုံနိုင်တော့ဘူးလေ... ဟဲဟဲ...
နောက်တာ တကယ်နော်....။

လူကြမ်းကြီး

ငါတို့တွေလည်း ၀ိုင်းရှာပေးမှာပေါ့
အိန်ဂျယ်ကိုယ်တိုင်လည်း လည်ပင်းမှာ စာချိတ်ပြီး လူစည်ကားတဲ့ နေရာတွေ လျှောက်သွားကြည့်လေ။။။
ကြော်ငြာလှည့်တဲ့ သဘောပဲပေါ့။

ကလေးမလည်း လိုလိုမယ်မယ် ယတြာ ချေရမယ်။
လမ်းမအလယ်တလျှောက် နောက်ပြန်လျှောက်ပြီး ပြာလန် ပြာလန် ဆိုပြီး အသံကျယ်ကျယ် မနားတမ်း အော်ရမယ် ။

ဆရာတို့ပညာရပ်အရဆိုရင် ဒါကို ကတ်ကင်း ရိုက်တယ်လို့ခေါ်တယ်။

ယုံယုံကြည်ကြည်သာ လုပ်ကြည့်ပါလေ။
တာဝန်သိပြည်သူတွေရှိပါတယ် ။
ကလေးတွေ့ချင်တဲ့ လူကြီးရှိတဲ့ဆီ ပို့ပေးကြပါလိမ့်မယ်။

တံတားလေး ကမရှိတော့ဘူး ပြောကြတယ် ဟုတ်မဟုတ်တော့မသိဘူး....။

ဟဲဟဲ ခင်လို့စတာနော် စိတ်ဆိုးပြီး ရန်လာမတွေ့နဲ့။

ပျောက်သောသူရှာရင်တွေ့တဲ့
လိုက်သာရှာကွယ်။ထိုင်ရှာရေးနေရင်တော့
ဟိုလူကြီးကိုတွေ့မှာမဟုတ်။
ဟီးးးးးးးးး
ဟိုလူကြီးလဲ လိုက်ရှာနေလောက်ရောပေါ့။သူ့ကလေးကို......။ဆုံတွေခြင်းနဲ့ လူကြီးနှင့် သူ၏ချစ်သူကလေးတို့ နီးစပ်နိုင်ပါစေဂျာ။

အလိုကြော်ငြာတော.မတွေ.ဘူးသေးပါဘူးဗျာ ... ထူးဆန်းပါပေ angel ရာ ... ဒီလိုကြော်ငြာသာ
မဂ္ဂဇင်းတို. သတင်းစာတို.မှာ ကြော်ငြာလိုက်လို.
ကတော. ၀က်ဝက်ကွဲ နာမည်ကြီးမှာသေချာတယ် ဟီးးးးးးးးးးး

ဟေးဟေး တွေ့ပြီကွ .. ငါ့ထက်ရူးတဲ့သူ။ ရူးပ။ ရိုးရိုးနေမကောင်းတာ မဟုတ်လောက်ဘူး။ ဟိုဟာ ရွာသာကြီး သွားရမှာ ...

အင်း ဒီလိုသာသေချာရင်တော့ ပြန်တွေ့ဖို့ခက်တယ်... အဲ့လောက်တောင် ကောင်းနေမှတော့ တွေ့တဲ့လူက ဘယ်ပြန်လွှတ်ချင်ပါတော့မလဲ... ရင်လေးတယ်ကွယ် ရင်လေးတယ်...:P

၆ မှ ၂၀ အထိ အချက်အလက်...
များကို...ရည်းစားဖြစ်ခဲ့ဖူးသူတိုင်းကို...
ပြောခဲ့..လုပ်ခဲ့..ဖူးပါသည်။
အမှတ်စဉ်..၂၁..ကတော့..ဤသို့ပင်..ခြေရာဖျောက်ပါသည်..........

အား ၀င်ကူညီလိုက်ဦးမယ်
ဒီမှာလာသွားတဲ့ သူငယ်ချင်းတွေက တွေ့အောင်မရှာနိုင်ဘူး။ ဒါမီဒီယာလွဲနေတာပဲ။ ဒီကြော်ငြာကို မီဒီယာ ပြောင်းကြော်ငြာမှရမယ်။
ဒူဘိုင်းမှာ အိန္ဒိယက ထုတ်တဲ့ CITY Times သတင်းစာရှိတယ်။ အဲဒီသတင်းစာရဲ့ ဆုံးခါနီး ၂ ရွက်လောက် အလိုမှာ ဒီလိုကြော်ငြာတွေအများကြီးပဲလေ။ အဲဒီမှာကြော်ငြာလိုက်။
ဒါမှမရသေးရင်... B4U Channel မှာ အဲဒီ ၀န်ဆောင်မှုကြော်ငြာပါတယ်။ နာမည်တော့မေ့နေပြီ . တာဇံလေ တောထဲမှာ တစ်ယောက်ထဲနေရတာပျင်းလို့ အဲဒီကို ဖုန်းဆက်လိုက်တာ ကောင်မလေးတစ်ယောက်ရောက်လာတယ်။
တွေ့ဖူးသမျှထဲမှာတော့ အဲဒီမီဒီယာ တော်တော် ကောင်းမယ့်ပုံပဲ...
ဒီဘလော့ဂါမောင်နှမတွေကို သိပ်အားမကိုးနဲ့ အားလုံးက သိပ်မကွာကြဘူး...
မီဒီယာပြောင်းလိုက်...

ပြန်ဆုံနိုင်ပါစေ ညီမလေးရေ.း))

လူကြီး said...

ပြန်လာခဲ့ပါမယ် ခဏစောင့်နော် ...

မင်း

ပျောက်သွားတာ အင်္ဂါဂြိုဟ်မှာထင်တယ်...
လူ့ပြည်မှာတော့ အဲလိုလူမျိုး မတွေ့မိပါဘူး...

းဝ)

အော် သူလဲ လူပျောက်ကြော်ငြာဝင်ထားတယ်။ ဖိုးသင်္ကြန်ကလဲ ကြော်ငြာထားတယ်း) ဘလော့လောကပေါ် တက်ရှာပေးမယ် ခဏလေးစောင့်

လေးစားလျက်
တောင်ပေါ်သား

နီးစပ်ရာ ရဲစခန်းမှာ
အမြန်ဆုံးတိုင်ချက်ဖွင့်လိုက်လေ...
ဒီလိုမျိုးဆိုတာ ကြာသွားရင်မကောင်းဘူး
အမှုဖွင့်သင့်ရင်ဖွင့်ထားလိုက်တော့...
အိုင်စီအေမှာပါလူပျောက်စာရင်းသွားပေးထားပါ။
အစ်မရယ်...
ကျွတ်ကျွတ်ကျွတ်...

အံမယ် မယ်
ဒါက ဘာသဘောဒုန်း
ကြော်ငြာဝင်တာလား :P

ချစ်မမကြီးပြောတဲ့လူကြီးက မီးမီးချစ်ချစ်နဲ့ တူသလိုလိုပဲ..ဟိ..ဒါပေမယ့် တူက(၂၇)ဟုတ်ဘူး..(၂၃):P..မမပြောတဲ့ လူကြီးကိုသိသလိုလိုပဲ..:D

ဝက်ဝံပိစိနဲ့ပါးလုံးတို့အပြိုင်သောင်းကျန်းနေကြ
ပါပေါ့လားဗျိုးးးးးးးးးးး

အသင်ပြောတဲ့လူကိုရှာတွေ့ထားပါသည်
ထိုက်ထန်တဲ့အဖိုးအခရပါမှပြောပါမည်

စိန်စိန်ရေ...ရှာလို့ တွေ့ ဘီ.... ၀၄၈၀၂၈၇၃၆ ကိုဆက်လိုက် .. ပြောပြမယ်

ဘကြီးမိုး

:D

ပေါက်ပေါက်ရှာရှာ