အလုပ်ထဲမှာဗျာ (၁) မှာ မကျနပ်ချက်တွေ ဖွင့်ထုတ်ဖူးတယ်မို့လား။ ဒီတစ်ခါ အလုပ်ထဲမှာ အသစ်ရလာတဲ့ သူငယ်ချင်း မောင်နှမသစ်တွေ အကြောင်း ကြွားရင်း အလုပ်ထဲမှာ ပေါခဲ့တောခဲ့ကြတာလေးတွေ အဲလေ... ပျော်ခဲ့ပါးခဲ့ကြတာလေးတွေ ရေးချင်ပါတယ်။

Angel Shaper တစ်နှစ်လုံး ဒီဆိုင်မှာ တစ်ဦးတည်းသော မြန်မာဖြစ်နေတာ။ ပြန်ခါနီးမှပဲ သူငယ်ချင်းသစ်တွေ ရလာတယ်။ တစ်ယောက်တည်းတုန်းကတောင် တစ်ဆိုင်လုံး ဗြောင်းဆန်နေအောင် သောင်းကျန်းခဲ့တာ ခု Angel Shaper အပါအဝင် မြန်မာလေးယောက်ဖြစ်နေပြီလေ။ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ စဉ်းစား၍သာကြည့်ကြပါကုန်။

Angel Shaper ပထမဆုံးမိတ်ဆက်ပေးချင်တာ အရင်ဆုံးရောက်လာတဲ့ အကိုသူငယ်ချင်းအသစ် မင်းမင်းပါ။ သူကတော့ အေးအေးလေးနဲ့  အင်မတန်အစအနောက်သန်တဲ့သူ၊ Angel Shaper ရဲ့ ထမင်းဗူးကို တာဝန်ယူရတဲ့ သူပါ။ နောက်တစ်ယောက်က ကြိုင်ကြိုင် (ခ) ကြိုင်ကြီးလို့ ချစ်စနိုးခေါ်တဲ့ ကိုကြိုင်သင်းပါ။ သူကတော့ ငါးပိကြော် ဗူးလေးနဲ့  ချဉ်ရည်ဟင်းလေး ပုံမှန်နီးပါး ထည့်လာပေးတဲ့သူပေါ့။ နောက်တစ်ယောက်က ဟင်းချက်ကောင်းတဲ့ ကျော်ဇင်ပါ။ တစ်ခါမှ ဟင်းမချက်ဖူးပါတဲ့။ သူချက်လာတဲ့ ဟင်းမှန်သမျှ ကောင်းလွန်းလို့ ကိုယ်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက် အားပေးလေ့ရှိပါတယ်။

Angel Shaper က တစ်ဦးတည်းသော သူတို့ ရဲ့ ညီမတော်ဆိုတော့ Break အရင်ယူရပါတယ်။ ဒီတော့ကာ ဘယ်ပြောကောင်းမလဲ ကိုသားကြီး ညီမ သမီးကြီးပဲ အစားဆိုရင်တော့ အဟဲဟဲ.......သိတယ်ဟုတ်။ ထမင်းဗူးတွေ ဟင်းဗူးတွေ တစ်ပုံကြီးကို မစားခင် အပြင်ကိုလာကြွှားရတာအမော။ " ကြည့်ကြစမ်းပါဦးဗျာ။ ဘာဖြစ်လို့များ ကျွန်တော် ဒီလို အခွင့်အရေးမျိုးကို ခုများမှ ရတာလဲ။ တစ်လပဲရတော့မဲ့ ဒီအခွင့်အရေးကို လက်မလွတ်သင့် ဟီးးးးးဟီးးးးးး " ဆိုပြီးထွက်အော်ရင် သူတို့ တွေ သာမက ဆိုင်ကလူတွေ အကုန် တဟားဟား အော်ရယ်ပြီး အားကျရတဲ့ အဖြစ်ဗျာ။ ကိုယ်ကလဲ သူတို့ ချက်လာတဲ့ ဟင်းတွေ မှန်သမျှကို ညီမငယ်ပီသစွာ အားပေးခဲ့ရတာ ပေါ့နော်။

နောက်ပြီး အူကြောင်ကြောင်ကောင်တွေများ အကိုတော်တွေဆီကတဆင့် "စကားပြောရင်၊ ရယ်ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ ကောင်မလေးလေ သူ့ ကို ဒီကဒ်လေး ပေးပေးပါ။ သူ့ဖုန်းနံပါတ်ပေးပါ" ဆိုပြီး သူတို့ ကဒ်တွေများ ပေးထားခဲ့တာတို့ ဘာတို့ညာတို့များဆိုရင်တော့ ဆွဲဖြဲကြတယ်။ ဖုန်းနံပါတ်တော့ တစ်ခါတလေ ပေးကြတယ်။ ဟဲဟဲ...ဆိုင်က ဘော်ဘော်ကြီး ( Soul လို့ခေါ်တဲ့ Morocco က Arabic ပါ) ရဲ့ ဖုန်းနံပါတ်ကို ပေးကြတယ်။ ဘော်ဘော်ကြီးကို ခေါ်မိလို့ကတော့ မလွယ်ဘူးမှတ်ပါ။ သူက အသေစားတာပါဆို (ခေါင်းပြောတာ) ဟိဟိ။ ပြီးတော့ သူက ကိုယ့်ရဲ့ ဖိုက်တာလေ။ ကိုယ်လုပ်တဲ့ ပြသနာမှန်သမျှ လိုက်ရှင်းပေး၊ ကာကွယ်ပေးတဲ့ အားကိုးရသူ ဘော်ဘော်ကြီးပေါ့။ အဲသလိုပေါ့ ကိုယ့်ကို ရိသဲ့သဲ့ လာရိရင်တော့ အကိုတော်တွေကော ဘော်ဘော်ကြီးကော နည်းမျိုးစုံနဲ့ ငကြောင်တွေကို ပညာပြပေးကြပါတယ်။ ကိုယ့်ညီမကို ဘယ်သူကများ တစ်ပါးသူလက်ထဲ ရောက်အောင် ကူညီမလဲလေနော်။ အဲလို စိတ်ချရတဲ့ ဘော်ဒီကဒ်တွေ ရထားတယ်။ အဟဲ...

ဆိုင်ကို မြန်မာတွေ စကားတွတ်ထိုးပြီး ဝင်လာတာမြင်ရရင်ဖြင့် လေးယောက်သား တပြုံးပြုံးနဲ့  ဘာမှဝင်မပြောပဲ နောက်ကနေ ဘယ်လိုစရမလဲချောင်းပြီး တစ်ခုခုမေးမှ မြန်မာလိုပြန်ဖြေပေးလိုက်ရင် ဟိုက ကြောင်သွားတာတို့၊ လန့်ဖြန့်သွားတာတို့ ဖြစ်ရော။ အကိုတစ်ယောက် လာလည်တုန်းကဆို လေးယောက်သားလုပြီး စကား လိုက်ပြောကြတာ အမောဗျာ။ ပြီးရင် လေးယောက်သားလုပြီး ပြည်တွင်းဖြစ် ( made in Myanmar) တွေကို လိုက်ကြွားရတာ၊ လိုက်ကြော်ငြာရတာ အမောဗျာ။ ဈေးကလဲ အကြီးဆုံးဗျ။ အဲလိုနဲ့ အဲဒီအကိုကြီးဆို နားပူလို့နေမယ်။ နောက်မလာရဲတော့ဘူး ဟီးးဟီးးးးးးးး အမှန်က SPRINGFIELD ဆိုတာ SPAIN BRAND ပါ။ ဈေးအကြီးဆုံး၊ ဒီဇိုင်းအလှဆုံးနဲ့  အကောင်းဆုံးတွေဟာ ကိုယ့်နိုင်ငံက ထုတ်တာပိုများသလိုဖြစ်နေတော့ ကြွားကြတာပေါ့ဗျာ။ ဂုဏ်လဲယူမိပါတယ်။ ဒီလေးယောက်လက်ချက်နဲ့  လာသမျှ မြန်မာတွေမှာ ခေါင်းတွေ မူးနောက် သွားလောက်အောင်ကို ဧည့်ဝတ်ကျေခဲ့ကြတယ်။

နောက်တစ်ခါကတော့ ကြိုင်ကြိုင်နဲ့ ဘော်ဘော်ကြီးတို့ METRO ရထားစီးတိုင်း ဆုံနေကျ မမလှလှ နှစ်ယောက် ဆိုင်ကိုလာတဲ့ တစ်နေ့ပေါ့။ သူတို့ နှစ်ယောက် ဆိုင်မှာ အကျီ င်္တွေလာကြည့်ကြတယ်။ စကားကလဲ တွတ်ထိုးပြီး ပြောနေကြလေရဲ့။ အကျင့်အတိုင်းစနောက်ကြဖို့ မျက်စပစ်ပြီးကြပြီလေ။ ဘော်ဘော်ကြီးက သူတို့နှစ်ယောက်ကို Metro စီးရင်အမြဲတွေ့တယ်။ ချောတယ်။ သူတို့ ဘာစကားပြောတာလဲ နားထောင်ကြည့်။ ဆိုပြီး ကိုယ့်ကို ဝင်ရောခိုင်းတာပေါ့။ မြန်မာလားတဲ့။ ကိုယ်က သိပေမဲ့ မသိသလိုနေဦး။ နားထောင်ကြည့်မယ် ဆိုပြီး သူတို့ကို လိုက်ကြည့်နေတုန်းမှာပဲ Fitting Room ထဲ အကျီတွေ ဝတ်ကြည့်နေတဲ့ ပြောင်အိုကြီး ( အဘိုးကြီး မို့လို့ပါ) ထွက်လာတော့ သူတို့ တွေတစ်ဖွဲ့တည်း ဖြစ်နေမှန်း သိလိုက်ရတော့တယ်လေ။ ဘော်ဘော်ရော ဟိုသုံးယောက်ရော တစ်ယောက် တစ်လှည့်ကြည့်ပြီး မျက်စိမျက်နှာပျက်သွားရတာပေါ့။ ဘော်ဘော်ကြီးကတော့ ရုပ်ချောလို့ ကိုယ့်ကို ဝင်ရော ခိုင်းတာ အဘိုးကြီးနဲ့ ဖြစ်နေလို့ပေါ့။ ကိုယ်တွေကတော့ သိတယ်မလား နှမြောမိတာပါ။ ကိုယ့်အမ ချောချော လှလှလေးတွေကို လူမျိုးခြား အဘိုးကြီးလက်ထဲ ထည့်ပေးလိုက်ရသလို ခံစားရတာပါ။ ဘော်ဘော်ကြီးက သူတို့ ထွက်သွားပြီးတော့မှမေးတယ် " မြန်မာလား" တဲ့။ ကိုယ်ကလဲ အညံ့မခံ "အရူးးးးးးး နင်ဂျပန်လိုမတတ်ဘူးလား။ သူတို့ ဂျပန်လိုပြောနေတာလေ။ ဟွန်းးးးးး " လို့အရူးကွက်နင်းပြီး သူ့ ကို ဟောက်စားလုပ်ခဲ့တယ်။ ငါကဂျပန်လို နှုတ်ဆက်တာလောက်ပဲ တတ်တာလေတဲ့။ အမှန်ကိုယ်ဆို ဂျပန်လို ဟယ်လို လို့တောင် နှုတ်မဆက်တတ်ပါဘူး။ အဲဒီ မမလှလှလေးတွေကိုတော့ မစမနောက်လိုက်ရပါဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်ရင်အစုံကို နင်းခြေသွားသလိုကို ခံစားရပါတယ်။ တကယ်နှမြောမိတယ် မမတို့ရေ။

အဲ......ကျန်ပါသေးတယ်။ တစ်ချို့ လူမျိုးခြားတွေကို ကြိုက်သလိုနာမည် ပေးခေါ်တတ်ကြသေးတယ်။ ဥပမာ ထိပ်ပြောင်လေး ဆိုရင် (ပြောင်ကလေး၊ ပြောင်လေး)ပေါ့။ ထိပ်က နဲနဲပိုပြောင်ရင် (ပြောင်ကြီး)ပေါ့။ ကတုံး ဆိုရင်တော့ကတုံးပါပဲ၊ တခြားကတုံးတွေကိုတော့(ဆံရှည်)၊ ဆံပင်နဲနဲပဲပေါက်ပြီး ထိပ်ကလေးကွက်ပြောင်နေရင် (ကွက်ကလေးပြောင်)၊ အဲလို အမျိုးမျိုး နာမည်ပေးပြီးခေါ်တတ်ကြတယ်။ တစ်ခါဆို ပြောင်ကြီးတစ်ယောက် အကျီ ဝတ်ကြည့်နေတာ သူနဲ့မတော်လို့ နောက်ဆိုဒ်တစ်ခုတောင်းတယ်။ သွားရှာပေးပြီး ပြန်လာတော့ သူက တံခါးကို ပြန်ပိတ်ထားတယ်လေ။ ကိုယ်လဲ ဘယ်လိုခေါ်တယ်မှတ်လဲ "ပြောင်ကြီးရေ... "လို့ခေါ်လိုက်တာ ဟိုက "ရားးးး" တဲ့ "အလဲ့။ နားလည်တယ်။ ထူးတတ်တယ်တော့" ဆိုပြီး လေးယောက်သား ပြုံးစိစိနဲ့ပေါ့။ နောက်တစ်ခါ မင်းမင်း အလှည့်မှာတော့ "ပြောင်ကြီးရေ.. "ခေါ်တာ ဟိုကမထူးဘူးဗျာ။ သူလဲအကြံကုန် "အဖေရေ...."လို့ ခေါ်လိုက်ကော ဟိုက "ဝေးးးးးးးး" တဲ့ဟဟားးးးးးးးးးးးးး မင်းမင်းခံလိုက်ရတာလေ။ အချောင် ကုလားထိပ်ပြောင်ကို အဖေတော်လိုက်ရတယ်။ အဟိ အဲလို အဲလိုတွေဗျာ။

ကောင်မလေး ချောချောလေးတွေများ သူတို့မောင်ငယ်လေးတွေအတွက် ဈေးဝယ်လာရင်တော့ အဲဒီ ကောင်လေးတွေက ဟိုသုံးယောက်ရဲ့ ယောက္ဖ ဆိုတဲ့ နာမည်ရရောပေါ့။ ကောင်လေးက အကျီ င်္ဝတ်ကြည့်တယ်။ "အဆင်ပြေလား" မေးရင်း ဟိုဘက်ကို "ကြည့်စမ်း ကြိုင်ကြိုင် ငါ့ယောက္ဖလေး "ဆိုပြီး တဖက်ကိုတော့ "ယောက္ဖရေ Size, Ok! " လက်မထောင်ပြလိုက်တာ ဟိုကလဲ "အိုကေ" ပေါ့။ ဟဟားးးးးးးး ကြားထဲက ကောင်လေးငယ် ခမျာ သူ့အမချောချောလေးကို ပေးလိုက်ရတယ်ဗျာ။

ကုလားချောချောလေးတွေများ သေချာပြုံးပြပြီးကူညီပေးကြည့်ပါလား အကိုတော်တွေက လိုက်စတတ်ပါတယ်။ " ကြည့်စမ်း၊ ကြည့်စမ်း သူ့ကောင်ကိုတော့ ပြုံးပြုံးကြီး ကူညီပေးနေတယ်။" ဆိုတာမျိုး။ "နှာခေါင်းကြီးကို ကြည့်ပါဦးဟယ်။" ဆိုတာမျိုး လိုက်စတာ။ ကိုယ်ပဲသိနားလည်တော့ "သေမယ်။ သေမယ်နော်။ ဟွန်းးးးးးးး " လို့ပဲ လိုက်ကြိမ်းနေရတယ်။

လေးယောက်သား ဈေးဝယ်သူတွေကို ခင်ခင်မင်မင် စနောက်ကြတယ်။ ပျော်အောင်နေကြတယ်။ စည်းလုံးကြတယ်။ အားလုံးလဲ အဆင်ပြေပါတယ်။ တစ်ခုခုဆို ကိုယ်က အငယ်ဆုံးဖြစ်ပေမယ့် စီနီယာလိုဖြစ်နေတော့ တစ်ခုခု မေးလို့ ကိုယ်က တစ်ကြိမ်ထက် ပိုပြောပြရမယ်ဆိုရင် "ရှည်လာပြီနော်။ ရှည်လာပြီ။ စိတ်စိတ်။ စိတ်ရှည်လာပြီ" ဆိုပြီး မာန်မဲ မိတတ်သေးတယ်။ သူတို့ကတော့ ခွင့်လွတ်ပါတယ်။ ဗွေမယူကြပါဘူး။ ဒီဆိုင်မှာ သူတို့ကြောင့်ပဲ ကိုယ့်မှာ မောင်နှမ ရတယ်ဆိုပြီး အားတွေပိုရှိလာတာ၊ ပိုပျော်လာတာပါ။ ဘာပဲပြောပြောပေါ့။ ဒီဆိုင်၊ ဒီကုမ္ပဏီမှာ မြန်မာတွေ ရိုးသားတယ်။ အလုပ်ကြိုးစားတယ်။ ဆိုတာတွေကို ကြားရတာ အရသာရှိသလို ဂုဏ်လဲယူမိပါတယ်။ သူတို့ကိုလဲကိုယ်က လိုအပ်တာတွေပြောပြရင်း၊ အကြံပေးနိုင်သလောက်ပေးရင်း (တနည်းအားဖြင့်တော့ စွာပုံ၊ စွာနည်းပေါ့) ပျော်ပျော်ကြီး အလုပ်လုပ်ခဲ့ကြတယ်။ နောက်တစ်ပတ်ပြီးရင် ဒီမောင်နှမတွေကို ခွဲရတော့မယ်။ ခွဲသွားဖို့ အင်အားတော့မရှိသေးဘူး။ ဒါပေမဲ့ခွဲကြရဦးမယ်။ ဘာပဲဖြစ်ဖြစ် ပျော်ခဲ့ဖူးတာတွေ အမှတ်ရနေဦးမှာပါ။
နောက်မှ ဆက်မယ်ဗျာ။ ခေါင်းအားကြီးကိုက်နေပြီ။
အားလုံး ပြုံးပျော်ကြည်နူးနိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
22.10.09 (Thur;)
3:50 Am

36 comments:

ပျော်စရာအမှတ်တရလေးတွေ ရင်ဘတ်ထဲထည့်သိမ်းထားလိုက်နော် ညီမလေး
အမြဲထာဝရ ပျော်ရွှင်ပါစေ.။

ပျော်စရာကောင်းတဲ့ ..အချိန်လေးတွေကြ..အကုန်မြန်လွယ်လိုက်တာ....

Dim လေး
ပျော်စရာလေးတွေလာဖတ်တယ်သိလား
ရှင်နဲပ တွေ့ ဖူးချင်လိုက်တာ အပြင်မှာလေ
လာခေါ်လှည့်

ခွဲခွာခြင်းဟာ ဓမ္မတာပါ သမီးကြီးရေ...ပျော်ရွှင်ခဲ့ရတာလေးတွေကတော့ နောင်အတွက် အမှတ်ယစရာလေးတွေပေါ့... ချစ်စရာကောင်းတဲ့ အစ်ကိုများနဲ့ အလုပ်တူတူ လုပ်ရတာ ကံကောင်းပါတယ်...ပြန်တော့မယ်တဲ့လား...အင်း တို့ များတော့ မပြန်နိုင်သေးပေါင်...

အိမ်ဂျယ် နင့်စာဖတ်ရတာ ငါတောင် ပျော်လာပြီဟဲဟဲ အဲ့လို ဗရုတ်ကျရတာဆို သိပ်ဝါသနာပါ အဟီး
ဒီလိုပဲပေါ့ဟာ တစ်ချိန်ချိန်တော့ခွဲကြရမှာအမှန်ပဲဟာ တစ်ရာနဲ့ဖြေပေါ့ မလောက်ရင်ပြောလေ နောက်ထပ်တစ်ရာပေါင်းပြီး နှစ်ရာနဲ့ဖြေး)) စတာနော် ဟဲဟဲ

ပျော်စရာကြီးပဲ
း))
အိမ်ကျယ်တို့များ ထမင်းဘူးတောင် သယ်စရာမလို
ဟုတ်နေတာ :P

ပျော်စရာလေးတွေ ဖတ်ပြီး ကူးလာသလိုပဲ..း)

မနာလိုဘူး ။ အိမ်ကျယ်တစ်ယောက် ကောင်းစားနေတာ :)))))))

ခင်တဲ့
တလနွန်

ပျော်စရာလေးတွေပါပဲ အဝေးရောက်နေချိန်မှာ တခါတလေ ကိုယ့်မြန်မာချင်းခင်မင်ခဲ့ရတာလေးတွေဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ပျော်ရွှင်မူတွေ ဖြစ်ရပါတယ်။ နောက်လဲ တွေ့ဆုံနိုင်ပါစေဗျာ


လေးစားလျက်
တောင်ပေါ်သား

လုပ်ဖော်ကိုင်ဖက်ကောင်းတွေနဲ့ အလုပ်လုပ်ရတာ ပျော်စရာပေါ့နော...။
အဲလို ဟင်းလည်း ချက်ကျွေးတဲ့ အပေါင်းအသင်းမျိုး လိုချင်လိုက်တာ..

ချစ်စရာကောင်းလိုက်တာနော်.....
ဂနေ့ ဘလော့တိုင်းမှာ ဝမ်းနည်းစရာတွေ ဖတ်နေရလို့ ဝမ်းနည်းနေတာ... သူနဲ့တွေ့မှပဲ ရီနိုင်တော့တယ်....
မီးကြီးရေ....ကျေးဂျူး....

ပျော်စရာလေးတွေ အမှတ်တရ သိမ်းထားလိုက်ပါ ညီမငယ်လေးးး

တော်တော်ဆိုးတဲ့လူတွေ... ဂိုဏ်းဖွဲ့ပြီးသောင်းကြမ်းနေတယ်ပေါ့...
ပျော်စရာပါမမရေ...
တစ်သက်လုံးစာ အမှတ်တရဖြစ်တာပေါ့... ဒီ့ထက် ဒီ့ထက်ပျော်စရာအချိန်တွေပိုင်ဆိုင်နိုင်ပါစေ... :)

ဟေး.. ဟိုင်း..ဟိုင်း..

ဘူမှလည်းကျိဘူး.. ဘာယုတ်နေကြလည်းတိဘူး အင်္ကျီဝယ်မလို့ဟာ..းP

အေးပေါ့..ေ၇ာက်ရာအရပ်မှာ ပျော်အောင်သာနေ အစစ အရာရာ အဆင်ပြေလိမ့်မယ်..

အင်း..
ခွဲရမယ့် အကြောင်းပြောတော့ တစ်မျိုးဖြစ်သွားတယ်ဟာ..

တစ်ဦး မေတ္တာ တစ်ဦးမှာပေါ့ ဖြူစင်ကြယ်လေးရ
ကိုယ့်ကို ချစ်တဲ့ခင်တဲ့သူတွေရှိတော့ အလုပ်လုပ်ရလို့ ပင်ပန်းရင်တောင် ပျော်စရာကောင်းနေတာပေါ့
အလုပ်က ပင်ပန်းရတဲ့အထဲ အလိုလိုနေရင်း စိတ်ရှုပ်စရာတွေနဲ့သာဆို သေပီပဲ
ပျော်ရွှင်ပါစေ ဖြူစင်လေးရေ :)

ဝေးးး
တစ်လပဲကျန်တော့တာလား
ဒါဆိုနင်အရင်အိမ်ရောက်မှာပေါ့
ငါ့မှာသုံးလကြီးတောင်ကျန်သေး
လေတယ်ဝေးးးး

သားကြီးညီမကို“ကြောင်”ချင်နေတဲ့ကောင်
တွေကို
ဝိုင်းသမပေးကြတဲ့ ဟိုအစ်ကိုတော်တို့ကို
သားကြီးကလည်းကျေးဇူးတင်ပါကြောင်း

တစ်ယောက်နာမည်ကလည်းကြံကြံဖန်ဖန်
“ကြိုင်ကြိုင်”တဲ့လား
အဲဒီနာမည်ကြီးကသိပ်မမိုက်ဘူး
ဟိုအဒေါ်ကြီးကိုသွားသတိရလို့

မမလှလှလေး လူမျိုးခြားအဘိုးကြီးလက်ထဲရောက်နေတာ
သိရတော့ ဘာမဆိုင်ညာမဆိုင် စိတ်မကောင်းဖြစ်မိတယ်
ဒီမှာလည်းအမြဲတမ်းတွေ့တယ်
ရွှေမငယ်ငယ်လေးတွေ ရွတ်တွစုတ်ပြတ်နေတဲ့
ဒီနိုင်ငံသားအဘိုးကြီးတွေနဲ့တွဲနေကြတာ
ကိုယ်ဘာပြောလို့ရမှာလဲနော်
ကိုယ်နဲ့လည်းဘာမှမဆိုင်ဘူး
သူ့အကြောင်းနဲ့သူပေါ့လေ

သမီးကြီးရေ
အိမ်ရောက်သွားရင်လည်းဘလော့ကိုပစ်မထား
နဲ့ဦးနော် သိလား
နင်မရှိလည်းငါအမြဲလာလည်မှာပေါ့

တိန် တိန် တိန် ဆေးသောက်ပါဆို ပေနေတယ် နင်ဟာလေ.......အိမ်းးးး အိမ်ကျယ်က ဆိုးသာဆိုးတာ လူချစ် လူခင်များတယ်ဟုတ်.. ကြည့်ပါဦး ဘိုကျထားတာ မနည်းမနောပဲ နင်ဟာလေ တိန် ပျော်စရာကြီးဟာာာ ခွဲရမယ်ဆိုတော့ စိတ်တောင် မကောင်းဘူး ကျန်းမာ ချမ်းသာပါစေ ပုပ်ရေ

ဟယ်..အိမ်ပြန်တော့မလို့လား

ကျောင်းတက်ရတော့မှာပေါ့..ဟုတ်လား

ပျော်နေတဲ့ပုံနဲ့..။



မိုးမင်းကြီး

အောင်မာ ကြွားသဟ သူ့မှာ ဘော်လီကပ် ရှိကြောင်း ကြွားတယ် ဟွန်းးးးငါ့ဦးလူထွေးနဲ့ ကိုဇော်က ဘယ်ရောက်နေမှန်းကိုမသိလို့ နာ အခု ခြေထောက်တောင် နာနေပြီ

အိန်ဂျယ်ရေ ကုလားက နားလည်တယ်နဲ့ တူတယ်နော် အဖေ ရေ ဆိုတော့ ဝေးးးး တဲ့ဟားဟားးးးးးး

ပျော်စရာကြီးနေမှာနော် သမီးကြီးရေ ရောက်တဲ့နေရာမှာ ပျော်အောင် နေတတ်တာ တပန်းသာပါတယ်ကွာ

ဘိုင် တာ့တာ

အမလေး ဖေသားကြီးတို့များ အပြောကတော့ ရွှေမန်းပဲ ဟဟဟ နေ့တိုင်း သမီးကြီး ဘလော့ဂ် လာလည်မယ်ဆိုပဲ အရင်ကဖြင့် ပျောက်သွားပြီးတော့များ ငါတို့မှာ စိုးရိမ်လိုက်ရတာ ဘာဖြစ်ကုန်ပြီလဲပေါ့ မြန်မာပဲပြန်ရောက်ပြီလား နေများ မကောင်းဘူးလားပေါ့ ပြီးတော့ မှ ကိုယ်တော်က ဓာတ်ပုံဆိုင်(photoshop) နဲ့ အလုပ်ရှုပ်နေတာဆိုပဲ ဟွင်းး တော်ပြီ ပြောကိုမပြောချင်ဘူး(ဒေါ်မြလေး လေသံ)

တော်သေးတယ်
သူ့ချစ်ချစ် ဘလော့ဂါမမတွေ တခါတရံ လာသောင်းကျန်းတာ မပါလို့ ဟိဟိ....
ကျေးဂျူးတင်တယ်နော်...
မေ့ပြီး မရေးထားတာကို...

နှင်း

ညီမလေးစာဖတ်ရင် အမြဲလို ပြုံးရယ်ရတယ်။ မြန်မာအမျိုးသမီးလေးနှစ်ဦးအကြောင်းက လွဲရင်ပေါ့။
ဟိုပြန်ရောက်လည်း စာရေးမပြတ်နဲ့နော် ညီမလေး။
ညီမလေးစာလေးတွေ ဖတ်ရတာ စိတ်ချမ်းသာလို့။

အစားသောင်းကျန်းတာ ထည့်မပြောလည်း သိပါတယ်

ပျော်စရာတွေနဲ့ ခွဲသွားရတယ်ဆိုပေမယ့် မိသားစုနဲ့ ပြန်ဆုံရင် စိတ်အေးချမ်းသွားရမယ်ထင်ပါတယ်။

ပြောထားသလိုပေါ့ ပြန်ဆုံတွေ့ကြအုံးမှာပါ...။

အလုပ်မှာပျော်တာမင်္ဂလာတစ်ပါးပါ...

ဒီလောက်ပျော်စရာတွေကို ဖတ်ရတော့ မနာလိုတောင် ဖြစ်လာတယ်ဟေ့ ...

ကိုယ့်ညီမက..ကံကောင်းတာပေါ့နော်..
မြန်မာတွေအများကြီးနဲ့တဆိုင်ထဲနေရတာ..
ပျော်ရွှင်ပါစေရှင်....

တွေ့ဆုံခြင်းအစ ခွဲခွာခြင်းအဆုံးတဲ့... ဟင့်

လွမ်းနေရဦးတော့မှာပဲ....း(

မယုံကြနဲ့ဟေ့
မြန်မာကို မြန်မာမှန်းမသိတဲ့ ထဲမှာ
သူလည်းပါဖူးတယ်ဟေ့...

ကျွန်တော် ရယ် အစ်ကိုကြီးတစ်ယောက်ရယ်သူ့ဆိုင်သွားတုန်းက
ကြောင်တောင်တောင်ဖြစ်နေတာသူဗျ

မယုံရင် မေးကြည့်

စိတ်မကောင်းပါဘူးကွယ်.... တွေ့ဆုံကြုံကွဲကြရတာ ဓမ္မတာပါ

ဂျယ်ကြီး နင်ပြန်တော့မယ်ဆို အေးဟာ မမြင်ဘူးပေမဲ့ 
ခင်တဲ့ ဘလော့က သူငယ်ချင်းတစ်ယောက်ခွဲသွားတော့မယ်
ဆိုတော့ စိတ်မကောင်းပါဘူးဟာ :(

:) Good luck to you, sis.

Shaper လေးရေ။ရေးတက်၊ ရေးထားလိုက်တာများ
အာကျချီးကျူးမိပါရဲ့။ ဖတ်ရင်းနဲ့ ပြုံးနေမိရော။
ပျော်တက်တဲ့ မနောလေးကလဲ ကြည်နူးစရာ။
ပြန်တော့မယ်ဆိုတော့ ပြန်မလာတော့တာလား။
အေးချမ်းပါစေ...Angel လေးရေ။
.....ခင်မင်လျှက်....ခင်မာလာအောင်...:)