ဒဒွေး မောင်နှမများရဲ့ အမှတ်တရ စကားလုံးလေးတွေ ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။ သူတို့ရင်ထဲက ဆုတောင်းလေးတွေ အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။
"ငါ့လက်ကို ဖြတ်ချင်တယ်ဟာ။ နင့်အတွက် ကဗျာလေးတစ်ပုဒ်တောင် စပ်မပေးနိုင်ဘူး။ ဒီညကစပြီး နင့်အတွက် အမှတ်တရ ကဗျာလေး ရေးကြည့်မယ်နော်" လို့ ချွဲသွား၊ အချစ်ပြသွားတဲ့ သမီးကြီး အိန်ဂျယ်ရဲ့ အကိုတော် ကိုသားကြီး ရဲ့ ကဗျာလေးကိုလဲ မျှော်နေပါတယ်။ မပြန်ခင် Angel Shaper နဲ့အတူတူ အားလုံးပဲ ဖတ်ခွင့်ရမယ် လို့လဲမျှော်လင့်မိပါကြောင်းးးးးးးးး (ထင်တော့မထင်.. အဟဲ)

ဒါကတော့ ကိုလင်းကြယ်ဖြူရဲ့ အမှတ်တရ စကားလုံးလေးတွေပါ။

သူငယ်ချင်း Dim ရေ....
ခဏလေးပဲ တွေ့ကြရတာဆိုပေမယ့် တကယ့်မောင်နှမအရင်းတွေ သူငယ်ချင်းအရင်းတွေလို ခင်မင်မှုတွေက မှတ်တမ်းတစ်ခုအဖြစ် အမြဲရှိနေမှာပါ... ကန့်သတ်တားဆီးလို့ မရနိုင်တဲ့ အချိန်တွေနဲ့ ဘဝ အနေအထားတွေ အရ တို့တတွေ ပျော်လို့တောင်မဝသေးခင် အခြေအနေအရ နယ်ခြား အရပ်တစ်ပါးကို အောင်မြင်မှုတွေ ရယူနိုင်ဖို့ အားမာန်အပြည့်နဲ့ ရွက်လွှင့်မယ့် သူငယ်ချင်းအတွက် အားသစ်မာန်သစ်တွေ ရယူနိုင်ပြီး လိုရာ အောင်ပန်းကို ဆွတ်ခူးနိုင်စေဖို့ဘာမှ သိပ်မကောင်းပေမယ့် တတ်စွမ်းသမျှ လက်လှမ်းမီသလောက်လေး အားစိုက်ရင်း ရင်ထဲကထွက်ကျလာတဲ့ စာစုလေးတွေကို လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ....

တရုတ်တန်းက ကြေးအိုးဆိုင်ရယ်၊ ဝက်သားဆိုင်ရယ်၊ ကာရာအိုကေ စက်ကြီးတစ်လုံးရယ်၊ ရေခဲမုန့်ချိုချို အေးအေးလေးတွေရယ်၊ Noodle House ရယ်၊ (Wild Wadi,Water Park)ရေကမ္ဘာ အပန်းဖြေဥယျာဉ်ကြီးရယ်၊ Ski Dubai က Snow Park ရယ်၊ နောက်ဆုံးတော့ ဒူဘိုင်းဆိုတာကြီးရယ်က ငါတို့အားလုံးနဲ့ နင့်အတွက် ထာဝရ အမှတ်တရ ရှိနေမှာပါဟာ....
တချိန်ချိန် တနေ့နေ့ တနေရာရာမှာ ငါတို့တွေ နင့်ကို ဝမ်းသာအားရပြန်တွေ့ခွင့် ရခဲ့မယ်ဆိုရင် တို့တတွေ အဲ့ဒီအချိန် အဲ့ဒီနေ့မှာ ငယ်မူပြန်လို့ လတ်ဆတ်တဲ့ပျော်စရာတွေကို နောက်တစ်ဖန်ပွေ့ပိုက်ရင်း ပျော်လိုက် ကြတာပေါ့နော။ ငါနှုတ်မဆက်တော့ပါဘူး။ လူချင်းသာ ဝေးကြရတာပဲ၊ ရင်းနှီးမှုတွေကို အချိန်တွေနဲ့ အနေအထားတွေက ဘယ်လိုမှ တိုက်စားမသွားနိုင်ဖူးလို့ ယုံကြည်လို့ပါပဲ....

လာမည့်အနာဂတ်၊ နင့်ရဲ့ အနာဂတ်အတွက် လိုသလိုသုံးရအောင် ငါကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ရယ်၊ ငါကိုယ်တိုင် ခံစားရင်း နှုတ်ဖျားကထွက်ကျလာတဲ့ ခံစားမှုစာစုလေးတွေကို နင့်အတွက် အမှတ်တရလက်ဆောင် ပေးလိုက်ပါရစေ။ တစ်ထောင့်တစ်နေရာကနေ အထောက်အကူ နဲနဲလေးလောက် နင့်အတွက်ဖြစ်စေမယ်ဆိုရင် ကဗျာလေးတွေက တကယ်ကို အမှတ်တရပေါ့နော။

ငါ ဖတ်ရင်းအားမာန်တွေခဲ့တဲ့ ကဗျာလေးတစ်ပုဒ်က ဆရာကြီး ဦးဘဂျမ်းရဲ့
အောင်နမိတ် အောင်စိတ်

အနင်းခံရတဲ့ မြက်ပိုသန်သတဲ့
အကျဉ်းစံရတဲ့ ငှက် ပို ပျံနိုင်လိမ့်မယ်။

အခက်အခဲတွေ့ က
ဖျက်ခွဲ၍ ပစ်ကြလော့။

ရက်ရှည်ရကောင်းလားလို့
မျက်ရည်မကျနဲ့။

အဲကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။

အကြောက်သန်အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာနဲ့။

ရှေ့ကိုသာဆက်လျှောက်
တစ်နေ့နေ့မှာ ရောက်ရမယ်။

မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲ ခြင်းစိတ်ဓါတ်နဲ့
နမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့။

ဆရာကြီး ဦးဘဂျမ်း

ပြီးတော့ ကိုယ်တိုင် တတ်စွမ်းသလောက် နဲ့ လက်လှမ်းမီသလောက် မတတ်တခေါက်နဲ့ .....
ဆက်လျှောက်

စိတ်ပျော့ဖောက်ပြန် ကြောက်တာသန်ရင်
နောက်မှာကျန်ကာ ဆွေးမယ့်အရေး
တွေးလို့အမှန် ရဲရဲလျှောက်
နဲနဲလောက်မှ အားမလျော့လေနဲ့။

အချိန် နဲ့ ရက်စွဲ

နာရီနဲ့ ပြက္ခဒိန်ထဲ က
အချိန် နဲ့ ရက်စွဲတွေ
ဖက်တွဲကာ စည်းချက်ညီညီပြောင်းလို့
အလီလီဟောင်းသွားတဲ့ စက္ကန့်နဲ့နေ့ရက်တွေကို
ပွေ့ဖက်နမ်းချင်တဲ့ ဆန္ဒရှိလို့ ပြန်တောင်းချင်တောင်
ကံအကြောင်းမညီလို့ သူတို့ပြန်မလာနိုင်တော့ဘူး......

လင်းကြယ်ဖြူ


ဒါကတော့ ဦးပီ (ကိုပီတာရဲ့ အတွေးပုံရိပ်များ)ရဲ့ အမှတ်တရ စကားလုံးလေးတွေပေါ့။

ချစ်စရာကောင်းတဲ့ ညီမလေးနဲ့ သိရတာဝမ်းသာပါတယ်။ ချစ်ခင်သူဝိုင်းဝိုင်းလည်တယ်ဆိုတာ ဒါ ပါရမီတစ်ခု ပေါ့နော်။ ဒီတိုင်းချစ်လို့ရတာမဟုတ်ဘူးလေ။ သူ့မှာချစ်မွှေးပါလာလို့ပေါ့။ ဘာပဲဖြစ်ဖြစ်အားလုံးအောင်မြင်ပါစေ။

ယုံအောင်လဲပြောတတ်၊ လွမ်းအောင်လည်းချွဲတတ်တဲ့ တောင်ပေါ်သူလေးရေ....
ဘ၀သံသရာဆိုတဲ့ ရထားကြီးပေါ်မှာ....
ခဏတာဆုံတွေ့ ခင်မင်ခဲ့ရတဲ့အတွက် ၀မ်းသာကျေနပ်မိပါတယ်.....
အခုတော့အားလုံးထက်အရင် ဒူဘိုင်းအလွန်တစ်ဘူတာမှာ ဆင်းသွားတော့မယ်ပေါ့.....
ပြီးရင်....ဟိုးအဝေးကို....ရထားတစ်စင်းနဲ့ ဆက်လက်ထွက်ခွာဦးမယ်နော်...

တို့လည်းတစ်နေ့နေ့ကျရင် ဒီဘူတာကနေဆင်းပြီး နောက်ရထားပြောင်းစီးရမှာပါပဲ....
ဟိုနေ့ကစာသားလေးနဲ့ပဲ နောက်ဆုံးထပ်ဆုတောင်းပေးလိုက်ပါတယ်...
May all the love of those who matters to you, come to you beyond measure.

ရွှင်လန်းချမ်းမြေ့ ပါစေသော်ဝ်....
ကိုပီတာ....

ဒါကတော့ သူငယ်ချင်းလေး ဝေယံရဲ့ အမှတ်တရစကားလေးပါ။

သိတာသိပ်မကြာသေးဘူး။ အခုမှပဲတွေ့ဖူးတယ်။ ခင်ဖို့လဲ သိပ်ကောင်းတယ်။
မြန်မာပြည်ပြန်သွားပြီးရင်လဲ အကြာကြီးမနေပါနဲ့နော်။ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေ။
မအိန်ဂျယ်....အောင်မြင်ပါစေ...
တိတ်ကဲ....
မောင်ဝေယံ

ဒါကမကြီးငုံရဲ့ နှုတ်ဆက်စကားလေးးးးး

အားလုံးနဲ့ အမြဲတမ်း ပျော်ရွှင်ခဲ့ရပါတယ်။ Dim ရေ တနေ့နေ့တော့ ပြန်ဆုံဦးမှာပါ။ ခဏလေးတွေ့ပြီး ပြန်ခွဲရတော့လေ စိတ်မကောင်းဖြစ်ရပါတယ်။ ရောက်လေရာ နေရာတိုင်းမှာ အမြဲ ပျော်ရွှင်အောင်မြင်ပါစေ။
အမြဲတမ်းပြုံးပြုံးရယ်ရယ်နေတဲ့ Dim အမြဲတမ်းပြုံးရယ်နိုင်ပါစေနော်။ အမြဲတမ်းလဲ အဆင်ပြေပါစေ။ အောင်မြင်ပါစေ။ အမြဲတမ်းလဲ ခင်ဦးမယ်နော်။ မမေ့နဲ့နော်။
မကြီးငုံ

ဒါလေးကတော့ ကျွန်တော်တို့အိမ်က ငဇော်ရဲ့ ရင်ဘတ်ထဲက စကားလုံးလေးတွေပေါ့။

လူအသစ် တစ်ယောက်တိုးလာလို့ ငါတို့တော့ အင်အားတောင့်ပြီဆိုပြီး ၀မ်းသာမယ် ကြံတုန်းရှိသေးတယ်
လူအဟောင်း တစ်ယောက် လျော့သွားတော့မယ် ...
လူတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ကြတာချည်းပဲဆိုပေမယ့် ..
နှလုံးသားရှိသူတိုင်း သံယောဇဉ်နဲ့ မကင်းနိုင်ကြဘူးမို့လား ...
အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင်လေ ..
အဲ့ဒီနေ့က အိမ်ကျယ့်မျက်နှာကို ကျနော်မကြည့်ချင်ခဲ့ဘူးဗျာ ..
အထူးသဖြင့် ရထားစီးဖို့ စက်လှေကားက အဆင်း အိမ်ကျယ့်ကိုနောက်ဆုံးကြည့်လိုက်ရတဲ့အကြည့်ပေါ့...
ကျနော့်ကို နာကျင်စေခဲ့လို့ပါ ..
ခံစားရမယ်မှန်းသိရင် အစထဲက ဆုံစည်းခဲ့ဖို့မကောင်းဘူးလို့လဲ အိမ်ပြန်လမ်းတစ်လျှောက် တွေးလိုက်မိတယ်....
အခု .. ကျနော် ..
သူ (သူမ) ကို လွမ်းနေရပြီလေ ...
ဇော်

ချစ်မကြီး မနှင်း(နှင်းနဲ့မာယာ)ကလဲ ခုလို တခမ်းတနား နှုတ်ဆက်စကားခြွေခဲ့တယ်လေ။

Dim နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေကအများကြီးပဲ။ သူနဲ့ ပိုက်ဆံတွေလဲ အများကြီးကုန်တယ်။ လမ်းတွေလဲ အများကြီးလျှောက်ခဲ့ရတယ်။ အဲကောင်မလေးနဲ့ပေါင်းပြီးမှ ဒုက္ခတွေလဲ အများကြီးရောက်တယ်။

ဒူဘိုင်းသူ လူဆိုးမလေးတွေထဲက တစ်ယောက်ပြန်တော့မယ်ဆိုတော့ စိတ်လဲမကောင်းဘူး...
ချစ်မကြီးလို့ခေါ်ပြီး ချွဲနေတဲ့ အိန်ဂျယ်နဲ့ ဒေါ်လေး ဒေါ်လေးနဲ့ တချိန်လုံး စနောက်နေတတ်တဲ့ ဇော်တို့ကို
ညီမလေးတွေလို အရမ်းကို သံယောဇဉ်ဖြစ်ခဲ့ရတယ်...
ငုံကတော့ စကားများလွန်းလို့ သူနဲ့တွေ့ရင် ပတ်ပြေးနေရတာ..
သမီးပျိုက သူငယ်ချင်း အရင်းကြီး သူ့ကိုတော့ မနိုင်လို့ လွှတ်ထားတာကြာပေါ့...
ရှိတာက မဟာအင်အားကြီး မိန်းမသား ငါးယောက်
အားလုံးထဲမှာ မျက်နှာပြောင်ပြီး ပွဲကို ထိန်းတတ်တဲ့ အိန်ဂျယ်တစ်ယောက်ပြန်တော့
သူ့အဖော် ဇော်က တစ်ပင်တိုင်မင်းသမီးလေးအဖြစ်နဲ့ လွမ်းနေလေရဲ့...
အိန်ဂျယ်က ဓါးပြတိုက်တာတော်တယ်။ ပွဲရှိပီလားဟေ့ဆိုရင် သူဓါးပြတိုက်နေကျ ရေခဲမုန့်တွေ နောက်ဆိုရင် ကပ်မစားရတော့ဘူးပေါ့...
ကိုယ်က လူကြီးဆိုတော့ သူ့လို ဓါးပြတိုက်ရင် မရမှာသေချာတယ်...
အိမ်ဂျယ့်ကို လွမ်းမှာထက် သူ့ရေခဲမုန့်တွေကို ပိုလွမ်းမိမှာ သေချာတယ်...
လေဆိပ်ကို လိုက်မပို့တော့ဘူးနော်။ ဇော်ငိုတာတွေ့ရင် ကျုပ်လဲ မချော့တတ်ဘူး ဝိုင်းငိုမိမှာသေချာတယ်...
ဘာပဲဖြစ်ဖြစ် ပြန်တွေ့မယ်နော်...
နေရာတိုင်းမှာ ပျော်ရွှင်ပါစေ အိန်ဂျယ်လေးရေ...
ချစ်မကြီး မနှင်း

ဒါကတော့ သူငယ်ချင်းလေး သမီးပျိုရဲ့ အမှတ်တရ စကားလုံးတွေပေါ့။

အိန်ဂျယ်လေးရေ.......

ကိုဖြိုးရဲ့မွေးနေ့လေးကို သတိရမိသေးတယ်နော်။ ငါတို့တွေ သူများအမြင်ကတ်တဲ့ထိ သီချင်းတွေ အော်ဆို ကြတာလေ။ ငါကမဆိုတတ်တော့ နင်နဲ့ကပ်ဆိုရတာပေါ့။ ဒါပေမယ့် ငါတို့တွေ အရမ်းပျော်ခဲ့ကြတယ်နော်။ နင် အမှတ်၁၀၀ ရတော့ ငါလေ..ပျော်လိုက်တာ။ ပြီးတော့လေ ဘကြီးမိုး လိုက်ကျွေးတဲ့နေ့တုန်းကလေ ငါတို့ကလေးအုပ်စု ခံလိုက်ရသေးတယ်လေ။ ငါတို့အရည်တွေပဲ အ၀သောက်ကြတာလေ။ ငါတို့ဗိုက်ဝမှ လူကြီးတွေက ရှယ်တွေမှာတာလေ။ ငါတို့ခံလိုက်ရတယ်...ဟားဟား ဘာပဲပြောပြော ဒါတွေက အမှတ်တရတွေ ပေါ့နော်။ ငါဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။

ပါးချိုင့်လေးနဲ့နင့်ကို ငါအမြဲသတိရနေမယ်ဆိုတာ နင်ယုံပေးပါနော်။ ပွင့်ပွင့်လင်းလင်းရှိတဲ့နင်က ခင်မင်သူပေါလို့ သူငယ်ချင်းအတွက် ဂုဏ်ယူလို့မဆုံးပေါ့။ ဟန်ဆောင်မှု ကင်းတဲ့နင်က......ဘယ်တော့မှ အထီးကျန် မနေနိုင်သလို ဘယ်နေရာရောက်ရောက် ခင်မင်သူတွေပေါလို့ ငါ့သူငယ်ချင်းလေး ပျော်ရွင်နိုင်မှာပါဟာ။ ငါတို့တွေ ခွဲကြရတော့မယ် ဆိုပေမယ့် ငါ့ရင်ဘတ်ထဲမှာ နင်ရှိနေပါတယ်။ တွေ့ခဲ့ကြတဲ့ အချိန်တွေက တိုတောင်းလှတယ် ဆိုပေမယ့် ရင်ထဲမှာ နက်ရှိုင်းနေတယ်ဆိုရင် ငါတို့ရဲ့ခင်မင်မှုက အဆုံးမရှိပေါ့နော်။

အိန်ဂျယ်ရယ်...ငါလေ ပွင့်ပွင့်လင်းလင်းပြောရရင် နင့်ကိုမသွားစေချင်ဘူးဟာ။ ပျော်ရွင်စရာနေ့ရက်တွေက အမှတ်တရ အတိတ်အနေနဲ့ ကျန်ရှိခဲ့ပေမယ့် နောင်လာမယ့်အချိန်တိုင်းမှာ နင်မရှိတော့ သီချင်းဆိုမယ့် သူလည်းမရှိတော့ဘူးနော်။ ငါလေနင်နဲ့တွဲလို့ ရေခဲမုန့်လည်းကြိုက်တတ်နေပြီဟ။ ငါစားတိုင်း နင့်ကို သတိရနေမယ်နော်။ ထားလိုက်ပါတော့ အိန်ဂျယ်ရယ် ...မနက်ဖြန်ရဲ့နေ့ရက်တွေတိုင်းမှာ စက္ကန့်အချိန်တိုင်း ပျော်ရွင်နိုင်ပါစေလို့ ငါဆုတောင်းပေးနေပါ့မယ်နော်။

အချိန်တိုင်း မအားတဲ့ငါ့ကို စိတ်ရှည်ရှည်နဲ့ပွဲတိုင်းပါအောင် ညှိပေးကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ဟာ။ နင်ပြန်မယ့်နေ့မှာလည်း ငါရှိမနေပြန်ဘူး။ နောက်ဆုံးသွားကြမယ့် နေရာတွေကိုလည်း ငါမလိုက်နိုင်ပြန်ဘူးနော်။
ဒါပေမယ့် ငါ့စိတ်ကတော့ နင်နဲ့အတူရှိနေမယ်ဆိုတာ ယုံနော်။ အိန်ဂျယ်ပြန်မယ့် ခရီးလမ်း သာယာဖြောင့်ဖြူးလို့ ရှေ့ဆက်ရမယ့်လမ်းခရီးတွေလည်း အောင်မြင်ပါစေဟာ။
အမြဲခင်နေမယ့် သမီးပျို

အားလုံးရဲ့ ချစ်စရာ အမှတ်ရစရာ နှုတ်ဆက်ဆုတောင်းလေးတွေအတွက် ကျေးဇူးအကြီးကြီးးးးးးးးး အများကြီး တင်ပါတယ်နော်။
အားလုံးပေးခဲ့တဲ့ဆုတွေနဲ့ ပြည့်ပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.11.09 (Sun;)
11:50 Pm

25 comments:

ပြောစရာရှိတာတွေလည်း ပြောခဲ့ပြီးပြီမို့
ဘာမှထွေထွေထူးထူးမရှိတော့ပါနော
ကျေးဇူးတင်ပါတယ်..မှတ်မှတ်ရရ ရှိတာကို..
ပြီးတော့ ..
ကောင်းသော လိုရာတွေ ပြည့်ပါစေလို့ ထပ်မံ ဆုတောင်းပေးပါတယ်..
သူငယ်ချင်း
ပျော်ပါစေ

မှတ်မှတ်ရရ အမြဲ ရှိနေသေချာတယ် ညီမလေးရေ..ပြန်ဆုံကြမှာပါ။

ဟွန်း သုံးတဲ့
ဆိုးပ...

ချစ်မ နှင်း

အင်း နူတ်မဆက်နဲ့ ငိုချင်တယ်
ဘာပြောရမှန်းကို မသိတော့ပါဘူး ချစ်ညီမရယ်..
လွမ်းနေမှာတော့သေချာတယ်....

ဒေါ်နှင်း

ဘာလည်းးးး နောက်ဆုံး ဆိုတာ ..

နောက်ဆုံးးးး မဟုတ်ဖူး နော် ..
နောက်ဆုံကြရအုံး မှာ ....

ကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်ဝစေသား။
ဒီကနေပဲ နှုတ်ဆက်လိုက်တယ် သမီးကြီး ရေ ...

အဆင်ပြေပါစေ

ညီမလေးရေ
အကိုကြီးတစ်လာဦးတယ်..
အခုတော့ ခုနစ်ရတယ်...
ရတာနဲ့ပဲပြန်တော့မယ်..
တာ့တာ

ကိုကြီး အညတြ

အိန်ဂျယ်လေးဖြစ်နိုင်မယ်ဆို ခေါင်းစဉ်လေး
ပြောင်းလိုက်ပါလားခင်ဗျ " ပြန်တော်ပြန် မင်းသမီးလေး
အတွက် စကားလုံးလက်ဆောင်များလို့  " မကိကိပြောတာ
လေးသတိထားမိလို့ ပါ ကြုံကြအုံးမယ် မှာ ဒီတစ်မိုး
အောက်မှာရှင်သန်နေကြတာဘဲ ကမ္ဘာကြီးက ကျဉ်းကျဉ်း
လေးပါ အောင်မြင် အဆင်ပြေ ပျော်ရွှင်ပါစေဗျာ . . . :)
Good Luck . . .

စာတွေတော့ ဆက်ရေးနေဦးမယ်မှတ်လား

အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေ Dim

ပိုစ့်ကောင်းလေးတွေ ဖတ်မိရင်ရော...
ကိုလူထွေးကြီးအသစ်တင်ရင်ရော...
စာအုပ်တွေထွက်လာရင်ရော...

Email နဲ့ ပို့ပေးမယ်နော်...
ငိုနဲ့နော် ညီမလေး...
တိတ်.. တိတ်.. တိတ်...

းဝ)

ဘယ်နေရာပဲသွားသွား.. ဘယ်ပဲရောက်ရောက်..ဘလော့ခ်ကိုတော့ ပစ်မထားပါနဲ့ဗျာ.. နော်..း)

မမြင်ဖူး မတွေ့ဖူးပဲ ဘလော့ပေါ်မှာ ခင်မင်ခဲ့ရပေမယ် ဘယ်လိုကြောင့်မှန်းမသိ သံယောဇဉ်တွေ ဖြစ်မိတယ်..

ညီကိုမောင်နှမတွေလို သံယောဇဉ်ကြီးခဲ့ရတယ်..
ခုလို နှုတ်ဆက်စကားကို မကြားချင်ပေမယ့် ဒါက သဘာဝပါလေ..

စိတ်မကောင်းဘူးဟ..
တကယ်ပြောတာပါ ဘလော့သက်တမ်း သိပ်မကြာသေးပေမယ့် ခင်မင်မိတဲ့သူတွေအပေါ် သံယောဇဉ် ကြီးခဲ့မိတယ်..

စာဖတ်လို့ဗဟုသုတရတာက တစ်ပိုင်းပေါ့..
မပြန်ခင်လေး ကျွန်တော့်ဘလောဂ်ကို ရောက်အောင် လာသွားတာလည်း.. ခင်မင်မှုရဲ့ သဘောကို ပြနေတာပဲလေ..

မောသွားတယ်ဗျာ.
နှုတ်ဆက်စာတွေကို လိုက်မဖတ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဖတ်မိပြန်ပေါ့..

အရာရာကို သတိကပ်ပြီး ဘာလုပ်လုပ် အောင်မြင်ပါစေလို့ပဲ သတိပေး ဆုတောင်းလိုက်ပါတယ်..

ပျော်ရွှင်ပါစေ အိန်ဂျယ်ရေ..
ခင်မင်စွာဖြင့်
စည်သူ။

ရန်ကုန်ကို ပြန်လာမှာလားဗျ....

ကျန်းမာရေး ဂရုစိုက်ပါ သမီးကြီးရေ...

yu ya

ဒင်းရေ ပျော်ရွှင်ပါစေနော်
မျှော်လင့်နေတဲ့ အိပ်မက်လေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် ခန ဝေးရတာလို့ပဲ မှတ်ပါ သယ်ရင်းလေးရေ
ကျန်းမာရေးကို ဂရုစိုက်ပီး နေကောင်းအောင်နေပါ
ဆေးထိုးဆေးသောက်လဲ မှန်မှန်လုပ်ခဲ့နော်
ပြန်လာမယ့်ရက်ကို မျှော်နေပါ့မယ်
ခနတာ ဆုံခဲ့ပေမဲ့ တို့တွေရဲ့ ခင်မင်မှုတွေက ဘယ်တော့မှ မေ့ပျောက်လို့ရမှာမဟုတ်ပါဘူးဟာ နော်

ညီမလေး စာလေးတွေ စောင့်ဖတ်နေမယ်နော်။

ညီမလေး...
ပြန်ခါနီး...အစ်ကို့ရဲ့ ဘလော့ဂ် ခပ်စုတ်စုတ်လေးကို လာမလည်နိုင်ခဲ့တာ အလုပ်တွေ သိပ်ရှုပ်နေတယ်လို့ ထင်မိပါတယ်...။ ဟုတ်တယ်..ဟုတ်...။
ဘာပဲဖြစ်ဖြစ်ပါ... အားလုံးအဆင်ပြေပါစေလို့....ဆုတောင်းပေးနေလျှက်ပါ...။
(စာတွေရေးဦးနော့်...။ ဗမာပြည်ကနေ ကျော်ခွပြီးတော့...လေ...)

ခင်မင်တဲ့...

ဏီလင်းညို

သူများတွေ အမှတ်တရ ရေးတာလေးတွေ ဖတ်ရတာ ရင်ထဲမှာ တကယ် စိတ်မကောင်းဖြစ်မိတယ်။

တကယ်ဆို သူတို့က အမြဲတွေ့ဆုံနေလို့ ခံစားချက်တွေနဲ့ ရေးကြတာလေ။

ငါတို့တွေလည်းမတွေ့ခဲ့ကြပေမယ့် ပါးလုံး တို့
ဝက်ကလေးတို့နဲ့ ညတွေမှာ ဂရုချက် ပြီး ရယ်မော ပျော်ရွှင်ခဲ့ကြတာ မမေ့နိင်တာသေချာပါတယ်။

ဒီလို ဘ၀တွေပြန်ရဘို့ လွယ်ပါ့မလား။

ဘာပဲဖြစ်ဖြစ် ကြိုးစားပါ ဖြစ်လာသမျှကို တည်တည်ငြိမ် ငြိမ် ဖြေရှင်းပါ ။

ဒါက ပိုလီယို ဆိတ် လေးကို ထပ်နှုတ်ဆက်တာပါ

ပုံ
ဒါရိုက်တာ ကွက်

ညီမ Angel Shaper,
အခုမှပဲတွေ့ဖူးတယ် ညီမ ပြန်တော့မယ်ဆိုတော့စိတ်မကောင်းဖြစ်မိတယ်။တကယ်လို့ပြန်ဆုံခဲရင် " မှတ်မိအုံးမယ်ထင်ပါတယ် ရက်တွေ လတွေက အတော်ကြာပြီပဲ "
ညီမကြိုက်တတ်တဲ Jasmine Tea နဲ.ကြိုဆိုနေမှာပါ။ အစစအရာရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်..
ကိုမျိုး ( Noodle House BJC ).

ညီမ Angel Shaper,
အခုမှပဲတွေ့ဖူးတယ် ညီမ ပြန်တော့မယ်ဆိုတော့စိတ်မကောင်းဖြစ်မိတယ်။တကယ်လို့ပြန်ဆုံခဲရင် " မှတ်မိအုံးမယ်ထင်ပါတယ် ရက်တွေ လတွေက အတော်ကြာပြီပဲ "
ညီမကြိုက်တတ်တဲ Jasmine Tea နဲ.ကြိုဆိုနေမှာပါ။ အစစအရာရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်..
ကိုမျိုး ( Noodle House BJC ).

ညီမငေး
နှုတ်မဆက်တော့ဘူး
ပြန်တွေ့မှာပဲဟာ
နော် ..

Dear my lovely sis Dim

Wherever you go,we never forget you and your lovely karaoke sound .Wherever you live,we ever miss you from Dubai.Have a nice trip.Pls keep in touch for all of us. We are keep and pray for your future.

Ko Chan's family

Online friends are people we may never meet.... We see pictures, we see cams...It isn't the same.... We grow close...We care and love one another.... One day we may not hear from one another.... Our hearts will break... All we see is a name on messenger but the person we don't see anymore..... We pray....."Please come back".... All I ask is you remember me in the good times we had..... Keep me close to your heart....Friends forever....