ကိုယ့်ဘဝမှာ မျက်ရည်ရဲ့ တန်ဖိုးဆိုပြီး ခံစားနားလည်ခွင့်ရခဲ့တဲ့ အမှတ်တရတွေ အများကြီးထဲက တစ်ချို့ကို ဖွင့်ပြောပြချင်နေမိတယ်။
ဟိုးးးးးးးးးတုန်းက ကိုယ့်ကို အရမ်းချစ်မြတ်နိုးခဲ့တဲ့ ကိုယ့်ရဲ့ချစ်ဦးသူဟာ "သူ့အချစ်ကို ကိုယ်က မယုံကြည်လို့" ဆိုပြီး ကြေကွဲဝမ်းနည်းစွာ ကိုယ့်ကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကစပြီး အချစ်ကို ယုံကြည်စွာ တန်ဖိုးထားတတ်ဖို့ ကိုယ့်နှလုံးသားထဲမှာ အဲ့ဒီအစွဲက ထင်ကျန်နေခဲ့တယ်။
ကိုယ့်ရဲ့ကျေးဇူးရှင် ချစ်ဖခင်ကြီးကလည်း ကိုယ့်ကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။ ကိုယ့်မိသားစုနဲ့ အဝေးကြီးကို ပထမဆုံး ကိုယ်ခွဲသွားရတဲ့အချိန်တုန်းကပေါ့။ ကိုယ်အိမ်ပြန်ရောက်တဲ့မနက်ခင်းလေးမှာပဲ ကိုယ့်ဖေဖေက "သူချစ်သော သမီးကြီးနဲ့ အကြာကြီး ခွဲသွားရပေမယ့် အခုလို ကျန်းမာရွှင်လန်းစွာ ပြန်ဆုံခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မျက်ရည်တွေကျပြီး ချီးမွမ်းဆုတောင်းခဲ့တယ်။" ဘဝ၊ ဘဝတွေအတွက် ကိုယ်ချစ်တဲ့ မိသားစုနဲ့ ပြန်ပြီး ခွဲခွာနေနေရတဲ့ အခုလို အချိန်မျိုးမှာတော့ ဖေဖေ့မှာ ခံနိုင်ရည်တွေ ရှိနေလောက်ပါပြီလေ။ ဘဝရဲ့ တိုက်ပွဲတွေကြား လဲကျ ရှုံးနှိမ့်တဲ့အခါတွေမှာ၊ ဝမ်းနည်းအားငယ်လာတဲ့ အချိန်မျိုးတွေမှာ ကိုယ့်အတွက် မျက်ရည်တွေကျပြီး ဆုတောင်းပေးနေတဲ့ ကိုယ့်ကို ချစ်သော မိဘ၊ မောင်နှမ နဲ့ ကိုယ့်မိသားစုတွေရဲ့ မေတ္တာတရားတွေကို မြင်ယောင်ရင်း ကိုယ်အားသစ်တွေ ပြန်မွေးယူခဲ့ရတယ်။ အနေဝေးသည့်တိုင် အတူရှိစဉ်တုန်းကထက် မိဘစကားကို မမေ့မလျော့ ရိုသေစွာ နားထောင်လိုက်လျှောက် ဖြစ်ခဲ့တယ်လေ။
ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ချစ်သူလည်း သူနဲ့အဝေးကြီးကို ထွက်လာရမဲ့အချိန်မှာ ဖြေမဆည်နိုင် ဝမ်းနည်း မျက်ရည်ကျခဲ့တယ်။ ချစ်သူရဲ့မျက်ရည်တွေအတွက် ကိုယ် ဘာမှပြင်ဆင်မထားခဲ့မိဘူး။ အဲ့ဒီအချိန်တုန်းက နှုတ်ဆက်ခွဲခွာဖို့အတွက် ခံစားရတဲ့ နာကျင်မှုက ကိုယ်ကိုယ်တိုင်တောင် မခံမရပ်နိုင်ခဲ့ဘူး။ ကိုယ့်အတွက်နဲ့ ချစ်သူကျခဲ့ဖူးတဲ့ မျက်ရည်တွေအတွက် "ဘာပဲဖြစ်ဖြစ် သူ့ကို နားလည်ခွင့်လွှတ်ပေးဖို့၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အချစ်ကို လေးစားတန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နေဖို့" ဆိုတဲ့အရာတွေ အခုချိန်ထိပါပဲ ကိုယ့်နှလုံးသားမှာ သံမှိုစွဲနေခဲ့တယ်။
ကိုယ့်ကိုချစ်သောသူတွေရဲ့ မျက်ရည်စက်တွေဟာ ကိုယ့်အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့ အချိန်ထိ ကိုယ့်ဘဝမှာ အများကြီး ကူညီပြောင်းလဲ အကျိုးသက်ရောက်နေမှန်း တအံ့တသြ နားလည်ခံစားခဲ့ရတယ်။
ဒီလိုပါပဲ... မနေ့ညက Facebook မှာ Blog တွေမှာ မြင်ရ၊ ဖတ်ရတဲ့ ဧရာဝတီကိုချစ်သော ဧရာဝတီရဲ့ ချစ်သူတွေရဲ့ ကျမျက်ရည်တွေ၊ ရင်ဘတ်ထဲက စကားလုံးတွေ၊ တောင်းဆုလေးတွေကို တနင့်တပိုးကြီး ဖတ်လိုက်ရတဲ့အချိန်မှာ ဒီအတွေးလေးတွေနဲ့အတူ ဧရာဝတီအတွက် စကားလေးတွေ ပြောပြချင်မိတဲ့ စိတ်ကလေး ဖြစ်လာခဲ့ရတယ်။ ဗီဒီယိုဖိုင်တွေထဲက ဧရာဝတီမြစ်ရေစီးသံတွေဟာ "ကိုယ့်အလိုဆန္ဒမပါပဲ ကိုယ့်ကို နိုင်ထက်စီးနင်း မလုပ်ကြပါနဲ့"၊ "ဧရာဝတီကိုချစ်သော ဧရာဝတီရဲ့ချစ်သူများ ကူညီကယ်တင်ကြပါ" လို့များ ငိုယိုတောင်းပန်နေသယောင် ရင်ဘတ်ထဲထိ ရိုက်ခိုက်လို့လာခဲ့တယ်။
ကိုယ့်အနေနဲ့ ဘာမှမစွမ်းဆောင်နိုင်ပါဘူး။ ဘာမှလုပ်မပေးနိုင်သလို ကိုယ်တိုင်လည်းမကယ်တင်နိုင်ပါဘူး ဧရာဝတီ။ မင်းဟာ ကိုယ်တို့ တိုင်းပြည်ကို ကျက်သရေတိုးစေတဲ့အပြင်၊ ရှားပါးတဲ့သဘာဝ သယံဇာတတွေနဲ့ သတ္တဝါ အားလုံးကို အကျိုးပြုတဲ့ ကိုယ်တို့အားလုံးရဲ့ အဖိုးထိုက်တဲ့ ရတနာမြစ်တစ်စင်းပါ။
"မငိုပါနဲ့ ဧရာဝတီ"
မင်းဘက်မှာ ရပ်တည်နေတဲ့ မင်းရဲ့ချစ်သူတွေရှိနေတယ်။
မင်းအတွက်ကျတဲ့ မျက်ရည်တွေ၊ မင်းအတွက် ပြုတဲ့ တောင်းဆုတွေဟာ
မင်းကို မင်းရဲ့ရန်သူတွေ လက်ထဲ လည်စင်းခံ ပြိုကျမသွားဖို့၊
မင်းဘဝ ရှင်သန် အဓွန့်ရှည်ဖို့ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ကိုယ်ယုံကြည်တယ်။ မင်းလည်း ယုံကြည်နေလိုက်ပါ။ ကိုယ်တို့အားလုံးအတွက် မင်းထာဝရ စီးဆင်းပေးပါ။
ဧရာဝတီမြစ်ကြီး ရာဇဝင်သံသရာတိုင် ရှင်သန်စီးဆင်းနိုင်ပါစေသား။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
24.9.2011 (Sat;)
11:45PM
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
မောင်နှမလေးတွေ
-
အပြာရောင်ဖဲကြိုးလေး သုံးခု5 hours ago
-
ဆုံမှတ်11 hours ago
-
-
-
ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)14 hours ago
-
-
ဗြောင်တောင်တောင် ဗေ..ဗေ့..ဂျိ1 day ago
-
ဒီကနေ့ဟင်း ပဲပုပ်ချက်1 day ago
-
အလွမ်းသင့် ပန်းချီ2 days ago
-
စိနတိုင်းသွားတောလား-၉2 days ago
-
-
-
-
ကိုယ်တိုင်ရိုက်သည်4 days ago
-
ဖြစ့်လေ့ဖြစ်ထဖြစ်စဉ်4 days ago
-
-
ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ5 days ago
-
-
-
-
Testing from wonder1 week ago
-
-
လမ်းပေါ်က ကဗျာ1 week ago
-
မင်္ဂလာနှစ်ပတ်လည်1 week ago
-
သူမရဲ့ 'လူဖြစ်ကြောင်း'ဖြောင့်ချက်1 week ago
-
-
-
ဂိမ်း နဲ့ ဂန့် 3 weeks ago
-
“တခါတရံမှာ နာကျင်ခြင်းက ချိုမြိန်တယ်”4 weeks ago
-
အချစ်စေညွှန်ရာအတိုင်း4 weeks ago
-
ဆုတောင်း5 weeks ago
-
-
အလင်းပျောက်ခဲ့သူ1 month ago
-
Ethical Consideration2 months ago
-
Manchester သွား တောလား2 months ago
-
ပုခက်လွှဲသော လက်များ တခေတ်ဆန်းချိန် ၂၀၁၂2 months ago
-
ယခုမှစ၍နုတ်ဆက်သည်3 months ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
ညီမလေးများ အတွက် မပျက်မကွက် မွေးနေ့ဆုတောင်3း months ago
-
မော်ဒန် အချစ်တိုင်ရတု4 months ago
-
For “Harvest Thanksgiving Festival”5 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
-
ကျေးဇူးတော်8 months ago
-
"They Hid The Bee From The Rain"9 months ago
Blog Archive
-
►
2009
(41)
-
►
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
►
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
7 comments:
- HAN said...
-
Nice post! :):)
-
အလေးအနက်ခံစားပြီး စစ်မှန်တော့မှ "မျက်ရည်" ဆိုတာနှလုံးထဲက တိုက်ရိုက်လာတတ်တာ..
(ကောင်းပါသည်...အိန်ဂျယ်...))) -
အလေးအနက်ခံစားပြီး စစ်မှန်တော့မှ "မျက်ရည်" ဆိုတာနှလုံးထဲက တိုက်ရိုက်လာတတ်တာ..
(ကောင်းပါသည်...အိန်ဂျယ်...))) - thatzin said...
-
အလေးအနက်ခံစားပြီး စစ်မှန်တော့မှ "မျက်ရည်" ဆိုတာ နှလုံးသားထဲက တိုက်ရိုက်လာတတ်တာ...(ကောင်းပါသည် မိအိန်ဂျယ်..!!)))
- SHWE ZIN U said...
-
ဧရာဝတီ ရှင်သန်ပါစေ
- မြသွေးနီ said...
-
ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။ -
မင်းဘက်မှာ ရပ်တည်နေတဲ့ မင်းရဲ့ချစ်သူတွေရှိနေတယ်။
မင်းအတွက်ကျတဲ့ မျက်ရည်တွေ၊ မင်းအတွက် ပြုတဲ့ တောင်းဆုတွေဟာ
မင်းကို မင်းရဲ့ရန်သူတွေ လက်ထဲ လည်စင်းခံ ပြိုကျမသွားဖို့၊
မင်းဘဝ ရှင်သန် အဓွန့်ရှည်ဖို့ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ကိုယ်ယုံကြည်တယ်
ပြည့်အ၀ထောက်ခံပါတယ်....
မြစ်ဆုံ စီမံကိန်းကိုလဲလုံးဝကန့်ကွက်ပါတယ်
ခင်တဲ့ jas

