ည........... မှောင်မိုက်လွန်းတဲ့ ည
မှောင်မိုက်မှုတွေ ကြားက
အလင်းရောင် တစ်ချို့ တဝက် ဖြန့်ကျက်လို့နေလေရဲ့။
အော်..... လရောင်နဲ့အတူ အေးချမ်းမှုတွေများ ပါလာမလားလို့ ငါခိုလှုံခဲ့မိတယ်။
ရင်ထဲမှာပူလောင်ခြင်းတွေကိုပဲ ငါခံစားရရှိခဲ့တယ်။

အိပ်လို့ မပျော်တဲ့ ည......
ရင်မှာ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ချို့ 
ပူလောင်နေတာလား၊ ခံရခက်တာလား မသိတဲ့ ခံစားမှုတစ်ချို့ 
ဒီလိုနဲ့ ပဲ အချစ်ဆိုတာကို အကျွမ်းတဝင်ဖြစ်မှန်း သိခဲ့ရတယ်။

အထီးကျန် ခြောက်သွေ့တဲ့ည.......
တစ်ယောက်တည်း အတွေးတွေ များစွာထဲက
ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ခံစားဖူးတယ်။
နှစ်ဦးသား အတိုင်းမသိပျော်ရွှင်ခဲ့ဖူးတယ်။

ခုတော့လည်း ငါ့တစ်ယောက်တည်း
ရယ်ချင်ရယ်နေတယ်။ မျက်ရည်လေးတွေ ဝဲချင်ဝဲနေတယ်။
ဘယ်သူမှမသိတဲ့ တစ်ကိုယ်တည်းလွမ်းဆွတ်မှု
ရူးကြောင်ကြောင် အတွေးများလား......
အင်းးးးးးးးးး သေချာတာတော့ ငါအခုထက်ထိ အိပ်မရသေးတာပါပဲ။

အိပ်မပျော်တဲ့ သမီးကြီးအိန်ဂျယ့်ကို အရထူးတဲ့ အကိုတော်ကိုလောက်ကြီး (ခေါ်) ကိုခလောက်
(ကိုအိုက်ခီလောက်)က သနားလို့တဲ့...... မူးမူးနဲ့ လက်ဆောင်ရေးပေးလိုက်တဲ့ ကဗျာလေးပေါ့။
ကိုလောက်ကြီးရေ.......ကျေးဇူးကြီးးးးကြီးးးးးးးးးးးနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.2.2010 (Sat;)
3:20Am

17 comments:

၁ နော် ဟဲဟဲ

အိပ်မပျော်ရင် ဝမ်းနှုတ်ဆေးသောက်ရတယ် ဟဲ့ သိလား ဟိ

ဝက် တော်တော်လည် ဟုတ်လား
ဝက် တော်တော် လျှင်ပေါ့ဟုတ်လား
ဝက် တော်တော် ပျှော်နေတယ်ပေါ့ဟုတ်လား
ဝက် တော်တော်လည်း မြူးတူးနေတယ်ပေါ့ဟုတ်လား
ဝက် တော်တော် လည်းမခံချိမခံသာလုပ်တယ်ပါ့ ဟုတ်လား
ဝက် တော်တော်လည်း တတ်နိုင်တယ်ပေါ့လေ ဟုတ်လား
ဝက် တော်တော်လည်း အလွန်တစ်ရာ ပြုံးပျှော်နေတယ်ပေါ့
ဝက် တော်တော် လေးကို လေးကို လေးကို ဘာမှဟုတ်ဘူး

ဝက်ဝံလေး said...

ဘာမှမဟုတ်ရင်လဲ အိပ်တော့
စာလုံးပေါင်းကလဲ မှားသေးတယ် ဟွင့်
လာသင်လှည့်ချေ သမီးဆီမှာ ဟွန်းးးးးးးးးးးး

ပျော်အောင်အိပ်ပါ ညီမလေးရယ်...
အိပ်ပျက်ခံနဲ့နော်...
လိမ်မာတယ်..
ချစ်မကြီး

ညီမလေးရေ...
ကဗျာလေးလာဖတ်တယ်ဗျာ...။
ကောင်းလည်းကောင်းတယ်...ရေးပေးတဲ့ အစ်ကိုကတော်တယ်ဗျ...။
မတွေ့ရတာကြာပြီ...။
အချိန်လေးတွေရရင် ပို့စ်လေးတွေတင်ပါဗျာ...။
အစ်ကိုတို့လည်း...သတိရပါတယ်...း)
ပျော်ရွှင်ပါစေ ညီမလေးရေ....
ခင်မင်တဲ့
ဏီလင်းညို

ပျောက်နေတာကြာပြီနော်.........

အလွမ်းတွေကြောင့်အိပ်မပျော်တာပေါ့..ဟုတ်လား

အိပ်မပျော်တဲ့ ည..
ဘလောဂင်း.. ချက်တင် ..တွေ နဲ့ ဆို .
ပို အိပ်ပျက် မလား
ပို အိပ်ချင် မလား ..
ဖြေ ပါ .. ဒါ ဗြဲ ..
( လိုင်းထဲ အချိန်ုပြည့် .. ငှဲ ငှဲ ..
မနေပါဘူး ... လို့  .. )

နာလည်း ခွက်ပုန်းချရင်း နင့်အတွက် ကဗျာရေးပေးဖူးတယ်ဟ။ မူးမူးနဲ့ ရေးတော့ နောက်ရက် ပြန်ဖတ်တာ လက်ရေးက ဖတ်လို့ မရလောက်အောင် ဖြစ်တွားတယ်။ ဘာတွေ ရေးထားမိမှန်းလည်း မမှတ်မိတော့ဘူး ခိခိ။

အိပ်၍မပျော်သောညများဆိုတဲ့ သီချင်းကို
Repeat လုပ် နားထောင်ရင်းအိပ်ရင်
အိပ်ပျော်သွားနိုငကောင်းပါရဲ့လေ...း )
ပျော်ပါစေ ဘော်ဒါရေ
*.*.*

ဟေး သမီးကြီး ပေါ်လာပြီ..အိပ်၍မပျော်သော ညတစ်ည ကုန်ဆုံးလွန်မြောက်ပါစေကွယ်...သီချင်းဆိုသွားတာ ဟုတ်ဘူးနော်... :)

အိမ်ကျယ် ရှပ်ပြာ အတွက် ကဗျာရေးပေးဖို့
ကိုလောက်ကြီးလို မူးအောင် သောက်လိုက်အုံးမယ်...

းဝ)

Dim လေး
ဘာကြောင့်အိပ်မပျော်တာလဲ
တခုခုတော့တခုခုပေါ့
နေကောင်းတယ်ဟုတ်


ခင်တဲ့
ရုံလေး

မူးပြီး အိပ်မပျော်တဲ့ ညဆိုပိုမှန်မယ် ရှပါရေ . . .
ရှုတိုးတိုးနော် ကိုအိုက်မသိစေနဲ့  ဟီး :D

မူးပြီး အိပ်မပျော်တဲ့ ညဆိုပိုမှန်မယ် ရှပါရေ . . .
ရှုတိုးတိုးနော် ကိုအိုက်မသိစေနဲ့  ဟီး :D

အိမ်ကျယ်လေး
အိပ်မပျော်ဘူးလား
စိတ်ချမ်းသာ ပျော်ရွှင်ပါစေ အိမ်ကျယ်လေးရေး)
အစ်မလည်း အလုပ်တွေရှုပ်နေလို့း))
ကျန်တာတော့ အကုန်အဆင်ပြေပါတယ် .. :D အိမ်ကျယ်လေးလည်း အဆင်ပြေအောင်နေနော် ..

ချစ်ခင်စွာဖြင့်