ကျွန်တော်တို့  ဂီတရူးသူငယ်အချင်းအဖွဲ့ ဟာ ဂစ်တာတစ်လက်နဲ့  ဘယ်ရောက်ရောက်
ဟဲတတ်တာ ကျွန်တော်တို အဖွဲ့ လေးရဲ့ အမှတ်အသား တစ်ခုလို ဖြစ်နေပါပြီ။
ကျောင်း ကင်တဲန်းလေးမှာ သူငယ်ချင်းတွေနဲ့  ထိုင်ြပီး ဂစ်တာတီးအော်ဟစ်နေတုန်း
ကောင်မလေး တယောက် ရောက်လာတယ်။ သူ စားချင်တာတွေ မှာစားပြီးတော့
ကျွန်တော်တို့  အော်နေတာကို ငေးကြည့်တယ်။ အဲဒီအချိန် ကောင်လေး တစ်ယောက်
ကင်တဲန်းကို လာတယ်။ ကောင်မလေးက လှမ်းအော်တယ်.." ဟေ့ကောင် ငဇေ....
ငါစားတာလာရှင်းကွာ... ထိုင်ဦး ထပ်မှာဦးမယ် " ပြောလည်းပြော၊ မှာလည်းမှာ၊
စားလည်းထပ်စား၊ အင်း မိန်းကလေးတန်မဲ့ တော်တော်စားနိုင်တာပဲ လို့ မဆီမဆိုင်
တွေးမိလိုက်သေးတယ်။

နောက်နေ့ လည်း ထပ်ဆုံတယ်။ သူ့ သူငယ်ချင်းတွေနဲ့ ပဲ ဆူဆူညံညံ ရောက်လာကြတာ....
သူတို့ တွေရောက်လာတော့ မှာကြ၊ စားကြ သောက်ကြတယ်။
ကျွန်တော်တို့  အဖွဲ့  အော်နေတာကို သူ ပြုံးပြုံးလေး ငေးပြီး နားထောင်နေပြန်တယ်။
စားလို့ သောက်လို့ လဲ ပြီးရော ကောင်မလေးက ပိုက်ဆံထုတ်မရှင်းဘူး။
ဒီနေ့ မင်းရှင်း ဆိုပြီး သူ့ ဘေးက ကောင်မလေး ကို အော်ပြောလိုက်တယ်။
အဲဒီ ကောင်မလေး ကလဲ အင်း ဆိုပြီး ထုတ်ရှင်းရှာတယ်။

ဒီနေ့  ကောင်မလေးသူငယ်ချင်းတွေ ကျွန်တော်တို့ ထိုင်တဲ့ ဘေးက စားပွဲမှာ နေရာယူနေကြတယ်။ ခဏနေတော့ သူတစ်ယောက်တည်း ရောက်လာတယ်။ သူ့  သူငယ်ချင်းတယောက်က လှမ်းနှုတ်ဆက်တယ်။
" ဟဲ့... ကြယ်လေး၊ အိပ်ယာထ နောက်ကျ ပြန်ပြီလား ".... " အင်း.....ဒီနေ့ ဖိုးချစ် ထမင်းကြော် နဲ့  လက်ဖက်သုတ် ၀ယ်ကျွေး ကော်ဖီလဲ သောက်မယ်".... ပြောရင်း ၀င်ထိုင်တယ်။
သူ့  သူငယ်ချင်းတွေက ၀ိုင်းမှာပေးရှာတယ်။ အဲလိုပဲ... ကျွန်တော်တို့ ဝိုင်းကို အဲဒီကောင်မလေး
တစ်ချက် လှမ်းကြည့်ပြီး ကျွန်တော်တို့  ဆိုနေတဲ့ သီချင်းကို တိုးတိုးလေး လိုက်ညည်းတယ်။

နောက်ရက် ကောင်မလေး တစ်ယောက်တည်း ကင်တဲန်းမှာ ထိုင်နေတယ်။
ဂစ်တာလေး ထမ်းလာတဲ့ ကျွန်တော့်ကိုလဲ တွေ့ ရော " မနေ့ က လေးဖြူ သီချင်းလေး လုပ်ပါဦး... လိုက်ဆိုချင်တယ်" သူ့ စားပွဲကနေ လှမ်းပြောလိုက်သေးတယ်။
ကျွန်တော်တို့ လည်း တီးပေးလိုက်ပါတယ်၊ ပရိတ်သတ် ရတုန်းပေါ့ဗျာ။

တပတ် လောက် ကြာတော့ ကျွန်တော်တို့  အဖွဲ့ နဲ့ သူ နဲ့ တော်တော်လေး ခင်သွားကြတယ်။
သူလဲ ဂီတကို နှစ်ခြိုက်သူတစ်ယောက်ပါပဲ။ သူ့ သူငယ်ချင်းတွေနဲ့ လဲ မိတ်ဆက်ပေးတယ်။
ကျွန်တော် တို့ နှစ်ဖွဲ့ ပေါင်းပြီး စားစရာတွေမှာစား၊ အတန်းမတက်ခင် ထုံးစံအတိုင်း
သီချင်းတွေ လိုက်ဆိုကြနဲ့ အတော်လေး ခင်သွားကြတယ်။ ကျွန်တော်တို့ အဖွဲ့ ထဲမှာ
အဲဒီကောင်မလေးက အငယ်ဆုံးပါပဲ။ အားလုံး ရွယ်တူတွေ ဆိုပေမယ့် သူက ဒီဇင်ဘာလမှာမွေးတော့ ကျွန်တော်တို့ အားလုံးထဲမှာ အငယ်ဆုံးပေါ့။ ကျွန်တော့်ထက်လည်း ၈လလောက် ငယ်တယ်။
သူက အသံလဲကောင်းတယ်။ သီချင်းတွေ လိုက်ဆိုနိုင်ပေမယ့် ဂစ်တာတော့ မတီးတတ်ဘူး။
သူသင်ချင်နေတာ ကြာပြီ။ သင်ပေးမယ့်သူ ဆရာခေါ်မယ် ဆိုပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။
ကျွန်တော်က အဖွဲ့ ရဲ့ ပင်တိုင် အတီး သမားကိုး။ ကျွန်တော့်ကို အားလုံးက ၀ိုင်းပြောကြတာပေါ့။
" ဟေ့ကောင် ဇော်ကြီးရာ သင်ပေးလိုက်ပါ၊ သူက ၀ါသနာပါတယ်၊"တဲ့။
သူက လည်း ၀င်ပြောလိုက်သေးတယ်၊ သူ့ ကို သင်ပေးရင် အလကားမသင်ဘူး၊
မုန့်ဝယ်ကျွေးမယ်တဲ့၊ လိုချင်တာလဲ ပေးမယ်ဆိုပြီး စကားခေါ်တယ်လေ။
ကျွန်တော်က " လိုချင်တာတကယ်ပေး မှာလား " ဆိုတော့၊ သူက " အင်းပေါ့ " ဆိုလို့ 
ဂတိတူညီမှု စာချုပ်ချုပ်တဲ့ အနေနဲ့  သူ့ ထုံးစံ အတိုင်း ကျွန်တော် သူ့  ကိုအအေးတိုက်လိုက်ရပါတယ်။

အဲဒီ ကြယ်ကလေး ဆိုတဲ့ ကောင်မလေးဟာ အားလုံးကို အနိုင်ယူ ဗိုလ်ကျ နေတာ တော့သူ့ အကျင့်ပါပဲ။ အားလုံးကလည်း ခွင့်လွတ်နားလည်ပေး ကြသလို ချစ်ကြတယ်။
သိပ်လည်း ပြောင်ပြောင်ရောင်ရောင် ရှိပုံမရတဲ့ သူ့မှာထူးခြားတာဆိုလို့  မျက်လုံးနက်လေးတွေ ပိုင်ဆိုင်ထားတယ်။ သူ့ ပုံစံလေးက ဆံပင်ခပ်တိုတို လေးနဲ့  မိန်းကလေး သိပ်မဆန်တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာမှ ထူးထူးခြားခြား လှနေတာမျိုးမဟုတ်ပေမယ့် ချစ်စရာတော့ကောင်းတယ်။ ၀တ်ထားတာကလည်း ဘောင်းဘီတို နဲ့ တီရှပ်နဲ့  လွယ်ထားတဲ့ အိတ်ကလဲ ယောကျာင်္းလေးအများစု လွယ်တဲ့ အိတ်မျိုး။ သူ့ နဲ့ ခင်တာကြာလာတော့ သူ့ ကို မြင်ရရင်ပျော်ဖို့ ကောင်းတယ်။ ချစ်ဖို့ လဲကောင်းမှန်း တဖြည်းဖြည်း နဲ့ သိလာတယ်။

ကျွန်တော် ကြာလာတော့ သူ့ ကို ခင်တာထက် ပိုချင်လာတယ်။ သူ့ ကို မမြင်ရရင် တစ်ခုခု လိုနေသလိုခံစားရတယ်။ ကျွန်တော် ဘာပဲဖြစ်ဖြစ် သူ့ ကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
မနက် အစောကြီး ထပြီး ကျွန်တော် ရေမိုးချိုးပြီး ကျောင်းသွားဖို့ ပြင်တယ်။
မနေ့ က ကျွန်တော်သူ့ ကို မနက်ဖြန် အစောကြီးလာခဲ့ ငါနင့် ကို အအေးတိုက်မယ် ဆိုပြီး ပြောထားတာ။ အမေ့ကို မုန့်ဖိုး ပိုတောင်းရမယ်။ သိပ်မချမ်းသာတဲ့ ၀န်ထမ်း မိသားစုလေး ဆိုတော့
အမေက ကျွန်တော့်ကို မုန့် ဖိုး လိုအပ်သလောက်ပဲပေးတာကိုး။
မုန့် ဖိုး ၅၀၀ ဆိုတာ ကျွန်တော့် အတွက် လောက်ပေမယ့် အစားကြီးတဲ့ ကောင်မလေးကို
အအေးတိုက်ဖို့ ဆို ဘယ်လောက်မလဲလေ။ အမေ့ကို "မုန့် ဖိုး ၁၅၀၀ လောက်တော့ ပေးပါ အမေရာ၊
ကျွန်တော် နောက် အပတ် လျော့သုံးပါ့မယ် " ဆိုပြီး အသနားခံလာရတာလေ။
မတော်လို့ ကောင်မလေးက အအေး တစ်မျိုးပဲ မကျေနပ်ပဲ သူ့ အကျင့်အတိုင်း တခုပြီး တခု ထပ်မှာနေရင် အရှက်ကွဲမယ်လေ။ အအေးဆိုင်ရောက်တော့ သူက ကြိုရောက်နေတယ်။ " ဘာလို့  နောက်ကျတာလဲ၊ ငါဆာလှပြီနော် " ဆိုပြီး လှမ်းဆူတော့တာပဲ။ ကျွန်တော်က ကားကြပ်လို့ ဆိုတော့ " အင်း၊ ဒါဆိုလဲ ခွင့်လွတ်ပါတယ် " ဆိုပြီး ဆရာကြီးလေသံနဲ့  လာလုပ်နေသေးတယ်ဗျာ။
ကျွန်တော် အဲဒီနေ့ သူ့ ကို ဘာမှမပြောလိုက်ရဘူး။ " မနက်ဖြန်လည်း စောစောလာနော်၊
အအေး တိုက်ဦးမယ် " ဆိုတော့ သူက " ဟဲ့... နောက်နေ့  ငါ့အလှည့်ပေါ့ဟယ်၊
တလှည့်စီ တိုက်မယ်လေ " " အိုကေလေ၊ ဟိုမှာ ဟိုကောင်တွေ လာနေပြီ "

ဒီလိုနဲ့ ကျွန်တော်တို့ ရဲ့ ခင်မင်မှုလေးက တိုးတက်လာတယ်။
သူ ကျွေးမယ့်အလှည့်ကျရင် သူ စားနေကျ အတိုင်း ကြိုက်သလောက်စားပေမယ့်၊
ကျွန်တော့် အလှည့်ဆိုရင် သူ သိပ်မစား ရှာပါဘူး၊ လျော့စားတတ်တယ်။
သူ့ မှာ အဲလို ချစ်ဖို့ ကောင်းတဲ့ အကျင့်လေးတွေလဲ ရှိနေပြန်တယ်ဗျာ။

နောက်ပိုင်း သူငယ်ချင်းတွေ ရိပ်မိလာတယ်။ ၀ိုင်းနောက်ကြတယ်လေ။
သူကတော့ ခပ်ပြုံးပြုံးပဲ၊ ငြင်းလဲမငြင်းဘူး၊ စိတ်လဲ မတိုဘူး။ အားလုံးက တော့ သဘောတူတယ်။
အဲလို ၀ိုင်းနောက်ရင်းနဲ့ ၊ "တို့ တွေ သူငယ်ချင်းထက် နည်းနည်းပို ခင်ရင်ကောင်းမယ်ထင်တယ်နော်"
" ဘာလို့ တုန်း " " ဒီလိုဟာ... ကိုယ် ကြယ်လေးကို ချစ်မိနေတာ ကြာပြီ "
သူမျက်လုံးလေး ပြူးသွားတယ်။ စိတ်ဆိုးသွားမလားလို့ ကျွန်တော် ထင်ထားတာ၊
သူ စိတ်လည်းမဆိုးသလို၊ ရှက်ရိပ်လေးတောင် သန်းမသွား ပါဘူး။
ကျွန်တော်တောင် အူကြောင်ကြောင်ဖြစ်သွားတယ်။ သူကကျွန်တော့်ကို ပြုံးပြီးမေးတယ်။
" ကိုဇော် တကယ်ပြောတာလားဟင် " " တကယ်ပြောတာပါကွာ...ကိုယ် ကြယ်လေးကို တကယ် ချစ်မိသွားတာပါ၊ ကိုယ့်ကို လေးလေးနက်နက်လေးတော့ စဉ်းစားပေး စေချင်တယ်ကွာနော် "
" ကိုဇော် တကယ်ပြောနေတာ ဆိုရင်တော့ ကြယ်လေး စဉ်းစားပေးမှာပါ၊
တပတ်လောက်တော့ အချိန်ပေးပေါ့ နော် "
" တကယ်ပြောတာနော်၊ ကိုယ်တပတ်ပြည့်တဲ့ နေ့ မနက်အစောကြီး
ဒီကင်တဲန်းလေးကနေ စောင့်နေပါ့မယ်.... "

အဲလိုနဲ့  တပတ်ပြည့်တဲ့ နေ့မှာ ကျွန်တော် အစောကြီး ထပြီးတော့ ကျောင်းကို ပြေးလာတယ်။
ရင်ခုန်စွာနဲ့ သူ့ ကို စောင့်မျှော်နေတယ်.... ကောင်မလေး ဘောင်းဘီတို အနက်လေးနဲ့ 
ကျွန်တော့် ဘေးကို ရောက်လာတယ်၊ ခုံလေးဆွဲ ပြီး ၀င်ထိုင်လိုက်တယ်။
" ဘာစားမလဲ ကြယ်လေး "
" အင်း... ထမင်းကြော်နဲ့  အကြော်စုံ၊ ကော်ဖီ... ကျန်တာနောက်မှ ထပ်မှာမယ်...
ကိုဇော်ရောက်နေတာ ကြာပြီလား "
" မကြာသေးပါဘူး... မိနစ် ၂၀ လောက်ပဲ ရှိသေးတယ်၊
ကိုယ်ဝမ်းသာရမှာလား ကြယ်လေး " လို့ အလောတကြီး မေး တဲ့ ကျွန်တော့်ကို
" ကိုဇော်ရယ်.... ကြယ်လေး ပွင့်ပွင့်လင်းလင်းပြော ရရင် ကိုဇော့်ကို ချစ်ပါတယ်"
ဗြုန်းစိုင်းကြီး သူ ကျွန်တော့် ကို အဖြေပေးချလိုက်တော့ ကျွန်တော် အပျော်လွန်ပြီး ထအော်မိတယ်။
အဲဒီအချိန် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား တစ်ယောက် ဟာ ကျွန်တော်ပါ။
ဒီလိုနဲ့ ကျွန်တော်တို့ ချစ်သူတွေ ဖြစ်သွားကြတယ်။

ချစ်သူ တို့ ရဲ့ ထုံးတမ်းစဉ်လာအရ ရုပ်ရှင်ရုံတို့ ၊ ပန်းခြံတို့ ၊ ကစားကွင်းတို့ လို နေရာတွေကို
အတန်းချိန်တွေ ဖျက်ပြီး အရောက် စိတ်လာကြတယ်လေ။
ရေခဲမုန့် သိပ်ကြိုက်တဲ့ ကျွန်တော့် ကောင်မလေး ကို ကျွန်တော်ရေခဲမုန့် တွေ ၀ယ်ဝယ်ကျွေးပြီး၊
သူ့ ဆီက အနမ်းလေးတွေ အစားပြန်တောင်းတတ်နေပြီလေ။
သူကလဲ သူ ကြိုက်တဲ့ ရေခဲမုန့်လေးတွေ စားရဖို့  သူ့ အနမ်းလေးတွေနဲ့ 
ခဏခဏ လဲစားတာ အကျင့်ပါနေပါပြီ။
ကျွန်တော် ကြိုက်တဲ့ ကော်ဖီ ခါးခါးလေးတွေကို တိုက်ပြီး ကျွန်တော့် ကဗျာလေးတွေ၊
သီချင်းလေးတွေ ကို သူ ယူယူ ထားတတ်နေပြီပေါ့။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်တွေဟာ တနေ့ တခြား ပိုပိုတိုးလို့ ခိုင်မြဲလာပါတယ်။

ကျွန်တော် သူ့ ကို သိပ်ချစ်သလို၊ သူကလဲ ကျွန်တော့် ကို အရမ်း ချစ်ပါတယ်။
သူငယ်ချင်းတွေအားလုံး က သိပ်ချစ်ကြတဲ့ ကျွန်တော် တို့ နှစ်ယောက်ကို နားလည်ပေးကြတယ်။
ကျွန်တော် သူ့ ကိုချစ်နေတာကလွဲပြီး ဘာမှ စိတ်မ၀င်စားသလို၊ ဂရုလဲ မစိုက်ပါဘူး။

တစ်နေ့ သူ့ လွယ်အိတ်ကို ကျွန်တော် သွားစပ်စုမိတော့ လွယ်အိတ်ထဲမှာ ချစ်စရာကောင်းတဲ့
မိုဘိုင်းဖုန်း တန်ဖိုး ကြီးကြီး တစ်လုံးတွေ့ တယ်။
ကျွန်တော်တို့ ဆီမှာက ဟဲန်းဖုန်းဆိုတာ အရမ်းချမ်းသာတဲ့ စီးပွားရေးသမားတွေ လောက်ပဲ
ကိုင်နိုင်တာလေ။ သူ့ မုန့်ဖိုးနေမှာပေါ့ ပိုက်ဆံတွေလဲ အများကြီးပါပဲ။ ကျွန်တော် တော်တော်လေး အံ့သြသွားရပါတယ်။ စိတ်လဲပူသွားတယ်။ သူ့ ကို "ဒါတွေက ဘာလုပ်ဖို့ လဲ၊ ဘာတွေလဲ" ဆိုပြီး အော်မေးမိပါတယ်။ သူမျက်နှာငယ်လေးနဲ့  " အိမ်က ထည့်ပေးတာလေ၊ မယူလို့ မှမရတာ"
ကျွန်တော် စိတ်ထဲမှာ တစ်မျိုးခံစားလိုက်ရတယ်။
ကျွန်တော့်လို မုန့်ဖိုး ၁၀၀၀ လောက်ပဲ ရတဲ့ ငမွဲ နဲ့ သူ့  လို ၁၀၀၀တန် အများကြီး မုန့် ဖိုးရတဲ့
ကောင်မလေးနဲ့  သိပ်ချစ်ကြတယ်ဆိုတာ သိပ် ပြီး ကြားမကောင်းပါဘူး။
ကျွန်တော် စိတ်မကောင်းဖြစ်တာ သူသိပါတယ်။ ကျွန်တော့်ကို သူချော့ရှာပါတယ်။
" ကိုဇော်ရယ် ကြယ်လေးတို့ နှစ်ယောက်ချစ်ကြတာ ဂုဏ်ပကာသန၊ အသိုင်းအ၀ိုင်း တွေမပါပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိ ချစ်နေကြဖို့ သာ အဓိကပါ "
ကျွန်တော် စိတ်မကောင်းဖြစ်မှာကို စိုးရိမ်တဲ့ သူ့ ခေါင်းလေးကို ကျွန်တော့် ရင်ခွင်ထဲ ဆွဲသွင်းပြီး
" ဟုတ်ပါတယ်ကွာ... ကိုယ်မင်းဆီက လိုချင်တာ အချစ်တစ်ခုပဲ၊
ကြယ်လေးကိုယ့်ကို ချစ်နေရင် ကို့ အတွက် ပြည့်စုံပါပြီ ".......

အဲလိုနဲ့ ကျွန်တော် တို့ ချစ်လာခဲ့ ကြတာ ကျောင်းကြီး လဲ ပိတ်တော့မယ်။
ဒီနေ့  စာမေးပွဲ နောက်ဆုံး နေ့.... ကျွန်တော့်ခေါင်းထဲမှာ ဘာလုပ်ရမလဲ ဆိုတဲ့ အတွေး တွေ အများကြီးပါပဲ။ ကျွန်တော် သူနဲ့ ကြာကြာ မခွဲ နိုင်ပါဘူး။ မြန်မြန်နီးစပ်နိုင်အောင် ကြိုးစား ရပါမယ်။
ကျွန်တော် အတွေးနယ်ချဲ့ ရင်း တစ်ယောက်တည်း ကန်တဲန်းလေးမှာ ထိုင်နေတုန်း
ကားလှလှလေး တစ်စီး ထိုးရပ်လာတယ်။ ကားပေါ်ကနေ တော်တော်ချောတဲ့ အန်တီ တစ်ယောက်
ဆင်းလာပြီး၊ ကျွန်တော့်ဆီတန်းလာတယ်။ " မောင်ဇော်ဇော်လွင် ဆိုတာလားမသိဘူး "
" ဟုတ်ပါတယ် အန်တီ၊ ကျွန်တော် ဇော်ဇော်လွင်ပါ၊ ဘာများလဲ ခင်ဗျာ "
" အော် အန်တီက မင်းသူငယ်ချင်း ကြယ်ကလေးရဲ့ အမေပါကွယ်။ လမ်းကြုံလို့ ပါ။
သမီး ပြောပြထားလို့ မင်းတို့ သူငယ်ချင်းအားလုံး ကို အန်တီသိနေပါတယ်ကွယ်။
မင်းမိဘတွေကော ဘာလုပ်ကြလဲ " " ကျွန်တော့်မိဘ နှစ်ပါးလုံး ကျောင်းဆရာ တွေ ပါ ခင်ဗျာ "
" အင်း... ၀န်ထမ်းတွေပေါ့... ကောင်းပါတယ်ကွယ်... အန်တီသွားလိုက်ပါဦးမယ်ကွယ်...
မင်းတို့ သူငယ်ချင်း လဲ ကျောင်းပိတ်ပြီး မကြာခင်ပဲ သဘောတူထားတဲ့ ကောင်လေး
တစ်ယောက်နဲ့  မင်္ဂလာဆောင်ပေးတော့မယ်ကွယ်၊ သီချင်းတွေလာဆိုကြပေါ့၊
မင်းတို့ သူငယ်ချင်းကို လာအားပေးကြပေါ့ ဟုတ်လား... ကဲ အန်တီ သွားပြီကွယ် "
ပြောချင်ရာပြောပြီး ထွက်သွား တဲ့ ကြယ်လေးရဲ့ အမေကို ကျွန်တော်
ဘာမှ ပြန်မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။

ခဏလောက်ကြာတော့ ကြယ်ကလေး ရောက်လာတယ်။
မျက်စိမျက်နှာပျက်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး၊
" ကိုဇော် ဘာဖြစ်တာလဲဟင်.... မျက်နှာလည်းမကောင်းဘူး "
" မင်းစာမေးပွဲ ပြီးရင် သဘောတူထားတဲ့ သူနဲ့ လက်ထပ်ရမယ်ဆို...
ကိုယ့်ကို ဘာလို့ ပြောပြမထားတာလဲ " သူ မျက်နှာ ညှိုးသွားပါတယ်။ " ကိုဇော့်ကို ဘယ်သူပြောလဲ "
" ခုနက မင်း အမေလာပြော သွားတာ " " ဟုတ်တယ်၊ သူတို့  စီစဉ်နေကြတယ်။ ကိုဇော် စိတ်မကောင်းဖြစ်နေမှာစိုးလို့ မပြောဖြစ်တာပါ။
သူတို့ အစီအစဉ်က ကိုယ်ပါမှ ဖြစ်မြောက်မဲ့ ကိစ္စပါ ကိုဇော်ရယ်... မေ့ထားလိုက်ပါနော် "
ကျွန်တော် သူ့ ကို ရင်ဘတ်ထဲ ဆွဲသွင်းပြီး သူ့ ခေါင်းလေးကို နမ်းလိုက်မိတယ်။
ကျွန်တော် သူ့ ကိုသိပ်ချစ်တာပါ။ ကျွန်တော် သူ နဲ့ ဝေးလို့ မဖြစ်ဘူး။
သူမရှိရင် ကျွန်တော် ဘယ်လိုမှ မနေတတ်ဘူး ဆိုတာ အမှန်ပါ။
ဒီနေ့ စာမေးပွဲဖြေပြီး ရင် ကျွန်တော် သူ့ ကို ခိုးပြေးလိုက်ရမလား။ အဲဒါ လူညံ့တွေမှပဲ လုပ်တတ်တာပါ.... ကိုယ့်ကိုယ်ကို အားတင်းတယ်။

စာမေးပွဲ အခန်းထဲက ထွက်လာတယ်ဆိုရင်ပဲ မနက်ကတွေ့ တဲ့ ကားလေး ကို တွေ့ လိုက်ရတယ်။ ကျွန်တော့်ရင်ဘတ်ထဲ အောင့်သွားတယ်ဗျာ။
ကြယ်ကလေး စာမေးပွဲ ခန်းထက်က ထွက်လာတော့ သူ့ အမေ ကားပေါ်ကဆင်းလာ တယ်။
" အော်၊ သားတို့ သမီးတို့  ဖြေနိုင်ကြလား၊ အန်တီတို့ သွားစရာလေးလဲ ရှိလို့ 
ကြယ်လေးကို လာကြိုတာကွယ်။ ကြယ်လေး မင်္ဂလာပွဲ ကြရင် အားလုံး လာခဲ့ ကြကွယ်....
သွားလိုက် ပါဦးမယ်ကွယ်... ကဲသမီး လာ ကားပေါ်တက် " ဆိုပြီး ကြယ်လေးကို သူ ခေါ်သွားတယ်။
ကျွန်တော်တို့ အားလုံး ဘာလုပ်ရမှန်း မသိဘူး ဖြစ်သွားတယ်။
ကျွန်တော် အတော်လေး ခံစားလိုက်ရပါတယ်။ ကျွန်တော့်ရင်တစ်ခုလုံး အက်ကွဲသွားသလို ကြီးကို ဖြစ်သွားတယ်ဗျာ။

အဲဒီနေ့ ကစပြီး ကြယ်လေး အိမ်ထဲက အိမ်ပြင်မထွက်ရတော့ပါဘူး။
ရုပ်ရှင်၊ ဇာတ်လမ်းတွေထဲကလို အိမ်ကထွက်ပြေးဖို့ သူ့ မှာ အခွင့်အရေးလေး မသာခဲ့ ရှာဘူးလေ။
ကျွန်တော် သူ့ ကို ခိုးပြေးဖို့  သူငယ်ချင်းတွေ အားလုံးနဲ့ တိုင်ပင်ပြီး ကြိုးစားခဲ့ ပါသေးတယ်။
အရမ်းကို စိစစ် သေချာတဲ့ ကြယ်လေး အမေကြောင့် ကျွန်တော် မအောင်မြင်ခဲ့ ဘူး။
လုံးဝဆက်သွယ်လို့ လဲ မရခဲ့ဘူးဗျာ။
ဒီလို နဲ့ အသည်းကွဲတဲ့ ရောဂါကို ကျွန်တော်တို့ ချစ်သူ နှစ်ယောက် ခံစားလာခဲ့ ရတာ......

မနက်ဖြန်ဆို ကြယ်လေး ကျွန်တော် မဟုတ်တဲ့ တခြားတယောက်နဲ့ လက်ထပ်ရတော့မယ်............
ကျွန်တော်ရေးပေးခဲ့တဲ့ကဗျာလေးတွေ၊ သီချင်းလေးတွေ ကို
ဖတ်ပြီး၊ နားထောင်ပြီး သူ တညလုံး ငိုနေလိမ့်မယ်။
ကျွန်တော့်မှာလဲ သူ့ အတွက် ကဗျာလေးရေးရင်းးးး ရေး ရင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
တစ်ယောက်တည်း.......................

ကြယ်လေးရေ.....
မင်းဆန္ဒမပါပဲ ၀ုန်းခနဲ ပိတ်သွားတဲ့ မင်းအခန်းပြတင်းပေါက်က
လေပြည်လေညှင်း သန့်သန့်လေးတွေ မရ လိုက်မှာကိုပဲ ကို စိုးရိမ်မိတာပါ။
တစ်ကယ်တော့ ကိုဟာ မင်းရဲ့ ဘူတာလေးမှာ ရပ်နားခွင့်မရတဲ့
ရထားစုတ်လေး တစ်စင်းပါပဲ....
မင်းဘူတာနားဖြတ်လျှောက်သွားချိန် ရပ်နားခွင့်မရပေမယ့်
မင်းကြားအောင် ဥသြသံ ကျယ်ကျယ်လေး ဆွဲပေးပါ့မယ်.......
မင်း ကြားရင် ထွက်လာပြီး ကိုယ့်ကို လက်ကလေးတော့ ပြပေးပါကွာ............
မင်းအသိုင်းဝိုင်းကြားမှာ ကိုယ်ဟာ ဖိနပ်မပါတဲ့ လူတစ်ယောက်ဖြစ်နေခဲ့လို့ 
ကြိုးကိုင်သူတွေရဲ့ ဆန္ဒကို မင်း ဖြည့်ဆည်းပေးလိုက် ရတော့မယ်မို့ လား......
ကိုယ်မဟုတ်တဲ့ တခြားတယောက်ရဲ့ ရင်ခွင်မှာ
မင်းဘ၀လေး ပျော်ရွှင် ချမ်းမြေ့ပါစေ။

တစ်ချိန်က မင်းရဲ့
ကို

ချစ်ခြင်းများစွာဖြင့်
Angel Shaper
28.6.09 ( Sun ; )
7:26 Am

တစ်ခုသောညနေခင်းတွင် ကျွန်တော်တစ်ယောက်တည်း အေးအေးလူလူ ညနေခင်းသတင်းစာ ဖတ်နေခိုက်တွင် ဖြစ်သည်။ ကလင်ကလင်ဖြင့် ဖုန်းဝင်သံကြောင့် အသာကောက်ကိုင်လိုက်ရာ တဖက်မှ " ဟလို ကာလ်မဲလ် လား " " ဟုတ်ကဲ့ ၊ မဟုတ်ပါဘူး၊ ဘယ်က ကာလ်မဲလ်လဲ ? " ဒီတော့ တစ်ဖက်မှ ဖုန်းမှားသွားသည်ကို သိကာ " ကာလ်မဲလ် တောင် မသိဘူးလား ? အရူး " ဟု အသားလွတ် ကြိမ်းသွားလေသည်။ ဖုန်းချသွားလေပြီ။ ကျွန်တော့်ခေါင်း ပူလာသည်။ မိတ်ဆွေ အလကားနေရင်း အဆဲ၊ အကြိမ်းခံရလျှင် ဘယ်လိုနေမလဲ- အဲသလိုပေါ့ဗျာ။ သတင်းစာ ပြန်ဖတ်သည်။ ဖတ်၍ မရ။ အတော်ကြာမှ သွေး ပြန်အေးလာသည်။ အဲဒီအချိန် ဖုန်းပြန်ဝင်လာသည်။ " ဟလို " ဟုပဲ ထူးရသေးသည်။ တစ်ဖက်မှ ဖုန်းပြန်မှားသွားကြောင်းသိကာ " သြော် မင်းပဲကိုး- သောက်ရူး၊ ငပေါ " ဟုဆဲ ပြန်၏။ ပြန်မထူးနိုင်မှီ ဖုန်းပြန်ချသွားသည်။ ကျွန်တော် မတ်တပ်ရပ်၍ မရတော့- အသားတုန်လာသည်။ ဘာလဲဗျာ.... လူတိုင်းက ကာလ်မဲလ်ကို သိရမလား၊ မသိတာအပြစ်လားဗျာ၊ အဲ သိစေချင်ရင်လဲ ပြောပါလား? ဆဲရတယ်လို့ - အသားလွတ်ကြီး၊ ပြီးတော့ အဲသလိုပဲ ဆဲကြေးလား?။ ကျွန်တော့် နှလုံး အခုန်မြန်လာသည်။ ကျွန်တော် အတော်ကြာမှ အကြံရကာ သေချာပေါက် သိသော ဖုန်းနံပါတ် တစ်ခုသို့ လှည့်လိုက်လေသည်။ " ဟလို " ..... " ဘာ ဟလိုလဲ.. မြည်းလို အကောင်၊ ငရဲကျမဲ့အကောင်၊ ဖသာရဲ " တစ်ဖက်မှ လူမှာ " ဟေ " ဟု သာ ထွက်နိုင်၏။ နောက် တစ်ခု " ဟလို အမိန့် ရှိ ပါ " " ဘာ အမိန့် ရှိပါလဲ... မြင်းမသား၊ လူလိမ်၊ အလကားကောင် " ။ နှစ်နေရာ ဆက်ပြီး သောအခါ ကျွန်တော် အတော့် ကို နေသာလာသည်။
သို့ ဖြင့် နာရီဝက်ကျော် တစ်နာရီ နီးပါး ဖုန်းနံပါတ် တစ်ခု ပြီး တစ်ခု ကျွန်တော် ကောက်ဆဲနေသည်။ တစ်ဖက်မှ အသံဝင်နေသူ တစ်ဦး သည် သူ့ တစ်သက်တာ ဘယ်တော့မှ မေ့၍ မရမည့် ကျွန်တော့် အဆဲကို ခံရလေသည်။ အမျိုးသမီး တစ်ဦးမှာမူ ရှိုက်၍ ပင် သွားရှာ၏။ အတော်ကြာ ၍ မောလာသောကြောင့် ဖုန်း ချ အနားယူနေခိုက် ဖုန်းသံ ပြန်မြည်နေသည်။ ကောက်ကိုင်လိုက် ၍ " ဟလို " ဟုပင် မပြောရသေး ကောက်ဆဲခြင်းကို ခံရလေသည်။
ခွေးသား၊ လူလိမ်၊ မြည်းမျိုး၊ မျိုးလိင်၊ တဲ့ အမျိုး မျိုး ပဲ အဆဲခံရတာ။
တစ်ချို့ ကိုအဓိပ္ပာယ်တောင် မသိပါဘူး။
အဲသလိုပဲ အဲဒီနေ့ ညနေ ကျွန်တော်တို့  တစ် မြို့ လုံး ဖုန်းသံ တစ္ဂြီဂြီ၊ တစ်လင်လင်...... ဆဲဆိုသံ.... ကြိမ်းသံ...... တို့ ဖြင့် ဆူညံ၍ နေလေသည်။
မြို့ ငယ်လေးတစ်ခု လုံး ရှုပ်နေပါပြီ။
ဒီလိုပဲ ကျွန်တော်တို့ ဂျူးတွေက ဘယ်သူမှကို စိတ်ချရတာ မဟုတ်ဘူး။
တုံးဆိုတိုက်၊ ကျားဆိုကိုက် ရတယ်ဗျာ။
နို့ မို့ ကျွန်တော်တို့ ဂျူးတွေ အမျိုး ပြုတ်တာ ကြာလပေါ့ဗျာ။
အဲဒီလိုပဲ အဲဒီညနေခင်းတော့ တစ်မြို့ လုံး ဖုန်း နဲ့ ပဲ ရှုပ်ကြရပါတယ်။
ဤကား ကျွန်တော်တို့ ဂျူးများ၏ စိတ်ဓာတ်ပေတည်း။
သို့ မဟုတ် ခါတိုင်းထက်ပိုပူသော ရာသီဥတုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

" ဂျူး ၀တ္ထုတိုများ " မှ ကောက်နှုတ်ချက်
(ဒေါက်တာ ခင်မောင်ညို ဘာသာ ပြန်သည် ။)

အလွန် ဖြစ်နိုင်သော အရာ၊ ရယ်စရာ ကောင်းသော အဖြစ်အပျက်ပေတည်း။
ပါးပါးလေးတွေး ပြီး ပေါ့ပေါ့လေးပြုံး ဖို့ 
ချစ်ခင်စွာဖြင့်
Angel Shaper


Angel Shaper ငယ်ငယ်ကတည်းက သီချင်းဆိုတာ ၀ါသနာပါတယ်။ မောင်နှမတွေ အားလုံး ဆုံရင် အရင်ဆုံးဆော့ဖြစ်တာက အဆိုတော်လုပ်တမ်းပေါ့။ ကိုယ့်အလှည့် ခဏခဏကျအောင် ဥာဏ်နီ ဥာဏ်နက်သုံးပြီး အားလုံးကို အသံနဲ့ နှိပ်စက်နေကျ။ Sunday School တက်တဲ့အရွယ် ရောက်ပြန်တော့ ဆရာမက ဘုရားကျောင်းမှာ သီချင်းတွေတက်ဆိုခိုင်းတယ်။
အဲလိုနဲ့ပဲ မူကြိုအရွယ်ကတည်းက သီချင်းတွေ ဆိုလာခဲ့တာပါ။ အသက် ၁၃ နှစ်လောက်မှာ အဖေသင်ပေးခဲ့တဲ့ မိုင်နာကောဒ့်လေးတွေနဲ့ အပတ်တိုင်းဟဲဖြစ်ခဲ့ပြန်ပေါ့။ ၁၀တန်းလည်းရောက်ရော သူငယ်ချင်း ကောင်မလေး၊ ကောင်လေးတွေအတွက် ပေါက်တတ်ကရစာတွေရေးပေးရင်း ကဗျာလေးဘာလေးတွေကြောင့် အတန်းထဲက တယောက်ကတောင် ဘာလိုလို ညာလိုလို ဖြစ်ခဲ့သေးတယ်။ အဟဲ..........

အိမ်ရှေ့ကို သီချင်းလာဆိုတဲ့ ကောင်လေးတွေ အရှုံးနဲ့ လှည့်ပြန်သွားအောင် မောင်နှမတွေ၊ ၀မ်းကွဲတွေ အုပ်စုလိုက်ကြီး ၀ရံတာကနေ ကြိုးကြိုးစားစား တက်ညီလက်ညီ အော်ဟစ်ဆူပူပြီး အောင်ပွဲခံလာခဲ့ဖူးပါတယ်။
ကောင်မလေးတွေ အဆောင်ရှေ့လည်းမရှောင် ၀ါသနာအရင်းခံပြီး သူငယ်ချင်းတွေကို မေတ္တာ၊ စေတနာ အပြည့်နဲ့ကူညီတတ်တာလည်း Angel Shaper ပါပဲ။ ဒေါ်လေး မုံရွာမှာ စီးပွားရေးတက္ကသိုလ်တက်တော့အလည် ခဏသွားဖြစ်ခဲ့သေးတယ်။ သူတို့နေတဲ့ အိမ်ရှေ့သီချင်းလာဆိုတဲ့ ကောင်လေးတွေဆီကဂစ်တာတောင်းပြီး သူတို့ ကို ဆိုခွင့်မပေးပဲ၊ သူတို့ နားထောင်ချင်တာလေးတွေ ဆိုပြပြီး ပြန်ခိုင်းခဲ့တာလည်း Angel Shaper ပါပဲ။

သီချင်းကတော့ ကျောင်းခရစ်စမတ်ပွဲတွေမှာလည်း တက်ဆိုဖြစ်ဆဲ။ စတိတ်ရှိုးဆိုထိပ်ဆုံးက၊ ဆရာကန်တော့ပွဲ ဆိုလည်းကိုယ်ပါမှ၊ အဲလိုပွဲကြမ်းလာခဲ့တာ ရန်ကုန်ရောက်တော့ ကျူရှင်က ဝါသနာတူသူငယ်ချင်းတွေနဲ့ စတူဒီယိုတွေသွားပြီး သောင်းကျန်းခဲ့တယ်။ ကျေနပ်သွားလို့ ရှိရင် တယောက်ယောက်အိမ်ဝင်ပြီး သီချင်းတွေ လျှောက်ရေး၊ လျှောက်ဆိုတတ်ကြသေးတယ်။ မွေးနေ့ ပွဲတိုင်းလည်း ကိုယ့်ဟော်လိုသံလေး၊ သီချင်းသံလေးပါမှ ပွဲပြီးတာ။ စိတ်ညစ်ရင် သီချင်းလေးအော်ဆို၊ ပျော်ရင်လည်း ဟဲ၊ ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်
လျှောက်အော်နေရမှ ကျေနပ်တတ်သူ Angel Shaper ဟာ ကုလားကားတွေထဲက သရုပ်ဆောင်တွေများဝင်စား ထားသလား အောက်မေ့ရပါတယ်။

လွန်ခဲ့တဲ့အပတ်တုန်းက အတူနေအမတွေနဲ့ကမ်းခြေသွားပြီး အပြတ်သောင်းကျန်းလာတာ ပရိတ်သတ် တော်တော်လေး ရလိုက်သေးတယ်။ (ကံကောင်းလို့ ကုလား အိမ်လိုက်မလာတယ်။ ဟဟားးးးးးးးးး) ခုတလော အကို၊ အမတွေ၊ သူငယ်ချင်းတွေ ရေးတဲ့စာတွေဖတ်ပြီး အားကျလို့ ဟိုဟာဒီဟာ ရေးချင်တာ လျှောက်ရေး နေလေရဲ့။ (အဟုတ်ကြီးလဲ ဟုတ်ပဲနဲ့......ဟီးးးးးးးးးးး ) အခုတော့ သူငယ်ချင်း ကိုသားကြီး၊ ငှက်ကလေး တို့ နဲ့ ဇီးသီးထုတ်ပြီး လောကကြီးကို သီချင်းလေးတွေနဲ့  နှိပ်စက်ဖို့ အဲလေ... အလှဆင်ဖို့ တောင် လုပ်နေကြပြီပေါ့။

အားပေးကြပါဦးနော်။
"သုံးယောက်ပေါင်းပြီး နှိပ်စက်နေပြီ" ဆိုတဲ့ ဇီးသီးလေး မကြာမီ၊ လာမည်၊ မျှော်.........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.6.09 ( Sat; )
2:50 Am

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောရတော့တာပေါ့။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်ကွာ"။

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး
လစ်တော့တာပဲဗျာ"

ဟ ဟာ ဟားးးးးးးးးးးးးးးးး

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ရယ်ရတယ်နော်။
ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့ 
မနိုင်းနိုင်းစနေရဲ့ ဘလော့လေးထဲက
http://nineninesanay.blogspot.com/2007/08/blog-post_10.html မျှဝေလိုက်တယ်။
ကျေးဇူးပါ မနိုင်းနိုင်း။

With Love,
Angel Shaper

One Of The Most Special
Places In My Heart Will Always Be Saved For You.

You.........
The One Person I Can Always Talk To;
The One Person Who Understands.

For Loving Me In Spite Of Myself,
And Always Putting Me Back On My Feet Again.

For Giving Me Someone To Believe In;
Someone Who Lets Me Know That
There Really Is Goodness And Kindness
And Laughter And Love In The World.

For Being One Of The Best Parts Of My Life,
And Proving It Over And Over Again.

With Love,
Angel Shaper
18.66.09 ( Thur; )
1:20 Am

Caller : Hello, can I speak to Annie Wan (anyone)?


Operator : Yes, you can speak to me.

Caller : No, I want to speak to Annie Wan (anyone)!

Operator : You are talking to someone! Who is this?

Caller : I'm Sam Wan (Someone). And I need to talk to Annie Wan (anyone)! It's urgent.

Operator : I know you are someone and you want to talk to anyone! But what's this urgent matter about?

Caller : Well... just tell my sister Annie Wan (anyone) that our brother Noel Wan (no one)has involved in an accident. Noel Wan (no one)got injured and now Noel Wan (no one) is being sent to the hospital. Right now, Avery Wan (everyone) is on his way to the hospital.

Operator : Look if no one was injured and no one was sent to the hospital, then the accident isn't an urgent matter! You may find this hilarious but I don't have time for this!

Caller : You are so rude! Who are you?

Operator : I'm Saw Lee (Sorry).

Caller : Yes! You should be sorry. Now give me your name!!

Ha.....ha......Hus.......

ဘယ်ကရမှန်းမသိတော့ဘူး။ သဘောကျလို့ တင်လိုက်တာ။
ပါးပါးလေးတွေးပြီး၊ ပေါ့ပေါ့လေးပြုံးပေါ့...........
With Love,
Angel Shaper


နင်ဟာ ငါပိုင်ဆိုင်ခွင့်မရှိတဲ့
ငါ့ရဲ့ ဒုတိယဘဝ ဆိုတာ ယုံကြည်စေချင်တယ်။
ဖြားယောင်းမှုမရှိ၊ လှည့်စားမှုမရှိ
ပကတိရိုးစင်တဲ့ ချစ်ခြင်းမေတ္တာ သက်သက်နဲ့သာ
နင့်ကို ချစ်မိခဲ့တာပါ။
ရွေးချယ်နိုင်ခွင့်တွေ သိပ်ပြီးနည်းပါးလာတဲ့ဘဝမှာ
နင့်ကိုချစ်တယ်ဆိုတာ ယုံပါ။

တကယ်တော့ တယောက်နဲ့တယောက်
မာနတရားတွေ တင်းခံပြီး
ညှိနှိုင်းယူဖို့ မကြိုးစားခဲ့ကြတာ ဆုံဆည်းခွင့်မရှိလို့ ပဲပေါ့။
ဆုံဆည်းခွင့်မရှိဘူးဆိုရင်လည်း ဒါဟာကံကြမ္မာပေါ့။

အတိတ်အကြာင်းကို ပြန်တွေးမိတိုင်း မျက်ရည် ဝဲမိတတ်တဲ့
ငါဟာ နင့်ကို ဘယ်လိုမှ မေ့လို့ မရပါလား။
ကြည့်စမ်း ခုအချိန်ထိ နင့်ကိုငါ အမြင်ကတ်စရာကောင်းလောက်အောင်
ချစ်နေသေးတယ်နော်။

တော်ပါပြီ... တို့ နှစ်ယောက်ရဲ့ဆုံနိုင်ခွင့် ကိုတော့
ငါမယုံကြည် မမျှော်လင့်ရဲတော့ပါဘူးဟာ။

တချိန်ကမင်းရဲ့
............

ချစ်ခြင်းများစွာဖြင့်
Angel Shaper
16.6.09 ( Tue;)
12:55 Am