ဒဒွေးမောင်နှမများရဲ့ အမှတ်တရ စကားလုံးလေးတွေ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
သူတို့ရင်ထဲကဆုတောင်းလေးတွေအတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။
"ငါ့လက်ကိုဖြတ်ချင်တယ်ဟာ။ နင့်အတွက် ကဗျာလေးတစ်ပုဒ်တောင် စပ်မပေးနိုင်ဘူး။ ဒီညကစပြီး နင့်အတွက် အမှတ်တရ ကဗျာလေး ရေးကြည့်မယ်နော်" လို့ ချွဲသွား၊ အချစ်ပြသွားတဲ့ သမီးကြီး အိန်ဂျယ်ရဲ့ အကိုတော် ကိုသားကြီး ရဲ့ ကဗျာလေးကိုလဲ မျှော်နေပါတယ်။ မပြန်ခင် Angel Shaper နဲ့အတူတူ အားလုံးပဲ ဖတ်ခွင့်ရမယ်လို့လဲမျှော်လင့်မိပါကြောင်းးးးးးးးး
ဒါကတော့ ကိုလင်းကြယ်ဖြူရဲ့ အမှတ်တရ စကားလုံးလေးတွေပါ။
သူငယ်ချင်း Dim ရေ....
ခဏလေးပဲတွေ့ကြရတာဆိုပေမယ့် တကယ့်မောင်နှမအရင်းတွေ သူငယ်ချင်းအရင်းတွေလို ခင်မင်မှုတွေက မှတ်တမ်းတစ်ခုအဖြစ် အမြဲရှိနေမှာပါ...
ကန့်သတ်တားဆီးလို့ မရနိုင်တဲ့ အချိန်တွေနဲ့ ဘ၀ အနေအထားတွေအရ တို့တတွေ ပျော်လို့တောင်မ၀သေးခင် အခြေအနေအရ နယ်ခြားအရပ်တစ်ပါးကို အောင်မြင်မှုတွေ ရယူနိုင်ဖို့ အားမာန်အပြည့်နဲ့ ရွက်လွှင့်မယ့် သူငယ်ချင်းအတွက်
အားသစ်မာန်သစ်တွေ ရယူနိုင်ပြီး လိုရာအောင်ပန်းကို ဆွတ်ခူးနိုင်စေဖို့ဘာမှ သိပ်မကောင်းပေမယ့် တတ်စွမ်းသမျှ လက်လှမ်းမီသလောက်လေး အားစိုက်ရင်း ရင်ထဲကထွက်ကျလာတဲ့ စာစုလေးတွေကို လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ....
တရုတ်တန်းက ကြေးအိုးဆိုင်ရယ်၊ ၀က်သားဆိုင်ရယ်၊ ကာရာအိုကေ စက်ကြီးတစ်လုံးရယ်၊ ရေခဲမုန့် ချိုချိုအေးအေးလေးတွေရယ်၊ Noodle House ရယ်၊(Wild Wadi,Water Park)ရေကမ္ဘာ အပန်းဖြေဥယျာဉ်ကြီးရယ်၊ Ski Dubai က Snow Park ရယ်၊ နောက်ဆုံးတော့ ဒူဘိုင်းဆိုတာကြီးရယ်က ငါတို့အားလုံးနဲ့ နင့်အတွက် ထာဝရအမှတ်တရ ရှိနေမှာပါဟာ....
တချိန်ချိန် တနေ့နေ့ တနေရာရာမှာ ငါတို့တွေ နင့်ကို ၀မ်းသာအားရပြန်တွေ့ခွင့် ရခဲ့မယ်ဆိုရင် တို့တတွေ အဲ့ဒီအချိန် အဲ့ဒီနေ့မှာ ငယ်မူပြန်လို့ လတ်ဆတ်တဲ့ပျော်စရာတွေကို နောက်တစ်ဖန်ပွေ့ပိုက်ရင်း ပျော်လိုက်ကြတာပေါ့နော။
ငါနှုတ်မဆက်တော့ပါဘူး။ လူချင်းသာဝေးကြရတာပဲ၊ ရင်းနှီးမှုတွေကို အချိန်တွေနဲ့အနေအထားတွေက ဘယ်လိုမှတိုက်စားမသွားနိုင်ဖူးလို့ ယုံကြည်လို့ပါပဲ....
လာမည့်အနာဂတ်၊ နင့်ရဲ့အနာဂတ်အတွက် လိုသလိုသုံးရအောင် ငါကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ရယ်၊ ငါကိုယ်တိုင် ခံစားရင်း နှုတ်ဖျားကထွက်ကျလာတဲ့ ခံစားမှုစာစုလေးတွေကို နင့်အတွက် အမှတ်တရလက်ဆောင်ပေးလိုက်ပါရစေ။ တစ်ထောင့်တစ်နေရာကနေ အထောက်အကူ နဲနဲလေးလောက် နင့်အတွက်ဖြစ်စေမယ်ဆိုရင်
ကဗျာလေးတွေက တကယ်ကို အမှတ်တရပေါ့နော။
ငါ ဖတ်ရင်းအားမာန်တွေခဲ့တဲ့ ကဗျာလေးတစ်ပုဒ်က ဆရာကြီး ဦးဘဂျမ်းရဲ့
အောင်နမိတ် အောင်စိတ်
အနင်းခံရတဲ့ မြက်ပိုသန်သတဲ့
အကျဉ်းစံရတဲ့ ငှက် ပို ပျံနိုင်လိမ့်မယ်။
အခက်အခဲတွေ့ က
ဖျက်ခွဲ၍ ပစ်ကြလော့။
ရက်ရှည်ရကောင်းလားလို့
မျက်ရည်မကျနဲ့။
အဲကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။
အကြောက်သန်အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာနဲ့။
ရှေ့ကိုသာဆက်လျှောက်
တစ်နေ့နေ့မှာ ရောက်ရမယ်။
မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲ ခြင်းစိတ်ဓါတ်နဲ့
နမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့။
ဆရာကြီး ဦးဘဂျမ်း
ပြီးတော့ ကိုယ်တိုင် တတ်စွမ်းသလောက် နဲ့ လက်လှမ်းမီသလောက် မတတ်တခေါက်နဲ့ .....
ဆက်လျှောက်
စိတ်ပျော့ဖောက်ပြန် ကြောက်တာသန်ရင်
နောက်မှာကျန်ကာ ဆွေးမယ့်အရေး
တွေးလို့အမှန် ရဲရဲလျှောက်
နဲနဲလောက်မှ အားမလျော့လေနဲ့။
အချိန် နဲ့ ရက်စွဲ
နာရီနဲ့ ပြက္ခဒိန်ထဲ က
အချိန် နဲ့ ရက်စွဲတွေ
ဖက်တွဲကာ စည်းချက်ညီညီပြောင်းလို့
အလီလီဟောင်းသွားတဲ့ စက္ကန့်နဲ့နေ့ရက်တွေကို
ပွေ့ဖက်နမ်းချင်တဲ့ ဆန္ဒရှိလို့ ပြန်တောင်းချင်တောင်
ကံအကြောင်းမညီလို့ သူတို့ပြန်မလာနိုင်တော့ဘူး......
လင်းကြယ်ဖြူ
ဒါကတော့ ဦးပီ (ကိုပီတာရဲ့ အတွေးပုံရိပ်များ)ရဲ့ အမှတ်တရ စကားလုံးလေးတွေပေါ့။
ချစ်စရာကောင်းတဲ့ ညီမလေးနဲ့ သိရတာဝမ်းသာပါတယ်။ ချစ်ခင်သူဝိုင်းဝိုင်းလည်တယ်ဆိုတာ ဒါ ပါရမီတစ်ခုပေါ့နော်။
ဒီတိုင်းချစ်လို့ရတာမဟုတ်ဘူးလေ။ သူ့မှာချစ်မွှေးပါလာလို့ပေါ့။ ဘာပဲဖြစ်ဖြစ်အားလုံးအောင်မြင်ပါစေ။
ယုံအောင်လဲပြောတတ်၊ လွမ်းအောင်လည်းချွဲတတ်တဲ့ တောင်ပေါ်သူလေးရေ....
ဘ၀သံသရာဆိုတဲ့ ရထားကြီးပေါ်မှာ....
ခဏတာဆုံတွေ့ ခင်မင်ခဲ့ရတဲ့အတွက် ၀မ်းသာကျေနပ်မိပါတယ်.....
အခုတော့အားလုံးထက်အရင် ဒူဘိုင်းအလွန်တစ်ဘူတာမှာ ဆင်းသွားတော့မယ်ပေါ့.....
ပြီးရင်....ဟိုးအဝေးကို....ရထားတစ်စင်းနဲ့ ဆက်လက်ထွက်ခွာဦးမယ်နော်...
တို့လည်းတစ်နေ့နေ့ကျရင် ဒီဘူတာကနေဆင်းပြီး နောက်ရထားပြောင်းစီးရမှာပါပဲ....
ဟိုနေ့ကစာသားလေးနဲ့ပဲ နောက်ဆုံးထပ်ဆုတောင်းပေးလိုက်ပါတယ်...
May all the love of those who matters to you, come to you beyond measure.
ရွှင်လန်းချမ်းမြေ့ ပါစေသော်ဝ်....
ကိုပီတာ....
ဒါကတော့ သူငယ်ချင်းလေး ဝေယံရဲ့ အမှတ်တရစကားလေးပါ။
သိတာသိပ်မကြာသေးဘူး။ အခုမှပဲတွေ့ဖူးတယ်။ ခင်ဖို့လဲ သိပ်ကောင်းတယ်။
မြန်မာပြည်ပြန်သွားပြီးရင်လဲ အကြာကြီးမနေပါနဲ့နော်။ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေ။
မအိန်ဂျယ်....အောင်မြင်ပါစေ...
တိတ်ကဲ....
မောင်ဝေယံ
်ဒါကမကြီးငုံရဲ့ နှုတ်ဆက်စကားလေးးးးး
အားလုံးနဲ့ အမြဲတမ်း ပျော်ရွှင်ခဲ့ရပါတယ်။ Dim ရေ တနေ့နေ့တော့ ပြန်ဆုံဦးမှာပါ။ ခဏလေးတွေ့ပြီး ပြန်ခွဲရတော့လေ စိတ်မကောင်းဖြစ်ရပါတယ်။ ရောက်လေရာ နေရာတိုင်းမှာ အမြဲ ပျော်ရွှင်အောင်မြင်ပါစေ။
အမြဲတမ်းပြုံးပြုံးရယ်ရယ်နေတဲ့ Dim အမြဲတမ်းပြုံးရယ်နိုင်ပါစေနော်။
အမြဲတမ်းလဲ အဆင်ပြေပါစေ။ အောင်မြင်ပါစေ။ အမြဲတမ်းလဲ ခင်ဦးမယ်နော်။ မမေ့နဲ့နော်။
မကြီးငုံ
ဒါလေးကတော့ ကျွန်တော်တို့အိမ်က ငဇော်ရဲ့ ရင်ဘတ်ထဲက စကားလုံးလေးတွေပေါ့။
လူအသစ်တစ်ယောက်တိုးလာလို့ ငါတို့တော့ အင်အားတောင့်ပြီဆိုပြီး ၀မ်းသာမယ်ကြံတုန်းရှိသေးတယ်
လူအဟောင်းတစ်ယောက် လျော့သွားတော့မယ် ..
လူတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ကြတာချည်းပဲဆိုပေမယ့် ..
နှလုံးသားရှိသူတိုင်း သံယောဇဉ်နဲ့ မကင်းနိုင်ကြဘူးမို့လား ...
အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင်လေ ..
အဲ့ဒီနေ့က အိမ်ကျယ့်မျက်နှာကို ကျနော်မကြည့်ချင်ခဲ့ဘူးဗျာ ..
အထူးသဖြင့် ရထားစီးဖို့ စက်လှေကားက အဆင်း အိမ်ကျယ့်ကိုနောက်ဆုံးကြည့်လိုက်ရတဲ့အကြည့်ပေါ့...
ကျနော့်ကို နာကျင်စေခဲ့လို့ပါ ..
ခံစားရမယ်မှန်းသိရင် အစထဲက ဆုံစည်းခဲ့ဖို့မကောင်းဘူးလို့လဲ အိမ်ပြန်လမ်းတစ်လျှောက် တွေးလိုက်မိတယ်....
အခု .. ကျနော် ..
သူ (သူမ) ကို လွမ်းနေရပြီလေ ...
ဇော်
ချစ်မကြီး မနှင်း(နှင်းနဲ့မာယာ)ကလဲ ခုလို တခမ်းတနား နှုတ်ဆက်စကားခြွေခဲ့တယ်လေ။
Dim နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေကအများကြီးပဲ။ သူနဲ့ ပိုက်ဆံတွေလဲ အများကြီးကုန်တယ်။ လမ်းတွေလဲ အများကြီးလျှောက်ခဲ့ရတယ်။ အဲကောင်မလေးနဲ့ပေါင်းပြီးမှ ဒုက္ခတွေလဲ အများကြီးရောက်တယ်။
ဒူဘိုင်းသူ လူဆိုးမလေးတွေထဲက တစ်ယောက်ပြန်တော့မယ်ဆိုတော့ စိတ်လဲမကောင်းဘူး...
ချစ်မကြီးလို့ခေါ်ပြီး ချွဲနေတဲ့ အိန်ဂျယ်နဲ့ ဒေါ်လေး ဒေါ်လေးနဲ့ တချိန်လုံး စနောက်နေတတ်တဲ့ ဇော်တို့ကို
ညီမလေးတွေလို အရမ်းကို သံယောဇဉ်ဖြစ်ခဲ့ရတယ်...
ငုံကတော့ စကားများလွန်းလို့ သူနဲ့တွေ့ရင် ပတ်ပြေးနေရတာ..
သမီးပျိုက သူငယ်ချင်း အရင်းကြီး သူ့ကိုတော့ မနိုင်လို့ လွှတ်ထားတာကြာပေါ့...
ရှိတာက မဟာအင်အားကြီး မိန်းမသား ငါးယောက်
အားလုံးထဲမှာ မျက်နှာပြောင်ပြီး ပွဲကို ထိန်းတတ်တဲ့ အိန်ဂျယ်တစ်ယောက်ပြန်တော့
သူ့အဖော် ဇော်က တစ်ပင်တိုင်မင်းသမီးလေးအဖြစ်နဲ့ လွမ်းနေလေရဲ့...
အိန်ဂျယ်က ဓါးပြတိုက်တာတော်တယ်။ ပွဲရှိပီလားဟေ့ဆိုရင် သူဓါးပြတိုက်နေကျ ရေခဲမုန့်တွေ နောက်ဆိုရင် ကပ်မစားရတော့ဘူးပေါ့...
ကိုယ်က လူကြီးဆိုတော့ သူ့လို ဓါးပြတိုက်ရင် မရမှာသေချာတယ်...
အိမ်ဂျယ့်ကို လွမ်းမှာထက် သူ့ရေခဲမုန့်တွေကို ပိုလွမ်းမိမှာ သေချာတယ်...
လေဆိပ်ကို လိုက်မပို့တော့ဘူးနော်။ ဇော်ငိုတာတွေ့ရင် ကျုပ်လဲ မချော့တတ်ဘူး ဝိုင်းငိုမိမှာသေချာတယ်...
ဘာပဲဖြစ်ဖြစ် ပြန်တွေ့မယ်နော်...
နေရာတိုင်းမှာ ပျော်ရွှင်ပါစေ အိန်ဂျယ်လေးရေ...
ချစ်မကြီး မနှင်း
ဒါကတော့ သူငယ်ချင်းလေး သမီးပျိုရဲ့ အမှတ်တရ စကားလုံးတွေပေါ့။
အိန်ဂျယ်လေးရေ.......
ကိုဖြိုးရဲ့မွေးနေ့လေးကိုသတိရမိသေးတယ်နော်။ ငါတို့တွေ သူများအမြင်ကတ်တဲ့ထိ သီချင်းတွေအော်ဆိုကြတာလေ။ ငါကမဆိုတတ်တော့ နင်နဲ့ကပ်ဆိုရတာပေါ့။ ဒါပေမယ့် ငါတို့တွေအရမ်းပျော်ခဲ့ကြတယ်နော်။ နင် အမှတ်၁၀၀ ရတော့ ငါလေ..ပျော်လိုက်တာ။ ပြီးတော့လေ ဘကြီးမိုးလိုက်ကျွေးတဲ့နေ့တုန်းကလေ ငါတို့ကလေးအုပ်စု ခံလိုက်ရသေးတယ်လေ။ ငါတို့အရည်တွေပဲ အ၀သောက်ကြတာလေ။ ငါတို့ဗိုက်ဝမှ လူကြီးတွေက ရှယ်တွေမှာတာလေ။ ငါတို့ခံလိုက်ရတယ်...ဟားဟား ဘာပဲပြောပြော ဒါတွေကအမှတ်တရတွေပေါ့နော်။ ငါဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။
ပါးချိုင့်လေးနဲ့နင့်ကို ငါအမြဲသတိရနေမယ်ဆိုတာ နင်ယုံပေးပါနော်။ ပွင့်ပွင့်လင်းလင်းရှိတဲ့နင်က ခင်မင်သူပေါလို့ သူငယ်ချင်း
အတွက် ဂုဏ်ယူလို့မဆုံးပေါ့။ ဟန်ဆောင်မှု ကင်းတဲ့နင်က......ဘယ်တော့မှ အထီးကျန်မနေနိုင်သလို ဘယ်နေရာရောက်ရောက် ခင်မင်သူတွေပေါလို့ ငါ့သူငယ်ချင်းလေး ပျော်ရွင်နိုင်မှာပါဟာ။ ငါတို့တွေ ခွဲကြရတော့မယ် ဆိုပေမယ့် ငါ့ရင်ဘတ်ထဲမှာ နင်ရှိနေပါတယ်။ တွေ့ခဲ့ကြတဲ့အချိန်တွေက တိုတောင်းလှတယ်ဆိုပေမယ့် ရင်ထဲမှာ နက်ရှိုင်းနေတယ်ဆိုရင် ငါတို့ရဲ့ခင်မင်မှုက အဆုံးမရှိပေါ့နော်။
အိန်ဂျယ်ရယ်...ငါလေ ပွင့်ပွင့်လင်းလင်းပြောရရင် နင့်ကိုမသွားစေချင်ဘူးဟာ။ ပျော်ရွင်စရာနေ့ရက်တွေက အမှတ်တရ အတိတ်အနေနဲ့ ကျန်ရှိခဲ့ပေမယ့် နောင်လာမယ့်အချိန်တိုင်းမှာ နင်မရှိတော့ သီချင်းဆိုမယ့်သူလည်းမရှိတော့ဘူးနော်။ ငါလေနင်နဲ့တွဲလို့ ရေခဲမုန့်လည်းကြိုက်တတ်နေပြီဟ။ ငါစားတိုင်းနင့်ကိုသတိရနေမယ်နော်။
ထားလိုက်ပါတော့ အိန်ဂျယ်ရယ် ...မနက်ဖြန်ရဲ့နေ့ရက်တွေတိုင်းမှာ စက္ကန့်အချိန်တိုင်းပျော်ရွင်နိုင်ပါစေလို့ ငါဆုတောင်းပေးနေပါ့မယ်နော်။
အချိန်တိုင်းမအားတဲ့ငါ့ကို စိတ်ရှည်ရှည်နဲ့ပွဲတိုင်းပါအောင် ညှိပေးကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ဟာ။ နင်ပြန်မယ့်နေ့မှာလည်း ငါရှိမနေပြန်ဘူး။ နောက်ဆုံးသွားကြမယ့် နေရာတွေကိုလည်း ငါမလိုက်နိုင်ပြန်ဘူးနော်။
ဒါပေမယ့် ငါ့စိတ်ကတော့ နင်နဲ့အတူရှိနေမယ်ဆိုတာ ယုံနော်။
အိန်ဂျယ်ပြန်မယ့် ခရီးလမ်း သာယာဖြောင့်ဖြူးလို့ ရှေ့ဆက်ရမယ့်လမ်းခရီးတွေလည်း အောင်မြင်ပါစေဟာ။ အမြဲခင်နေမယ့် သမီးပျို
အားလုံးရဲ့ ချစ်စရာ အမှတ်ရစရာ နှုတ်ဆက်ဆုတောင်းလေးတွေအတွက် ကျေးဇူးအကြီးကြီးးးးးးးးး အများကြီး တင်ပါတယ်နော်။
အားလုံးပေးခဲ့တဲ့ဆုတွေနဲ့ ပြည့်ပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.11.09 (Sun;)
11:50 Pm
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
လက်ရှိ အခြေအနေ
ဖြစ်နိုင်ရင် အားလုံးကို တစ်ခုတောင်းဆိုချင်ပါတယ်။ ပိုစ့်သစ်လေးတွေ သမီးမေလ်းကို ပို့ပေးစေချင်တယ်။
ကျော်ရ၊ ခွရမဲ့ ဒုက္ခရှိတယ်မို့လားဗျာ။။။
အားလုံးပဲ သတိရပေးကြပါ။။။။။။။
သမီးကြီးလဲ သတိရနေမှာ သေချာတယ်။
အားလုံး အဆင်ပြေပျော်ရွှင်ပါစေကြောင်းးးးးးးးးးး
သတိရပေးကြပါကုန်.........
angelshaper@gmail.com ပါဗျိုးးးးးးး
အချိန်မရလို့ ဒီမှာပဲပေးခဲ့တယ်နော်။ အက်ထားကြပါကုန်......
Blog Archive
-
▼
2009
(40)
-
►
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- ကျွန်မကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
►
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (9)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (3)
- ပုံပြင်တိုတို (1)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (3)
- ရင်ဘတ်ထဲက ကဗျာလေးများ (7)
- သာကြောင်းမာကြောင်း (1)
- ဟီးရိုးကြီးသို့ သုံးနှစ်ပြည့် သတိရအောက်မေ့ခြင်း (1)
- အမှတ်တရ စာစုလေးများ (1)
- ကျေးဇူးတင်လွှာ (2)
- တောင်းပန်စာ (1)
- ပေါက်တတ်ကရ ခံစားချက်များ (3)
- ပျော်ပွဲ ရွှင်ပွဲ (1)
- ရေးမိရေးရာ (7)
တို့ရဲ့မောင်နှမတွေပေါ့
-
အဖြူရောင် သားပိုက်ကောင်လေး1 hour ago
-
ဒိုင်ယာရီထဲမှ တလွဲများ2 hours ago
-
ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်4 hours ago
-
ဘကံရဲ့လိပ်ပြာ7 hours ago
-
-
-
မြန်မာဖြစ်ရတာဂုဏ်ယူပါဆိုပဲ...17 hours ago
-
အိမ်ပေါ်ထပ်က ရဲအရာရှိ17 hours ago
-
-
ကိုယ်ယုံကြည်ရာ1 day ago
-
" ကိုလိုနီ နှလုံးသား "1 day ago
-
-
တောင်ပေါ်ရောင်စဉ်ဓါး၊ ဂိမ်း1 day ago
-
-
လွမ်းချင်း1 day ago
-
-
-
-
ငြီးငွေ့ခြင်း (တစ်စုံတရာဆီ...သို့...)2 days ago
-
-
တစ်ခုတည်းသော အမွေ3 days ago
-
အက်စ်တိုးရီးယား (၅)3 days ago
-
-
မွေးနေ့ရှင်အတွေ3း days ago
-
-
ထောင်3 days ago
-
အကျင့်4 days ago
-
တချိန်က4 days ago
-
အသုံးချခံ5 days ago
-
ခွင့်ယူပါအုံးမည်5 days ago
-
စာမျက်နှာ (၂၂)5 days ago
-
-
ပင်လယ်ကြီး1 week ago
-
ခဏနားမယ်1 week ago
-
-
“သို့ ….ကျမ၏ စေတန်… “1 week ago
-
-
နယ်မြေစိမ်းမှာ1 week ago
-
အစ်မ အိန်ဂျယ်အတွက်..1 week ago
-
ဖိတ်ကြားအပ်ပါသည်1 week ago
-
လူပေါင်းမှားသော ညောင်စောင့်နတ်2 weeks ago
-
ထာ၀၇ တည်ပါ၇စေ။2 weeks ago
-
လောကကြီးရပ်တန့်တော့မလား2 weeks ago
-
-
စုန်ဆန်ချည်2 weeks ago
-
သုညကြွင်းတော့မဲ့ ကမ္ဘာနေ့ ရက်ရောက်ခဲ့ရင်3 weeks ago
-
အိမ်ပြန်မလို့3 weeks ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်3း weeks ago
-
“ ငဲ့မကြည့်သင့်တဲ့ စာမျက်နှာ”3 weeks ago
-
-
ရောထွေး ပြစ်တင်မှု5 weeks ago
-
ကြယ်ကလေး ရဲ့ ...5 weeks ago
-
နည်းနည်းလေးတော့ လွဲနေတယ်5 weeks ago
-
ခေါင်းကိုက်တယ်ဆိုရင်1 month ago
-
နိစ္စဓူဝထဲက အပိုင်းအစတွေ2 months ago
Angel Shaper ရဲ့ ပထမဆုံးအကြိမ် နှုတ်ဆက်ပွဲကို ၂၃.၁၀.၀၉ (သောကြာနေ့) က ဒဒွေးမောင်နှမများ ဆုံဆည်းရာ Rolex Tower မှာ ဘကြီးများ အကိုတော် အမတော်များ နဲ့ အတူ ပျော်စရာအကောင်းဆုံး ကျင်းပခဲ့ကြတယ်။
အဲဒီနေ့ ပျက်ကွက်သူတွေကတော့ အမိမြေရောက် ကိုချမ်းနဲ့ မဒမ်ချမ်း၊ လတ်လတ်ဇော် နဲ့ အလုပ်များနေတဲ့ ကိုဖြိုး (လင်းကြယ်ဖြူ) တို့ပဲဖြစ်ပါတယ်။
ချစ်မကြီး မနှင်း (နှင်းနဲ့မာယာ) နဲ့ အရောက်သွားတော့ စပွန်ဆာ ပေးမဲ့ ဘကြီးမိုး တစ်ယောက်ထဲ ရောက်နေလေရဲ့။ သူက စားနေကျဆိုင်ထက် ပိုအဆင်ပြေမဲ့ Tower ကြီးရဲ့ အပေါ်ဆုံးထပ် ၀ရံတာမှာ ပိုစားကောင်းတယ် ဆိုပြီး စီစဉ်ထားပါတယ်။ ခနနေတော့ မငုံ (ကန္တာရမိုးစက်များ) နဲ့ သမီးပျို တို့ရောက်လာတယ်။ အထူးဧည့်သည်ကြီးဖြစ်တဲ့ ဒူဘိုင်းရွှေရောင်စဉ် ရဲ့ ကလောင်ရှင် (ဒူဘိုင်းရောက်မြန်မာ MID အဖွဲ့ကြီးအတွက်ပါ အားတက်သရော ပါဝင်နေသူ) ကိုသံလွင်လင်းဦးလည်း ရောက်လာပါတယ်။ ဦးပီ (ကိုပီတာရဲ့အတွေးပုံရိပ်)ကတော့ အချိန်တိတိကျကျ ရထားကြီးစီးပြီးထွက်လာပေမယ့် နေရာကို ကျော်လိုက်ခွလိုက်နဲ့မို့ ဘကြီးမိုးဆင်းခေါ်မှပဲ နေရာမှန်ကို ရောက်လာနိုင်ပါတော့တယ်။
တစ်အောင့်နေတော့ အန်ကယ်ဦးကျော်ခင်နဲ့  ဆရာဝန်ဒေါက်တာ မမဆုလှိုင်ဝင်းတို့လည်းရောက်လာတယ်။ ဘကြီးသာ(ကိုသာယာ) တစ်ယောက် ကတော့ နောက်ဆုံးမှပဲ သာသာယာယာ ရောက်လာပါတယ်။
လူစုံတော့ စားသောက်ဖို့ မှာကြတယ်။ ဟော့ပေါ့အရင်မှာတယ်။ ပြီးတော့ ဟင်းတွေ တစ်ခုပြီးတစ်ခုမှာကြတယ်။ စားပွဲပေါ်မှာက စားစရာတွေက အစုံပါပဲ။ စားသောက်ရင်း ပြောကြ ဆွေးနွေးကြတယ်။ လူကြီးတွေ အပြောကောင်းနေတုန်း စကားထက် အစားမက်တဲ့ မငုံ၊ သမီးပျို နဲ့Angel Shaper တို့ဟာ ကလေးပီပီ အားရပါးရစားကြတယ်။ ဟော့ပေါ့ကလဲ တစ်အိုးပြီးတစ်အိုး ကုန်တယ်။ ကိုယ့်ရှေ့ကအိုးကုန်လို့ ထပ်ဖြည့်တုန်း မဆူခင် တဖက်က လေပေါနေတဲ့ လူကြီးတွေရဲ့ အိုးနဲ့ ပြန်လဲ။ ဟဲဟဲ။ ပြီးတော့ Avocado လေးသောက်လိုက်၊ ကော်ပြန့်ကျော်လေးစားလိုက်နဲ့ နောက်ထပ် ဆက်ဆွဲမဲ့ပွဲအတွက် အားယူဖို့Toilet တောင်သွားလိုက်ရသေးတယ်လေ။ အဟီးးး
Toilet အမှတ်တရတစ်ခု ပြောရမယ်ဆိုရင် Toilet ဆိုတာလဲမြင်ရော သုံးယောက်သား ကျေနပ်သွားတဲ့ ဒီဇိုင်းနဲ့ ၀င်ချသွားလိုက်ကြတာ အထဲမှာ သူ့ ကိစ္စသူလုပ်နေတဲ့ ကုလားတစ်ယောက် ကိုမြင်မှပဲ နေရာမှားဝင်လာမှန်းသိတော့တယ်။ အမျိုးသား Toilet ကြီးဖြစ်နေတယ်ဗျာ...ဟားးဟားးးး ဒီလိုနဲ့ သုံးယောက်သား ပြုံးစိစိနဲ့ ပြန်ထွက်လာရတာပေါ့။ ပြန်ထွက်မလာချင်လို့မှ မရတာကိုလေ။ အဟဲ...ဒီလိုနဲ့ အမျိုးသမီး Toilet ကို ကပြာကယာ ပြန်ပြောင်းပြေးရှာလိုက်ရတယ်။
ဒီလိုနဲ့ကျေကျေနပ်နပ်ကြီး နောက်ဆက်ပွဲ စားစရာများကို ပြန်လည်ပြီး မှာယူစားသောက်ကြပါတယ်။ ငါးကင်ကြီးတွေ၊ ငါးဟင်းအကောင်လိုက်ကြီးတွေ အများကြီးပဲဗျာ။ ဘယ်လောက်သောင်းကျန်းကြသလဲဆို "ဘကြီးမိုးရေ ဟိုဘက်စားပွဲက ကုလားမကြီးသောက်တဲ့ ဟာမျိုးသောက်ချင်တယ်" ဆိုတာမျိုးက ပါသေးတယ်။ ဟိဟိ...
အဲဒီနေ့ လူကြီးဝိုင်းက ဆွေးနွေးတာတွေ သိပ်များတော့ မမှတ်မိပါဘူး။ ဒူဘိုင်းမှာ မြန်မာတွေအတွက် အခမဲ့ စေတနာဆေးကုခန်းလေး ဖွင့်ဖို့တိုင်ပင်နေသံလဲကြားရပါတယ်။ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ အဲဒီနေ့လူကြီးတွေ စကားဝိုင်းတော်တော်နဲ့ကို မပြတ်တာဗျာ။ ကာရာအိုကေအစီအစဉ်မပါ သီချင်းမဆိုရတော့ Angel Shaper တို့ ပျင်းပြီပေါ့။ ဂျီကျနေတဲ့ ကလေးတွေကို နားညည်းတဲ့အဆုံး ပထမအကြိမ်နှုတ်ဆက်ပွဲ ပြီးဆုံးကြောင်း ကြေငြာအပြီးမှာ နားလည်လိုက်တာကတော့ အပျိုကြီးမနှင်းနဲ့ ဘကြီးမိုးရဲ့ လူလည်ကျတာကိုခံလိုက်ရတယ်ဆိုတာပါပဲ။ (ကာရာအိုကေ မပါအောင် အကွက်ဆင်ပြီး အဲဒီနေရာကို တမင်ရွေးပြီးခေါ်လာမှန်းနောက်ကျမှသိခဲ့ရတယ်လေ) ဟင့်ဟင့်
ဒီလိုနဲ့ လမ်းမခွဲခင် Angel Shaper တို့အတွက် ရေခဲမုန့်ကတော့ မပါမဖြစ်ပါရပြန်ပါတယ်။ အန်ကယ်ဦးကျော်ခင်နဲ့ ဦးသာယာတို့ဟာ ရေခဲမုန့်ဖိုး ငါရှင်းမယ်၊ နင်ရှင်းမယ်နဲ့ ငြင်းခုန်နေကြပါတယ်။ ဘယ်လောက်ကုန်မယ်ဆိုတဲ့ အတွေ့အကြုံမသိသေးလို့ ငြင်းတာလဲ ဖြစ်နိုင်သလို သူတို့ရင်ထဲကစေတနာကြောင့်ဆိုရင် ပိုမှန်မှာပေါ့။ အနိုင်ရသွားသူကတော့ ကံကောင်းသူ ဦးကျော်ခင်ဖြစ်ပြီး ကံဆိုးသူ ဦးသာယာ ရှုံးသွားပါတယ်။ ဒီတော့ အန်ကယ်ဦးကျော်ခင်ပဲ ရေခဲမုန့်ဖိုးတွေ တ၀ကြီးရှင်းလိုက်ရတာပေါ့လေ။
ဒီလိုနဲ့ ဘကြီးမိုးနဲ့ တကွ အဘတော်များ အကိုအမများကို ကျေးဇူးတင်ကြောင်း ပြောပြီး ရေခဲမုန့်ဆိုင်ကနေ လမ်းခွဲလာကြပါတယ်။
"ဘကြီးမိုးရေ အရမ်းပျော်တာပဲ ကျေးဇူးတင်လိုက်တာဗျာ။ အများကြီးကုန်မှာပဲနော်" ဆိုတော့ ဘကြီးမိုးက "ပါပါးလေးပါ" တဲ့။ "ဘာပါပါးလေးတုန်းဗျ ပိုက်ဆံအိတ် ပါးသွားတာကိုပြောတာလား" " မဟုတ်ရပါဘူးကွယ်။ သမီးတကယ်ပျော်တယ်၊ ကျေနပ်တယ်ဆိုရင် ကုန်ရကျိုးနပ်ပါတယ်" တဲ့လေ။ ဘကြီးမိုးရေ ကျေးဇူးသိပ်တင်ပါတယ်ဗျာ။
ဒုတိယအကြိမ်မြောက် နှုတ်ဆက်ပွဲ ကိုတော့ ၃၁.၁၀.၀၉ (စနေနေ့) မှာ ကိုဖြိုး (ကိုလင်းကြယ်ဖြူ) စပွန်ဆာပေးပြီး ကိုဖြိုး၊ မနှင်း (နှင်းနဲ့မာယာ)၊ ငဇော် (ကျွန်တော်တို့အိမ်) နဲ့ Angel Shaper တို့လေးယောက် Burjuman Centre,( Noodle House )မှာ ပျော်ပျော်ကြီး ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီနေ့က လူမစုံပါဘူး။ ဘကြီးမိုးက မြန်မာပြည်အလည်ခဏပြန်ပြီး၊ ကိုချမ်းက ပြန်မရောက်သေးဘူး။ ကျန်တဲ့ အဘတော်တွေ အကိုအမတွေက မအားလပ်ကြပါဘူး။ ဒီတော့ လေးယောက်သားမပါဝင်နိုင်တဲ့သူတွေအစား အများကြီးမှာစားခဲ့ကြတယ်။ အဲဒီဆိုင်က ကိုမျိုးဆိုတာ ကိုဖြိုးရဲ့ အခန်းဖော် မြန်မာလူမျိုး သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူကပဲ စတော်ဘယ်ရီရှိတ်ကို တစ်ယောက်တစ်ခွက်တိုက်တဲ့အပြင် Angel Shaper အရမ်းကြိုက်တဲ့ Jasmine Tea မွှေးမွှေးလေး ကိုလဲ အလကားတိုက်ပါသေးတယ်။ ကျေးဇူးသိပ်တင်တယ် ကိုဖြိုးနဲ့ ကိုမျိုးရေ....
တတိယအကြိမ်မြောက် အစီအစဉ်အနေနဲ့ ၇.၁၁.၀၉ (စနေနေ့) မှာ Angel Shaper ရဲ့ ပူဆာမှုနဲ့ ကိုလင်းကြယ်ဖြူ၊ ကိုကျော်ကျော်ထိုက်တို့ က ဦးဆောင်ပြီး Jumeirah က နာမည်အကြီဲးဆုံး၊ အလှဆုံး နဲ့ပျော်စရာအကောင်းဆုံး ဖြစ်တဲ့ Wild Wadi, Water Park ကို လိုက်ပို့ ပေးပါတယ်။ ပါဝင်ခဲ့ကြသူတွေကတော့ ကိုကျော်ကျော်ထိုက်၊ ကိုဖြိုး၊ မနှင်း၊ သမီးပျို၊ Angel Shaper နဲ့အတူနေ အမတော် မဇာနည်။ မအေကေ၊ မင်းမင်းနဲ့ ချမ်းချမ်းတို့ ပဲပေါ့။
အဲဒီနေ့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ရေဘောလုံးတွေစီးကြတယ်။ ရေလှိုင်ခေါင်းတွေစီးကြတယ်။ ဟိုးးးးးအမြင့်ဆုံးကနေ ရေလျောစီးရတာ ရင်ခုန်ဖို့ကောင်းသလို သိပ်ပျော်ဖို့လဲကောင်းပါတယ်။ ရေကူးကြတယ်။ ဆော့လို့ရသမျှ အကုန်အကုန် ဆော့ပြီးချိန်မှာတော့ စတုတ္ထအကြိမ်မြောက်ပွဲကို ဆက်မနွှဲခင် ကိုကျော်ကျော်ထိုက်က သူ့ ရဲ့ အိမ်တော်ကိုအလည်ခေါ်လို့ လိုက်သွားခဲ့ကြသေးတယ်။ ကိုကျော်ကျော်ထိုက်ရဲ့ မဟေသီချောလေး ဖျော်တိုက်တဲ့ ကော်ဖီနဲ့ မုန့်တွေ၊ အာလူးကြော်တွေကို စေတနာ အသိအမှတ်ပြုတဲ့အနေနဲ့  အကုန်ပြောင်အောင် ကူညီစားသောက်ပေးခဲ့ကြပါတယ်။ မပေါ့မပါးနဲ့ ဧည့်ဝတ်ကျေပေးတဲ့ ကိုကျော်ကျော်ထိုက်ရဲ့မဟေသီကို ကျေးဇူးအထူးတင်ရှိသလို၊ နားရက်လေးမှာ မဟေသီ့အနားတောင် ကပ်ခွင့်မရလောက်အောင် သွားချင်ရာလိုက်ပို့ ကူညီပေးတဲ့ ကိုကျော်ကျော်ထိုက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။
ကိုကျော်ကျော်ထိုက်တို့ရဲ့ ဂေဟာလေးကနေ စတုတ္ထမြောက် နှုတ်ဆက်ပွဲလေး ဆက်နွှဲဖို့ Burjuman Centre (Noodle House)ကို ညနေ ၆နာရီခွဲမှာ အားလုံးချီတက်ခဲ့ကြတယ်။ အဲဒီပွဲလေးမှာတော့ ယောက္ခမလောင်းအလည်လာတာတောင် မအားလပ်တဲ့ကြားက ချစ်ညီမလေးကို နှုတ်ဆက်ချင်လို့ ဆိုပြီးရောက်လာတာ ချစ်ဖို့ ခင်ဖို့သိပ်ကောင်းတဲ့ မငုံပါ။ နောက်ပြီးတော့ နိုက်ဂျူတီအထွက် အိပ်ရေးမ၀တ၀နဲ့ ချစ်သူငယ်ချင်းကို နှုတ်ဆက်ဖို့လာတာ ဇော်ပေါ့။ ယုံအောင်လဲပြောတတ်တယ်၊ လွမ်းအောင်လဲ ချွဲတတ်တဲ့ ညီမလေးကို နှုတ်ဆက်ချင်ပါတယ် ဆိုတဲ့ ကိုပီတာ နဲ့ ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး၊ မေးမြန်းပြီးလာရမှာပဲ ဆိုကာ အရောက်လာတာ ဒဒွေးဘလော့ဂါသစ်လေး မောင်ဝေယံ တို့ပါပဲ။ ဒီလိုနဲ့ တစ်ဖွဲ့လုံး မောမောပန်းပန်း နဲ့ပဲ တစ်ဝကြီး မှာကြစားကြသောက်ကြပါတယ်။ ဒီပွဲကိုလဲ ကိုလင်းကြယ်ဖြူရဲ့ ကဒ်လေးနဲ့ပဲ ဆင်နွှဲလာကြတာပါ။ အဲဒီဆိုင်မှာကိုမျိုးနဲ့  မြန်မာအမကြီး တစ်ယောက်ရှိပါတယ်။ လူ ၁၁ယောက်စာကို ၇ယောက်စာပဲယူတဲ့အပြင် ချက်ပြုတ်ခန်းထဲက မြန်မာအကိုတွေကလဲ တစ်ပွဲကို ပုံမှန်သုံးပွဲစာလောက်အများကြီး လုပ်ပေးခဲ့ကြပါတယ်။ ဒီနေရာမှာမြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့်လေး တစ်ခုကိုလဲ မသိမသာလှမ်းတွေ့ နိုင်ပါတယ်။ မြင်တတ်ရင်ပေါ့။ အဟဲ.... ကိုမျိုးက သိပ်ကောင်းပြီး ဈေးသိပ်ကြီးတဲ့ Angel Shaper အကြိုက်ဆုံး Jasmine Tea လေးအိုး တိတိနဲ့ နောက်ဆုံး ဧည့်ဝတ်ကျေသွားလိုက်ပါသေးတယ်။
အဲလိုစားသောက်ပြီးတော့ တစ်ယောက်ချင်းစီကနေ အမှတ်တရ စကားလေး တစ်ခွန်းစီလောက်ချွေဖို့တောင်းဆိုပြီး ဖုန်းလေးနဲ့ Record လုပ်ထားတယ်။ တစ်ယောက်တစ်ခွန်းချွေပြီးချိန်မှာ ကိုပီတာက The Best Seller No.6 ရထားတဲ့ The Secret ဆိုတဲ့ စာအုပ်ကောင်းလေး တစ်အုပ်နဲ့ တန်ဖိုးကြီးကြီးလှလှပပ ဖောင်တိန်လေး တစ်ချောင်း လက်ဆောင်ပေးတယ်။ အဲဒီစာအုပ်ရဲ့ အထက်စာမျက်နှာတွေမှာ သူတို့တွေရဲ့ အမှတ်တရလက်မှတ်လေးတွေလဲ ထိုးပေးကြတယ်။ အရမ်းကို အမှတ်ရစရာ ကောင်းတဲ့ နှုတ်ဆက်ပွဲပါ။
Angel Shaper ဒူဘိုင်းကို မထင်မှတ်ပဲရောက်လာခဲ့တယ်။ ဒီဒူဘိုင်းကနေ ဒီလို ချစ်စရာကောင်းတဲ့ မိသားစုမောင်နှမတွေနဲ့ ဆုံရမယ်လို့ ထင်မထားမိဘူး။ ချစ်စရာသိပ်မကောင်းတဲ့ ခပ်ဆိုးဆိုး Angel Shaper ကို ချစ်စရာကောင်းတဲ့ သူတို့ရဲ့ မေတ္တာ၊ စေတနာတွေကြောင့်သာချစ်ခင်ခဲ့ကြတာပါ။ ဒီလို မိသားစုမောင်နှမတွေသာမက အွန်လိုင်းပေါ်ကနေ မောင်နှမတစ်ချို့ ရသလို ဘလော့ပေါ်မှာလဲ ဖေကြီး၊ ဘကြီး အကိုအမ မောင်နှမတွေအများကြီး ရခဲ့ပါတယ်။
ဒီလူတွေအားလုံးဟာ ဘုရားသခင်ပေးတဲ့ ဆုလေးတွေဖြစ်လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလဲ ချီးမွမ်းပါတယ်။ မထင်မှတ်ပဲရရှိခဲ့တဲ့ အားလုံးရဲ့ မေတ္တာ၊ စေတနာနဲ့ ခင်မင်မှုလေးတွေအတွက် ကျေးဇူးတင်ပြီးရင်း ပိုမိုချစ်ခင်လာရပါတယ်။ ဘယ်တော့မှ မေ့ဖျောက်လို့ရမှာမဟုတ်တဲ့ ခင်မင်မှုလေးတွေနဲ့ အမှတ်ရသတိရနေမှာပါ။
Angel Shaper အတွက် စေတနာ၊ မေတ္တာ၊ အချိန်၊ ငွေ၊ အင်အား အများကြီး ပေးဆပ်ခဲ့ကြတာတွေအတွက် အတိုင်းထက်အလွန် ပါပဲလို့ ကျေးဇူးတင်စကားလဲ ပြောချင်ပါတယ်။
အားလုံး ပေးခဲ့တဲ့ ဆုတွေနဲ့ ပြည့်စုံပါစေ။
အားလုံးလဲ မေတ္တာတရားနဲ့ ပြည့်ဝလို့ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေးတွေပိုင်ဆိုင်နိုင်ပါစေလို့လဲ တောင်းဆုပြုခဲ့တယ်။
စကားမစပ် ဒီအိမ်သစ်လှလှလေးဟာ Angel Shaper ရဲ့ အကိုတော် ကိုသားကြီး စိတ်တိုင်းမကျမချင်း စိတ်ကြိုက်ဖြစ်အောင် ခေါင်းစားပြီး အိပ်ချင်မူးတူးနဲ့ စိတ်ရှည်လက်ရှည် ဆောက်ပေးခဲ့တဲ့ အိမ်သစ်လေးပါ။ သူ့ရဲ့ အမှတ်တရလက်ဆောင်လေးပေါ့။ ကိုသားကြီးကိုလည်း ကျေးဇူးကြီးကြီးတင်တယ်နော်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
11.11.09 (Wed;)
1:11 Am
Angel Shaper လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ကျန်းမာရေးတွေ ချူချာလိုက်တာ တုပ်ကွေးဖြစ်လိုက်၊ လေးဘက်နာဖြစ်လိုက်နဲ့ ဘယ်မှမလည်မပတ်နိုင်ဖြစ်နေလို့ သူငယ်ချင်းမောင်နှမတွေကိုလွမ်းနေပါတယ်။ (ဟိဟိ... အရင်ချွဲပြလိုက်ဦးမှ... အဲလေ...ချွဲပြတယ် ထင်ကြဦးမယ်။ ဂယ်ပြောတာပါဂျာ)
လွန်ခဲ့တဲ့ တပတ်လောက်က လေးဘက်နာတွေပြန်ဖြစ်ပြီး တံတောင်ဆစ်ကအရိုးကြီးတွေကိုက်လို့ ဘာလုပ်ရမယ်မှန်းလဲမသိဘူး။ ဆေးခန်းသွားပြီးပြဖို့ကလဲ ဆေးခန်းကပေးမဲ့၊ သောက်ရမဲ့ဆေးတွေကို ကြောက်လို့ မသွားချင်၊ အဲလိုပေတေနေလိုက်တာ။ ညညတောင် အိပ်မရအောင်ကိုက်လာတဲ့အဆုံးတော့ ဆေးခန်းပြေးရပြီပေါ့။
ပြန်လာတော့ မသက်သာလို့ တစ်ခုခုလိမ်းမှဆိုပြီး လိမ်းဆေးလိုက်ရှာမိတယ်။ လိမ်းဆေးကလဲ ရှာမတွေ့ တော့ ရှာတွေ့တဲ့ အကြောတွေ၊ ကြွက်သားတွေနာရင်ဖျန်းတဲ့ Spray ဗူးကို ဒါလဲ ပူတာပဲလေ အဆင်ပြေမှာပါ ဆိုပြီး ကိုယ့်ကိုယ်ကို ဒေါက်တာရမ်းကုလုပ်လိုက်တာ......ဘယ်ပြောကောင်းမလဲ Allergy ဖြစ်တယ်လေဗျာ။ ဘယ်ဘက်လက်တစ်ခုလုံး ထုံကျင်ပြီး ယောင်ကုန်ရော။
အဲဒါ...ဘယ်လိုလုပ်ရမယ်မှန်း မသိဘူး။ အခန်းထဲမှာကလဲဘယ်သူမှမရှိဘူး။ အွန်လိုင်းပေါ်မှာ သူငယ်ချင်းမောင်နှမတွေတော့ ရှိတယ်လေ။ ကိုမြစ်(မြစ်ကျိုးအင်း)ကိုတွေ့လို့ပြောပြတယ်။ "အကိုရေ၊ သမီး ဒီလို ဒီလိုဖြစ်တယ်"ဆိုတော့ သူကလဲ ဖွားကီ့ကို လှမ်းမေးပေးတယ်။ ချစ်မကြီးမနှင်း (နှင်းနဲ့မာယာ) ကိုလဲတွေ့ လို့ "ချစ်မကြီးရေ သမီး ဒီလိုဒီလို ဖြစ်တယ်၊ ဟင့်ဟင့်" ဆိုပြီး ချွဲမိပြန်ရော.. သူကလဲ ကိုယ်တို့ ဒူဘိုင်းက ဆရာဝန်ဒေါက်တာ မမဆုမွန်ကို ဖုန်းဆက်မေးပေးရှာတယ်။ ပါးလုံးကိုလဲ မရှောင်ဘူး။ "သူငယ်ချင်းရေ...ငါလေ ခု ဒီလိုဖြစ်နေတယ်ဟယ်။" ဆိုပြီး ငိုမိပြန်ရော...လူက ထူပူနေတာကိုးးးးးးးးးးး
တွေ့ ရာလူကို ဒုက္ခပေးရတော့တာပေါ့။ သူလဲ သူသိသလောက် ဆေးတွေ ညွှန်းပေးရှာတယ်။ ၀က်ကလေးကတော့ သိတဲ့အတိုင်းပဲ ကြင်ကြင်နာနာနဲ့ အားပေးရှာပါတယ်။ "သမီးကြီး အိန်ဂျယ်ရယ် မသေနိုင်ပါဘူးဟယ်" တဲ့။ ငိုရမလို၊ ရယ်ရမလိုဖြစ်ရတာပေါ့။ ၀က်လေ အဲလိုပြောရက်တယ်။ ဟင့်ဟင့်...(လူမဆန်လိုက်ပုံ...အဲလေ... ၀က်မဆန်လိုက်ပုံ၊ ဟိဟိ)
အွန်လိုင်းပေါ်က အဒေါ်ကလဲ စိတ်ပူပြီး ဆေးခန်းမြန်မြန်ပြန်သွားနဲ့ အတင်းနှင်လွှတ်နေပြီ။ အဲဒီအချိန် အကိုမြစ်က "သမီးကြီးရေ ဘာမီတွန် ၂လုံးသောက်၊ ရေခဲအိတ်နဲ့ ယောင်တဲ့နေရာကို အုပ်လိုက်လို့ မကီပြောတယ်" တဲ့။ ချစ်မကြီးကလဲ မမဆုမွန်ဆီက ဆေးတွေလိုက်ညွှန်နေတယ်လေ။ "ဘာမီတွန်၊ စီထရင်း၊ အလက်ဇန်" တွေသောက်ရမတဲ့။ ဟင်...ဘာဆေးတွေလာပြောမှန်းမသိဘူးဆိုပြီးးးး ကြံရာမရတဲ့ အဆုံး တစ်ဖက်ခန်းကိုပြေး ဘာမီတွန်သွားရှာပြီး ၂လုံး သောက်ချလိုက်တယ်။ ရေခဲသေတ္တာထဲက ရေခဲတုံးတွေကို အ၀တ်နဲ့သေချာထုတ် ဒါပဲ အုပ်လိုက်တယ်။ တအောင့်နေတော့ အယောင်က တဖြည်းဖြည်းလျော့ကျလာပြီး ရင်ထဲက အလုံးကြီးလဲ တဖြည်းဖြည်းကျလာတယ်လေ။ ဟူးးးးးးးးးးးးးးးးး
ဒါဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် Angel Shaper အတွက် တကယ်မမျှော်လင့်ပဲ ခြောက်ခြားခဲ့ရတဲ့ Accidental Allergy ပါပဲ။
ဒါတွေသက်သာပြီးတော့ အိမ်ပြောင်းတာနဲ့ တိုက်ဆိုင်ပြန်ကော.... အိမ်သစ်မှာ နက်မရသေးလို့ သုံးလေးရက်စောင့်ရတယ်။ နက်ရတဲ့နေ့သောင်းကျန်းမယ်လို့ ကြံရွယ်တုန်းရှိသေး ဟိုတစ်ခါဖြစ်တာဘယ်လက် ခုက ညာဘက်ပြန်ကိုက်တယ်လေ။ ဒီတော့ မနက်အိပ်ရာနိုးတာနဲ့ ချစ်မကြီး မနှင်းကို ဖုန်းဆက်လိုက်တယ်။ သူက "ချစ်ညီမရေ ဆေးဝယ်လာမယ်" တဲ့။ သူကိုယ်တိုင် အစားလာကျွေး၊ ဆေးတွေ တစ်ပုံကြီး လာတိုက်တာတွေ သောက်ပြီး ခုငြိမ်နေရတယ်။
မပြန်ခင် သောင်းကျန်းလိုက်ဦးမဟဲ့လို့ စိတ်ကူးရင်း ပျော်နေတာ... ခုလိုထပ်ဖြစ်တော့ သနားစရာ Angel Shaper မှန်းချက်နဲ့ နန်းထွက်မကိုက်ဘူးဖြစ်ရပြီပေါ့။ ခုတော့ ချစ်တဲ့ အကိုအမတွေ၊ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု၊ ဆုတောင်းမေတ္တာပို့မှုတွေကြောင့် သက်သာလာလို့ နောက်နေ့ကစပြီး ဘလော့တခွင် ပြဲပြဲစင်အောင် ၀င်ရောက်မွှေနှောက် သောင်းကျန်းနိုင်မယ်လို့ မျှော်လင့်မိပါကြောင်းနှင့် ဆေးကုပေးတဲ့ မမဆုမွန်၊ ဖွားကီနဲ့ ကိုယ်စားလှယ် ဆရာဝန် ကိုမြစ်၊ မကြီးနှင်း၊ သူငယ်ချင်းညီမတွေဖြစ်တဲ့ ပါးလုံးနဲ့ ၀က်စုတ်ကလေး၊ စလုံးကနေ စိတ်ပူပြီး "ဆေးခန်းသွား၊ ဆေးသောက် ပေတယ်၊ တေတယ်" လို့ ဖုန်းဆက်ပြီးဟောက်ဖော်ရတဲ့ သူငယ်ချင်း ရေတမာ၊ "ချင်းပိန်...နင့်လက်နှစ်ဖက်လုံး ဖြတ်ပလိုက်ဟာ ရှုပ်တယ်" ဆိုပြီးကြင်နာတဲ့ အားပေးမှုနဲ့ အကြံပေးတဲ့ သူငယ်ချင်းလကြီး (တလနွန်)၊ "ညီမလေးရေ...အအေးမခံနဲ့၊ ခဏခဏဖြစ်ရင် နှလုံးရောဂါပါဖြစ်တတ်တယ်၊ ဂရုစိုက်နော်။ အိပ်ရေး၀၀အိပ်ပေးရတယ်" လို့ အားပေးနားချသွားတဲ့ ကိုဘိုကြီး(ကိုမိုးကုတ်သား)၊ "င့ါအမေ သောက်တဲ့မြန်မာဆေးတွေ မေးပေးထားမယ်။ ပြန်လာရင်အဲဒါနဲ့ သေချာကုလိုက်ရင်ကောင်းသွားလိမ့်မယ် သယ်ရင်းနော်။ ဘာမှအားမငယ်နဲ့ " လို့ အားပေးသွားတဲ့ သူငယ်ချင်း နန်းဝေ (ချစ်နန်းဝိုင်)၊ စီဘောက်စ်ကတစ်ဆင့် စိတ်ပူပြီး လာအော်၊ လာမေးကြသူတွေ၊ ဆုတောင်းပေးသွားကြသူတွေ၊ သူငယ်ချင်းမောင်နှမအားလုံးကို ကျေးဇူးကြီးကြီးတင်ပါတယ်လို့။
ကျေးဇူးတင်တယ် ဆိုတဲ့ စကားကို ကျေးဇူးတင်လို့ တင်မှန်းသိအောင်တောင် ပြောမပြတတ်၊ ဖော်မပြတတ်တဲ့ Angel Shaper ချင်းတိုင်းရင်းသူလေး တစ်ယောက်ကို နားလည်ပေးစေချင်ပါတယ်။
Angel Shaper ရှင်းရှင်းလင်းလင်း မြန်မာလိုပဲပြောတော့မယ် အားလုံးကို ကျေးဇူးတင်ရင်း ပိုပြီးးးးးးလေးစားချစ်ခင်ရပါတယ်ဗျာ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
3.11.09 (Tue;)
2:45 Am
အလုပ်ထဲမှာဗျာ (၁) မှာ မကျနပ်ချက်တွေ ဖွင့်ထုတ်ဖူးတယ်မို့လား။ ဒီတစ်ခါ အလုပ်ထဲမှာ အသစ်ရလာတဲ့ သူငယ်ချင်းမောင်နှမသစ်တွေ အကြောင်း ကြွားရင်း အလုပ်ထဲမှာ ပေါခဲ့တောခဲ့ကြတာလေးတွေ အဲလေ... ပျော်ခဲ့ပါးခဲ့ကြတာလေးတွေ ရေးချင်တယ်။
Angel Shaper တစ်နှစ်လုံး ဒီဆိုင်မှာ တစ်ဦးတည်းသောမြန်မာဖြစ်နေတာ။ ပြန်ခါနီးမှပဲ သူငယ်ချင်းသစ်တွေ ရလာတယ်။
တစ်ယောက်တည်းတုန်းကတောင် တစ်ဆိုင်လုံး ဗြောင်းဆန်နေအောင် သောင်းကျန်းခဲ့တာ ခု Angel Shaper အပါအ၀င် မြန်မာလေးယောက်ဖြစ်နေပြီလေ။ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ စဉ်းစားသာကြည့်ကြပါကုန်။
Angel Shaper ရဲ့ ပထမဆုံးအကိုသူငယ်ချင်းအသစ်က မင်းမင်းပါ။ သူကတော့ အေးအေးလေးနဲ့  အင်မတန်အစအနောက်သန်တဲ့ သူ၊ Angel Shaper ရဲ့ ထမင်းဗူးကို တာဝန်ယူရတဲ့ သူပါ။
နောက်တစ်ယောက်က ကြိုင်ကြိုင် (ခ) ကြိုင်ကြီး လို့ ချစ်စနိုးခေါ်တဲ့ ကိုကြိုင်သင်းပါ။ သူကတော့ ငါးပိကြော်ဗူးလေးနဲ့  ချဉ်ရည်ဟင်းလေး ပုံမှန်နီးပါး ထည့်လာပေးတဲ့သူပေါ့။
နောက်တစ်ယောက်က ဟင်းချက်ကောင်းတဲ့ ကျော်ဇင် ပါ။ တစ်ခါမှ ဟင်းမချက်ဖူးပါတဲ့ သူချက်လာတဲ့ ဟင်းမှန်သမျှ ကောင်းလွန်းလို့ ကိုယ်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက် စားပေးပါတယ်။
Angel Shaper က တစ်ဦးတည်းသော သူတို့ ရဲ့ ညီမတော်ဆိုတော့ Break အရင်ယူရပါတယ်။ ဒီတော့ကာ ဘယ်ပြောကောင်းမလဲ ကိုသားကြီး ညီမ သမီးကြီးပဲ အစားဆိုရင်တော့ အဟဲဟဲ........လေ နော်။ ထမင်းဗူးတွေ ဟင်းဗူးတွေ တစ်ပုံကြီးကို မလာပြီး မစားခင် အပြင်ကိုလာကြွှားရတာအမော။ " ကြည့်ကြစမ်းပါဦးဗျာ။ ဘာဖြစ်လို့များ ကျွန်တော် ဒီလို အခွင့်အရေးမျိုးကို ခုများမှ ရတာလဲ။ တစ်လပဲရတော့မဲ့ ဒီအခွင့်အရေးကို လက်မလွတ်သင့် ဟီးးးးးဟီးးးးးး " ဆိုပြီးထွက်အော်ရင် သူတို့ တွေ သာမက ဆိုင်ကလူတွေ အကုန် တဟားဟား အော်ရယ်ပြီး အားကျရတဲ့ အဖြစ်ဗျာ။ ကိုယ်ကလဲ သူတို့ ချက်လာတဲ့ ဟင်းတွေ မှန်သမျှကို ညီမငယ်ပီသစွာ အားပေးခဲ့ရတာပေါ့နော်။
နောက်... ဆိုင်ကို အူကြောင်ကြောင်ကောင်တွေများ အကိုတော်တွေဆီကတဆင့် " စကားပြောရင်၊ ရယ်ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ ကောင်မလေးလေ သူ့ ကို ဒီကဒ်လေး ပေးပေးပါ။ သူ့ဖုန်းနံပါတ်ပေးပါ" ဆိုပြီး သူတို့ ကဒ်တွေများပေးထားခဲ့တာတို့ ဘာတို့ညာတို့များဆိုရင်တော့ ဆွဲဖြဲကြတယ်။ ဖုန်းနံပါတ်တော့ တစ်ခါတလေပေးကြတယ်။ ဟဲဟဲ...ဆိုင်က ဘော်ဘော်ကြီး ( Soul လို့ခေါ်တဲ့ Morocco က Arabic ပါ) ရဲ့ ဖုန်းနံပါတ်ကိုပေးကြတယ်။ ဘော်ဘော်ကြီးကို ခေါ်မိလို့ကတော့ မလွယ်ဘူးမှတ်ပါ။ သူက အသေစားတာပါဆို (ခေါင်းပြောတာ) ဟိဟိ။ ပြီးတော့ သူက ကိုယ့်ရဲ့ ဖိုက်တာလေ။ ကိုယ်လုပ်တဲ့ ပြသနာမှန်သမျှ လိုက်ရှင်းပေး၊ ကာကွယ်ပေးတဲ့ အားကိုးရသူ ဘော်ဘော်ကြီးပေါ့။
အဲသလိုပေါ့ ကိုယ့်ကို ရိသဲ့သဲ့ လာရိရင်တော့ အကိုတော်တွေကော ဘော်ဘော်ကြီးကော နည်းမျိုးစုံနဲ့ ဖွန်ကြောင်တွေကို ပညာပြပေးကြပါတယ်။
ကိုယ့်ညီမသူငယ်ချင်းကို ဘယ်သူကများ တစ်ပါးသူလက်ထဲ ရောက်အောင် ကူညီမလဲလေနော်။
အဲလို စိတ်ချရတဲ့ ဘော်ဒီကဒ်တွေ ရထားတယ်။ အဟဲ...
ဆိုင်ကို မြန်မာတွေ စကားတွတ်ထိုးပြီး ၀င်လာတာမြင်ရရင်ဖြင့် လေးယောက်သား တပြုံးပြုံးနဲ့  ဘာမှဝင်မပြောပဲ နောက်ကနေ ဘယ်လိုစရမလဲ ချောင်းပြီး တစ်ခုခု ထမေးမှ မြန်မာလို ပြန်ဖြေပေးလိုက်ရင် ဟိုကကြောင်သွားတာတို့ ၊ လန့်ဖြန့်သွားတာတို့ ဖြစ်ရော။ အကိုတစ်ယောက်လာလည်တုန်းကဆို လေးယောက်သား လုပြီး စကားလိုက်ပြောကြတာအမောဗျာ။ ပြီးရင် လေးယောက်သားလုပြီး ပြည်တွင်းဖြစ် ( made in Myanmar) တွေကို လိုက်ကြွားရတာ၊ လိုက်ကြော်ငြာရတာအမောဗျာ။ ဈေးကလဲ အကြီးဆုံးဗျ။ အဲလိုနဲ့ အဲဒီအကိုကြီးဆို နားပူလို့နေမယ်။ နောက်မလာရဲတော့ဘူး ဟီးးးးးဟီးးးးးးးး
အမှန်က SPRINGFIELD ဆိုတာ SPAIN BRAND ပါ။ ဈေးအကြီးဆုံး၊ ဒီဇိုင်းအလှဆုံးနဲ့  အကောင်းဆုံးတွေဟာ ကိုယ့်နိုင်ငံက ထုတ်တာပိုများသလိုဖြစ်နေတော့ ကြွားကြတာပေါ့ဗျာ။ ဂုဏ်လဲယူမိပါတယ်။ ဒီလေးယောက်လက်ချက်နဲ့  လာသမျှ မြန်မာတွေမှာ ခေါင်းတွေ မူးနောက်သွားလာက်အောင်ကို ဧည့်ဝတ်ကျေခဲ့ကြတယ်။
နောက်တစ်ခါကတော့ ကြိုင်ကြိုင်နဲ့ ဘော်ဘော်ကြီးတို့ METRO ရထား စီးတိုင်း ဆုံနေကျ မမလှလှ နှစ်ယောက်ဆိုင်ကိုလာတဲ့ တစ်နေ့ပေါ့။ သူတို့ နှစ်ယောက် ဆိုင်ကို လာပြီးကြည့်ကြတယ်။ စကားကလဲ တွတ်ထိုးနေတယ်။ အကျင့်အတိုင်း စနောက်ကြဖို့ မျက်စပစ်ပြီးကြပြီလေ။ အဲဒါ ဘော်ဘော်ကြီးက သူတို့ နှစ်ယောက်ကို မက်ထရို စီးရင်အမြဲတွေ့ တယ်။ ချောတယ်။ သူတို့ ဘာစကားပြောတာလဲ နားထောင်ကြည့်။ ဆိုပြီး ကိုယ့်ကိုဝင်ရောခိုင်းတာပေါ့။ မြန်မာလားတဲ့။ ကိုယ်က သိပေမဲ့ မသိသလိုနေဦး။ နားထောင်ကြည့်မယ် ဆိုပြီး သူတို့ကို ချောင်းနေတုန်းပဲ Fitting Room ထဲမှာ အကျီတွေ ၀တ်ကြည့်နေတဲ့ ပြောင်အိုကြီး ( အဘိုးကြီး မို့လို့ပါ) ထွက်လာတော့ သူတို့ တွေတစ်ဖွဲ့ တည်းဖြစ်နေကြတယ်လေ။ ဘော်ဘော်ရော ဟိုသုံးယောက်ရော တစ်ယောက်တစ်လှည့်ကြည့်ပြီး မျက်စိမျက်နှာ ပျက်သွားကြတယ်။ ဘော်ဘော်ကြီးကတော့ ရုပ်ချောလို့ ကိုယ့်ကိုဝင်ရောခိုင်းတာ အဘိုးကြီးနဲ့ ဖြစ်နေလို့ပေါ့။ ကိုယ်တွေကတော့ သိတယ်မလား နှမြောမိတာပါ။ ကိုယ့်အမချောချောလှလှလေးတွေကို လူမျိုးခြား အဘိုးကြီးလက်ထဲ ထည့်ပေးလိုက်ရသလို ခံစားရတာပါ။
ဘော်ဘော်ကြီးက သူတို့ ထွက်သွားပြီးတော့မေးတယ် " မြန်မာလား" တဲ့။ ကိုယ်ကလဲ အားကျမခံ "အရူးးးးးးးးးး နင်ဂျပန်လိုမတတ်ဘူးလား။ သူတို့ ဂျပန်လိုပြောနေတာလေ။ ဟွန်းးးးးးးးးး " လို့ အရူးကွက်နင်းပြီး သူ့ ကို ဟောက်စားလုပ်ခဲ့တယ်။ သူက ငါက ဂျပန်လို နှုတ်ဆက်တာလောက်ပဲ တတ်တာလေတဲ့ ။ အမှန်က ကိုယ်ဆို ဂျပန်လို ဟလို လို့တောင် နှုတ်မဆက်တတ်တာပါ။ အဲဒီမမလှလှလေးတွေကိုတော့ မစမနောက်လိုက်ရပါဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့် ရင်အစုံကိုတောင် နင်းခြေသွားသလိုကို ခံစားရပါတယ်။ တကယ်နှမြောမိတယ် မမတို့ရေ.။
အဲ..ကျန်ပါသေးတယ်။ တစ်ချို့ လူမျိုးခြားတွေကို ကြိုက်သလိုနာမည်ပေးခေါ်ကြသေးတယ်။
ဥပမာ ထိပ်ပြောင်လေး ဆိုရင် ( ပြောင်ကလေး၊ ပြောင်လေး ) ပေါ့။ ထိပ်က နဲနဲ ပိုပြောင်ရင် ( ပြောင်ကြီး) ပေါ့။ ကတုံးကိုတော့ ကတုံးပါပဲ၊ တခြားကတုံးတွေကိုတော့ (ဆံရှည်) ၊ ဆံပင်နဲနဲပဲပေါက်ပြီး ထိပ်ကလေးကွက်ပြောင်နေရင် (ကွက်ကလေးပြောင်)၊
အဲလို အမျိုးမျိုး နာမည်ပေးပြီးခေါ်တတ်ကြတယ်။
တစ်ခါဆို ပြောင်ကြီး တစ်ယောက် အကျီ င်္ဝတ်ကြည့်နေတာ မတော်လို့ နောက်ဆိုဒ်တစ်ခုတောင်းတယ်။ သွားယူပေးပြီး ပြန်လာတော့ သူက တံခါးကို ပိတ်ထားတယ်လေ။ ကိုယ်လဲ ဘယ်လိုခေါ်တယ်မှတ်လဲ "ပြောင်ကြီးရေ... "လို့ ခေါ်လိုက်တာ ဟိုက "ရားးးး" တဲ့ "အလဲ့။ နားလည်တယ်။ ထူးတတ်တယ်တော့" ဆိုပြီး လေးယောက်သား ပြုံးစိစိနဲ့ပေါ့။
နောက်တစ်ခါ မင်းမင်းအလှည့်မှာတော့ "ပြောင်ကြီးရေ.. " ခေါ်တာ ဟိုက မထူးဘူးဗျာ။ သူလဲ အကြံကုန် "အဖေရေ.... " လို့ခေါ်လိုက်ကော ဟိုက "ဝေးးးးးးးး" တဲ့.ဟဟားးးးးးးးးးးးးး
မင်းမင်းခံလိုက်ရတာလေ။။။ အချောင် ကုလားထိပ်ပြောင်ကို အဖေတော်လိုက်ရတယ်။ အဟိ အဲလို အဲလိုတွေဗျာ။
ကောင်မလေးချောချောလေးတွေများ သူတို့မောင်ငယ်လေးတွေအတွက် ဈေးဝယ်လာရင်တော့ အဲဒီကောင်လေးတွေက ဟိုသုံးယောက်ရဲ့ ယောက္ဖ ဆိုတဲ့ နာမည်ရရော ပေါ့။ ကောင်လေးက အကျီ င်္ဝတ်ကြည့်တယ်။ " အဆင်ပြေလား" မေးရင်း ဟိုဘက်ကို "ကြည့်စမ်း ကြိုင်ကြိုင် ငါ့ယောက္ဖလေး "ဆိုပြီး တဖက်ကိုတော့ " Size, Ok! " လက်မထောင်ပြလိုက်တာ ဟိုကလဲ "အိုကေ" ပေါ့။ ဟဟားးးးးးးး ကြားထဲက ကောင်လေးငယ် ခမျာ သူ့အမချောချောလေးကို ပေးလိုက်ရတယ်ဗျာ။
ကုလားချောချောလေးတွေများ သေချာပြုံးပြပြီး ကူညီပေးကြည့်ပါလား အကိုတော်တွေ အသေလိုက်စပါတယ်။" ကြည့်စမ်း၊ ကြည့်စမ်း သူ့ကောင်ကိုတော့ ပြုံးပြုံးကြီး ကူညီပေးနေတယ်။ " ဆိုတာမျိုး။ "နှာခေါင်းကြီးကို ကြည့်ပါဦးဟယ်။" ဆိုတာမျိုး လိုက်စတာ။ ကိုယ်ပဲသိနားလည်တော့ "သေမယ်။ သေမယ်နော်။ ဟွန်းးးးးးးး " လို့ပဲ လိုက်ကြိမ်းနေရတယ်။
လေးယောက်သား ဈေးဝယ်သူတွေကို ခင်ခင်မင်မင် စနောက်ကြတယ်။ ပျော်အောင်နေကြတယ်။ အားလုံးလဲ အဆင်ပြေပါတယ်။ တစ်ခုခုဆို ကိုယ်က အငယ်ဆုံးဖြစ်ပေမယ့် စီနီယာလိုဖြစ်နေတော့ တစ်ခုခု မေးလို့ ကိုယ်က တစ်ကြိမ်ထက်ပိုပြောရမယ်ဆိုရင် "ရှည်လာပြီနော်။ ရှည်လာပြီ။ စိတ်စိတ်။ စိတ်ရှည်လာပြီ" ဆိုပြီး မာန်မဲမိတတ်သေးတယ်။ သူတို့ကတော့ ခွင့်လွတ်ပါတယ်။ ဗွေမယူကြပါဘူး။ ဒီဆိုင်မှာ သူတို့ကြောင့်ပဲ ကိုယ့်မှာ အကိုတွေရတယ်ဆိုပြီး အားတွေပိုရှိလာတာ၊ ပိုပျော်လာတာပါ။
ဘာပဲပြောပြောပေါ့။ ဒီဆိုင်၊ ဒီကုမ္ပဏီမှာ မြန်မာတွေ ရိုးသားတယ်။ အလုပ်ကြိုစားတယ်။ ဆိုတာတွေကို ကြားရတာ အရသာရှိသလို ဂုဏ်လဲယူမိပါတယ်။ ဒီတော့ သူတို့ကိုလဲကိုယ်က လိုအပ်တာတွေပြောပြရင်း၊ အကြံပေးနိုင်သလောက်ပေးရင်း (တစ်နည်းအားဖြင့်တော့ စွာပုံ၊ စွာနည်းပေါ့) ပျော်ပျော်ကြီး အလုပ်လုပ်ခဲ့ကြတယ်။ နောက်တစ်ပတ်ပြီးရင် ဒီမောင်နှမတွေကို ခွဲရတော့မယ်။ ခွဲသွားဖို့ အင်အားတော့မရှိသေးဘူး။ ဒါပေမယ့် ခွဲကြရဦးမယ်။ ဘာပဲဖြစ်ဖြစ် ပျော်ခဲ့ဖူးတာတွေ အမှတ်ရနေဦးမှာပါ။
နောက်မှ ဆက်မယ်ဗျာ။ ခေါင်းအားကြီးကိုက်နေပြီ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
22.10.09 (Thur;)
3:50 Am
စကားလုံးလှလှလေးတွေနဲ့ စွန်းထင်းမှုကဗျာလေးတွေ မွေးဖွားနေတဲ့ အဘတော် ဘကြီးအောင်(ကိုအောင်သာငယ်)
က တစ်ဦးတည်းသော သူ့မွေးစားသမီးလေးမို့ ချစ်ခင်စွာနဲ့ တက်ဂ်ထားပါတယ်။ ဘကြီးအောင်က ပြောတယ်၊ " တက်ဂ်ပိုစ့် ရေးရဦးမယ်နော်။ ရူးချင်ယောင်ဆာင်လို့မရဘူး " ဆိုလို့ ခုမှပဲ ဟုတ်ကဲ့လိုက်နိုင်ပါတယ်။ ပြီးတော့ မယ်မယ်ကိကလဲ " အိမ်ကျယ်နေကျမို့  ချန်ထားလို့မကောင်း " ဆိုပဲ၊ နောက် သူငယ်ချင်းလကြီး (တလနွန်) ကလဲ တက်ဂ်ထားသေးတယ်။ မောင်လေးခွက်ခွက် (ခ) ခွက်ကြီး ( အဆိပ်ခွက်) ကလဲ " မအိန်ဂျယ် တက်ဂ်ထားတယ်နော် လာဖတ်လှည့် " ဆိုလို့ ပြေးသွားလိုက်တာ သူက ကိုယ့်ကို ခေါင်းမစားစေချင်တဲ့ စေတနာလေးနဲ့ ရေးလို့လွယ်အောင် နာမည်လေးကို ပြောင်းပြန်လှန်ပြီး တမူထူးအောင် တက်ဂ်လိုက်တော့လဲ သူတက်ဂ်သလို ဖြူစင်ကြယ် ကနေ က ဖော် ကြယ်စင်ဖြူနဲ့ပဲ ကရင်းရေးလိုက်ရပါတော့တယ်လေ။
Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.
1. What is your name : ANGEL
2. A four Letter Word : ABLE
3. A boy's Name : ANTHONY
4. A girl's Name : ABBY
5. An occupation : ACTRESS
6. A color : AQUA
7. Something you'll wear : ACCESSORY
8. A food : AN ICE-CREAM
9. Something found in the bathroom :A WATER, A SOAP, ETC.... ဒါအကြံကုန်ပဲ။ ( ဟိဟိ မှတ်ကရော )
10. A place : ABUDHABI ( DUBAI, UAE)
11. A reason for being late : ( ANYWAY, I'M LATE AGAIN; WON'T GIVE ANY EXCUSES.)
12. Something you'd shout : ACTION STATIONS!
13. A movie title : AIR FORCE ONE
14. Something you drink : AMERICAN WINE
15. A musical group : ABBA
16. An animal : ANTELOPE
17. A street name : ALMUTEENA ( DEIRA, DUBAI )
18. A type of car : ASTON MARTIN RED
19. The title of a song : AGAINST ALL ODDS ( MARIAH CAREY )
20. A verb : AGE ( We Age Every Day, What A Depressing Thought! )
ခွက်ကြီးရဲ့ က ဖော် ကြယ်စင်ဖြူ လေးလဲ အားပေးသွားကြဦးလေ။
1.What is your name : ကြယ်စင်ဖြူ ( အမှန်က ဖြူစင်ကြယ်ပါနော်)
2. A four Letter Word : ကြီးကျယ်လိုက်တာ
3. A boy's Name : ကြိုင်သင်း
4. A girl's Name : ကြည်အေး
5. An occupation : ကြွက်သတ်ဆေးရောင်းသည်။
6. A color : ကြက်သွေးရောင်
7. Something you'll wear : ကြည်လင်တဲ့ အပြုံး ( အဟဲ)
8. A food : ကြာဇံသုပ်
9. Something found in the bathroom : ကြည့်မှန် တစ်ချပ်
10. A place : ကြုံတိုင်းရွာ ( ကိုကိုတွတ်တို့ ရွာပေါ့... အဟီးးးးးးး)
11. A reason for being late : ကြာသွားလို့ နောက်ကျတာ။
12. Something you'd shout : ကြာကြီး ကြောင်ကြည့်နဲ့နော်။ ကြက်ဆူဆီနဲ့ ကြွပ်ကြွပ်ကြော်စားပစ်မယ်။ ဟွန်းးးးးး
13. A movie title : ကြိုးတစ်ချောင်း (မြင့်မြတ်၊ မောစ့်၊ ခင်လေးနွယ်)
14. Something you drink : ကြံရည်
15. A musical group : ကြယ်အုပ်စု ( ဟဲဟဲ)
16. An animal : ကြက်တူရွေး
17. A street name : ကြာညိုလမ်း
18. A type of car : ကြုံရာကား ( တလွဲမတွေးရ... ကြုံရာ= အဆင်ပြေရာ) ဟိဟိ
19. The title of a song : ကြင်နာသူနှစ်ဦး ဆုံနိုင်ရင် ( တင်ဇာမော်)
20. A verb : ကြွားဝါသည်။
ကိုယ့်ရဲ့ ပေါက်ကရ အဖြေလေးတွေ၊ ချစ်ခင်မှုနဲ့ တက်ဂ်တဲ့ ဘကြီးအောင်၊ မယ်မယ်ကိ၊ လကြီး၊ ခွက်ကြီး တို့ ကျေနပ်နိုင်ပါစေလို့.....
ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.10.09 ( Thur;)
4:00 Am
လူကြီး အသက် (၂၇) နှစ် သည် လွန်ခဲ့သော ၃ နှစ်ခန့်က သူ၏ချစ်သူကလေးထံမှ ပျောက်သွားပါသဖြင့် တွေ့ ရှိပါက အကြောင်းကြားစေလိုပါသည်။
လူကြီး၏ ထင်ရှားသော အမှတ်အသားများမှာ-------
၁။ ဆွဲဆောင်မှုရှိသည့် မျက်ဝန်းနက်များ ပိုင်ဆိုင်ထားခြင်း
၂။ နူးညံ့သည့် နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ထားခြင်း
၃။ လန်းဆန်းလတ်ဆတ်သည့် အပြုံးများ ပိုင်ဆိုင်ထားခြင်း
၎။ သစ္စာရှိခြင်း၊ တည်ကြည်ခြင်း
၅။ ယောကျာင်္းပီသသော ခန္ဓာနှင့် လူပီသသော စိတ်ဓာတ်များ ပိုင်ဆိုင်ထားခြင်း
၆။ သူ၏ချစ်သူအား ကလေးတစ်ယောက်လို ဖြူစင်၍ ချစ်ပါသည်ဟုဆိုကာ ကလေး ဟူ၍တင်စားခေါ်ဝေါ်တတ်ခြင်း
၇။ ချစ်သူအား အစွမ်းကုန်အလိုလိုက်ကာ ဆိုးနွဲ့ ခွင့်ပေးတတ်ခြင်း
၈။ ချစ်သူကို အလွန်ချစ်သော အချစ်များ ပိုင်ဆိုင်ထားခြင်း
၉။ ချစ်သူ၏ အချစ်များအားလုံးကိုလည်း ရရှိပိုင်ဆိုင်ထားခြင်း
၁၀။ ချစ်သူအား ရိုသေ၊ တန်ဖိုးထားသော စည်းကမ်းရှိသည့် နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားခြင်း
၁၁။ ချစ်သူ စိတ်ကောက်လျှင် ရေခဲမုန့်ဝယ်ကျွေးကာ ဖြူစင်သည့်အနမ်းများနှင့် ပြန်ချော့တတ်ခြင်း
၁၂။ ချစ်သူ စိတ်အလိုမကျ၊ စိတ်ဓာတ်ကျနေလျှင် လက်ကလေးဆုပ်၍ နဖူးလေးနမ်းကာ နှစ်သိမ့်အားပေးတတ်ခြင်း
၁၃။ ချစ်သူ၏ အားနည်းချက်များအား သူ၏အကြင်နာများနှင့် ပြုပြင်ဖြည့်ဆည်းပေးတတ်ခြင်း
၁၄။ ချစ်သူ အဆစ်အမြစ် ကိုက်ခဲနာကျင်ကာ ဝေဒနာခံစားနေရလျှင် ဆေးလိမ်းပေးရင်း သူသာ ထိုဝေဒနာများအား ယူပစ်လိုက်ချင်သည် ဟုတဖွဖွပြောကာ ကြင်နာယုယတတ်ခြင်း
၁၅။ ဆေးသောက် အလွန်ကြောက်သော ချစ်သူအား ဖျားနာလျှင် ဆေးချော့တိုက်ကာ ပြုစုတတ်ခြင်း
၁၆။ ချစ်သူ ဆိုပြသော သီချင်းများကို ဝေဖန်အကြံပေးကာ အားပေးတတ်ခြင်း
၁၇။ ချစ်သူနှင့် ရုပ်ရှင်အတူကြည့်၊ သီချင်းအတူနားထောင်ခြင်းအား အလွန်မြတ်နိုးတတ်ခြင်း
၁၈။ ချစ်သူ၏ ဆန္ဒများအား အတတ်နိုင်ဆုံး လိုက်လျောပေးတတ်ခြင်း
၁၉။ ပေါက်ကရပြောတတ်သော ချစ်သူအား ဗိုက်ခေါက်ဆွဲကာ ဆုချတတ်ခြင်း
၂၀။ ချစ်သူအား မိန်းမ မဆန်စေလိုခြင်း
................စသော စသော အချက်အလက်များနှင့်ပြည့်စုံသော သူမှာ ကလေး၏ ချစ်သူ လူကြီးပင်ဖြစ်ပါသည်။
တွေ့ ရှိပါက အကြောင်းကြားစေလိုပါသည်။
ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမည်။
ဖြားယောင်းသွေးဆောင် လက်ခံထားသူများအား ဥပဒေအရ ထိရောက်စွာအရေးယူမည်။
လူကြီး ရောက်ရာ အရပ်မှ အမြန်ပြန်လာပါ။
ကလေး အသည်းအသန်ဖျားနေသည်။
လူကြီးကို လွမ်းနေသည်။ စိတ်လဲ ပူနေသည်။
အမြန်ပြန်လာပါ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
7.10.09 ( Thur;)
2:00 Am
ကိုဇောင်း ချစ်ခင်မှုနဲ့ တက်ဂ်ထားတဲ့ပိုစ့်လေး သူတောင်မေ့နေပြီထင်တယ်။
ညည်းဖြစ်တဲ့ သီချင်းများ ဆိုပဲ။
ကိုယ်က သီချင်းညည်းတယ်ဆိုတာထက် အာပြဲကြီးနဲ့ အော်ပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးတာပိုများပါတယ်။
အင်း ကိုဇောင်းက ညည်းဖြစ်တဲ့ သီချင်းဆိုတော့လဲ ညည်းဖြစ်တဲ့ သီချင်းပဲပေါ့လေ။
သီချင်းကတော့ အမြဲလိုလို အော်ညည်းဖြစ်တော့ အကုန်ချရေးရမယ်ဆိုရင် ပိုစ့်ရှည်ကြီးဖြစ်ဦးမယ်။
ဒီတော့ ကိုယ်နားထောင်နေကျ၊ အော်ဆိုနေကျ သီချင်းလေးတွေထက်
ခုလတ်တလော တိုက်ဆိုင်မှုလေးတွေနဲ့ အတူ ညည်းဖြစ်တဲ့ သီချင်းလေးတွေပေါ့ဗျာ။
ခုရက်ပိုင်း ကိုယ့်ရဲ့ ပြသနာလေးတွေအတွက် စိတ်ညစ်ညူးလို့ အားငယ်နေချိန်မှာတော့ အမှန်အတိုင်းပြောရရင် Gospel သီချင်းလေးတွေ ညည်းရင်း ခွန်အားယူဖြစ်ပါတယ်။
GOD WILL MAKE A WAY
God Will Make A Way, Where There's seems to be no way,
He walks in way we can not see He will make a way for me
He will be my Guide hold me closely to His side with love and strength for each new day
He will make a way, He will make a way.
YOU WILL NEVER WALK ALONE
You will never walk alone
As long as you have faith
Jesus will be right beside you all the way
And you may feel you're far from home
But home is where He is
And He'll be there down every road
You will never walk alone
ခုလိုချိန်မှာ သူ့ ကို အပြင်းအထန် သတိရနေမိတယ်။ ( သူ=အမည်မသိ..ဟိဟိ မမေးရနော်။) သူ ကိုယ့်ကို ပထမဆုံး စပြီး ပေးခဲ့တဲ့ လက်ရွေးစင်သီချင်းက အဲလက်စ်ရဲ့ သီချင်းပါ။
သူ့ ကို တမ်းတလွမ်းဆွတ်မှုတွေနဲ့ ညည်းနေဖြစ်မိတာ မမှားပါဘူးနော်။
သီချင်းလေးက ကလေးရယ် တဲ့။
ကလေးရယ်.... ဘာကြောင့် မင်းလေးနဲ့တွေ့ မှ ကိုယ့်စိတ်တွေယိုင်လဲ
ကလေးရယ်.... အချိန်ရှိတိုင်းပဲပေါ့ မျက်စိထဲ မင်းအရိပ်တွေပါပဲ
ကလေးရယ်.... ကိုယ်ဟာ ပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ ရူးလို့နေရမှာလား
အတွေးလေးထဲလဲ မင်းက ကလေးပါပဲ
ကလေးရယ် မင်းမြင်တတ်ရင် တွေ့ မှာပဲ ရင်ထဲကသံယောဇဉ်
မင်းနဲ့ကျမှ ချစ်တတ်ပြီ ကလေးရယ်... အသည်းလေးထဲက ချစ်မိပြီ
မင်းနဲ့ကျမှ ရူးရပြီ ကလေးရယ်....မစဉ်းစားပဲနဲ့ ချစ်လိုက်တာ ငါမှားယွင်းနေလား
ကလေးရယ်.... ဘယ်အချိန်တုန်းက မင်းအသည်းထဲ ရောက်လို့နေတာလဲ
ငါအလိုလိုက်ခဲ့သမျှ သိပ်ချစ်လို့ မင်းနားလည်ပါဦး
ဘယ်လိုနည်းနဲ့ မှ မင်းလေးနဲ့ ခွဲလို့ မနေနိုင်ဘူး။
Let Me Be Your Hero ဆိုတဲ့ Enrique Iglesias ရဲ့ အသံလေးက သူ ကိုယ့်နားထဲကို ဖွဖွလေး လာပြောနေသလို ခံစားခဲ့ရတဲ့ စာသားလေးပါ။
ခုတော့ကိုယ်တိုင်လိုက်ရွတ်မိနေပြီ။ ဘယ်လိုလုပ်မတုန်းးးးးး
I can be your hero, baby
I can kiss away the pain
I will stand by you forever
You can take my breath away..........
ဒီသီချင်းလေးကိုတော့ ကိုယ်တကယ် ကြိုက်လွန်းလို့ ညည်းရုံတင်မက ခုထိ ဖုန်း Ring Tone တောင်ဒီသီချင်းလေး ထည့်ထားတာ။ ဒီသီချင်းသံကြားရင် ဖုန်းထရှာနေမိတယ်။
Shayne Ward ရဲ့ No Promises
Hey Baby, When we are together, doing things that we love,
Every time you're near I Feel like I'm in heaven, feeling high
I don't want to let go, girl, I just need you to know girl.
I don't wanna run away, baby you're the one I need tonight, No Promises.
Baby, now I need to hold you tight, I just wanna die in your arms, Here Tonight.
နောက်တစ်ပုဒ်ကတော့ SClub7 ရဲ့ Have You Ever
Have you ever loved and lost somebody, wished there was a chance to say I'm sorry,
can't you see, that's the way i feel about you and me, baby,
have you ever felt your heart was breaking, looking down the road you should be taking,
i should know, coz i loved and lost, the day i let you go......
ဘာမှမပြောတော့ဘူး။ အဲလိုခံစားပြီးတော့Boyzone, Anne Murray တို့ရဲ့ You Needed Me ဆိုတဲ့သီချင်းလဲ ညည်းဖြစ်တယ်။
I cried a tear, you wiped it dry
I was confused, you cleared my mind
I sold my soul, you bought it back for me
And held me up and gave me dignity
Somehow you needed me
You gave me strength to stand alone again
To face the world out on my own again
You put me high upon a pedestal
So high that I could almost see eternity
You needed me, you needed me
And I can't believe it's you
I can't believe it's true
I needed you and you were there
And I'll never leave, why should I leave?
I'd be a fool 'cause I finally found someone who really cares
You held my hand when it was cold
When I was lost you took me home
You gave me hope when I was at the end
And turned my lies back into truth again
You even called me "friend"
နောက်ဆုံး Some Body's Me ဆိုတဲ့ Enrique Iglesias ရဲ့ ခပ်ဆွေးဆွေး သီချင်းလေး ညည်းရင်း ဆွေးဖြစ်တယ်။
You, do you remember me
Like I remember you?
Do you spend your life
Going back in your mind to that time?
Because I, I walk the streets alone
I hate being on my own
And everyone can see that I really fell
And I'm going through hell
Thinking about you with somebody else
Somebody wants you,
Somebody needs you.
Somebody dreams about you every single night.
Somebody can't breathe, without you it's lonely.
Somebody hopes that one day you will see
That somebody's me.
How, how did we go wrong?
It was so good, and now it's gone,
And I pray at night, that our paths will cross.
And what we had isn't lost.
Cause you're always right here in my thought.......
ကိုဇောင်းရေ.... နောက်ကျမှ ရေးပေးတဲ့ ညီမအလိမ်မာလေးကို မုန့်အ၀ကျွေးပြီး ဆုချဖို့ စောင့်နေနော်။ ဟဲဟဲ။ ကိုဇောင်းတစ်ယောက် ကျေနပ်နိုင်ပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.10.09 (Fri;)
5:30 Am

