မနေ့ညက ထူးဆန်းတဲ့ ပိတ်ကားတစ်ခုမှာ အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ ပုံရိပ်တစ်ချို့ ပေါ့။
မိသားစုလက်စုံထမင်းဝိုင်းမှာ ငါ.......မပါဘူး။
ညနေခင်း မိသားစုတွေ စနောက်ရင်း တီဗွီထိုင်ကြည့်ချိန်မှာလည်း ငါ........မပါဘူး။
လူစုံတက်စုံ ဆွေးနွေးရင်း တိုင်ပင်ကြတဲ့ စကားဝိုင်းမှာလည်း ငါ...........မပါဘူး။
မိသားစုရဲ့ တစ်နိုင်စီးပွားကို စုစုစည်းစည်း လုပ်နေကြချိန်မှာလည်း ငါ...........မပါဘူး။
ရပ်ကွက်ထဲက သာရေးနာရေး အမှုကိစ္စတွေအတွက် ရပ်ကွက်လူငယ်လေးတွေ စုစည်း လုပ်ဆောင်နေတဲ့နေရာမှာလည်း ငါ................မပါဘူး။
ငါ..... ငါ..... ငါ.... ငါဘယ်တွေရောက်နေတာလဲ?
ငါ ဘာတွေလုပ်နေတာလဲ..... င့ါကိုယ်ငါ ပိတ်ကားတွေနောက်မှာ ရှာဖွေနေရင်းးး

ဟော................. ငါ..... ငါ... တစ်ယောက်တည်းပါလားးး
တစ်ယောက်တည်း ဆာလောင်မှုအတွက် မုန့်ဝယ်ထွက်ချိန် ဘေးကနေ ပိုက်ဆံလိုက်ရှင်းပေးမယ့် အဘွားလည်း ရှိမနေဘူး။
တစ်ယောက်တည်း အထီးကျန် အားငယ်လို့ ဆုံးရှုံးနာကျင်နေချိန် အားပေးနှစ်သိမ့်ပေးမဲ့ ဖေဖေလည်း အနားမှာမရှိဘူး။
ကိုယ့်ရဲ့ ဝေရာဝိစ္စတွေအကုန် လုပ်ပေး၊ စားချင်တာကို ချက်ကျွေး၊ လုပ်ချင်တာတွေကို အားပေးတတ်တဲ့ မေမေလည်း မရှိဘူး။
ဖျားနာနေချိန် ဆေးခန်းလိုက်ပို့၊ ဂရုတစိုက်နဲ့ မသောက်ချင်တဲ့ဆေးတွေကို စိတ်ရှည်ရှည်နဲ့ လိုက်တိုက်မဲ့ အဒေါ်လည်း မရှိဘူး။
ကိုယ်ပြောသမျှကို စိတ်ဝင်တစား ပြုံးပြုံးလေးနားထောင်ပေးမယ့် ဦးလေးလည်း အနားမှာ မရှိဘူး။
လိုချင်တာကို မရရအောင်ဝယ်ပေး၊ စားချင်တာတွေကို ဝယ်ကျွေးမဲ့ ဒေါ်လေးလည်း မရှိဘူး။
ကိုယ့်အပေါ်အနွံတာခံတတ်တဲ့ ညီမလေးလည်း ပျောက်နေတယ်။
သီချင်းတွေဆိုပြ ကပြပြီး၊ တစ်ခါတလေ စိတ်တိုအောင် လိုက်စတတ်တဲ့ မောင်လေးလည်း မရှိဘူး။
အလိုမကျလို့ စိတ်ကောက် စိတ်ဆိုးနေချိန် ချော့မော့ပေးမဲ့ သူငယ်ချင်းတွေလည်း အနားမှာ မရှိဘူး။
ငါ့တစ်ယောက်တည်း ဒဏ်ရာဗရပွနဲ့ လျှောက်ရင်း လျှောက်ရင်း လဲလိုက် ထလိုက် နဲ့။
တင်းထားလိုက်ရတဲ့အားတွေများ တင်းဖန်များတော့ ပြတ်ချင်ချင်.......
အဲ့ချိန်မှာပဲ..... ဆတ်ခနဲ........လန့်နိုးတော့..........
အော်.... ငါ အိပ်မက်ဆိုးတွေမက်နေတာပါလား........ ဆိုတဲ့ အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့အချိန်ထိ
အဲဒီအိပ်မက်ဆိုးကိုပဲ စိတ်နာနာနဲ့ ဆက်မက်နေရဆဲ........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
31.5.2010 (Mon;)
10:35 Pm

31 comments:

ငါ့ညီမ အိမ်မက်လှလှ ထာဝရမက်ပါစေ

အော်....လူသားအားလုံးလည်း အိမ်မက်လှလှ မက်နိုင်ကြပါစေ

ဒီလိုပါပဲ။ အိပ်မက်ဆိုးတွေက ခဏတော့ မက်နေရဦးမှာပါ။ တချိန်ချိန်တော့ အိပ်မက်လှလှ မက်တဲ့ အချိန်ကို ရောက်မှာပေါ့။

ပွေလီနေတာကိုးးး အိမ်မက်လှလှ ဘယ်မက်မလဲ ဟွင့်
အိမ်မက်လှလှမက်ချင်ရင် မနိုးသော အိပ်ခြင်းနဲ့ အိပ် ဒါဆိုရင် စိတ်ချ လှလှလေး မက်စေရမယ် ဟဲဟဲ

အကျင့်ကိုမကောင်းဘူး သူ ပို့စ်အသစ်တင်တာမပြောဘူး ဟွင်းးးနော် အိမ်ကျယ် ကျပ်ကျပ်သတိထား ဒါဗြဲ အဟွင့်

ဘူမှ လာသေးဘူးလားကွ ငါနော် ဝက် တကောင်တည်း ပျင်းလိုက်ထှာာာာာာာာာာာ

တော်ပါဘီ လပ်ကီးဆဲဗင်း ပဲထားလိုက်တော့မယ်နော် မသောင်းကျန်းတော့ပါဘူး ဘိုင် တာ့တာ

အိပ်မက်ဆိုးတွေနဲ့ နေခဲ့ရတဲ့ညပေါင်းလဲများလှပါပြီ..
အသက်၁၁နှစ်အရွယ်ကတည်းက အိမ်နဲ့ခွဲနေရတာ...
ခုချိန်ထိပါဘဲ..
ဘယ်တော့မှ ဒီအိပ်မက်ဆိုးက လွတ်မြောက်တော့မယ် မထင်ပါဘူးး(

ဝါး . . . အိပ်မက်ကိုတောင်မှ တင်ပြထားပုံလေးက လှလိုက်တာ. . .။ ဝက်ဝံလေးကတော့ အကြံပေးသွားတယ် အကိုတော့ ပေးတတ်ဘူး။
ကိုယ်က အိပ်ရင် ဘာမှ သိဘူး ...ပျော်နေလို့. . .

အိပ်မက်မမက်ပဲ အိပ်ရေး၀၀အိပ်ပေါ် အဲလေ အိပ်ပျော်ပါစေကွယ်...“ငါ”လဲ မြန်မြန် ပါနိုင်ပါစေ...ဘယ်နေရာဖြစ်ဖြစ် ရတယ်မှတ်လား...အိမ်း ပါစေကွယ်...

ဟို ၀က်ကလေး တော်တော် သောင်းကျန်းသွားပါလား...စာမလုပ်ဘူး..ဟွန်းးး နာမယ်...

ဒီလိုပါပဲဗျာ တစ်ချို့ချို့သောလူတွေပေါ့ လဲကျလိုက် ထသွားလိုက် ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက် နဲ့အိမ်မက်နဲ့တူတဲ့ လောကကြီးထဲမှာပေါ့။
ခင်တဲ့(ချိုကျ)

တခုခု လိုနေသလိုပဲ ဟဲဟဲ။

ဘယ်နေရာမှ ငါ မပါတာချင်းတော့ အတူတူပါပဲ

မရေရာတဲ့ ဘဝမှာ ပေမယ့် အိပ်မက်ချိုချိုလေးတော့ မက်စေချင်တယ်။

အိပ်မက်လှလှလေးတွေ မက်စေချင်ပါတယ်..
ကိုယ်တိုင်လဲ အိပ်မက်ဆိုးတွေနဲ့ နပန်းလုံးနေရဆဲ..
ခုချိန်ထိပေါ့..
အားလုံး အိပ်မက်လှလှ မက်နိုင်ကြပါစေနော်

အရမ်းဆိုးတဲ့ကောင်မလေးဆိုတော့ ပစ်ထားကြတာပေါ့...
အိပ်မက်ထဲမှာပဲနော် ကိစ္စမရှိပါ...
တစ်ယောက်တည်းလဲ ကရာတေးတတ်တာပဲဟဟ..

ချစ်မကြီး

ဏီလင်းညို said...

ညီမသေးသေးလေးရေ.....

ညီသေးသေးလေးတို့..၊ ကိုအေအေတူတို့ ရှိတယ်လေကွယ်......။
သူတို့ကို........သောင်းဂျန်းပစ်.......။
ကိုဏီကတော့.ဆင်းရဲသားမို့ ခုထိ မဆုံနိုင်ကြသေးဘူး....။

အချိန်တိုင်းပျော်စေချင်တယ်.........ညီမလေးရေ......
ဖိုက်တင်း........ဗျာနော့်.........း))

ခင်မင်တဲ့
ဏီလင်းညို

မသဒ္ဓါလည်းအိပ်မက်ဆိုးတွေမက်နေဆဲပဲညီမရေ..။
အိပ်မက်ကောင်းတွေနဲ့အမြန်ဆုံတွေ့နိုင်ပါစေနော်..။

ခင်တဲ့
မသဒ္ဓါ

ညီမလေးရေ...

အိပ်မက်ဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး အိပ်မက်လှလှတွေကို ဘ၀တစ်သက်တာ ထာဝရပိုင်ဆိုင်နိုင်ပါစေကွယ်...

မမအင်ကြင်း

လူတိုင်း လူတိုင်း အိပ်မက်ဆိုး တွေ မက်တတ်ကြတာပါပဲလေ.. အိပ်ရာနိုးရင် မေ့လိုက်ပါတော့..။

မဒင်း...
ညီမကိုမှတ်မိလား..
ဂွမ်းပုံလေ..
ညီမကို add ပေးလေ
loverstar.star04@gmail.com

ညီမလေး...

အိပ်မက်လှလှ မက်ပါစေ။

အော်ခက်တည်တည်နဲ့..လိမ်းစားတာလား။ ဆားချက်တာလား..။ရေးစရာမရှိလို့ ...လား။... လား။
ဘာပဲဖြစ်ဖြစ် ဦးနီကို သတိယတယ် အုန်သီးတွေ အဲ အုန်ကျွန်းတွေ ခွက်သံ တွေ ကြားရတော့ဝူး ဟိုလူကြီးဆို မိန်းမနဲ့ ခွဲရတာ ငိုဝူးတဲ့ ..ဦးနီ.. လစ်သွားတည်းက ၇ရက်လောက်လွမ်းဖျား လွမ်းနာကျနေတာ လေ။ ပြန်မပြောနဲ့ နာပြောတယ်လို့နော်။
ပျော်ရွှင်ပါစေ..။

အဲလိုအိပ်မက်တွေ မက်ရမှာကြောက်တယ်

အော် အိပ်မက်ဆိုးထဲကရုန်းထွက်ဖို့ တစ်ခုခုတော့လိုမယ်ထင်တယ်..

သူငယ်ချင်းရေ တစ်ချိန်ချိန်တော့ အိပ်မက်လှလှ မက်နိုင်မှာပါ။ အိပ်မက်ဆိုတာ မျှော်လင့်ချက်ရဲ့ တမန်တော် ဆိုပါစို့ ငါတို့ အချိန်ခဏလောက် ဆွဲဆန့်ထားလိုက်ရုံနဲ့ ပြည့်စုံလာမှာပါ နင့်ခံစားချက်ကို နားလည်ပါတယ်ဟာ။ ဘာလို့ဆိုတော့ ငါလည်း........

သူငယ်ချင်းရေ တစ်ချိန်ချိန်တော့ အိပ်မက်လှလှ မက်နိုင်မှာပါ။ အိပ်မက်ဆိုတာ မျှော်လင့်ချက်ရဲ့ တမန်တော် ဆိုပါစို့ ငါတို့ အချိန်ခဏလောက် ဆွဲဆန့်ထားလိုက်ရုံနဲ့ ပြည့်စုံလာမှာပါ နင့်ခံစားချက်ကို နားလည်ပါတယ်ဟာ။ ဘာလို့ဆိုတော့ ငါလည်း........

ချက်ချင်းထလို့ မရသေးတော့ ဆိုးနေတဲ့ အိမ်မက်ကိုပဲကောင်းအောင်လုပ်လိုက်ပေါ့။

အိပ်မက်ဆိုးကလွတ်မြောက်
နိုင်ပါစေကွယ်...

ဘ၀ဆိုတာအိမ်မက် မက်နေတာပါ ...
နော့က်တော့ လည်းအားလုံးပြီးဆုံး သွားတာပါပဲ ...
မက်နေစဉ်တော့  အလူးအလဲ ခံစားရတာပေါ့  ...

အိမ်မက်ဆိုး ဂယ်ပဲ ထပ်မ မက်ပါစေနဲ့ လို့ ဆုတောင်း ပေးလိုက်ပါတယ်။ အနော်ကို ပုံမှန်ကတော့ လက်တို့ ထား တယ် .. ဂျယ်ဂျယ် အတွက် ရေးနေတယ် ပြောတယ် ... ကြို ဖွထားခဲ့ P .. အဟိ