Angel Shaper ငယ်ငယ်တုန်းက သင်္ကြန်ကျပြီဟေ့ ဆိုရင် ဘယ်မှကိုမထွက်ရဲလောက်အောင် ရေပက်ခံရမှာ အင်မတန် ကြောက်တတ်သူပါ။ အနှစ်သက်ဆုံး အားကစား လို့ အမေးခံရရင် ရေကူးခြင်း လို့သာဖြေတတ်တယ် ခုထိ ရေမကူးတတ်ပါဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ အိမ်နောက်ဖေးချောင်းမှာ ရေကူးပြီး ဆော့ကစားလေ့ ရှိပါတယ်။ တစ်နေ့ သူငယ်ချင်းတွေနဲ့ ရေထဲ စိန်ပြေးတမ်းကစား နေတုန်း Angel Shaper ခြေထောက်ကြွက်တက်ပြီး ရေနစ်ပါတယ်။ အစအနောက်သန်တဲ့ Angel Shaper ကို ဥာဏ်နီဥာဏ်နက် များတယ် ထင်ပြီး သူငယ်ချင်းတွေက ချက်ချင်းလာမကူကြပါဘူး။ အကြာကြီးနေမှ ရေမွန်းပြီး အသက်မရှူနိုင်လို့ ရေပေါ် ပြန်မတက်နိုင်မှပဲ သူငယ်ချင်းတွေက ရေနစ်နေမှန်း သိပြီး အချိန်မီ ကယ်တင်ခဲ့ကြ လို့သာ ရေနစ်လို့ မသေ တယ်။ အဲဒီအချိန်ကတည်းက ရေဆို အသေကြောက်၊ ချောင်းထဲ ဘယ်တော့မှ ရေမဆော့ဖြစ်တော့သလို၊ ရေချိုးခန်းထဲ ရေချိုးရမှာတောင် ဝန်လေးရလောက်တဲ့အထိ ရေကို ကြောက်တတ်သွားရတာပါ။
(Angel Shaper ရဲ့ ရေကြောက်ရသော အကြောင်းရင်း ဤတွင် ပြီး၏။) အဟဲ....

သင်္ကြန်ကျပြီ ဆိုရင်တော့ ရေကြောက်မှန်း သိနေတဲ့ သူငယ်ချင်းတွေ Angel Shaper ကို ရေလောင်းဖို့ ချောင်းရတာ သူတို့အလုပ်။ အပြင် ထွက်လည်စရာတောင် မလို၊ အိမ်ရှေ့ထွက်မိပြီ ဆိုရင်ကို ရေလောင်းချင်သူ တွေ ဝိုင်းဝိုင်းလည်နေတတ်တာ မဆန်းတော့။ ရေများ အပက်ခံရပြီ၊ အလောင်းခံရပြီဟေ့ ဆိုရင် အသံပြဲကြီးနဲ့ အော်ငိုပစ်လိုက်တာ ပါပဲ။ ရေကြောက်တာကိုး။ သူတို့တွေ ရေလောင်းလိုက် ရလို့ Angel Shaper အော်ငိုပြီ ဆိုရင် အရမ်းကိုပျော်ကြတယ်လေ (တော်တော်စိတ်ပုပ်တဲ့ ကောင်တွေ)။ အင်မတန် စွာကျဲလန်နေတဲ့ကောင်ကို ရေလောင်းလို့ အော်ငိုတယ် ဆိုတာ သူတို့ အတွက်တော့ သဘောကျစရာပေါ့။ သူတို့အတွက် နိုင်ကွက်က ဒါပဲ ရှိတာကိုး။

အဲလိုနဲ့ပဲ သင်္ကြန်အတွင်းဆို Angel Shaper တို့ ခရစ်ယာန်လူငယ်လေးတွေ ဘုရားကျောင်းမှာ Camp သွင်းပြီး သင်တန်းတွေ တက်ရပါတယ်။ ကျမ်းစာတွေ သင်ရတယ်။ သီချင်းတွေလည်း သင်ရတယ်။ ဂစ်တာ၊ ကီးဘုတ်၊ တယော စသဖြင့် သင်ရတယ်။ ဂိမ်းတွေဆော့ရတယ်။ ရေကလည်းကြောက်တတ်တော့ အပြင်မထွက်ရဲ၊ မလည်ရဲ၊ မကဲရဲနဲ့ ခပ်ကဲကဲ Angel Shaper သင်္ကြန်တွင်းတွေမှာတော့ ဘုရားကျောင်းမှာပဲ အပျော်ရွှင်ဆုံး အချိန် ကုန်ခဲ့ရတယ်။

ရပ်ကွက်ထဲမှာတော့ ညဆိုရင် လူငယ်တွေစုပြီး မုန့်လုံးရေပေါ်တွေ လုပ်စားကြတယ်။ ထမနဲလည်း ထိုးကြတယ်။ ထန်းလျက်မွှေးမွှေးလေးနဲ့ မုန့်လုံးရေပေါ်တွေကိုတော့ အရမ်းကြိုက်တယ်။ ကံစမ်းမဲ လို့ခေါ်တဲ့ ငရုပ်သီးစပ်စပ် လေးတွေထည့်ထားတဲ့ မုန့်လုံးတွေကိုတော့ အရမ်းမုန်း။ အဲဒါ မမတွေနဲ့ ကိုကို ကဲကဲလေးတွေ လက်ချက်ပေါ့။ လူကြီး၊ သူမ တွေကို တစ်အိမ်တက်ဆင်း ကျွေးပြီးပြီ ဆိုမှ လူငယ်တွေ၊ ကလေးတွေ လုစားရတယ်...အဲလေ... ဝိုင်းစားကြရတယ်။ ဂစ်တာတီးပြီး သီချင်းတွေဆိုကြတယ်။ သင်္ကြန်သီချင်း ဆိုရင်တော့ ကောင်မလေးတွေက ယိမ်းအကလေးတွေနဲ့ ထကကြနဲ့ ပျော်စရာသင်္ကြန်လေး တွေကို ဆယ်တန်းထိ ရပ်ကွက်ထဲက သူငယ်ချင်း အကို၊ အမတွေနဲ့ ပျော်ပျော်ကြီးကို ဆင်နွှဲခွင့်ရခဲ့ပါတယ်။

သူငယ်ချင်းတွေက အိမ်မှာပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် အလှူလုပ်မယ် ဆိုရင်တော့ Angel Shaper မပျက်မကွက် သွားရောက် အားပေးပြီး လူမှုရေးကျေပွန်တတ်ပါတယ်။ အဟဲ... Angel Shaper အလှူအိမ်တွေက ချက်တဲ့ ဟင်းတွေတော်တော်ကြိုက်တယ်။ အိမ်မှာ အမေ့ကို အလှူအိမ်က ဟင်းတွေချက်ကျွေးဖို့ ပူဆာနေကျ။ အလှူအိမ်က ကုလားပဲဟင်းချက်လေး၊ သရက်သီးသုပ်လေး၊ မုန့်ညှင်းချဉ်သုပ်လေး ကအစ အရမ်းကြိုက်ပါတယ်။ စားလို့ အရမ်းကောင်းတာကိုး။ အဲလိုနဲ့သင်္ကြန် အလှူတွေလည်း တတ်နိုင်သလောက် ဆင်နွှဲဖြစ်ခဲ့တယ်။ (ငတ်ကြီးကျမှန်း သိသာနေလား မသိ)

ရန်ကုန်ရောက်တော့ သင်္ကြန်ဆိုရင် Alpine က ကျင်းပတဲ့ IC Show တွေကို ရှေ့ဆုံးကနေ အားပေးတတ် လာတယ်။ ရှိုးကြည့်ဖို့ အကိုတစ်ယောက်က သူ့ကားနဲ့ လိုက်ပို့တယ်။ လမ်းမှာ ရေတွေပက်တော့ အော်ငိုပါတယ်။ မှတ်မှတ်ရရ ၂၀၀၈ သင်္ကြန်ကို မောင်နှမရင်းလို ချစ်ရတဲ့ သူငယ်ချင်း Russell နဲ့အတူ သူတို့ ရဲ့ မြန်မာ့အသံ ဝင်းကြီးထဲက မိသားစုတွေ၊ သူ့သူငယ်ချင်းတွေနဲ့ ကဲခဲ့ဖူးတယ်။ အကိုကပဲ သူ့ကားနဲ့ လိုက်ပို့ခဲ့တာပါ။ သူနဲ့ သူ့ကောင်မလေးကတော့ ကားရှေ့ခန်းမှာ လုံလုံခြုံခြုံပေါ့။ ရေတွေ စပြီး အပက်ခံရတော့ ရင်ထဲအေးလိုက်တာ၊ ကျောတွေကို စိမ့်ခနဲပဲ။ အစက အော်ငိုမိသေးတယ်။ အားလုံးက ပျော်နေကြတော့ ကိုယ်လည်း သူတို့လိုပဲ သီချင်းတွေအော်ဆိုရင်း ရေပက်ခံရတာကို ပျော်နေမိတော့တယ်။ တကယ့်အမှတ်ရစရာ သင်္ကြန်ရက်လေး တစ်ရက်ပါ။ အင်းယားကန်မှာ ကားတွေ အကုန်ပိတ်ကြပ်လို့ စိတ်တွေ ညစ်ခဲ့ရသေးတယ်။ နေ့လည် ပင်ပန်းတော့ မုန့်တွေစားကြတယ်။ ဆက်လည်ကြတယ်။ ညနေမှ အိမ်ပြန်နားဖြစ်ကြတယ်။ နောက်နေ့ ဖျားပါလေရော။ ရေမကြောက်တော့တာ အဲဒီကတည်းက ခုထိပေါ့။ ဟိဟိ

ဒီနှစ်တော့ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိလိုက်ပါဘူး။ သူငယ်ချင်း Neo ကတော့ ပီနန်းလိုက်ပို့မယ်တဲ့။ သူ့အဖေတို့ တီးဝိုင်းနဲ့ သီချင်းပေးမဆိုလို့ သူ့ကိုကွေးနေတာလေ... မသွားချင်ဘူးပဲ ငြင်းရတာပေါ့။ အကိုတော် ဝဏ္ဏ၊ သူငယ်ချင်း ဖိုးချို တို့လည်း အလှူအတွက် အလုပ်များနေတယ် ဆိုပြီး ဖုန်းပဲဆက်တယ်။ ဖိတ်ကျွေးဖော် တောင် မရ။ ငမူး ကိုလောက်လောက် ကလည်း သူပဲကဲမယ်တဲ့၊ င့ါညီမလေး အိပ်ယာမထနိုင်ဘူး ဆိုပြီး မခေါ်ချင်ပဲ ပစ်ထားတော့ ဘယ်မှ မသွားဖြစ်တော့ဘူးပေါ့။ အကိုတော် ကိုသားကြီးကလည်း သင်္ကြန်အတွင်း အကဲပိုနေပြီး ညီမတော် သမီးကြီးကို မေ့ထားလို့ သူ့ကိုလည်း ကွေးတယ်။ ဒီတော့ Angel Shaper ရဲ့ ၂၀၁၀ သင်္ကြန်က ဘာမှန်းကို မသိလိုက်တာ အဆန်း မဟုတ်ပါဘူး လေနော်။

ဒီနှစ်ကို ရန်ကုန်သင်္ကြန်ရဲ့ အစည်ဆုံးနေရာလေးတွေမှာ မဏ္ဍပ်မဆောက်ရ ဆိုတဲ့ သတင်းကြားတော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိသေးတယ်။ အနုပညာရှင်တွေ နေပြည်တော်မှာပဲ သင်္ကြန်ကျမယ် ဆိုတဲ့သတင်း ကြားရ ပြန် တော့ စိတ်မကောင်းဖြစ်မိတယ်။ အနုပညာရှင်တွေကို လွမ်းတာလား နေပြည်တော်မှာ သင်္ကြန်မကျရလို့ အဆိုတော် မဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကို အားငယ်မိတာလားတော့ မသိ........(အဟဲ)

ရင်ဘတ်ထဲကနေ ဝမ်းနည်းကြေကွဲရဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်သင်္ကြန်မှာ အေးချမ်းတဲ့ သင်္ကြန်မိုးတွေ မရွာပဲ ဗုံးပေါက်တယ် ဆိုတဲ့ သတင်းကို ကြားနေ၊ မြင်နေရတာကိုပါပဲ။ လန်းနေမဲ့ သူငယ်ချင်းတွေကို စိတ်ပူပြီး စုံစမ်း ဆက်သွယ်ရ၊ ဆုတောင်းပေးရနဲ့ တစ်ယောက်တည်း ဝမ်းနည်းပြီး စိတ်ထိခိုက်နေမိတယ်။ ဘာဖြစ်တာလဲဗျာ...... သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်ကူး အခါသမယ၊ ရေတွေလောင်း၊ ပက်ပြီး နှစ်ဟောင်းက အညစ်အကြေးတွေကို အေးမြတဲ့ သင်္ကြန်ရေနဲ့ ဆေးကြောပစ်တာ မြန်မာ့သင်္ကြန်မဟုတ်လား။။။။ ဘယ့်နှယ်... နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ မဆေးပဲ အနုမြူမှုန့်တွေနဲ့ လာဆေးပေးရတယ် လို့ သိပ်ကို အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ ဆွံ့အသွားခဲ့ရတဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ကလေး တစ်ခုပါ။

အဲဒီ အနုမြူမှုန့်တွေကြား အသက်ပေးလိုက်ရတဲ့ သူတွေ၊ ထိခိုက် ဒဏ်ရာရသူတွေ အားလုံးအတွက် ထပ်တူ ဝမ်းနည်း နာကြည်းစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်ဆိုးတွေရဲ့ နောက်မှာ တို့မြန်မာတွေ အတွက် ငြိမ်းချမ်းမှု ဆိုတဲ့ လေပြေညင်းကလေးတွေ တိုက်ခတ်ပြီး၊ မေတ္တာတရား ဆိုတဲ့ မိုးစက်ကလေးတွေ ကျရောက်ပါစေ။ စာနာတတ်တဲ့ ဗုံးတွေသာ ဖေါက်ခွဲပြီး၊ ကိုယ်ချင်းစာတရား ဆိုတဲ့ ရေပိုက်တွေနဲ့ ပက်ဖြန်းနိုင်ကြပါစေလို့သာ.......

သမီးကြီး Angel Shaper ရဲ့ သူငယ်ချင်း မောင်နှမအားလုံး မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်...

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.4.2010 (Sun;)
6:55 Am

25 comments:

ဗုံးပေါက်တဲ့အကြောင်းတော့မပြောပါနဲ့စိတ်ပူလို့ရန်ကုန်ဖုန်းလှမ်းဆက်တော့အဲဒီမဏ္ဍ်းဒပ်ကိုသားလေးကနေ့တိုင်းသွားနေကြတဲ့အဲဒီနေ့ကမသွားဖြစ်တာဒါပေမယ့်အဒေါ်ရဲ့ခဲအိုတော့ပါသွားတယ်တဲ့လေ...
သြော်ပူဆွေးလွမ်းမောရတယ်သင်္ကြန်ရယ်...


ပထမဦးစုံးဖတ်ရတာဝမ်းသာပါတယ်ကျေးဇူးနော်
ခင်တဲ့
ပွင့်ဖြူ

ဟေ့...ရေကြောက်တဲ့ ကောင်မလေး...အခုရော ရေမှန်မှန် ချိုးရဲ့လား :)))

စွာလန်ကျဲနေတဲ့ ကောင်မလေးတစ်ယောက် ရေပက်ခံရလို့ အော်ငိုနေတဲ့ ပုံစံလေးမြင်ဘူးချင်လိုက်တာ....


ဗုံးပေါက်တဲ့ အကြောင်းကတော့ တွေးမိတိုင်း ဒေါသဖြစ်ရတယ် ညီမလေးရေ... လူတွေမှ ဟုတ်ကြရဲ့လားမသိဘူး...ဘယ်လိုစကားလုံးနဲ့ သုံးပြီးပြောရမှန်းတောင် မသိဘူး...မြန်မာ့နှစ်ဦးမှာ သွေးစွန်းရတဲ့ အဖြစ်ခံပြင်းလွန်းလို့ .....အဲ...ပွားရင်းပွားရင်း များသွားပီ...ရပ်မှ...


ငါ့ညီမလေး အတွက် ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေကွယ် ...

ချစ်ခင်စွာဖြင့်
မမအင်ကြင်း

ညီမသေးသေးလေးရေ.......

သင်္ကြန်ကို ဘာမှမလုပ်လိုက်ရ၊ မလည်လိုက်ရတာချင်းအတူတူ.... ငါ့ညီမလေးတွေကိုတော့ သနားပါတယ်လေ....။
ကိုဏီတို့က လူကြီးတွေဆိုတော့ ကလေးတွေကို သနားရတာပေါ့....အဟမ်းးးး

ဒါပေမယ့်လေ... အစ်ကိုတို့တွေထက် သနားစရာကောင်းတာက သင်္ကြန်မှာ သင်္ကြန်လိုပျော်ရင်း... အမှတ်တမဲ့နဲ့ လူ့လောကထဲက ထွက်ခွာသွားလိုက်ရသူလေးတွေပဲလေဗျာ....း((
ကိုဏီတွေးလိုက်တိုင်းရင်ထဲမှာ မကောင်းဖြစ်မိရတယ်...။
နှစ်သစ်မှာ အားလုံး အဆင်ပြေပျော်ရွှင်ပါစေဗျာ....။

ခင်မင်တဲ့
ဏီလင်းညို

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ညီမရေ

ရေကြောက်သူဆိုလို့ ကြိုသိထားရတော့ ရေမပက်ပါဘူးကွယ်. .တိုင်ကီထဲကိုပဲ ခြေထောက်က ကိုင်ပြီး ဇောက်ထိုးနှစ်ပစ်မယ်။

အခုတော့ ရေမှန်မှန် မချိုးဘူး မဟုတ်လား . . .
ဒါကြောင့် ဝက်က ပြောတာ သူ့လို့ ရွှံလူးနေတဲ့ သူထက်တောင်မှ ညစ်ပတ်တယ်တဲ့.. . သူပြောတာ
(ဤကား ရန်တိုက်ပေးခြင်း )

အကိုလည်း သင်္ကြန် ဆိုတာ ဘာမှန်းကို မသိလိုက်ပါဘူးလေ..
အဆိုတော် ဖြစ်ရင် မမေ့နဲ့နော်. . .
ခွေလက်ဆောက်ပေး . .( ခိုးကူးပစ်မယ် )

ပျော်ရွှင်ပါစေ
ကိုဇော်

သင်္ကြန် ဘယ်မှမလည်ရတာစိတ်မကောင်းမဖြစ်နဲ့။ ဗုံးပေါက်တဲ့အသံကြားရကတည်းက စိတ်ပျက်မိတာ။ ခုတော့ သူတို့အတွက် ဆုတောင်းပေးပါတယ်.
အကျည်းတန်သင်္ကြန်လေးဖြစ်သွားလို့တော့ စိတ်မကောင်း ဘူးပေါ့။
နှစ်သစ်မှာပျော်ရွှင်ပါစေ အိန်ဂျယ်ရေ...

အလှူရှိရင် လက်တို့မယ်နော်

နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ဒါရိုက်တာကွက်စ် said...

တွေ့ရင် ရေပုံး နဲ့ လောင်းဖို့ အကြံရသွားပြီ

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ

thingyan di year tauk yay pat khan ma out phit par bu ( shi mha ma shi tar dubai mhar mandat )

yay a khu hti ma ku tat tar tauk sate ma kg bu... (kyone yin tauk yay kan htae kan cha own mel)
yay kyout yin tauk daw dirty phit mel..
bar pel pyaw pyaw kyone yin tauk kan cha own mel.. swimming pool htae..

^_^ ..peace.. ^_^

nhit thit mhar pyaw shwin par say
...Angel...

မင်း said...

ခွေးရူးပြန်ရောဂါရှိရင် ရေကျောက်တယ်တဲ့ .. ကြားဘူးတာ ပြောတာပါ ...
ကြုံမှ နင့်အတွက် သော့တစ်ချောင်း ပို့ပေးအုံးမယ်နော် ... :P

ကိုယ့်အစ်မနဲ့ထပ်တူ ဆုတောင်းပေးသွားတယ်။ အဓိပ္ပါယ်မဲ့စွာ မသိလိုက်မသိဘာသာ ဖြတ်သန်ခဲ့ရတဲ့ သင်္ကြန်နေ့ရက်တွေကတော့ အတူတူမို့ အထူးပြောနေစရာမလိုတော့ပြီ။
ကိုယ့်အစ်မ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့လို့ အထီးကျန်မှုကင်းပါစေ။

ရေမလောင်းလိုက်ရတာ နာသကွာ...

းဝ)

ရေချိုးခန်းထဲ ရေချိုးရမှာတောင် ဝန်လေးရလောက်တဲ့အထိ ရေကို ကြောက်တတ်သွားရတာပါ။....

ဒါဆို ရေချိုးရင် ဘယ်အခန်းထဲ သွားချိုးတာ တုံးးးးးး

အိန်ကျယ် တယောက် ဒီနှစ်သင်္ကြန် ရန်ကုန်မှာ ရှိမနေတာပဲ ကံဖယ်တယ် မှတ်ရမယ်နော် .. ..

အစ်မလဲသင်္ကြန်နဲ့ပတ်သတ်ရင် ဘာအမှတ်တရမှ သိပ်မရှိဘူး... ငယ်ငယ်တုန်းက သင်္ကြန်ဆို Bible campတွေဘဲဝင်နေရတာ... ဗုံးသတင်းအတွက်တော့ တကယ်စိတ်မကောင်းဘူး

အစ်မလဲသင်္ကြန်နဲ့ပတ်သတ်ရင် ဘာအမှတ်တရမှ သိပ်မရှိဘူး... ငယ်ငယ်တုန်းက သင်္ကြန်ဆို Bible campတွေဘဲဝင်နေရတာ... ဗုံးသတင်းအတွက်တော့ တကယ်စိတ်မကောင်းဘူး

အင်းခင်လို့ ပြောရဦးမယ်။ရေကြောက်တာတော့ကြောက်တာတော့ကြောက်တာပေါ့။ရေမချိုးပဲတော့မနေပါနဲ့ ။မကောင်းပါဘူး။
ဟင်း...ခင်လို့ စတာနော်။
အလည်ရောက်ခဲ့ပါတယ်။

ဒင်း ငါမရှိတုံး သောင်းကျန်းလိုက်ထှာာာ နာမယ်

ဟီးးး ချစ်မ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်
အာဘွား ရှလူး မွ မွ
ဘိုင်

အရင်က ရေကြောက်တယ်ဆိုတော့...
ရေရောမှန်မှန် ချိုးရဲ့လား???

တစ်နှစ်တော့ ပြီးပြန်ပြီ
ဘော်ဒါရေ....

တစ်နေ့တစ်နေ့ တစ်ရွေ့ရွေ့နဲ့....ဆိုတော့လည်း
မမေ့မလျေားနေလေဦးတော့မှလို့..ပြန်စဉ်းစားမိတယ်..

ပျော်ပါစေဘော်ဒါရေ

ခုမှရေကြောက်တတ်မှန်းသိတယ်ဗျာ...စောစောကသိရင် မီးသတ်ပိုက်နဲ့ကိုလာခဲ့ပါတယ်...ခုမှသိတော့ နေပေ့စေတော့...ဟီး

အင်း ကျွန်တော်ကလည်း ရေကြောက်တဲ့သူမှ လိုက်ရှာပြီးလောင်းချင်တာ ..နာတယ်ကွာ စောစောကမသိတာ....

သင်္ကြန် မလည်ရတာချင်းတော့ အတူတူပဲ။ ဒီနှစ် သင်္ကြန်ကာလကတော့ အစ်မအတွက်တော့ တော်တော် အလုပ်များပြီး လုံးဝမအားမလပ်ဖြစ်ရတဲ့အချိန်ပဲ။ အဲဒီအကြောင်း နေက်ပိုင်း ပို့စ်တခုတောင် တင်ဖို့ လုပ်ထားပါတယ်။ ဗုံးခွဲတဲ့အကြောင်းတော့ ဘလော့ဂ်မှာ ပြောလို့ဝသွားပြီမို့ ဘာမှထပ်မပြောတော့ဘူးနော့်။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ

Anonymous said...

ငါလည်း နင့်ကို သတိရလို့ ဘယ်မှ မလည်ဖြစ်ပါဘူးဟာ။ နင့်ကို သတိရလို့ ကံကောင်းသွားတယ်။ အဟီးးးး
အစစ ဂရုစိုက်နော်။
လွမ်းနေတယ်... သူငယ်ချင်းရေ....

မျောက်မူးလဲ

Anonymous said...

တိန်....
ငကြောက်ကြီး ပါလားးးးး ရေကြောက်တာကိုပြောပါတယ်။
ဒီလိုမှန်းသိလို့ ချောင်းနေတာ... နောက်တစ်ခါ ရေကန်ထဲ နစ်ကြည့်မယ်.. အဲလောက်ချစ်တယ်..ဟီးး

ဘော်ဒါကြီး

စာနာတတ်တဲ့ ဗုံးတွေသာ ဖေါက်ခွဲပြီး၊ ကိုယ်ချင်းစာတရား ဆိုတဲ့ ရေပိုက်တွေနဲ့ ပက်ဖြန်းနိုင်ကြပါစေလို့သာ...ဟုတ်တယ်ဗျ..အဲဒီလိုမျိုးလေးပဲ အားလုံးကဖြစ်စေချင်ကြတာပါ..။

အမှတ်တရများနဲ့ ရှိနေမြဲပါ. မအဖြူရောင်ရေ. တစ်နှစ်ပြည့် မှာသည် နောင်နှစ်တွေတိုင်း အဆင်ပြေအောင်မြင်မှုများနှင့် ရှိနေနိုင်ပါစေဗျာ. ခင်မင်မှုများဖြင့်. . .
အောင်ကျော်မင်း