လူတိုင်းအတွက်တော့ အဖေဆိုတာဟာ အားကိုးရာ ဟီးရိုးကြီးပါ။ ငါကြီးလာရင်တော့ ဖေဖေ့လို ဖြစ်အောင် ကြိုးစားမယ်။ ရိုးသားဖြောင့်မတ်ရမယ်။ လူတွေကို လေးစားတန်ဖိုးထားတတ်ပြီး လူပီသရမယ်။ ကူညီတတ်ရမယ် ဆိုတာတွေဟာ ငယ်ငယ်ကတည်းက ဘယ်သူမှ သင်ပေးစရာမလိုပဲ စိတ်ထဲကနေ ဖြစ်ချင်လာတဲ့ ဆန္ဒတွေပေါ့။
သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လို့ ရှုံးလာတယ်၊ ခံလာရတယ်ဆိုရင် နောက်ဆုံး ကျည်ဆန်ဖြစ်တဲ့ ငါ့အဖေနဲ့တိုင်မယ် ဆိုတဲ့ စကားမျိုးတွေကိုလည်း အဖေကို သိပ်အားကိုး တတ်တဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ပြောထွက်မိတဲ့ စကားလုံးတွေပါ။ သရဲကြောက်လို့ ဖြတ်မသွားရဲတဲ့လမ်းကို ညအမှောင်မှာ ဖေဖေနဲ့သွားရရင် ဘာကြောင့်မှန်းမသိ ကြောက်စိတ်တွေ မရှိတော့တာဟာလည်း အဖေဟာ ကိုယ့်အတွက် သူရဲကောင်း တစ်ယောက် ဖြစ်နေလို့ပေါ့။

အဖေတွေကတော့ ကြင်ကြင်နာနာနဲ့ ချော့သိပ်ဖြစ်ချင်မှ ချော့သိပ်ဖြစ်မယ်...............လိုအပ်မှုမှန်သမျှကိုတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ သူတို့ရင်ထဲမှာ တံဆိပ်ခတ်ထားပြီးသားပါ။ ဒီတော့ ဖေ့ဖေ့ကျေးဇူး ဆိုတာတွေ ကို ကဗျာတွေ စာတွေ ဖွဲ့လည်း ဖွဲ့မမီပါဘူးလေ။

ဒီနေ့ ၂၀.၆.၂၀၁၀ ဟာဖခင်များနေ့ဖြစ်ပါတယ်။ ဒီတစ်ခါ ဖခင်များနေ့ဖြစ်ပေါ်လာပုံကိုတော့ မအားလပ်မှုတွေ ကြောင့် မျှဝေမပေးနိုင်ပါဘူး။ Angel Shaper မှာ အဖိုးနဲ့ ဖေဖေ့အပြင် ဦးလေးတွေလည်း ရှိတယ်။ မွေးစားဖခင်တွေလည်း အများကြီး ရှိပါတယ်။ အကိုတွေလည်း အများကြီးရှိပါတယ်။ အဖေတစ်ယောက်လို ဆိုဆုံးမပေးတဲ့ ဆရာတွေလည်း အများကြီးရှိပါတယ်။ ပါပါးလို့ သမီးခေါ်တဲ့ ရန်ကုန်က ဆရာ Kevin Moe၊ အမေရိကားက ဖေကြီး အောင်သာငယ်၊ ဒူဘိုင်းက ဘကြီးမိုး လို့ ခေါ်တဲ့ ကိုမိုးဇော်လွင်၊ ဘကြီးသာလို့ခေါ်တဲ့ ကိုသာယာ၊ မလေးရှားက ဦးတည် (ကိုသောမတ်စ်)၊ ဖခင်နေရာ မရောက်သေးတဲ့အကိုတွေ၊ ကြိုးစားနေသူ အကိုတွေလည်း အများကြီးပါ။ (ဖခင်ဖြစ်ပြီးသူများသာ နာမည်ဖော်ပြသည်) အားလုံးဟာ ဘုရားပေးတဲ့ အမျိုးတွေပေါ့။ သမီးအရင်းတစ်ယောက်လို ဂရုတစိုက် ဆိုဆုံးမကြတယ်။ ကူညီကြတယ်။ အားပေးကြတယ်။ ဖေးမပေးကြတယ်။ မေတ္တာ၊ စေတနာတွေ အားလုံးအတွက် ကျေးဇူးလည်း အများကြီး တင်ပါတယ်။ အဖိုး၊ ဖေဖေနဲ့ မွေးစား ဖခင်တွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တွေအားလုံးကို သီချင်းလေးနဲ့ဖြစ်ဖြစ် ပိုစ့်လေးနဲ့ပဲဖြစ်ဖြစ် ဂါရဝပြုဖို့ စိတ်ထဲရှိနေပေမယ့် အချိန် အင်မတန် ဆင်းရဲသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် မနှစ်က ဖခင်များနေ့မှာ ဖေ့ဖေ့အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာလေးနဲ့ပဲ အားလုံးကို ဂါရဝပြုလိုက်ရပါသည်။

Dad,

There Are Not Many Words
To " Thank You " For All That You Have Done.
You Go Out Of Your Way To Help The People
You Came Across Each Day And You Surely Become Richer With
The Blessings You Gather Along The Way.

You Showed So Much Concern And
Helped Me In Every Way You Could,
And It Is True That Only Because Of You,
The Tests Of Life, I Stood On My Own.
And While I Keep Wondering
How You Manage To Help Others Always,
This Note Of Gratitude Comes Your Way
To "Thank You" For Brightening My Days.
I Love You Daddy, You Are My Hero!!!!!!!!!!!!!!!
On This Special Father's Day, May God Bless You Dad!!!

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.6.2010 (Sun;)
1:00 Am

15 comments:

ကောင်းလေ၏ ။
“ဖခင်တယောက်ရဲ့ မေတ္တာစေတနာဟာ မိခင်နဲ့ မခြား အတူတူပါ့ပဲလေ။
တစ်ယောက် တစ်မျိုးမို့ နှိုင်ယှဉ်စရာ ဘယ်အရာမှမရှိပါ။”

ခုလို Father's Day မှာတူမတော် တယောက် အမှတ် တရလေး အဖြစ်မှတ်တမ်းတင်ထားတာ ဂုဏ်ယူလေးစားပါတယ်လို့ ပြောရင်-အရာရာ အဆင်ပြေ အေးချမ်းပျော်ရွှင်ပါစေ။

PS=>> ဖခင်ဖြစ်သူတွေ ပြောလိုက်ပါရဲ့နော် ။ “ဦးတည်” တို့ ကလေးကို မုန့်ဖိုးပေးရလိမ့်မယ် ဒီလောက်လိမ္မာ တဲ့ ကလေးရှာကြည့် ဦး ... ပြောမှသိမလုပ်နေတဲ့..ခွိ (အချွန်နဲ့မသည်။)

ခင်မင်မှုဖြင့်..
အားလုံးကို ပျော်စေချင်တဲ့.....

ကိုလတ်။

အဖေများနေ့မှာ ချစ်သော ၊ ခင်သော ဖခင်များနဲ့ ပျော်ရွှင်ပါစေ....

ခင်သော
ကိုဇော်

ပျော်ရွှင်စရာကောင်းတဲ့ ဖခင်များနေ့ဖြစ်ပါစေ..အိန်ဂျယ်ရေ..... ဘ၀မှာ ဖခင်ရှိသေးသူများအတွက် မမေ့မလျော့နဲ့ နှုတ်ခွန်းလေးတွေ ဆက်နိုင်ကြပါစေလို့...

ခင်မင်တဲ့
နေ၀သန်

အဖေများနေ့..တဲ့လား။
အင်း..နေ့တွေ နေ့တွေများ များလာတယ်နော်.။ အမေများနေ့ ၊ အဖေများနေ့ ၊ ချစ်သူများနေ့ ၊ စသည်ဖြင့်ပေါ့။ ကျွန်တော့်ဖြင့် ကိုယ့် နေ့ကိုယ်တောင် မေ့နေပြီး။ ဟီးးး

Thanks, Thamee, 4 your beautiful post.
i do appreciate it.
And the poem is touching 2.
Thanks again.

အဖေများနေ့ မှာ အဖေ့ကိုတော်တော်လွမ်း
သွားတယ်ဗျာ . . . တကယ်ဆိုတူတူ
နေချင်ပေမဲ့ ဘ၀အခြေအနေက ခဏခွဲခွာ
နေရတယ်ဗျာ ဒါကြောင့်ပိုလွမ်းမိပါတယ်

လေးစားဖို့ကောင်းတဲ့စိတ်ထားလေးကို တွေ့ခဲ့ရတဲ့ စာတစ်ပုဒ်ပါပဲ အိန်အိန် အဲအဲ ယောင်လို့ အိန်ဂျယ် ရေ ဟီး စတာနော်
ခင်တဲ့(ချိုကျ)

တော်သေး..
အဖေများနေ့မရောက်ခင် အိမ်ခနပြန်တုန်း အဖေ့ကို ကန်တော့ခဲ့ရလို့..း)
မိဘကျေးဇူးသိတတ်သူတိုင်းအတွက်
အလေးထားစရာ နေ့ကလေးတွေပါဘဲနော်..

ညီမလေးရေ....အဖေများနေ့က ကျော်သွားပြီဆိုပေမယ့်လို့ လာဖတ်သွားတယ်....ကဗျာလေးလည်း ကောင်းတယ်....အစ်မကလည်း အဖေကို အရမ်းချစ်တဲ့သမီးလေ....

ငါ့ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေ....

ညီမလေးရေ.......

အစ်ကိုလည်း.......အချိန်ဆင်းရဲလွန်းသွားလို့ အဖေများနေ့ ရောက်တာတောင်မသိလိုက်ပါဘူးဗျာ.....။
(မညာတတ်လို့....အမှန်ပြောသည်။)
ဘလော့ဂ်ကို ၀င်ဖြစ်မှသိတာ....။
ညီမလေး ဖေဖေ့အတွက် ရေးထားတဲ့ကဗျာလေး ခံစားဖတ်သွားပါတယ်ဗျာ.......။

ခင်မင်တဲ့
ဏီလင်းညို

အဖေများနေ့အတွက်ထပ်တူဆုတောင်းဂုဏ်ပြုပါတယ်.။
သားသမီးတိုင်းချစ်သောဖခင်တွေနဲ့မကွဲမကွာ၊ မခွဲမခွါ
နေထိုင်နိုင်တဲ့ဘ၀မျိုးဖြစ်နိုင်ပါစေ..။
ကမ္ဘာပေါ်မှာရှိတဲ့ဖခင်တိုင်းကျန်းမာချမ်းသာသက်ကျော်
ရာကျော်ရှည်ကြပါစေ..။
ဒါနဲ့ လင့်ချိတ်ထားတယ်..ခွင့်ပြုနော်..
ခင်မင်စွာ
သဒ္ဓါလှိုင်း

ထပ်တူထပ်မျှပါပဲ သူငယ်ချင်းရေ
ငါအဖေ့တော့ ဆုံးသွားတာကြာပြီ
သူငယ်ချင်းရဲ့ ပိုစ်လေးကြောင့်
ငါ့အဖေကိုသတိရနေမိပါတယ်

အော် အိန်ဂျယ်လေးရယ် အဖေ အမေ တွေကို သိတတ်လိုက်တာ ကျန်းမာချမ်းသာ ပါစေကွယ်။

အော် မေ့နေလို့ အကိုများနေ့ ရောက်လာရင်လဲ ကိုကြီးပုံမှန်ကို သတိရနော် ....

အဖေမရှိတော့မှ အဖေ့မေတ္တာတွေကို တမ်းတမိနေတယ်
အဖေများနေ့ ပိုစ့်လေးတင်ပေးတာ ကျေးဇူးပါ နတ်သမီး အဆင်ပြေပျော်ရွှင်ပါစေ။