Angel Shaper လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ကျန်းမာရေးတွေ ချူချာလိုက်တာ တုပ်ကွေးဖြစ်လိုက်၊ လေးဘက်နာဖြစ်လိုက်နဲ့ ဘယ်မှမလည်မပတ်နိုင်ဖြစ်နေလို့ သူငယ်ချင်းမောင်နှမတွေကိုလွမ်းနေပါတယ်။ (အရင်ချွဲပြလိုက်ဦးမှ... အဲလေ...ချွဲပြတယ် ထင်ကြဦးမယ်။ ဂယ်ပြောတာပါဂျာ)

လွန်ခဲ့တဲ့ တပတ်လောက်က လေးဘက်နာတွေ ပြန်ဖြစ်ပြီး တံတောင်ဆစ်က အရိုးကြီးတွေကိုက်လို့ ဘာလုပ်ရမယ် မှန်းလဲမသိဘူး။ ဆေးခန်းသွားပြဖို့ကလဲ ဆေးခန်းကပေးမဲ့၊ သောက်ရမဲ့ဆေးတွေကို ကြောက်လို့ မသွားချင်၊ အဲလို ပေတေနေလိုက်တာ။ ညညတောင် အိပ်မရအောင် ကိုက်လာတဲ့အဆုံးတော့ ဆေးခန်း ပြေးရပြီပေါ့။ ပြန်လာတော့ မသက်သာလို့ တစ်ခုခုလိမ်းမှဆိုပြီး လိမ်းဆေးလိုက်ရှာမိတယ်။ လိမ်းဆေးကလဲ ရှာမတွေ့တော့ ရှာတွေ့တဲ့ အကြောတွေ၊ ကြွက်သားတွေ နာရင်ဖျန်းတဲ့ Spray ဗူးကို ဒါလဲ ပူတာပဲလေ အဆင်ပြေမှာပါ ဆိုပြီး ကိုယ့်ကိုယ်ကို ဒေါက်တာရမ်းကုလုပ်လိုက်တာ......ဘယ်ပြောကောင်းမလဲ Allergy ဖြစ်တယ်လေဗျာ။ ဘယ်ဘက်လက်တစ်ခုလုံး ထုံကျင်ပြီး ယောင်ကုန်ရော။

အဲဒါ...ဘယ်လို လုပ်ရမယ်မှန်း မသိဘူး။ အခန်းထဲမှာကလဲ ဘယ်သူမှမရှိဘူး။ အွန်လိုင်းပေါ်မှာ သူငယ်ချင်း မောင်နှမတွေတော့ ရှိတယ်လေ။ ကိုမြစ်(မြစ်ကျိုးအင်း)ကိုတွေ့လို့ ပြောပြတယ်။ "အကိုရေ၊ သမီး ဒီလိုဒီလို ဖြစ်တယ်" ဆိုတော့ သူကလဲ ဖွားကီ့ကို လှမ်းမေးပေးတယ်။ ချစ်မကြီးမနှင်း (နှင်းနဲ့မာယာ) ကိုလဲတွေ့ လို့ "ချစ်မကြီးရေ သမီး ဒီလိုဒီလို ဖြစ်တယ်၊ ဟင့်ဟင့်" ဆိုပြီး ချွဲမိပြန်ရော.. သူကလဲ ကိုယ်တို့ ဒူဘိုင်းက ဆရာဝန် ဒေါက်တာမမဆုမွန်ကို ဖုန်းဆက်မေးပေးရှာတယ်။ ပါးလုံးကိုလဲ မရှောင်ဘူး။ "သူငယ်ချင်းရေ...ငါလေ ခု ဒီလို ဖြစ်နေတယ်ဟယ်။" ဆိုပြီး ငိုမိပြန်ရော...လူက ထူပူနေတာကိုးးးးးးးးးးး တွေ့ ရာလူကို ဒုက္ခပေးရတော့တာပေါ့။ သူလဲ သူသိသလောက် ဆေးတွေ ညွှန်းပေးရှာတယ်။ ဝက်ကလေးကတော့ သိတဲ့အတိုင်းပဲ ကြင်ကြင်နာနာနဲ့ အားပေးရှာပါတယ်။ "သမီးကြီး အိန်ဂျယ်ရယ် မသေနိုင်ပါဘူးဟယ်" တဲ့။ ငိုရမလို၊ ရယ်ရမလိုဖြစ်ရတာပေါ့။ ဝက်လေ အဲလိုပြောရက်တယ်။ ဟင့်ဟင့် (လူမဆန်လိုက်ပုံ...အဲလေ... က်မဆန်လိုက်ပုံများ ပြောပါတယ်။။ ဟွန်း)

အွန်လိုင်းနေတဲ့ အဒေါ်ကလဲ စိတ်ပူပြီး ဆေးခန်းမြန်မြန်ပြန်သွားနဲ့ အတင်းနှင်လွှတ်နေပြီ။ အဲဒီအချိန် အကိုမြစ်က "သမီးကြီးရေ ဘာမီတွန် ၂လုံးသောက်၊ ရေခဲအိတ်နဲ့ ယောင်တဲ့နေရာကို အုပ်လိုက်လို့ မကီပြောတယ်" တဲ့။ ချစ်မကြီးကလဲ မမဆုမွန်ဆီက ဆေးတွေလိုက်ညွှန်းနေတယ်လေ။ "ဘာမီတွန်၊ စီထရင်း၊ အလက်ဇန်" တွေ သောက်ရမတဲ့။ ဟင်...ဘာဆေးတွေလာပြောမှန်းမသိဘူးဆိုပြီးးးးးးး ကြံရာမရတဲ့ အဆုံး တစ်ဖက်ခန်းကိုပြေး ဘာမီတွန်သွားရှာပြီး ၂လုံး သောက်ချလိုက်တယ်။ ရေခဲသေတ္တာထဲက ရေခဲတုံးတွေကို အ၀တ်နဲ့ သေချာထုတ် ဒါပဲ အုပ်လိုက်တယ်။ တအောင့်နေတော့ အယောင်က တဖြည်းဖြည်းလျော့ကျလာပြီး ရင်ထဲက အလုံးကြီးလဲ တဖြည်းဖြည်းကျလာတယ်လေ။ ဟူးးးးးးးးးးး ဒါဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် Angel Shaper အတွက် တကယ်မမျှော်လင့်ပဲ ခြောက်ခြားခဲ့ရတဲ့ Accidental Allergy ပါပဲ။

ဒီလိုရောဂါတွေ သက်သာပြီးတော့ အိမ်ပြောင်းတာနဲ့ တိုက်ဆိုင်ပြန်ကော......... အိမ်သစ်မှာ နက်မရသေးလို့ သုံးလေးရက် စောင့်ရတယ်။ နက်ရတဲ့နေ့ သောင်းကျန်းမယ်လို့ ကြံရွယ်တုန်းရှိသေး ဟိုတစ်ခါဖြစ်တာဘယ်လက် ခုက ညာဘက်ပြန်ကိုက်တယ်လေ။ ဒီတော့ မနက်အိပ်ရာနိုးတာနဲ့ ချစ်မကြီး မနှင်းကို ဖုန်းဆက်လိုက်တယ်။ သူက "ချစ်ညီမရေ ဆေးဝယ်လာမယ်" တဲ့။ သူကိုယ်တိုင် အစားလာကျွေး၊ ဆေးတွေ တစ်ပုံကြီး ဝယ်တိုက်တယ်။ အဲဒီဆေးတွေ သောက်ပြီး ခုငြိမ်နေရတယ်လေ။

မပြန်ခင် သောင်းကျန်းလိုက်ဦးမဟဲ့လို့ စိတ်ကူးရင်း ပျော်နေတဲ့ သနားစရာ Angel Shaper မှန်းချက်နဲ့ နန်းထွက် မကိုက်ဘူး ဖြစ်ရပြီပေါ့။ ခုတော့ ချစ်တဲ့ အကိုအမတွေ၊ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု၊ ဆုတောင်းမေတ္တာပို့သမှု တွေကြောင့် သက်သာလာလို့ နောက်နေ့ ကစပြီး ဘလော့တခွင် ပြဲပြဲစင်အောင် ဝင်ရောက်မွှေနှောက် သောင်းကျန်း နိုင်တော့မယ်လို့ မျှော်လင့်မိပါကြောင်းနှင့် ဆေးကုပေးတဲ့ မမဆုမွန်၊ ဖွားကီနဲ့ ကိုယ်စားလှယ် ဆရာဝန် ကိုမြစ်၊ မကြီးနှင်း၊ သူငယ်ချင်းညီမတွေဖြစ်တဲ့ ပါးလုံးနဲ့ ဝက်စုတ်၊ စလုံးကနေ စိတ်ပူပြီး "ဆေးခန်းသွား၊ ဆေးသောက် ပေတယ်၊ တေတယ်" လို့ ဖုန်းဆက်ပြီးဟောက်ဖော်ရတဲ့ သူငယ်ချင်း ရေတမာ၊ "ချင်းပိန်...နင့်လက်နှစ်ဖက်လုံး ဖြတ်ပလိုက်ဟာ ရှုပ်တယ်" ဆိုပြီးကြင်နာတဲ့ အားပေးမှုနဲ့ အကြံပေးတဲ့ သူငယ်ချင်းလကြီး (တလနွန်)၊ "ညီမလေးရေ...အအေးမခံနဲ့၊ ခဏခဏဖြစ်ရင် နှလုံးရောဂါပါဖြစ်တတ်တယ်၊ ဂရုစိုက်နော်။ အိပ်ရေးဝဝ အိပ်ပေးရတယ်" လို့ အားပေးနားချသွားတဲ့ ကိုဘိုကြီး(ကိုမိုးကုတ်သား)၊ "င့ါအမေ သောက်တဲ့ မြန်မာဆေးတွေ မေးပေးထားမယ်။ ပြန်လာရင် အဲဒါနဲ့ သေချာကုလိုက်ရင် ကောင်းသွားလိမ့်မယ် သယ်ရင်းနော်။ ဘာမှအားမငယ်နဲ့ " လို့ အားပေးသွားတဲ့ သူငယ်ချင်း နန်းဝေ (ချစ်နန်းဝိုင်)၊ စီဘောက်စ်က တစ်ဆင့် စိတ်ပူပြီး လာအော်၊ လာမေးကြသူတွေ၊ ဆုတောင်းပေးသွားကြသူတွေ၊ သူငယ်ချင်းမောင်နှမများ အားလုံးကို ကျေးဇူးကြီးကြီးတင်ပါတယ်လို့။

ကျေးဇူးတင်တယ် ဆိုတဲ့ စကားကို ကျေးဇူးတင်လို့ တင်မှန်းသိအောင်တောင် ပြောမပြတတ်၊ ဖော်မပြတတ်တဲ့ Angel Shaper ချင်းတိုင်းရင်းသူလေး တစ်ယောက်ကို နားလည်ပေးစေချင်ပါတယ်။
Angel Shaper ရှင်းရှင်းလင်းလင်း မြန်မာလိုပဲပြောတော့မယ် အားလုံးကို ကျေးဇူးတင်သလို လေးစားချစ်ခင်ရပါတယ်ဗျာ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
3.11.09 (Tue;)
2:45 Am

23 comments:

ညီမလေးရေ...
နေကောင်းသွားပြီလား...အခု...
ပြန်ရတော့မယ်...ဆိုတော့ပျော်နေတယ်နဲ့တူတယ်...။

ဟေ
ဘယ်တုန်းကကောက်တင်လိုက်တာတုန်း
ဘာမှလည်းအကြောင်းမကြားပါလား
၁လည်းယူလို့ရတော့ဝူးးးးးး
ပြဿနာပဲ

ငါတော့ကျန်းမာရေးချူချာလာရင်အရက်
သောက်ပစ်လိုက်တာပဲ ဟိဟိ

ဝေးးးး
Allergy(ခ)ထော်လာဂျီအကြောင်းညကပဲ
အစ်မခိခိဆီမှာဖတ်ခဲ့ရတယ်
နင်ဖတ်ပြီးပလား
သွားဖတ်ဦး

“မသေနိုင်ပါဘူး”တဲ့လား
ပြောစရာလားဝက်ကလေးရေ
တော်တော်ချစ်ကြပုံရတယ် ခွိ ခွိ
အဲလိုသိရင်အဲနေ့gtalkဖွင့်ပါတယ်ဟာ
ဘာမှမကူညီနိုင်တောင် အနည်းဆုံးနင်ပျော်အောင်စကားပြောပေးလို့ရတယ်

မပြန်ခင်နောက်ဆုံးရက်တွေထိ
ဘလော့ဂင်းသွားကြမယ်လေ
ကောင်းဘူးလား
ပျော်ပျော်ပါးပါးပေါ့
လှေလှော်သွားကြတာပေါ့ :P
(စိတ်မရှိနဲ့ဟာ ငါ့လက်က အကောင်းကိုရေးလို့မရတော့ဘူး စိတ်ပိန်တယ်)

သက်သာလို့တော်သေးတာပေါ့ကွယ်.... Allergy ဖြစ်တတ်ရင် ဘာမီတွန်အမြဲဆောင်.... ကိုက်တတ်ခဲတတ်ရင် ပါရစီတမောအမြဲဆောင် သိလား... ဒို့လဲ အဲဒီနှစ်မျိုးအမြဲဆောင်ထားရတယ်

ချစ်ညီမ
ဆေးမှန်မှန်သောက်ပါ ဒါပဲ...

မနှင်း

ဟဲ့ငါပြောသားပဲ မသေနိုင်ပါဘူးလို့ နောက်တခါ ထပ်မဖြစ်ချင်ရင် အဲဒီလက်ကို ဖြတ်ပလိုက် ဟိဟိ ဒါဆိုရင် စိတ်ချ ထပ်မဖြစ်တော့ဘူး ဟဲဟဲ

ပုဇွန်နဲ့ လိမ္မော်ရည် ရောသောက်ရင် ပျောက်တယ်(အသက်) တဲ့ ဖွားကိ ရေးထားတာရှိတယ် အဲဒါ စမ်းကြည့်ပါလားလို့ ဟိဟိ

အောင်မာ ဖေသားကြီး ဘာအခုမှ g talk ဖွင့်မယ်လေး ဘာလေးနဲ့ သူ နော် သူ အလကားနေ အလကား ဓာတ်ပုံဆိုင်(photoshop) ပဲလိုက်လိုက်ပြင်နေတာမလား ဟွန်းး ဟွန့် ဟွန့်

အင်းနော် Accidental Allergy မို့တော်သေးရဲ့ Accidental Dead ဆိုလို့ကတော့ ငါတို့ သမီးကြီး ဘလော့ဂ် ဂင်းနိုင်မှာတောင်မဟုတ်ဘူး ဟဲဟဲ

ဟေ့ ဆိတ် အဲ စိတ်မရှိနဲ့ဟာ ငါလဲ ဖေသားကြီးသမီးဆိုတော့ ဖေသားကြီးလိုပဲ (စိတ်မရှိနဲ့ဟာ ငါ့လက်က အကောင်းကိုရေးလို့မရတော့ဘူး စိတ်ပိန်တယ်)
အဲ အဲ လို ဖြစ်နေလို့ သိလား ဟိဟိ

မသက်သာ သေးရင် သက်သာဆပ်ပြာမှုန့် ပို့ ပေးမလို့ ပဲ သာမီးဂျီးရယ် .. ခုတော့ မသေကောင်း မရှင်ကောင်း အလန့် ထညက်ပါလားအေ .. . ဂရုစိုက် ဦးနော် .. အိမ်ပြန်ရတော့မယ်ဆိုလို့  ဝမ်းနဲ မှောက်ရက် ဖစ်မနေနဲ့ဦး ..
ဆေးကိုတော့ သေချာ ဂရုစိုက်သောက်ပါ ။
ပေါ့သေးသေး လုပ်မနေနဲ့  ။ နှလုံး ထိမှ သုံးလုံးလဲ မကယ် နိုင် ဖြစ်နေမယ် .... .

ဟီးး.. အဲ့ ဒီ ရောက်ရင် လာတွေ့ မယ်နော် ..
ရှောင်နေ ..ဟေးဟေး ..

ကျန်းမာရေး ဂရုစိုက်ပါ ဖြူစင်ရေ... နေပြန်ကောင်းလာတာ ၀မ်းသာပါတယ်

နေကောင်းသွားပြီနော်...good

်မသေကောင်း မပျောက်ကောင်း...
အလာဂျီဆိုပေမယ့် ပေါ့ပေါ့တန်တန်မနေပါနဲ့...
အခန့်မသင့်ရင်....

အမလေးဗျာ..
တွေးတောင် မတွေးရဲဘူး...

းဝ)

ပျံရတော့မယ်ဆို...

အိမ်ဂျယ်ဆိုတော့ အတောင်ပံသေးသေးလေးနဲ့လည်း ပျံနိုင်တာပေါ့နော်...

းဝ)

ဘာပဲဖြစ်လာလာ စိတ်အေးအေးထားပါ

တကူးတကတော့ ကျေးဇူးတင်ဘို့မလိုပါဘူးလေ

တယောက်ကိုတယောက် ကူညီကြရမှာပဲ မဟုတ်လား

ဟိုနေ့တွေထဲက ရောက်သေးတယ်

စာလည်းဆက်ဖတ်လို့မရလို့ ပြန်သွားတာ

အခုရော ဘယ်လိုနေသေးလဲ

မတွေ့တာကြာလို့ တွေ့မှပဲ သတင်းမေးတော့မယ် :)

နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ်...

ဟယ်... သမီးကြီး နေမကောင်းဖြစ်နေတာ မသိဘူးဟယ်.... နေကောင်းသွားတော့ ဝမ်းသာ တယ်နော်.... မငိုနဲ့.... မငိုနဲ့.... ပြန်ရတော့မှာ.... တိတ်တိတ်....