ဒီနှစ်မွေးနေ့ပွဲလေးကိုတော့ ကိုယ့်ရဲ့အခန်းလေးထဲမှာ
မိတ်ဆွေမရှိ၊ ကိတ်မရှိ၊ မွေးနေ့အနမ်းလေး ပေးမဲ့ ချစ်သူမဆိုထားနှင့်
သူငယ်ချင်းအပေါင်းသင်း၊ ချစ်ခင်သူ မိဘဆွေမျိုးအားလုံးရဲ့ အဝေးမှာ
အထီးကျန်ခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ၊ သတိရခြင်းတွေနဲ့
အတူတူ ဆင်နွှဲဖြစ်ခဲ့တယ်။
အဲဒီနေ့ ကိုယ့်ပါးပြင်ထက်ဆီကို တကူးတက တွေ့ထိ ခုန်ဆင်းလာတဲ့
အထူးဧည့်သည်တော် မျက်ရည်စက်လေးတွေကိုတော့
ဝိုင်အဖြစ်နဲ့ ပြုံးပြုံးလေး သောက်သုံးလိုက်မိတယ်။
(အဲဒီအပြုံးလေးတွေ ပီပြင်တယ်၊ မပီပြင်ဘူးဆိုတာတော့ ကိုယ်လဲ မသေချာခဲ့ပါဘူး)

ချစ်ခြင်းများစွာဖြင့်
Angel Shaper
10.12.09 ( Thur;)
11:59 Pm

26 comments:

Happy Birthday to you
စောစောကပြောရောပေါ့ လာလည်မှာပေါ့။
တစ်ယောက်ထဲ မဟုတ်ပါဘူး။
ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေ။

ဝိုင်က ငံနေမှာပေါ့။
ဒီနေ့မှ အင်တာနက်ရပေမယ့် မွေးနေ့ကို ဒီနေ့ ရွေ့လို့ရပါတယ်။
ဝါးတီးတွေ ဖန်တီးထားလေ

ဝါးတီးအကြောင်းပြောတာနဲ့ မွေးနေ့ဆုတောင်း ဖို့ မေ့သွားတယ်။ ပျော်ရွှင်ပါစေနော် အဆင်ပြေပါစေ အနမ်းလေးပေးမယ့်ချစ်သူ နဲ့လည်းတွေ့ဆုံပါစေး)

ဝါးတီးကို ဆိတ်ကောင်လုံးကင်ဆို မကောင်းဘူးလား

Wish you many Happy Return of the day
သူငယ်ချင်းရေ....ဘယ်သူတွေမှ အနားမှာ မရှိပေမယ့် ငါတို့အားလုံး နင့်မွေးနေ့ပွဲလေးကို ရည်ရွယ်ပြီး ဆုတောင်းပေး နေကြပါတယ်...
အစစ အရာရာ အဆင်ပြေပါစေ လို့....
ယနေ့မှစလို့ နှစ်ပေါင်းများစွာ ကျန်ရှိနေသေးတဲ့ အချိန်တွေမှာ ချစ်ရသူများနဲ့ ကျန်းမာရွှင်လန်း စွာ
ပျော်ပါစေ....
Happy Birthday To You .. : )

DMS မှာ မုန့်ဟင်းခါးစားပြီး ပြန်လာတယ်...

HAPPY BIRTHDAY !!! အိမ်ကျယ်ရှပ်ပျာ...

ပျော်ပျော်နေပါ.. သေးခဲ၏...

းဝ)

ရေတမာ said...

ခေါင်းစဉ်က အလုံးစုံ ဘတ်ဒေးလည်း ဆိုသေးတယ် ဘာမှမရှိဘူးတဲ့။ ပျော်ရွင်ပါစေလေ

ညီမလေးရေ...
ဖတ်ရတာ..စိတ်မကောင်းပါဘူး...အထီးကျန်မွေးနေ့ပွဲလေးဆိုလို့လေ...။
လူချင်းဝေးပေမယ့် စိတ်ချင်းနီးတဲ့ သူငယ်ချင်းတွေဟာ ခင်စရာကောင်းတဲ့ ညီမလေးဆီမှာအများကြီးရှိနေမှာပါ...။
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးတွေ အများကြီးပိုင်ဆိုင်နိုင်သွားပါစေလို့ လှိုက်လှိုက်လှဲလှဲ တစ်ကယ်ဆုတောင်းပေးတယ်နော်...။
အစစ အဆင်ပြေ ပျော်ရွှင်ပါစေ...ညီမလေးရေ...။

ခင်မင်တဲ့
ဏီလင်းညို

ံHappy Birthday !!!
May this year bring with it all the success and fulfillment your heart desires.

Happy Birth day.
Birth day present အဖြစ်ဆင်ကောင်လုံး
ကင်ပို့ ပေးမယ်နော်..အဝစားးပေတော့
;D

သူငယ်ချင်းရေ... အားမငယ်ပါနဲ့ကွဲ့... လေလှို်င်းပေါ်တက်လာရောပေါ့ ။ တို့အားလုံး ရှိပါတယ် ။ Happy Birthday to u ....

ဒီနေ့မှ ခရီးကပြန်ေ၇ာက်တာမို့ အသိနောက်ကျသွားတယ်ကွယ် ။ ခွင့်လွှတ်နော်.. ။

နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော သူတွေနဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ပါစေ..။

ခင်တဲ့ သူငယ်ချင်း ...

သူငယ်ချင်းလေးရ ဘေးနားမှာ အတူမရှိနေနိုင်ပေမဲ့
ဖြူစင်ကြယ်လေးကို ချစ်တဲ့ ဘလော့ဂါ အကိုတွေ အမတွေ အများကြီးရှိတယ်လေ ညီမလေးရ
ဒီနှစ်မွေးနေ့မှာ ချစ်တဲ့သူဘေးမှာ အတူမနေနိုင်ပေမဲ့
နောက်နှစ်နောက်နှစ် ချစ်သူနဲ့အတူ မွေးနေ့တွေမှာ အတူတူပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးမယ်နော်

သမီးရေ့
မေးလ်ထဲမှာလည်း ဖေကြီး ဆုတောင်းပေးထားသေးတယ်...
ခုလည်း ဆုတောင်းပေးပါတယ်...
Happy Birthday!!!!
And Merry X'Mas & Very Happy New Year 2 !!!!

ချစ်ညီမက အားငယ်နေရှာသကိုး....
အားငယ်နဲ့တော့နော်
မနေ့ကဒူဘိုင်းမှာ ညီမလေးအတွက်
မွေးနေ့ပွဲလုပ်သေးတယ်...
ညီမလေးကြိုက်တဲ့ ရေခဲမုန့်
မုန့်ဟင်းခါး ကျောက်ကျော ထမနဲပါပါသေးတယ်...
စားစရာလဲစုံ လူလဲစုံ...
သမိးပျို နဲ့ ကိုချမ်းကလဲ မိုက်ခဲလုပ်လို့....
ကိုဝင်းကြည်လဲ အိမ်ကျယ့်မွေးနေ့ပွဲနွဲချင်လို့
အချိန်မီလေးပဲ ရန်ကုန်က ပြန်ရောက်လာသေးတယ်။
အားလုံးက သတိတရနဲ့ ညီမလေးရဲ့ မွေးနေ့ပွဲကို လုပ်ပေးပါတယ်နော်...
မွေးနေ့ရှင်မပါပေမယ့် မွေးနေ့ပွဲလေးကတော့
စည်စည်ကားကားလေးဖြစ်သွားတယ်...

ချစ်မ
နှင်း

မန့်ထားတာ ပျောက်သွားတယ် ...

ဝိုင်ချိုချို ၀ိုင်ခါးခါးတွေ မလိုချင်လို့ ၀ိုင်ငံငံလေးပေါ။ ငါသတိရပါတယ် ညီမလေးရယ် .. နင်ကိုက ပျောက်နေလို့ မွေးနေ့လက်ဆောင် မပေးဖြစ်တာပါ။ ရွာမှာကတည်းက ဒီနေ့ကို အရောက်ပြန်ရမယ်လို့ တွေးထားတာပါ။ မွေးနေ့မှာ အထီးကျန်ရတာတော့ ငါ့အတွက် ရိုးနေပါပြီကွာ။ တခါတလေ အထီးကျန်ရတာ ခံစားလို့ ကောင်းပါတယ်.. နော်။

အင်း
လုပ်ပြန်ပေါ့
ပျော်ရွှင်ပါစေလို့ပဲံ ပြောချင်ပါတယ်..

ဘာမှလည်း ကျွေးဘူး..
အိန်ဂျယ်ရှလာရေ.. နိုနဲ့ တစ်..တစ်.. အဟင့်..းP

ပျော်ရွှင်ပါစေဟ..း-)

ပျော်ရွှင်ဖွယ်မွေးနေ့ လေး ဖြစ်ပါစေ ဖြူစင်ရေ

ဟက်ပီးဘွတ်ဒေး သာမီးဂျီး အိန်ကျယ်ရေ...
ဝိုင်ငံငံ လေး ဝိုင်းကူသောက်ပေးမလို့ဟာက
သဘောင်္ပျက်သွားတာ နဲ့ နောက်ကျသွားတယ် ကွဲ့ ...
အားတင်းပြီး ဆက်ညှစ်ပါ ..
အဲ့လေ .. ဆက်လျှောက်ပါ ...
ကံမကုန်သေးရင် တွေ့ အုံးမှာပေါ့ ..
အဟက်.. တမင်ရှောင်နေရင်တော့ ပြောတတ်ဖူး နော်..

(အစစ အရာရာ သတိနဲ့ ယှဉ်ပြီး နေပါ ..
အဆင်ပြေ ပါစေ..
နောက်ဆို လမ်းထွက်ရင် အိပ်ကပ်ထဲမှာ ငွေ ၂၀၀ ပါ ပစေ..ပြီးတော့ မျဉ်းကျား မှ ကူး ပါ .. ဟိဟိ .. ဖွလိုက်တယ် တော့ )...

Happy birthday ပါ ညီမငယ် သိမှမသိတာ ပြော၂ က စောရောပေါ့...

ဧရာဝတီစာကြည့်တိုက်

စိတ်မကောင်းလိုက်တာ။ လူလည်ကျတယ်။ ဒီမှာ အဲဒီတုန်းက အိန်ဂျယ်မွေးနေ့ဆိုပြီး အပီဆွဲတာ။ ဒါကြောင့် ကိုယ့်ဘာသာ ရှင်းလိုက်ရတာကိုး။

ဟုတ်ပါ့ဗျာ။မနှင်းပြောသလို မိုက်ကိုခဲ တအားနွဲလိုက်တယ် အဆိုကျော်ကြီးမွေးနေ့ပွဲအတွက်လေ။အားတွေလဲ မငယ်နဲ့။အားဆေးများများသောက်လေ။=P

Happy Birthday ပါနော် အိန်ဂျယ်လ်ရေ ဒီနေ့မှစ၍ ပျော်ရွှင် အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ပါစေလို့

မေမေ့ချစ်သမီးလေး။
Happy Birthday ပါ သမီးလေး။
သမီးလေးရေ...မင်းမောင်လေးမွေးနေ့ကိုပြုလုပ်နေစဉ်မှာ
သမီးလေးဖြူစဉ်ကြယ်ကိုမမမေမေသတိရနေတာပါကွယ်။
ဒါကြောင့်..ဘုရားသခင်ဆီမှာသမီးလေးအတွက်ဆုတောင်း ပေးခဲ့တယ်။ဒါကိုယုံပါ။
မမမေမေ က အလုပ်မအားတာနဲ့.ဘလော့ထဲကိုဝင်ဖို့ အချိန် မပေးနိုင်ခဲ့ဘူးလေ။
သမီးမွေးနေ့မှာ..သမီးလေးတစ်ယောက်ထဲမဟုတ်ဘူး ဆိုတာကိုသိထားစေချင်တယ်။
ထပ်ပြီးသမီးလေးကိုမမမေမေဒီညဆုထပ်တောင်းပေးအုံးမယ်။
ချစ်တဲ့
မမမေမေနှင်းမောင်းလေး

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အော် အစစအရာရာ အဆင်ပြေပါစေဗျာ.. ဆုတောင်းပေးလိုက်ပါတယ်.. နောက်ကျသွားတာ ဆောရီး.... :P

Happy Birthday to you.

ဟက်ပီင်္းဘက်ဒေးမှာ ရှက်ကီမပါကြေးလေဗျာ...
နောက်နှစ်ကြရင် အားလုံးကို ဖိတ်ပေါ့
အဲဒီနေ့က တွေးထားတဲ့ ဖြစ်ချင်တာလေးတွေ အမြန်ဆုံး ဖြစ်ပါစေလို့ ကူဆုတောင်းပေးပါတယ်ဗျာ.
Happy Birthday To You ♯♩♪♫♬♭♮