အသိတရားဆိုတာ...???တဲ့။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဖို့ ချစ်ခင်ရတဲ့ အမသေးသေးလေး မအင်ကြင်းသန့် က ချစ်ညီမ သေးသေးလေးကို တက်ဂ်ထားပါတယ်။ Angel Shaper ဒီခေါင်းစဉ်ကို စိတ်ဝင်စားသလို၊ ရေးဖို့လည်း တော်တော်လေး အားခဲထားပေမယ့် အသိဥာဏ်ဗဟုသုတအားနည်းချက်ကြောင့် တော်တော်နောက်ကျနေမိပါတယ်။ ဒါပေမယ့်လည်း ချစ်ခင်မှုကို လေးစားတန်ဖိုးထားတဲ့အတွက် အင်မတန် အလုပ်ရှုပ်နေတဲ့အကို ကိုစေတနာကို ဂျီတိုက်ပြီး သူ့ဆီကနေ အသိတရားနဲ့ပတ်သက်တဲ့ သူ့အမြင်လေးတွေကို အများကြီး မှတ်သားနာယူရင်း မောင်နှမနှစ်ယောက် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

အသိတရားဆိုတာကို လူတွေက ဘယ်လိုခံယူထားတယ်၊ ဘယ်လိုတိုင်းတာထားတယ်ဆိုတာ Angel Shaper မသိပါဘူး။ ဒီလူဟာ အသိတရားရှိတယ်၊ မရှိဘူးဆိုတာကိုသူ့ရဲ့အသက်အရွယ်၊ ပတ်ဝန်းကျင်၊ လေ့လာ ဆည်းပူးခြင်း၊ အတွေ့အကြုံ၊ ဥာဏ်ပညာ ဗဟုသုတ၊ သူ့ရဲ့အခြေခံစိတ်ဓာတ်နဲ့ ခံယူချက်အပေါ်မှာမူတည်ပြီး ဆုံးဖြတ်လို့ရပါ့မလား??? အဲလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားတဲ့ အသိတရားတွေ တူညီမယ် လို့တော့ မျှော်လင့်လို့မရပါဘူး။ အသက်ငယ်ပေမယ့် အသိတရားပြည့်ဝလို့ ကြိတ်ပြီး လေးစားအားကျရတဲ့ သူတွေ ရှိသလို၊ အသက်ကြီးနေပေမယ့် အသိတရားမရှိပါလားလို့ ကိုယ့် ဦးနှောက်သေးသေးလေးနဲ့ ဆုံးဖြတ်မိ ခဲ့တာတွေလည်း မနည်းတော့ဘူးမလား???

အသိတရားနဲ့ဆက်စပ်တဲ့ စကားလုံးတွေအများကြီးရှိပါတယ်။ ဥပမာ... အသိပညာနဲ့အတတ်ပညာဆိုရင်လည်း အသိနဲ့ ပတ်သက် သွားရတာပဲလေ။ နောက် အသိဆိုတာရှိရင်၊ မသိဆိုတာလဲ ရှိမှာပါပဲ။ တကယ်တော့ လောကကြီးက အင်မတန်ကျယ်ပြန့်ပါတယ်။ ဒီတော့ လောကကြီးမှာ သိစရာတွေကလည်း အများကြီးပါပဲ။ လူတွေရဲ့အဖြစ်အပျက်တွေ၊ လူတွေရဲ့အရည်အချင်းတွေ စသဖြင့် လူတွေနဲ့ ပတ်သက်လို့လည်း သိစရာတွေ တပုံတပင်ရှိပါတယ်။ သဘာဝနဲ့ ပတ်သက်လို့လည်း သိစရာတွေ အများကြီးပါပဲ။ လောကသဘာဝနဲ့ ပတ်သက်ပြီးတော့ လူတွေဖန်တီးထားတဲ့ အတတ်ပညာတွေ၊ လူတွေတွေးခေါ်ထားတဲ့ အသိပညာတွေနဲ့ ပတ်သက်လို့လည်း သိစရာတွေ အများကြီးပါ။ တရားဆိုတာကတော့ ရှင်းရှင်လေးပါ... မှန်ကန်မျှတခြင်း ပေါ့။ ဒီတော့ လူတစ်ယောက်ကို....... ဒီလူကတော့ လောကမှာ အရာခပ်သိမ်းသိရှိပြီး မှန်ကန်တယ်၊ မျှတတယ်လို့ ဆုံးဖြတ်လို့ ဖြစ်နိုင်ပါ့မလား? လုံးဝမဖြစ်နိုင်ပါဘူး။ လူကြီးသူမတွေ ဆုံးမခဲ့ကြတယ်။ "အသိတရားနဲ့ ပြည့်စုံအောင် ကြိုးစားကြ" တဲ့။ ဒီတော့ ဘာတွေကို သိရမှာလဲ???

နားလည်ရသလောက် ပြောရရင်တော့ အသိတရားဆိုတာ...ကိုယ့်နောင်ဘဝအတွက် အရေးပါတဲ့အရာတစ်ခုမှာ ပါဝင်ပါတယ်။ နောင်ဘဝအတွက် ကောင်းကျိုး၊ ဆိုးကျိုးအပြင်၊ လက်ရှိ ဘဝမှာလည်း ကိုယ့်ရဲ့ဘဝ ရပ်တည် ရှင်သန်ရေး၊ တိုးတက်ရာတိုးတက်ကြောင်း၊ ဆုတ်ယုတ်ရာဆုတ်ယုတ်ကြောင်းတွေ၊ ကိုယ့်ကြောင့် သူတဖက်သား ဒုက္ခရောက်မှာ၊ ကောင်းကျိုးဖြစ်မှာတွေကို သိရှိပြီးတော့ မိမိကိုယ်တိုင်လည်း ပိုင်ဆိုင်ထားတဲ့အခြေအနေမှာ ကိုယ်ကိုယ်တိုင် ကောင်းဖို့ကော၊ သူတစ်ပါး ကောင်းဖို့ကော နေထိုင်ကျင့်ကြံပြီး ကျင့်သုံးတတ်တာကို အသိတရား ရှိတယ်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။ ကိုယ့်ကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုး နှစ်မျိုးမှာ ကိုယ့်ကောင်းကျိုးကြီးပဲ လွန်ကဲပြီး တစ်ဖက်သားအတွက်တော့ ဆိုးကျိုးဖြစ်အောင် ကျင့်သုံးတတ်တဲ့သူကိုပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးမဲ့စေတဲ့သူတွေကိုပဲဖြစ်ဖြစ် အသိမဲ့တယ်လို့ ပြောရမှာပေါ့။

ဒီလိုပါပဲ... အသိတရားကို သိပြီးရင် အသိတရားတွေကို မမေ့မပျောက် ထာဝရကျင့်သုံးတတ်ဖို့လည်း လိုအပ်နေ ပြန်ပါတယ်။ ဒီတော့ အသိတရားနားမှာ သတိတရားဆိုတာ ကပ်ပါနေပါတယ်။ ဥပမာ..... ဆေးလိပ်စွဲသောက် တတ်တဲ့ လူတွေဟာ သူဆေးလိပ်သောက်လိုက်တာ သူ့အတွက်၊ သူ့မိသားစုအတွက်၊ သူ့ဘေးပတ်ဝန်းကျင် အတွက်ပါ မကောင်းမှန်း မသိတဲ့သူ မရှိပါဘူး။ အဲဒါကို သိသိကြီးနဲ့ ဆေးလိပ်ကို မဖြတ်ပဲ ဆက်သောက်နေတာ အသိတရားရှိတယ်လို့ ခေါ်လို့မရပါဘူး။ မကောင်းမှန်းလဲသိတယ်၊ ဖြတ်လဲ ဖြတ်နိုင်တယ်ဆိုရင်တော့ ဒီလူဟာ အသိတရားရှိတယ်လို့ ပြောလို့ရပါတယ်။ ဆေးလိပ် သောက်ချင်စိတ် ဖြစ်လာရင် မသောက်သင့်ဘူးလို့ အချက် ပေးတာ သတိပါပဲ၊ မသောက်ဖြစ်ဘူးဆိုရင်တော့ အသိရှိသွားပါပြီ။ ကိုစေတနာဆိုရင်တော့ သူအိပ်နေတဲ့ အချိန်တိုင်းမှာ အသိရှိပါတယ်။ အိပ်နေရင် ဘယ်တော့မှဆေးလိပ်မသောက်ပါဘူးတဲ့။ (သူကိုယ်တိုင် အဲလို ဝန်ခံထားတာမို့လို့ သူ့ကိုဥပမာပေးရခြင်းဖြစ်ပါတယ်။ အဟဲ)

အထူးသဖြင့် အသိတရားဆိုတာ ကိုယ်ကျင့်တရားကို ထိန်းတာပါပဲ။ ကိုယ်နဲ့နှိုင်းပြီး သူတစ်ပါးအပေါ် ကိုယ်မကြိုက်တာ၊ မကောင်းဖူး ထင်တာကိုမလုပ်ပဲ၊ ကိုယ်ကြိုက်တာ၊ကောင်းမယ်ထင်တာကိုပဲ လုပ်တာကို ကိုယ်ကျင့်တရားလို့ ခေါ်ပါမယ်။ လူတွေရဲ့စိတ်ဟာ မကောင်းမှုမှာ မွေ့ပျော်လွယ်ပါတယ်။ ဒီတော့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့လည်း တော်တော်လေးကိုခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ့်အပေါ် သူတစ်ပါးမကျင့်သုံးစေချင်တဲ့ အရာအားလုံးကို ကိုယ်ကလည်း သူတစ်ပါးအပေါ် အလွယ်တကူ မကျင့်သုံးမိဖို့ သတိလေးနဲ့ အသိတရားလေးထားပြီး နေထိုင်ကြိုးစားသွားကြမယ်ဆိုရင် လောကကြီးဟာဒီ့ထက်ပိုပြီး ပျော်စရာ ကောင်းလာပါလိမ့်မယ်။ ဒီတော့....... Angel Shaper နဲ့တကွ ချစ်တဲ့မောင်နှမအားလုံး ကိုယ်ကျင့်တရားကော၊ သူတစ်ပါးကောင်းမွန်ရေးကော၊ မိမိဘဝတိုးတက်ရေးကော၊ ကောင်းအောင်နေတတ်တဲ့ အသိတရားရှိနိုင်ဖို့ ကြိုးစားကြပါစို့၊ အသိတရားနဲ့ ပြည့်စုံအောင်ကြိုးစားပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။

မပြည့်စုံတဲ့ Angel Shaper ရဲ့ အသိတရားဆိုတာ...??? လေးကို ချစ်မ မအင်ကြင်းနဲ့အတူ ..................
ချစ်တဲ့ မောင်နှမအားလုံးလဲ ကျေနပ်နိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.3.2010 (Sat;)
1:30 AM

26 comments:

နာ ၁ နော်
စာဖတ်အူးမယ် ခဏ

ဟေ့ နာကတော့ အသိတရား ရှိတယ် ထင်ပါ့
ခိခိ (ကိကိ ရဲ့ ညီမ)

အသိတရား ဆိုတာ ဘာလဲ အိမ်ကျယ် မသိဖူးလား မသိရင် ပြူးပြ အဲ ပြောပြမယ်
အ + သိ + တ + ရား
အဲဒါ အသိတရား မှတ်ထားနော် ဟဲဟဲ

အသက်ငယ်ပေမယ့် အသိတရားပြည့်ဝလို့ ကြိတ်ပြီး လေးစားအားကျရတဲ့ သူတွေ ရှိသလို၊
နာ့ကိုပြောတာရားး ထင်တယ် နာ့ကိုကြိတ်ပြီး လေးစားနေတယ် ဟဟဟ
လေးစားငါးမြှောက်ပြီး ခြောက်ပေါင်းလိုက်နော် ဟဲဟဲ

ဟိဟိ တော်ပါပြီလေ မသောင်းကျန်းတော့ပါဘူး တာ့တာ ၅ နဲ့တင် ကျေနပ်လိုက်တော့မယ် ဟိဟိ
ကိုခလောက် အိပ်နေတုံး သောင်းကျန်းရတာဟ မဟုတ်ရင် သူနဲ့ လု နေရတာ ဟဲဟဲ

ကြည့်လေ .. ဝက်ကလေး တို့  အသိ တရာ ရှိပုံများ....
တရာထိတောင် မရေးတော့ပဲ နောက်လူတွက် ချန်ထားပေးတာ လေ .. .. ဂွက်ဂွက်( ဝက်ဝက်ရဲ့  အမ.. )
တကယ်ဆိုရင်( အသိ တရား )ဆိုတာလေ..
တရား တာတွေ ကို သိတာ ကို ခေါ်တယ် ..

မတရား တာ တွေ ကို မသိတာကျ တော့
(မသိ မတရား) လို့  ခေါ်တယ် .. မှတ်ထား..နော်..သာမီးကြီး ရေ ..း))))

အသိတရား ဆိုတာ တကယ်တော့...
အသိတရား ပါပဲ...လို့ ထင်ပါတယ်...
အမြင်ကောင်းလေးနဲ့ အပြုသဘော ရေးပြထားလို့
ကောင်းပါတယ်....း )
ပျော်ပါစေ ဘော်ဒါရေ
*.*.*

ညီမလေးရေ...
အိပ်ရာကနိုးနိုးချင်း ညီမလေးရဲ့ မက်ဆေ့လေးကိုတွေ့လို့ ချက်ချင်းလာခဲ့ပေမယ့် နောက်ကျသွားတယ်နော်...

ငါ့ညီမလေးက ငယ်ငယ်လေးပေမယ့် အသိတရားတွေ အများကြီးပါလားကွယ်...မမတောင် ဒီပိုစ့်လေးထဲကနေ ဖတ်မှတ်သွားရတယ်...

ဆေးလိပ်သောက်တတ်တဲ့သူတွေကို ဥပမာ ပေးထားတာလည်း ကောင်းမှကောင်း...

အသိတရားရှိရှိ လိမ္မာတဲ့ ငါ့ညီမလေး ဒီ့ထက်ပိုပြီး အောင်မြင်မှုတွေ ရပါစေကွယ်...

ရေးပေးတာ အရမ်းကျေးဇူးတင်တယ်နော်...ဖေ့ဘွတ်မှာ ဆုချထားတယ်...ကြည့်လိုက်ဦး... :)))

ချစ်တဲ့
မမအင်ကြင်း

လေးနက်စွာရေးထားတဲ့ဒီပို့စ်လေးကိုဖတ်ပြီး စဉ်းစားတွေရသွားတယ်....

ဝါး....
ငါ့ညီမက တယ်လာပါလားဟေ့
တော်တယ်...

ပိုစ့်ထဲမှာ .. ခက်ပါတယ် .. ခက်ပါတယ် နဲ့ ပါတော့ တော် တော် ခက်မယ်ထင်ပါတယ် ...

ကျွန်တော် လို သိခြင်းနဲ့ မသိခြင်းကြားမှာ လွတ် နေတဲ့သူတွေအတွက် .. တော့

ခက်သလိုလို .. မခက်သလိုလိုပါပဲ ..

လောကကျင့်ဝတ်နဲ့ ပါတ်သတ်ပြီး အသိတရား တွေ အများကြီးရှိပါတယ်။ ကိုယ့်အတွက်နဲ့ သူတပါး အနှောင့်အယှက် မဖြစ်စေဖို့ ၊ ပါတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြုကျင့် တဲ့ အသိတရားလောက်တော့ ရှိသင့်ကြတာပဲ မဟုတ်လား။ ကိုယ့်အတွက် အတ္တများလာလေ အသိတရား လျော့ကျလာလေပါပဲ။

ရေးထားတာလေးတွေ မမ တောင် သေချာ မှတ်သွားရတယ်....ရေးတတ်လိုက်တာ...

ဒါရိုက်တာကွက်စ် said...

အသိတရား ဆိုတာ အသားတရိရိ ပေါ့ ဆိတ်ကလေးရယ်

ယလဲ့.... ငမူးတွေ ငမိုက်တွေ ဆေးသမား၊ ဆေးလိပ်သမား.... စသဖြင့်.. ဒီပို့စ်ဖတ်ပြီး အသိ၊ သတိရှိကြစေကုန်လေ။။။။။။။။။ :P

တယ်ဟုတ်ပါ့လား ကိုယ့်အစ်မ.....။

အော် ဟော ငါ့မရှိတုန်း
ငါ့မအားတုန်းလေး မဝင်ဖြစ်တာကို
ဝက် ကတော့ ဖဲ့သွားလေရဲ့ 
အိမ်တစ်ကာ လိုက်တစ်နေတာ ဒင်းတော့
ချီးတစ်ပါစေ အဟတ် အမြဲတစ်နိုင်ပါစေ
အမ် နောက်တစ်ယောက်ကလည်း ဖဲ့ပြန်ပြီ
ငမူးတွေ ဆိုပဲ ဆင်ခြင်ရမယ် ဟုတ်လား
အသိတရားဆိုတာ့ ဘယ်သူ့ မှမပြည့်စုံဘူး
တရားပေါက်လာရင် တောထွက်ကြလေ
ဘုန်းတော်ကြီးတွေ ဘုန်းဘုန်းတွေတောင်မှ
တစ်ကိုယ်တည်းနေလို့ မဖြစ်ဘူးဆိုတာသိလို့ လူတွေနဲ့ အတူနေတာပဲဟ တောထဲနေတယ်လို့ မှမရှိတာကို
ဒီတော့ အသိတရားဆိုတာ က မူမမှန်တဲ့ ခဏမှာ ကိုယ့်စိတ်ကို ထိန်းလိုက်တဲ့ သဘောပဲ
ဒါကို အသိတရားလို့ ခေါ်တယ်
နားလည်သလိုတော့ပြောလိုက်တာပဲ အီးကျယ်ရှပ်ပြာ

လာဖတ်သွားပါတယ် မအိမ်ကျယ်

ဏီလင်းညို said...

ညီမသေးသေးလေးရေ
အခုမှ ရောက်သကိုးးးးးးး
ရေးထားတာလေးကောင်းပဗျား....
ညီသေးသေးလေးကတော့ အစ်ကိုကြီးကို စောင်းပြောသွားသလားတောင်မသိပါဘူးကွယ်......း((
ခင်မင်တဲ့
ဏီလင်းညို

လူကသာ သေးသေးလေး...
အတွေးကတော့ ကြီးဂျီးပဲ...

းဝ)

ဘယ်သူတွေကို စောင်းပြောတာလဲ ဟေ့...

ဆင်တဲကဖေးမှာလည်း အင်ကြင်း တတ်ဂ် လာလို့..။ ချိုကျလည်း ခုမှ အသိတရားကပ်တော့တယ်။ ဟီး .. သူများအတင်း ဒီမှာ လာပြောနေတယ်။ အင်း လင်းကြယ်ဖြူ လည်း အသိတရား လေးတင်ပြသွားတာ ကောင်းပါ့ ... ကောင်ပ့ါ...။

အသိတရား???
ဟုတ်တယ်။ ကိုယ်တိုင်အသိတရားနဲ့ပြည့်ဝဖို့ ကြိုးစားချင်နေသူပါ။ ဖိတ်ခေါ်မျှဝေပြီး အသိတရားလေးတွေကို အကွက်ကျကျ မက်ဆေ့ပေးတတ်တဲ့ ညီမလေးကို အသက်ငယ်ပေမယ့် လေးစားအားကျရတဲ့သူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ကျေးဇူးတင်တယ် ညီမလေး။ ဆက်ကြိုးစားပါ။ အောင်မြင်ပျော်ရွှင်ပါစေ။

ခင်တဲ့
ကိုနောင်

ပုံမှန် said...

ဖတ်ပြီးတော့ ကျုပ်လည်းအချိုးတွေပြင်ရတော့မယ်။

အသိတရား....
တော်တော်လေးကို မှတ်သားလိုက်နာစရာပဲ.... ချစ်စရာ ချင်းမလေးရေ.......
ဂလို အရေးလေးတွေကြောင့် ပိုချစ်ခင်ရပါ၏။
(သူ့လိုပြန်ပြောကြည့်တာ...ဟဲ)

အောင်မလေး မရေးတတ်ပေလို့ သာပဲ . .
ရေးများ ရေးတတ်ရင် ပါမောက္ခ တင်ရမယ် . .
အခုတော့ လင့်ချိတ်ပြီး ဆရာမ တင်သွားပါတယ် သာမီးကြီးရေ. . .
ပျော့နိုင်ပါစေ. . .

ဗွမ်း...ကြုံတုန်းလေး ဆော်ထည့်လိုက်တယ်။

ခြင် said...

မီးကြီးရေ မင်္ဂလာရှိသော နှစ်သစ်ပါ ညီမလေးရေ...

အသိတ၇ားဆိုတာ
တပါးသူရဲ့ အတိတ်၊ပစ္စုပ္ပံ၊ အနာဂတ်ကို
ကိုယ်ကျိုးမဖက် တည့်တည့်ကြည့်မြင်တတ်၇င်......။
ကိုယ့်၇ဲ့ အကျိုးကိုလည်း
သမာအာဇီဝ ကျကျရှာဖွေတတ်၇င်..............။
အသိဆိုတာကို သတိတ၇ားနဲ့အစဉ်ထိန်းပေးထား၇င်...။
လူ့လောကအတွက် လူတော်မဖြစ်၇င်တောင်မှ
လူကောင်းလေးဖြစ်လာမယ်လေ................။