ချင်းအမျိုးသားနေ့ဆိုတာ ချင်းလူမျိုးတို့ရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ ရရှိရေးအတွက် နှစ်ပေါင်း(၄၀)ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပါ။ ၁၈၉၅-၁၉၄၈ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အထိ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ ချင်းလူမျိုးစုဟာ ၁၈၉၇ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်ခင်ကာလအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိတို့ကိုယ် မိမိတို့ အုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။
မေမြို့ (အခု ပြင်ဦးလွင်မြို့) အခြေစိုက်အင်္ဂလိပ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ချင်းအမျိုးသားတွေဟာ ၁၉၁၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားများပညာရည်မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသားတို့ရဲ့ ပညာရည်မြှင့်တင်ရေးကို စပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချင်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆူဗီဒါအွမ်ပိုင်း (ကန်ပက်လက်ခရိုင်)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဝမ်သူးမောင် (ဝမ်းသူးရွာ၊ မင်းတပ်မြို့နယ်)၊ အတွင်းရေးမှူးအဖြစ် ဦးရမ်းလောင်းလိန် (ကန်ပက်လက်မြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် မြေပြန့်အရှိုချင်းများ၊ လူရှည်ချင်း အမျိုးသားတို့ပါဝင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းကြောင့်ပဲ ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအတွက် အရေးပါတဲ့နေ့တစ်ရပ် ဖြစ်လာခဲ့ရတယ်။
၁၉၂၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားတို့ရဲ့ ပထမဆုံး ချင်းနိုင်ငံရေးပါတီဖြစ်တဲ့ ချင်းတောင်ညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၃၃မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုပြီး အမည်ပြောင်း မှည့်ဆိုခဲ့ကြတယ်။ ၁၉၃၄ စက်တင်ဘာလ၂၉ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗြိတိသျှဆီမှ ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နှစ်နာချက် ၉ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ အဲဒီ ညီလာခံရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဟာ ပြည်မကို လွတ်လပ်ရေးပေးရင် ချင်းတောင်ကိုလည်း လွတ်လပ်ရေး ပေးရမယ်။ အခြားတိုင်းရင်းသား လူမျိုးတွေနည်းတူ ချင်းအမျိုးသားများကိုလည်း တန်းတူအခွင့်အရေး ပေးရမယ် လို့တောင်းဆိုခဲ့ကြပါတယ်။
၁၉၃၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးဖို့ အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ကိုယ်စားလှယ် ၃၀၀၀ခန့် နဲ့ အင်္ဂလိပ် အာဏာပိုင် တို့ဟာ ကန်ပက်လက်မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဗြိတိသျှ အာဏာပိုင်တို့အနေနဲ့ "မည်သို့မျှလိုက်လျောပေးနိုင်မည်မဟုတ်" ဆိုတဲ့ တုံ့ပြန်ချက်ကြောင့် ချင်းအမျိုးသား ကိုယ်စားလှယ်အနေနဲ့လည်း ဆန္ဒပြပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရဟာ ချင်းအမျိုးသားညီညွှတ်ရေးကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပြီး ဦးဝမ်သူးမောင်နှင့်အဖွဲ့ ၉ ဦးတို့ကို ဖမ်းဆီးခဲ့ကြပါတယ်။ သူတို့အဖွဲ့ကို ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြင်းခြံ၊ မန္တလေး၊ ကသာ ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဦးဝမ်သူးမောင်ဟာ အကြိမ်ကြိမ်အဖမ်းခံရပြီး သူ့ရဲ့ အိမ်ကိုပါ မီးရှို့ပစ်ခြင်းကို ခံခဲ့ရသူပေါ့။
၁၉၄၈ ဖေဖော်ဝါရီလ ၁၉-၂၂ ရက်များမှာ ချင်းဝိသေသတိုင်း၊ တိုင်းလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ဖလမ်းမြို့ မှာ ကျင်းပခဲ့ပြီး ချင်းဝိသေသတိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထု ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရွာသူကြီး၊ တိုက်သူကြီး၊ အုပ်ချုပ်ရေး၊ ပြောင်းခွန်၊ လူခွန်၊ အမဲခွန် ပေးဆောင်တဲ့စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ၂၀ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၉၁၈-၁၉၄၈ထိဟာ ချင်းအမျိုးသားတို့အတွက် သမိုင်းဝင်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်သတ်မှတ်ဖို့ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ချင်းအမျိုးသားရေးရာကောင်စီ အစည်းအဝေးကနေ သတ်မှတ် အတည်ပြု ပြဌာန်းခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားအားပေးခဲ့ပါတယ်။
ဒါတွေကတော့ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ချင်းလူမျိုးတွေရဲ့ချစ်စရာ ရိုးရာဓလေ့အချို့  Angel Shaper သိသလောက်ပြောပြရမယ်ဆိုရင်တော့ ချင်းလူမျိုးတွေဟာ အရင်ဘိုးဘွားခေတ်ကတည်းက အင်မတန်မှကို ရိုးသားဖြူစင်ပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ လူမျိုးစုတွေဖြစ်ခဲ့ပါတယ်။ ဒီလူမျိုးစုကို သစ္စာရှိတဲ့ တောင်ဇလပ်ပန်းနီလေးတွေ၊ အောက်ချင်းငှက်ကလေးတွေနဲ့ ကိုယ်စားပြုခဲ့တယ်လေ။
တောင်ဇလပ်ပန်းဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး၊ အမွှေးဆုံး နဲ့ နာမည်အကြီးဆုံးပန်း မဟုတ်ခဲ့ပေမယ့် သူ့သဘာဝနဲ့သူ ပွင့်ဖူးတတ်တဲ့ပြီး နေဒဏ်၊ မိုးဒဏ်၊ လေဒဏ် အားလုံးကို ကြံ့ကြံ့ခံရင်း သစ္စာရှိရှိ ပွင့်ဖူးတတ်တဲ့ သစ္စာရှိတဲ့ပန်းကလေးတစ်မျိုးပါ။ တောင်ဇလပ်ပန်းဟာ ပင်စည်ကနေ ခူးဆွတ်ပေမယ့် သူ့သဘာဝကိုက အကြာကြီး ပွင့်လန်းနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုးပေါ့။ ဒီပန်းလေးတွေဟာ မြေပြန့် ဒေသတွေမှာ မပွင့်နိုင်ပါဘူး။ ဒီလိုအေးချမ်းတဲ့ တောင်ပေါ်ဒေသမှာပဲ ထူးခြားစွာ ပွင့်တတ်တဲ့ ပန်းတစ်မျိုးပါ။ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ်ကို ကိုယ်စားပြုအလှဆင်နေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ပါ။
အောက်ချင်းငှက်ရဲ့ သဘာဝဟာဆိုရင် သူတို့ဟာသစ္စာရှိတဲ့အမျိုးတွေဖြစ်တယ်။ ဘယ်လောက်ထိ သစ္စာရှိသလဲ ဆိုရင်တော့ တစ်ကောင်သေရင် ကျန်ခဲ့တဲ့တစ်ကောင်ကပါ သူ့ချစ်သူသေတဲ့နေရာဒေသကိုရောက်အောင် ဟိုးအမြင့်ဆုံးကောင်းကင်ပေါ်ကနေ ထိုးဆင်းကျပြီး အသက်သေခံရင်း ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားခဲ့ ကြတဲ့ ငှက်ကလေးတွေပေါ့။ သူတို့ရဲ့သစ္စာတရားဟာ ချင်းလူမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ပုံသက်သေ ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။
ဥပမာလေးတစ်ခုပြောရရင် အရင်ခေတ်တုန်းက ချင်းလူမျိုးတွေရဲ့တောင်ပေါ်ဒေသ တောရွာတွေမှာ သော့ဆိုတာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းပျောက်တယ်။ ခိုးတယ်၊ ဝှက်တယ်၊ သူခိုး ဆိုတာ မရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ယုံကြည်မှုရှိတယ်။ သစ္စာရှိကြတယ်။ လယ်ထွန်သွား၊ အပြင်သွားတဲ့အချိန်တွေမှာတော့ ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့လောက်ပဲ သစ်လုံးတွေနဲ့ အကာအကွယ်ပြု ခဲ့ကြတာပါ။ အဲဒီလောက် အေးချမ်းခဲ့တာပေါ့။
နောက်ပြီး ချစ်စရာဓလေ့တစ်ခုကတော့ လူပျို၊ အပျိုတွေဟာ မိဘနှစ်ပါးရဲ့ မျက်စိအောက်မှာပဲ ချစ်ရေးဆို တတ်ကြတယ်။ ချစ်ခွင့်ပန်ကြပါတယ်တဲ့လေ။ အချစ်ရေးဆိုတဲ့အခါမှာလဲ ကဗျာတွေ၊ သီချင်းလေးတွေဖွဲ့ဆိုပြီး ချစ်ရေးဆိုတတ်ကြတာ ဓလေ့တစ်ခုပေါ့။ လူပျိုလှည့်ပြီဆိုရင် လူသူရှိတဲ့နေရာ အဓိကကတော့ အပျိုလေးရဲ့ နေအိမ်မှာ မိဘ၊မောင်နှမရှိနေချိန်တွေမှသာ လည်ခွင့်ရှိပါတယ်။ သမီးရည်းစားချိန်းတွေ့ကြမယ်ဆိုရင်တော့ မိသားစုအားလုံးနဲ့ မီးဖိုဘေးမှာမီးကလေးလှုံရင်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြပြီး ချစ်ကြည်နူးကြရတယ် ဆိုပဲ။ ဒီခေတ်လူငယ်တွေလို လူသူပါးပြီး မှောင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံရဲ့ ထောင့်နေရာလေးတွေ၊.... စတဲ့ စတဲ့ နေရာလေးတွေမှာ ချိန်းတွေ့ကြတာ မဟုတ်ဘူးလို့ပြောချင်တာပါ။ အဟဲ။ ချစ်သူချင်းလဲ အောက်ချင်းငှက်တွေလိုပဲ သစ္စာရှိကြတယ်။ သေတဲ့အထိကိုပဲ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်ကြပါတယ်။
ချင်းလူမျိုးတွေမှာ ချင်းစကား၊ ချင်းအမျိုးအနွယ်ပေါင်း အများကြီး အများကြီး ရှိပါတယ်။ (အကုန်လုံးကို ဖော်ပြရင် ပိုစ့်ကအရမ်းကို ရှည်သွားလိမ့်မယ်။ ဒီတော့ အခွင့်ကြုံမှ ဖော်ပြပါ့မယ်)။ ပန်းအိုးလေးတစ်လုံးကို အလှဆင်ဖို့ အတွက် ပန်းပွင့် အမျိုးစုံ၊ အရောင်စုံ အသုံးပြုမှသာ လိုအပ်သလို အလှပဆုံး အလှဆင်နိုင်သလိုပဲ၊ ချင်းလူမျိုးတွေ ဟာလဲ မြောက်များစွာသော အမျိုးနွယ်စု၊ ဘာသာစကားစုတွေကြောင့်သာ ပိုပြီး လှပသက်ဝင် အဓိပ္ပာယ်ရှိရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ (၆၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပိုစ့်လေးကို ရေးသားရခြင်းပါ။ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ Angel Shaper ရဲ့ အားနည်းချက် ဖြစ်သလို၊ သေချာလေ့လာပြီးမှ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချို့ ကို အခွင့်ရှိရင် တင်ပြပါဦးမယ်။
ဒီပိုစ့်လေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် အကြံပေးပြီး ကူညီပြောပြပေးတဲ့ အကို (U Sianpu) နဲ့ သူငယ်ချင်း ပေါက်စီကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ သူငယ်ချင်းပေါက်စီ ဆွဲထားတဲ့ ဒီဇိုင်းလေးကြောင့်လဲ ကျေးကျေးစ်နော်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.2.2010 (Fri;)
11:25 Pm
23 comments:
မြန်မာပြည်ထဲက တိုင်းရင်းသားလူမျိုးတစ်ခုဖြစ်တဲ့
ချင်းအမျိုးသားနေ့ကို ခုလိုမျိုး သိခွင့်ရလိုက်တဲ့
အတွက် ဖြူစင်ကြယ်ကို ကျေးဇူးတင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အားလုံးဟာ မြန်မာပြည်ဖွား
ညီအစ်ကိုမောင်နှမတွေပဲ မဟုတ်လား။
အားပါးပါး ချင်းအကြောင်းသိလိုက်ရတာပဲဟ
ဂုဏ်ယူဝမ်းမြောက်ပါတယ် ညီမလေးရေ
ကိုယ့်အမျိုး ကိုယ့်မြေ မမေ့တဲ့  အမျိုးကောင်းသမီးဖြစ်ပါစေဗျာ
ဒီလိုရေးလိုက်တော့ ချင်း လူမျိုးအကြောင်းသိရတာပေါ့ဗျာ
ကိုယ့်မြေ ကိုယ့်ရေ ကို တန်ဖိုးထားတတ်ပြီးစောင့်ရှောက်နိုင်ပါစေဗျာ
ချင်း အမျိုးသားနေ့အကြေင်းလေးကို ဗဟုသုတရလို့
ကျေးဇူး...
ချင်း အမျိုးသားနေ့မှာ...ပျော်ပါစေ
ချင်း အမျိုးသမီးရေ...း )
အား..တယ်ဗဟုသုတရပါလား..ညီမရ။
အမတော့ တပ်အပ်ပြောရဲတယ်။
အမတွေ့ကြုံဘူးခဲ့တဲ့.. ကချင် ကရင် ချင်း အစရှိတဲ့ တိုင်းရင်းသားတွေဟာ.. ပွင့်လင်းတယ်။ ရိုးသားတယ်။ မကောက်ကျစ်တတ်ဘူး။ အဲဒါ အသေအချာပဲ။
တိုင်းရင်းသားတွေက အရောင်မဆိုး ပါဘူး။ ဖော်ရွေကြတယ်။ စိတ်ရင်းကောင်းကြပါတယ်။ တချို့ တွေလောက်ပဲ ကောက်ကျစ်ကြတာပါ။
အမလဲ ကရင်ကို ချစ်တယ်။ တိုင်းရင်းသားဖြစ်ရတာကိုလဲ ဂုဏ်ယူတယ်။ ဒါပေမဲ့ အမက မြန်မာတောထဲကြီးခဲ့ရတာ..။ညီမဆက်ရေးမဲ့ ချင်းတိုင်းရင်းသားအကြောင်းတွေ ဖတ်ချင်ပါသေးတယ်။
hayyyyy မီးကြီးရေ
အော်ဟော် နာက တူများ တဂယ်တိတရားရို့ အခုဒေါ့ တူက အလှူ့လက်ဖက်နဲ့ ညက်နှာ ရုပ်တယ်ပေါ့ရေ ဟတ်ရားးး ဟွန်းးးးးးးး
ဘာပဲပြောပြောလေ ကိုရီနိုပြောသလိုပေါ့ အားလုံးက မြန်မာပြည်ဖွားတွေပဲမလား
ဟေးးးးးးးး နင့်ကို ဘဲတင်းနေတယ်နော် ဟိဟိ ခေါင်းကြိမ်းဖို့သာပြင်ထား ဒါဗြဲ ပြောမယ် ဟက်
တွားဒေါ့မယ်အေ နော် တာ့တာ ဒုန်းးးးးးဒုန်းးးးးးးးးးးးဒုန်းးးးးးးးးးးး ဂလုံးးးးးးးးးး ဂလွမ်းးးးးးးးး ဖုံးးးးးးးးးး ဒိုင်းးးးးးးးးးး ဟိဟိ ဝက်နဲ့မလွတ်လို့ အကုန်တိုက်ကုန်ပြီ ဟဲဟဲ ချော်တီးးးး
တောင်ဇလပ်ပန်းနဲ့  လှနေတဲ့ ချင်းတိုင်းရင်းသူလေး သမီးကြီး အိန်ကျယ် ...မယ်မယ်ကိ မွေးရကျိုး နပ်တယ် ကွယ် ။
တို့ တတွေ့  မြန်မာပြည်ဘွား တိုင်းရင်းသားလူမျိုးတွေ ရိုးသားကြိုးစားကြပါရဲ့  နဲ့ ၊ တပါးကျွန်အောက်မှ စည်းလုံးစွာ ရုန်းထွက်နိုင်ခဲ့ ကြ ရဲ့  နဲ့ ။ ခုတော့ လူတစုအောက်မှာ ဖိနှိပ်ညှင်းဆဲ ခံနေကြရတာ ရင်နာစရာပဲ...
( ဝက်တကောင် တော့ ဝက်မလွတ်ငှက်ပျော တွေ စွတ် စား နေတယ်နော် ..ကြည့်  ထိန်း အုံး...း)))) )
ဗဟုတုတ အများကြီးရလိုက်ပါတယ်ဗျာ။ ပျော်ရွှင်စရာ ချင်းအမျိုးသားနေ့ဖြစ်ပါစေဗျာ။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း ပြည့်စုံပါစေ။
တော်လိုက်တာ ငါ့တို့အမျိုးသားနေ့တောင် ဘာမှန်းမသိဘူး။ ဂုဏ်လည်းယူပါတယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ ဝတ်တပါးကို ထမ်းဆောင် ဒါလည်း မင်္ဂလာတပါးပါ။ တိုင်းရင်းသားတွေ ပွင့်လင်းတယ် ရိုးသားတယ်။ ငါအားကြီး သဘောကျတယ်။ ချင်းလူမျိုးတွေ တောင်ဇလပ်ပန်းလိုပဲ ချင်းပြည်နယ်က ခွဲခွာလာရပေမယ့် ရိုးသားခြင်း ဂုဏ်သတင်းတွေ မွေးပျံနေပါစေ။ ချင်းလူမျိုးတွေ အောက်ချင်းငှက်တွေလိုပဲ တခြားတနေရာရောက်နေပေမယ့် သစ္စာတရားတွေ တည်မြဲနေပါစေ။
ညီမရေ ချင်းတောင်ကို ပြန်လွမ်းသွာပြီ။ မအယ်လည်း တိုက်တိုက် ဆိုင်ဆိုင်လေ ၁၉ရက်နေ့ ချင်းတောင် ရောက်တယ် နောက်နေ့က အမျိုးသားနေ့ ဖြစ်နေတယ်။
သော့က ခုခေတ် ခတ်ကြပါတယ်။ ဒါပေမဲ့ ပစ္စည်းကတော့ မပျောက်ဘူး။ စက်ဘီးတွေဆို တောင်ဇောင်းမှာ ဒိတိုင်း ရပ်ထားခဲ့တာပဲလေ။ အိမ်ရှေ့မှာ ဆတ်သား ဂျီသား ဒိတိုင်း လှန်းခဲ့တာပဲ။ ဘယ်တော့မှ ပျောက်တယ် မရှိဘူး။
ညာလည်း မပြောကြဘူး။ အံ့ရောလေ။ ငါ အိုက်ဇောကို ကုန်ကူး သွားမလို့ နေမကောင်းဘူး ရေးပေးပါတဲ့လေ။
တောင်ဇလပ်ပန်းတွေ ကျောက်တိုင်တွေ ခေါင်ရည်တွေ ထောပတ်သီးတွေ တောင်ပတ်လမ်းတွေ လွမ်းစရာပဲ ညီမရေ။
မအယ်
သူငယ်ချင်း ချင်းမလေး အိန်ဂျယ်
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတဲ့ စကားလိုပဲ ကိုယ့်လူမျိုးရဲ့  ဓလေ့ထုံးတမ်းအစဉ်အလာတွေ ဖော်ထုတ်ထိန်းသိမ်းနိုင်ပါစေ...
တောင်ဇလပ်ပန်းလို ကြံ့ခိုင်ဖြူစင်တဲ့စိတ်ဓါတ် ၊ အောက်ချင်းငှက်လို သစ္စာတေးသွားသီလို့  ချင်းတိုင်းရင်းသားအားလုံးရဲ့  အမျိုးသားနေ့  ကမ္ဘာတည်သရွေ့  တည်ပါစေ.....
လေးစားလျက်.
တလနွန်(တုနန်)
သမီးကြီးရေ...ဗဟုသုတတွေရလို့ ကျေးဇူးနော်....ချင်းမလေးရယ် တောင်ဇလပ်ပန်းရယ် အောက်ချင်းငှက်ရယ် ပြီးတော့ “ ရိ ”ရေကန်ရယ်.. အတူတူတွဲပြီး မြင်ယောင်မိပါတယ်....
ချင်းအမျိုးသားနေ့ကတော့ ချင်းအမျိုးသားနေ့ပါပဲ။ သတိရစေချင်တာ တစ်ခုက... ချင်းပြည်နယ်ပဲ ရှိတယ်၊ ချင်းလူမျိုးဆိုတာက ချင်းပြည်နယ်ကမို့လို့ ချင်းလူမျိုးလို့ခေါ်ခဲ့ကြပေမယ့် “ဇိုမီး” ဆိုရင် ပိုပြီး ပြည့်စုံမှန်ကန်မှာပါ။ ကျွန်တော်တို့လူမျိုး သမိုင်းနဲ့ ဘာသာဗေဒ ကျွမ်းကျင်သူတွေရဲ့ အဆိုအရနဲ့ ဆုံးဖြတ်ချက်အရ ချင်းအမျိုးသားနေ့ကိုလည်း အင်္ဂလိပ်လို ပေါင်းတဲ့အခါ "Zomi National Day" လို့သာ ပေါင်းပါတော့တယ်။ "Chin National Day" လို့ဆိုရင်... ဒါဟာ မှန်ကန်တဲ့ Topic (or) Title တစ်ခု မဟုတ်တော့ပါဘူး။
(Anyway Ma Fri Angel is ever gre8! Keep the good work!!!)
PS: Hih comment pen a taktak-ah... na post simte' ading ka cihna hi zaw ei...
အိမ်ဂျယ်ရှပ်ပြာ ဆိုတာ ရှပ်ပြာရှပ်ပြာ ဆိုပေမယ့် ဒီလိုဆိုတော့လည်း လူကြီးဆန်သားပဲ...
ချင်းလူမျိုးတွေအကြောင်းကို အခုလို အများသိအောင် ပြောပြပေးတာ ကျေးဇူးတင်ပါတယ်...
ယဉ်ကျေးမှုဆိုတာ အပြန်အလှန် လေးစားထိုက်တဲ့ အရာတခုပါ...
တဦးနဲ့ တဦး ဒီ့ထက်ပိုပြီး ချစ်ခင် ရင်းနှီးမှုရအောင် နောက်လည်း အခုလို စာမျိုးတွေ ရေးအုံးနော်...
းဝ)
ညီမလေးရေ..အမှတ်တရပို့စ်လေးကို
ဖတ်သွားပါတယ်....
သူငယ်ချင်း
ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။
သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို
သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://tayla
ydoeyethmatthan.ning.com
/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့
ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့
မရေးနိုင်လျှင်လည်း။
ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့
ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့
သူငယ်ချင်း၏blog Link ကို ပါ Refrence
၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်
ဗဟုသုတနှင့်ရသ
ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက
်နားလည်စေချင်ပါသည်။
update ဖြစ်သောpostများကိုလည်း
taylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်
။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
တေလေများ
အကျွေးအမွေးလေးပါ ပါရင်ကောင်းမယ်နော်
ကိုယ့်မျိုးနွယ်အကြောင်း ကိုယ်သေသေချာချာ သိတော့ ဂုဏ်မငယ်ရဘူးပေါ့။ ဒီထက်ပိုပြီး ပြည့်စုံအောင် ရေးပါအုံး။
သူငယ်ချင်းလိုက်ခဲ့စမ်းပါ .
အလည်တစ်ခေါက် လိုက်ခဲ့စမ်းပါ
တိုများချင်းဓလေ့ထုံးစံ မြင်စေချင်လှတယ်
တောင်ပေါ်ခေါင်ရည်ချိုမြမြ တကြိုက်လောက်သောက်ရင် အမောပြေ
ဒါဟာ လည်း ချင်းပြည်ရဲ့ ဓလေ့တခုပါ ..
ချင်းအမျိုးသားအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို အကောင်းဆုံး ဖြတ်သန်းနိုင်ကြပါစေ
သမီးကြီးရေ.... တကယ် ပျားတုတ်နေလို့ ခုမှရောက်တယ်... ချင်း အကြောင်းလေးဖတ်သွားတယ်... ချစ်စရာကောင်းတဲ့ တိုင်း၇င်းသားတွေပဲနော်...
ချင်းလူမျိုးတွေရဲ့ ရိုးသားမှုကို ချင်းတွေနဲ့ပေါင်းသင်းဖြစ်တဲ့ ကိုယ်အများကြီး သိနားလည်ပါတယ်။ ဖြူစင်ရိုးသားပြီး အပြစ်ကင်းတဲ့ ချင်းမလေးကို သတိရနေပါတယ်။
ချင်းအမျိုးသားနေ့မှာ သိပ်ပျော်ခဲ့မှာပဲနော်။ သီချင်းတွေရော ဆိုခဲ့သေးလား?
အစစ ဂရုစိုက်ပါ ချင်းမလေးရေ...
ခင်တဲ့
ကိုနောင်
ချင်းအမျိုးသားနေ့ယူသွားတယ်။ရင်ထဲမှာအမှတ်တရ သိမ်းဆည်းရန်။ဆက်လက်ရေးသားပေးပါလို့။
ကိုယ်အမျိုးသားနေ့ ကို မမေ့ပဲ အမှတ်တရ အဖြစ် ပိုစ်လေးတစ်ခုရေးနိုင်တာ လေးစားပါတယ် တူမလေး။မအားတဲ့ကြားက လာရောက် အားပေးဖတ်ရှု့သွားပါကြောင်း။ ပျော်ရွှင်အေးချမ်းပါစေဗျ...။
ခင်မင်မှုဖြင့်-
အားလုံးကိုပျော်စေချင်တဲ့........