လက်ဆောင်ဆိုတာ လူတိုင်းလက်ခံရှိခဲ့ဖူးကြ သလိုပဲ၊ ပြန်လည်ပေးခဲ့ကြဖူးပါတယ်။
မွေးနေ့ လက်ဆောင်၊ အမှတ်တရလက်ဆောင်၊ ............လက်ဆောင်....စသဖြင့်ပေါ့ အမျိုးမျိုးပေးခဲ့၊ ရခဲ့ ကြတယ်နော်။
Angel Shaper...... ရင်ဘတ်ထဲကနေ ပေးခဲ့ဖူးတဲ့ လက်ဆောင်တွေ၊ ရခဲ့ဖူးတွေ လက်ဆောင်တွေကို ပြန်ပြီး ထုတ်ပြောမနေချင်ပါဘူး။ ကြွားရာရောက်နေမှာစိုးလို့ ။ ဟီးး ဟီးးးးးးးး
ခုတော့ ပုဂ္ဂိုလ်အလိုက် ပေးချင်တဲ့ လက်ဆောင်လေးတွေကို ပြောပြချင်တယ်။
ပထမဆုံး....ကျေးဇူးရှင် ဖေဖေ့ကို ရိုသေခြင်းဆိုတဲ့ လက်ဆောင်လေးပေးချင်တယ်။
မေမေ့ကိုတော့ ကောင်းမွန်တဲ့ စာရိတ္တလေးပေါ့။
မိဘကိုရိုသေတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိတတ်ပေမယ့် တခါတခါ မရိုမသေလေး
ပြောမိ၊ဆိုမိ၊ ပြုမူမိနေတတ်သေးလို့ပါ။ ပြီးတော့ ကိုယ့်ကို ပုံသက်သေကောင်းတွေ ပြခဲ့ကြပါလျက်နဲ့ 
ကြမ်းတမ်းတဲ့ အပြုအမူလေးတွေကို လုပ်ပြမိတတ်တယ်လေ။
ကိုယ့်ရဲ့ မသိတတ်မှုလေးတွေက သူတို့ အပေါ် သောကတွေဘယ်လောက်များ ပေးမိနေပြီလဲ ဆိုတာ မစဉ်းစားရဲပါဘူး။ ဒါကြောင့် သားသမီးရတာနာ ထက် သားသမီးရတနာလေး ပိုဖြစ်ချင်ပါတယ်။
မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေအပေါ်မှာတော့ နားထောင်ခြင်းဆိုတဲ့ လက်ဆောင်လေးပေးလိုက်မယ်။ Angel Shaper က ကိုယ်ပဲ ပြောပြချင်ပြီး လူတဖက်သားကို နားထောင်ပေးရမှာ တခါတခါ အတ္တကြီးစွာ မေ့လျော့တတ်လို့ ပါ။
မိတ်ဆွေတွေရဲ့ စကားကို နားထောင်ပေးမှ အသိပညာတိုးမယ်၊ နောက်ပိုင်းလိုအပ်ရင် သူတို့ ကိုတောင် ပြန်ကူညီလို့ ရတာပေါ့။
ကိုယ့်ကို ရန်သူလို့သဘောထားသူတွေကိုတော့ ခွင့်လွှတ်ခြင်းဆိုတဲ့ လက်ဆောင်လေး ပေးလိုက်ပါ့မယ်။
ဒါမှ ကိုယ့်ရဲ့ ရန်သူက ကိုယ့်ရဲ့ မေတ္တာ၊ စေတနာ ကိုနားလည်ပြီး ကိုယ့်ရဲ့ အကောင်းမွန်ဆုံးသော
မိတ်ဆွေတောင် ပြန်ဖြစ်နိုင်သေးတာပဲ။ မနာလို မုန်းတီးမှုတွေလည်း မရှိတော့ဘူးပေါ့။
ကိုယ့်ရဲ့ ပြိုင်ဘက်အပေါ်မှာတော့ သည်းခံပေးဖို့  ဆုံးဖြတ်လိုက်တယ်။
ဒါမှ သူ့ ဆီက အကြံဥာဏ်တွေတောင် ပြန်ယူလို့ ရမယ်လေ။
ကိုယ်တောင် ပိုတိုးတက် ဦးမယ်နော်။
လူသားတွေအားလုံးအပေါ်မှာ Angel Shaper ပေးမဲ့ လက်ဆောင်ကတော့
ဖြူစင်တဲ့ မေတ္တာဂရုဏာလေးပေါ့။
ဘာလို့ လဲ ဆိုတော့ မေတ္တာဆိုတာ သူတပါးအတွက် အာဟာရ ဖြစ်သလို
ကိုယ့်တွက်လဲ အာဟာရ ဖြစ်လို့ ပါ။
မောင်တွေ၊ ညီမတွေ၊ အငယ်လေးတွေအပေါ်မှာတော့ ကောင်းမွန်တဲ့ ပုံသက်သေလေးတွေ ပေးချင်ပါတယ်။
ဒါမှ ဘာမှနားမလည် မသိတတ်သေးတဲ့ အဖြူထည်လေးတွေ
ကမ္ဘာကြီးကို ငြိမ်းချမ်းလှပအောင် စွမ်းဆောင်တဲ့ အချိန်မှာ အသုံးလေးတော့ ဝင်မှာပေါ့။
ကိုယ့်ကိုယ်ကိုတော့ လေးစားခြင်းဆိုတဲ့ လက်ဆောင်လေးကို ဂုဏ်ယူစွာ ပေးလိုက်ချင်ပါတယ်။
ကိုယ့်ကိုယ်ကိုမှ မလေးစားရင် ဘယ်သူမှ လေးစားမှာ မဟုတ်လို့ ပေါ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ၊ လေးစားနိုင်ဖို့ ကတော့ အတော်လေးကို ခက်ခဲတဲ့ အရာလေးပါ။
ဘာလို့ လဲဆိုတော့ ကိုယ့်ကိုယ်ကို အရင် ပြန်ဆန်းစစ်ဖို့ ၊ ပုံသွင်းဖို့ ၊ ဆုံးမဖို့ ၊ ပြုပြင်ဖို့ ကို လူတွေက မိုက်မဲစွာ လျစ်လျူရှုထားတတ်မိကြတာကိုး............... ကိုယ်ကိုယ်တိုင်လည်း ထိပ်ဆုံးက ပါဝင်တယ်လေ။
ဒီလက်ဆောင်လေးတွေကို Angel Shaper ပေးနိုင်ခဲ့ပြီလို့  မပြောလိုပါဘူး။
ဒီအချိန်ကစပြီး ပေးနိုင်အောင်ကြိုးစားကြဖို့  အားလုံးကို ဖိတ်ခေါ်ရင်း၊ ပြန် သတိပေးလိုက်တာပါ။
ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်ကြတာပဲမို့ လား။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
9.7.09 ( Thur; )
1:40 pm
နိုးမိုးဝဲလ်... ဘာဝဲလ် ညာဝဲလ်... သိဝူးးးး
Followers
စိတ်ကြိုက်စုစည်းမှုများ
LINKIN PARK
သူတို့ တွေရှိနေတယ်
ခြေရာလေးများ ချန်ခဲ့ပါ
မောင်နှမလေးတွေ
-
-
၂၉၁၁၂၀၂၅2 months ago
-
Look back to memory lane8 months ago
-
အရှိတရား နဲ့ အကျိုးဆက်1 year ago
-
ဒီဇင်ဘာ မိုး1 year ago
-
ရင္ဘတ္ထဲကလူ -( ၁၁)6 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
-
အလှနတ်သမီးလေး မလိခ...6 years ago
-
-
စိတ်ရှုပ်တဲ့အခါ7 years ago
-
-
ကျွန်တော်နှင့် အမျှင်8 years ago
-
ပန်းရိုင်းကလေးရဲ့အိပ်မက်8 years ago
-
-
-
-
Just a minute10 years ago
-
ဈေးဝယ်တတ်တဲ့ နေ့10 years ago
-
-
ငယ်ဘဝအကြောင်း သောင်းပြောင်းထွေလာ11 years ago
-
ပြည်ထောင်စု သမ္မတ ယောရုဝ နိုင်ငံတော်11 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…11 years ago
-
အလံတစ်ရာ12 years ago
-
တံခါးခေါက်သံ...12 years ago
-
ချစ်သော နိုဝင်ဘာ13 years ago
-
ဒီမှာ “ ဟေ့ လူ”13 years ago
-
ပြိုင်လှေ13 years ago
-
Manchester သွား တောလား14 years ago
-
For “Harvest Thanksgiving Festival”14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
Posted by
Angel Shaper
Thursday, 9 July 2009
Labels:
ရေးမိရေးရာ
6 comments:
- သားကြီး said...
-
ငါ့အတွက်ရော ဘာလက်ဆောင်တုန်း :P
အကောင်းဆုံးလက်ဆောင်တွေပေးနိုင်ပါစေဗျာ
“ကိုယ်စိုက်တဲ့အတိုင်း ပြန်ရိတ်ကြတာပဲ”အဲဒီစကားတော့ကြိုက်တယ် ။ - ဝက်ဝံလေး said...
-
ညီမကလဲ မမကို ပြန်ပေးလိုက်မယ် လက်ဆောင် ပျော်ရွှင်ခြင်း ဟုတ်ပြီလား မမ
ကဲပျော်ရွှင်ပါစေ နော် ဘိုင် - မေဇင် said...
-
ဖြူစင်ကြယ်...ပေးတဲ့ လက်ဆောင်တွေ ကအကောင်းတွေချည်းပဲ မို့ ပြန်ရရင်လဲ ...တူသောလက်ဆောင်တွေ ပြန်ရမှာကတော့ သေချာတာပေါ့နော်..။
- maylay said...
-
ကိုယ်တို့လည်း ကြည်နူး၊ကျေနပ်၊ ကျေးဇူးတင်ခြင်းကို AS အတွက် လက်ဆောင်ပြန်ပေးပါတယ်။ ပျော်ရွှင်ပါစေ ချစ် ASလေး။
maylay - maylay said...
-
ကိုယ်တို့လည်း ကြည်နူး၊ကျေနပ်၊ ကျေးဇူးတင်ခြင်းကို လက်ဆောင်ပေးပါတယ်။ ပျော်ရွှင်ပါစေ ချစ်ASလေးနော်
maylay -
like like like
Subscribe to:
Post Comments (Atom)