စကားလုံးလှလှလေးတွေနဲ့ စွန်းထင်းမှုကဗျာလေးတွေ ဖန်တီးနေတဲ့ ဖေကြီး (ကိုအောင်သာငယ်)က တစ်ဦးတည်းသော သူ့မွေးစားသမီးလေးမို့ ချစ်ခင်စွာနဲ့ တက်ဂ်ထားပါတယ်။ ဖေကြီးကပြောတယ်၊ "သမီး တက်ဂ်ပိုစ့် ရေးရဦးမယ်နော်။ ရူးချင်ယောင်ဆာင်လို့မရဘူး " ဆိုလို့ ဟုတ်ကဲ့လိုက်ပါတယ်။ ပြီးတော့ မယ်မယ်ကိ ကလဲ "အိမ်ကျယ်နေကျမို့  ချန်ထားလို့မကောင်း " ဆိုပဲ၊ နောက် သူငယ်ချင်းလကြီး (တလနွန်) ကလဲ တက်ဂ် ထားသေးတယ်။ မောင်လေးခွက်ခွက် (ခ) ခွက်ကြီး (အဆိပ်ခွက်) ကလဲ "မအိန်ဂျယ် တက်ဂ်ထားတယ်နော် လာဖတ်လှည့် " ဆိုလို့ ပြေးသွားလိုက်တာ သူက ကိုယ့်ကို ခေါင်းမစားစေချင်တဲ့ စေတနာလေးနဲ့ ရေးလို့ လွယ်အောင် နာမည်လေးကို ပြောင်းပြန်လှန်ပြီး တမူထူးအောင် တက်ဂ်လိုက်တော့လဲ သူတက်ဂ်သလို ဖြူစင်ကြယ် ကနေ က ဖော် ကြယ်စင်ဖြူ နဲ့ပဲ ကရင်းရေးလိုက်ရပါတော့တယ်လေ။

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name : ANGEL
2. A four Letter Word : ABLE
3. A boy's Name : ANTHONY
4. A girl's Name : ABBY
5. An occupation : ACTRESS
6. A color : AQUA
7. Something you'll wear : ACCESSORY
8. A food : AN ICE-CREAM
9. Something found in the bathroom :A WATER, A SOAP, ETC.... ဒါအကြံကုန်ပဲ။ (ဟိဟိ မှတ်ကရော)
10. A place : ABUDHABI ( DUBAI, UAE)
11. A reason for being late : ( ANYWAY, I'M LATE AGAIN; WON'T GIVE ANY EXCUSES.)
12. Something you'd shout : ACTION STATIONS!
13. A movie title : AIR FORCE ONE
14. Something you drink : AMERICAN WINE
15. A musical group : ABBA
16. An animal : ANTELOPE
17. A street name : ALMUTEENA ( DEIRA, DUBAI )
18. A type of car : ASTON MARTIN RED
19. The title of a song : AGAINST ALL ODDS ( MARIAH CAREY )
20. A verb : AGE ( We Age Every Day, What A Depressing Thought! )

ခွက်ကြီးရဲ့ က ဖော်ကြယ်စင်ဖြူ လေးလဲ အားပေးသွားကြဦးလေ။

1.What is your name : ကြယ်စင်ဖြူ ( အမှန်က ဖြူစင်ကြယ်ပါနော်)
2. A four Letter Word : ကြီးကျယ်လိုက်တာ
3. A boy's Name : ကြိုင်သင်း
4. A girl's Name : ကြည်အေး
5. An occupation : ကြွက်သတ်ဆေးရောင်းသည်။
6. A color : ကြက်သွေးရောင်
7. Something you'll wear : ကြည်လင်တဲ့ အပြုံး ( အဟဲ)
8. A food : ကြာဇံသုပ်
9. Something found in the bathroom : ကြည့်မှန် တစ်ချပ်
10. A place : ကြုံတိုင်းရွာ ( ကိုကိုတွတ်တို့ ရွာပေါ့... အဟီးးးးးးး)
11. A reason for being late : ကြာသွားလို့ နောက်ကျတာ။
12. Something you'd shout : ကြာကြီး ကြောင်ကြည့်နဲ့နော်။ ကြက်ဆူဆီနဲ့ ကြွပ်ကြွပ်ကြော်စားပစ်မယ်။ ဘာမှတ်နေလဲ...ဟွန်းးးးးး
13. A movie title : ကြိုးတစ်ချောင်း (မြင့်မြတ်၊ မောစ့်၊ ခင်လေးနွယ်)
14. Something you drink : ကြံရည်
15. A musical group : ကြယ်အုပ်စု ( ဟဲဟဲ)
16. An animal : ကြက်တူရွေး
17. A street name : ကြာညိုလမ်း
18. A type of car : ကြုံရာကား ( တလွဲမတွေးရ... ကြုံရာ= အဆင်ပြေရာ) ဟိဟိ
19. The title of a song : ကြင်နာသူနှစ်ဦး ဆုံနိုင်ရင် ( တင်ဇာမော်)
20. A verb : ကြွားဝါသည်။


ကိုယ့်ရဲ့ ပေါက်ကရ အဖြေလေးတွေ၊ ချစ်ခင်မှုနဲ့ တက်ဂ်တဲ့ ဖေကြီး၊ မယ်မယ်ကိ၊ လကြီး၊ ခွက်ကြီး တို့ ကျေနပ်နိုင်ပါစေလို့ .....

ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.10.09 ( Thur;)
4:00 Am

30 comments:

“ကြွက်သတ်ဆေးရောင်းသည်” ဆိုတာလေးကို ဖတ်ပြီးရယ်မိပါတယ်ခင်ဗျာ...။ ဖြတ်ထိုးဥာဏ်တော်တော်ကောင်းတာပဲလို့လည်း တွေးမိပါတယ်...။ ပျော်ရွှင်ပါစေ..ခင်ဗျ...။

သမီးကြီးရေ...တော်ချက်...နှစ်ခုလုံး ကောင်းတယ်..ကြုံတိုင်းရွာရောက်ရင် ပြောလိုက်ပါ..လူပျိုကြီး စောတင်မောင်ကို သတိယပါတယ်လို့ ...ဟိဟိ..မင်းသမီးဆိုတော့..ဘာကားရိုက်တာလဲဟင်.ကြုံရာကားနဲ့ တော့ မလိုက်ပါနဲ့ ..တော်ကြာ အမှိုက်ကားဖြစ်နေဦးမယ်..:P..

ကြည်လင်တဲ့ အပြုံး ..

i was smiling with ကြည်လင်တဲ့ အပြုံး

:)

nice one.

အောင်မလေး ကြက်ဆူဆီနဲ့ကြော်မှာတဲ့.. တော်ပြီ ကြည့်တော့ဘူး ဟီး :)

ကောင်းတယ်ဟေ့ :)
ကြိုးစားထား.........ကြယ်ဖြူရေ့

သိုင်းခရူးရော သိုင်းခရုရော တင်ပါတယ် :P

ပဲဆီလေးတော့ သုံးပေါ့ကွယ်
ကြက်ဆူဆီနဲ့တော့ မလုပ်လိုက်နဲ့ဦး :D

ကြယ်ဖြင်စူရေ အယ့် ဟုတ်ပါဘူး
ကြယ်ဖြူစင်လေးရေ
ကိုကိုတွတ်တို့ ကြုံတိုင်းရွာကို ကြုံရာကားစီးပီး လည်လည်လာတာ လမ်းမှာ ကြက်တူရွေးမတအုပ်နဲ့တွေ့လို့ သွားကြည့်မိတာ
ကြာကြီး ကြောင်ကြည့်နဲ့နော်။ ကြက်ဆူဆီနဲ့ ကြွပ်ကြွပ်ကြော်စားပစ်မယ်။ ဟွန်းးးးးး ဆိုလို့ လန့်ပီး ကြံရည်လေးသောက်မလို့ကြံတုန်း ကြွက်သတ်ဆေးပဲ ရောင်းတယ်ဆိုလို့ အိမ်ကိုပဲ လှည့်ပြန်သွားပါဒယ် ခွိခွိ

ဟီး... ကြုံရာကားကတော့ အကြိုက်ဆုံးပဲ.... ဥာဏ်ကြီးပဲအေ.... ဟွင်း....

ကိုကိုတွတ်ကိုပြောလိုက်ပါ.... တို့လဲ တတိယတယ်လို့....

(A) ရယ် (က )ရယ် .. ရှေ့ဆုံး ဗ္ဗည်း တွေချည်းပါလား ..
အိမ်ကျယ် ရေ ..
ကြံတိုင်းရွာ ကို ကြွက်သတ်ဆေးရောင်းသွားရင် ကြံ ရည်လေးသောက်ပြီး ။ ကြုံရာကားနဲ့ လိုက်ချင်တယ် ...ကြက်ဆူဆီတော့ ကြောက်ပ ...

ကြက်ဆူဆီတော့ လုပ်ပါနဲ့အေ့
ကြွက်သတ်ဆေးတာ သောက်လိုက်ပါတော့။
ဟိဟိ
ချစ်လို့စတာ

ကြယ်အုပ်စုထဲက အိန်ကျယ် ...ကြံရည်စုပ် ကြုံရာကား စီးပြီး ကြင်နာသူ နှစ်ဦးဆုံနိုင်ရင်တွေ ကြွားဝါမနေနဲ့ ကြက်ဆူဆီနဲ့ ကြွပ်ကြွပ်ကြော်လိုက်မယ်


လုပ်ကြပါဦး ကြည်လင်တဲ့အပြုံးတပ်ပြီး အိမ်ကျယ်တယောက် ကြည်အေး ရဲ့ ကြာဇံသုပ်ထဲ ကြက်သွေးရောင် ကြွက်သတ်ဆေးထည့် စားနေပါတယ်ဗျို့............

ချင်းတောင်းလေးရေ..

ကဖေါ် ကြယ်စင်ကြယ် A for Angel
အပြည့်အစုံကို လာဖတ်သွားတယ်..

ကြာကြီး ကြောင်ကြည့်နဲ့နော်။ ကြက်ဆူဆီနဲ့ ကြွပ်ကြွပ်ကြော်စားပစ်မယ် ဆိုလို့ ပြန်ပြေးပြီ...

ချင်းတောင်းလေးရေ....

တော်လိုက်တဲ့ညီမလေး...

hay a girl's name က ကြိုင်ကြိုင်ရှိတယ်လေ ဘယ့်နှယ့် မေ့နေတာတုံး ဟိဟိ

သမီးကြီးရောက်တယ် ဖတ်တယ် မန့်သွားတယ် သမီးကြီးတို့များ တော်ချက် ၂ ခုတောင်ရေးပေးနိုင်တယ် နာ တော့ ခေါင်းကိုက်လို့ တခုပဲဟေ့

တာ့တာ ဘိုင်

ကျေနပ်ဖူးးးးးးးးးးးး
ကျေနပ်ဖူးးးးးးးးးးးး

တူညားကျံရည်ကို လုတောက်တွားတယ်..
ရဖူးနော်.. တားတားကျံရည်ေ၇

ဟဲ..ဟဲ..း)

ခုတော့သိပီ
ရေခဲမုန့်ကျွေးတော့ဘူး...
ကြံရည်ပဲတိုက်တော့မယ်...
ကြုံရာကားနဲ့တော့ လိုက်ပါနဲ့အေ...
ဒီတိုင်းပြည်က အေးချမ်းတာဟုတ်ဘူး...
ရင်တုန်အောင်လုပ်နဲ့နော်...

ချစ်မ
နှင်း

ကြယ်ကလေးဆီ ကြံရည် လာသောက်တယ်..း)

တော်တော်လေးရေးတာလာဖတ်
ကြွက်သတ်ဆေးရောင်းတာလား
သြော်............................

ကြုံရာကားက ဘယ်ကုမဏီက ထုတ်လာလည်းဗျို.
Angel ကားကုမဏီ ကလား ? :D :P

A for ကိုလာဖတ်ပါတယ် Good !!!!

တလွဲမတွေးနဲ့ဆိုလို့ တလွဲကိုတွေးပစ်လိုက်တယ်...
ကြုံတိုင်းရွာကနေ
ကြုံရာကားစီးလာခဲ့မှတော့
ကြာတာဆန်းသလား...
ကတဲ...

းဝ)

သမီးကြီးရေ
နင်ကတော်တယ်
ဒါတွေလည်းဖြည့်ရေးတတ်တယ်
ငါ့ကိုသာtagလို့ကတော့ငါးပါးမှောက်ပြီ
ဘာရေးရမှန်းသိမှာမဟုတ်ဘူး

ငါ့ သမီးကြီး ရေးပေးတာကျေးဇူး...း)

ရေးတာ တော်တယ် ဟာသဥာဏ် ရွှင်သလို ဖြတ်ထိုးဥာဏ်လည်း ကောင်းပါ့။

ကြွက်သတ်ဆေးသောက်ပြီး ကြာကြာခံဘို့အရေးကြီးတယ် ...။
ကြံတောရောက်သွားမှ
ကျီးထိုးခံနေရမယ်။
ကြောင်တောင်တောင်ပြန်ကြည့်မနေနဲ့
ကျိုးတိုးကျဲတဲ သွားတွေဖြစ်သွားမယ် ဘာမှတ်လဲ
ကျန်ကျောင်းကွ....။

အရမ်းကောင်း အရမ်းကောင်း ... ဒါပေမယ့် ကြွက်သတ်ဆေးရောင်းတယ်ဆိုတော့ ကြောက်သွားပီ အနားတောင် မကပ်ရဲတော့ဘူး ...

11. A reason for being late : ကြာသွားလို့ နောက်ကျတာ။

ဟားးဟားး...မှတ်သားလောက်ပါပေတယ်နော်...

ကိုကိုက ကို့ကို ကိုင်းကိုကိုင်ပြီး ကုန်းအော်နေတယ်
ကြယ်စင်ဖြူရေ ကက ကားကို ကုန်းကြောင်းတွန်းခဲ့တဲ့

ညီမလေးရေးထားတာလေးက ချစ်စရာလေး။ပြုံးရယ်ရတယ် =)

မမကိုလည်း တဂ်ထားပြီး မရေးရင် သောင်းကျန်းမယ် ဆိုတဲ့ ညီမလေးတစ်ယောက်လည်း ရှိသေးတယ်။ ဘယ်မှ ပတ်ပြေးလို့ မရဘူး။ =)