Angel Shaper ရဲ့ ပထမဆုံးအကြိမ် နှုတ်ဆက်ပွဲကို ၂၃.၁၀.၀၉ (သောကြာနေ့) က ဒဒွေးမောင်နှမများ ဆုံဆည်းရာ Rolex Tower မှာ ဘကြီးများ အကိုတော် အမတော်များ နဲ့ အတူ ပျော်စရာအကောင်းဆုံး ကျင်းပခဲ့ကြတယ်။
အဲဒီနေ့ ပျက်ကွက်သူတွေကတော့ အမိမြေရောက် ကိုချမ်းနဲ့ မဒမ်ချမ်း၊ လတ်လတ်ဇော် နဲ့ အလုပ်များနေတဲ့ ကိုဖြိုး (လင်းကြယ်ဖြူ) တို့ပဲဖြစ်ပါတယ်။
ချစ်မကြီး မနှင်း (နှင်းနဲ့မာယာ) နဲ့ အရောက်သွားတော့ စပွန်ဆာ ပေးမဲ့ ဘကြီးမိုး တစ်ယောက်ထဲ ရောက်နေလေရဲ့။ သူက စားနေကျဆိုင်ထက် ပိုအဆင်ပြေမဲ့ Tower ကြီးရဲ့ အပေါ်ဆုံးထပ် ၀ရံတာမှာ ပိုစားကောင်းတယ် ဆိုပြီး စီစဉ်ထားပါတယ်။ ခနနေတော့ မငုံ (ကန္တာရမိုးစက်များ) နဲ့ သမီးပျို တို့ရောက်လာတယ်။ အထူးဧည့်သည်ကြီးဖြစ်တဲ့ ဒူဘိုင်းရွှေရောင်စဉ် ရဲ့ ကလောင်ရှင် (ဒူဘိုင်းရောက်မြန်မာ MID အဖွဲ့ကြီးအတွက်ပါ အားတက်သရော ပါဝင်နေသူ) ကိုသံလွင်လင်းဦးလည်း ရောက်လာပါတယ်။ ဦးပီ (ကိုပီတာရဲ့အတွေးပုံရိပ်)ကတော့ အချိန်တိတိကျကျ ရထားကြီးစီးပြီးထွက်လာပေမယ့် နေရာကို ကျော်လိုက်ခွလိုက်နဲ့မို့ ဘကြီးမိုးဆင်းခေါ်မှပဲ နေရာမှန်ကို ရောက်လာနိုင်ပါတော့တယ်။
တစ်အောင့်နေတော့ အန်ကယ်ဦးကျော်ခင်နဲ့  ဆရာဝန်ဒေါက်တာ မမဆုလှိုင်ဝင်းတို့လည်းရောက်လာတယ်။ ဘကြီးသာ(ကိုသာယာ) တစ်ယောက် ကတော့ နောက်ဆုံးမှပဲ သာသာယာယာ ရောက်လာပါတယ်။
လူစုံတော့ စားသောက်ဖို့ မှာကြတယ်။ ဟော့ပေါ့အရင်မှာတယ်။ ပြီးတော့ ဟင်းတွေ တစ်ခုပြီးတစ်ခုမှာကြတယ်။ စားပွဲပေါ်မှာက စားစရာတွေက အစုံပါပဲ။ စားသောက်ရင်း ပြောကြ ဆွေးနွေးကြတယ်။ လူကြီးတွေ အပြောကောင်းနေတုန်း စကားထက် အစားမက်တဲ့ မငုံ၊ သမီးပျို နဲ့Angel Shaper တို့ဟာ ကလေးပီပီ အားရပါးရစားကြတယ်။ ဟော့ပေါ့ကလဲ တစ်အိုးပြီးတစ်အိုး ကုန်တယ်။ ကိုယ့်ရှေ့ကအိုးကုန်လို့ ထပ်ဖြည့်တုန်း မဆူခင် တဖက်က လေပေါနေတဲ့ လူကြီးတွေရဲ့ အိုးနဲ့ ပြန်လဲ။ ဟဲဟဲ။ ပြီးတော့ Avocado လေးသောက်လိုက်၊ ကော်ပြန့်ကျော်လေးစားလိုက်နဲ့ နောက်ထပ် ဆက်ဆွဲမဲ့ပွဲအတွက် အားယူဖို့Toilet တောင်သွားလိုက်ရသေးတယ်လေ။ အဟီးးး
Toilet အမှတ်တရတစ်ခု ပြောရမယ်ဆိုရင် Toilet ဆိုတာလဲမြင်ရော သုံးယောက်သား ကျေနပ်သွားတဲ့ ဒီဇိုင်းနဲ့ ၀င်ချသွားလိုက်ကြတာ အထဲမှာ သူ့ ကိစ္စသူလုပ်နေတဲ့ ကုလားတစ်ယောက် ကိုမြင်မှပဲ နေရာမှားဝင်လာမှန်းသိတော့တယ်။ အမျိုးသား Toilet ကြီးဖြစ်နေတယ်ဗျာ...ဟားးဟားးးး ဒီလိုနဲ့ သုံးယောက်သား ပြုံးစိစိနဲ့ ပြန်ထွက်လာရတာပေါ့။ ပြန်ထွက်မလာချင်လို့မှ မရတာကိုလေ။ အဟဲ...ဒီလိုနဲ့ အမျိုးသမီး Toilet ကို ကပြာကယာ ပြန်ပြောင်းပြေးရှာလိုက်ရတယ်။
ဒီလိုနဲ့ကျေကျေနပ်နပ်ကြီး နောက်ဆက်ပွဲ စားစရာများကို ပြန်လည်ပြီး မှာယူစားသောက်ကြပါတယ်။ ငါးကင်ကြီးတွေ၊ ငါးဟင်းအကောင်လိုက်ကြီးတွေ အများကြီးပဲဗျာ။ ဘယ်လောက်သောင်းကျန်းကြသလဲဆို "ဘကြီးမိုးရေ ဟိုဘက်စားပွဲက ကုလားမကြီးသောက်တဲ့ ဟာမျိုးသောက်ချင်တယ်" ဆိုတာမျိုးက ပါသေးတယ်။ ဟိဟိ...
အဲဒီနေ့ လူကြီးဝိုင်းက ဆွေးနွေးတာတွေ သိပ်များတော့ မမှတ်မိပါဘူး။ ဒူဘိုင်းမှာ မြန်မာတွေအတွက် အခမဲ့ စေတနာဆေးကုခန်းလေး ဖွင့်ဖို့တိုင်ပင်နေသံလဲကြားရပါတယ်။ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ အဲဒီနေ့လူကြီးတွေ စကားဝိုင်းတော်တော်နဲ့ကို မပြတ်တာဗျာ။ ကာရာအိုကေအစီအစဉ်မပါ သီချင်းမဆိုရတော့ Angel Shaper တို့ ပျင်းပြီပေါ့။ ဂျီကျနေတဲ့ ကလေးတွေကို နားညည်းတဲ့အဆုံး ပထမအကြိမ်နှုတ်ဆက်ပွဲ ပြီးဆုံးကြောင်း ကြေငြာအပြီးမှာ နားလည်လိုက်တာကတော့ အပျိုကြီးမနှင်းနဲ့ ဘကြီးမိုးရဲ့ လူလည်ကျတာကိုခံလိုက်ရတယ်ဆိုတာပါပဲ။ (ကာရာအိုကေ မပါအောင် အကွက်ဆင်ပြီး အဲဒီနေရာကို တမင်ရွေးပြီးခေါ်လာမှန်းနောက်ကျမှသိခဲ့ရတယ်လေ) ဟင့်ဟင့်
ဒီလိုနဲ့ လမ်းမခွဲခင် Angel Shaper တို့အတွက် ရေခဲမုန့်ကတော့ မပါမဖြစ်ပါရပြန်ပါတယ်။ အန်ကယ်ဦးကျော်ခင်နဲ့ ဦးသာယာတို့ဟာ ရေခဲမုန့်ဖိုး ငါရှင်းမယ်၊ နင်ရှင်းမယ်နဲ့ ငြင်းခုန်နေကြပါတယ်။ ဘယ်လောက်ကုန်မယ်ဆိုတဲ့ အတွေ့အကြုံမသိသေးလို့ ငြင်းတာလဲ ဖြစ်နိုင်သလို သူတို့ရင်ထဲကစေတနာကြောင့်ဆိုရင် ပိုမှန်မှာပေါ့။ အနိုင်ရသွားသူကတော့ ကံကောင်းသူ ဦးကျော်ခင်ဖြစ်ပြီး ကံဆိုးသူ ဦးသာယာ ရှုံးသွားပါတယ်။ ဒီတော့ အန်ကယ်ဦးကျော်ခင်ပဲ ရေခဲမုန့်ဖိုးတွေ တ၀ကြီးရှင်းလိုက်ရတာပေါ့လေ။
ဒီလိုနဲ့ ဘကြီးမိုးနဲ့ တကွ အဘတော်များ အကိုအမများကို ကျေးဇူးတင်ကြောင်း ပြောပြီး ရေခဲမုန့်ဆိုင်ကနေ လမ်းခွဲလာကြပါတယ်။
"ဘကြီးမိုးရေ အရမ်းပျော်တာပဲ ကျေးဇူးတင်လိုက်တာဗျာ။ အများကြီးကုန်မှာပဲနော်" ဆိုတော့ ဘကြီးမိုးက "ပါပါးလေးပါ" တဲ့။ "ဘာပါပါးလေးတုန်းဗျ ပိုက်ဆံအိတ် ပါးသွားတာကိုပြောတာလား" " မဟုတ်ရပါဘူးကွယ်။ သမီးတကယ်ပျော်တယ်၊ ကျေနပ်တယ်ဆိုရင် ကုန်ရကျိုးနပ်ပါတယ်" တဲ့လေ။ ဘကြီးမိုးရေ ကျေးဇူးသိပ်တင်ပါတယ်ဗျာ။
ဒုတိယအကြိမ်မြောက် နှုတ်ဆက်ပွဲ ကိုတော့ ၃၁.၁၀.၀၉ (စနေနေ့) မှာ ကိုဖြိုး (ကိုလင်းကြယ်ဖြူ) စပွန်ဆာပေးပြီး ကိုဖြိုး၊ မနှင်း (နှင်းနဲ့မာယာ)၊ ငဇော် (ကျွန်တော်တို့အိမ်) နဲ့ Angel Shaper တို့လေးယောက် Burjuman Centre,( Noodle House )မှာ ပျော်ပျော်ကြီး ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီနေ့က လူမစုံပါဘူး။ ဘကြီးမိုးက မြန်မာပြည်အလည်ခဏပြန်ပြီး၊ ကိုချမ်းက ပြန်မရောက်သေးဘူး။ ကျန်တဲ့ အဘတော်တွေ အကိုအမတွေက မအားလပ်ကြပါဘူး။ ဒီတော့ လေးယောက်သားမပါဝင်နိုင်တဲ့သူတွေအစား အများကြီးမှာစားခဲ့ကြတယ်။ အဲဒီဆိုင်က ကိုမျိုးဆိုတာ ကိုဖြိုးရဲ့ အခန်းဖော် မြန်မာလူမျိုး သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူကပဲ စတော်ဘယ်ရီရှိတ်ကို တစ်ယောက်တစ်ခွက်တိုက်တဲ့အပြင် Angel Shaper အရမ်းကြိုက်တဲ့ Jasmine Tea မွှေးမွှေးလေး ကိုလဲ အလကားတိုက်ပါသေးတယ်။ ကျေးဇူးသိပ်တင်တယ် ကိုဖြိုးနဲ့ ကိုမျိုးရေ....
တတိယအကြိမ်မြောက် အစီအစဉ်အနေနဲ့ ၇.၁၁.၀၉ (စနေနေ့) မှာ Angel Shaper ရဲ့ ပူဆာမှုနဲ့ ကိုလင်းကြယ်ဖြူ၊ ကိုကျော်ကျော်ထိုက်တို့ က ဦးဆောင်ပြီး Jumeirah က နာမည်အကြီဲးဆုံး၊ အလှဆုံး နဲ့ပျော်စရာအကောင်းဆုံး ဖြစ်တဲ့ Wild Wadi, Water Park ကို လိုက်ပို့ ပေးပါတယ်။ ပါဝင်ခဲ့ကြသူတွေကတော့ ကိုကျော်ကျော်ထိုက်၊ ကိုဖြိုး၊ မနှင်း၊ သမီးပျို၊ Angel Shaper နဲ့အတူနေ အမတော် မဇာနည်။ မအေကေ၊ မင်းမင်းနဲ့ ချမ်းချမ်းတို့ ပဲပေါ့။
အဲဒီနေ့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ရေဘောလုံးတွေစီးကြတယ်။ ရေလှိုင်ခေါင်းတွေစီးကြတယ်။ ဟိုးးးးးအမြင့်ဆုံးကနေ ရေလျောစီးရတာ ရင်ခုန်ဖို့ကောင်းသလို သိပ်ပျော်ဖို့လဲကောင်းပါတယ်။ ရေကူးကြတယ်။ ဆော့လို့ရသမျှ အကုန်အကုန် ဆော့ပြီးချိန်မှာတော့ စတုတ္ထအကြိမ်မြောက်ပွဲကို ဆက်မနွှဲခင် ကိုကျော်ကျော်ထိုက်က သူ့ ရဲ့ အိမ်တော်ကိုအလည်ခေါ်လို့ လိုက်သွားခဲ့ကြသေးတယ်။ ကိုကျော်ကျော်ထိုက်ရဲ့ မဟေသီချောလေး ဖျော်တိုက်တဲ့ ကော်ဖီနဲ့ မုန့်တွေ၊ အာလူးကြော်တွေကို စေတနာ အသိအမှတ်ပြုတဲ့အနေနဲ့  အကုန်ပြောင်အောင် ကူညီစားသောက်ပေးခဲ့ကြပါတယ်။ မပေါ့မပါးနဲ့ ဧည့်ဝတ်ကျေပေးတဲ့ ကိုကျော်ကျော်ထိုက်ရဲ့မဟေသီကို ကျေးဇူးအထူးတင်ရှိသလို၊ နားရက်လေးမှာ မဟေသီ့အနားတောင် ကပ်ခွင့်မရလောက်အောင် သွားချင်ရာလိုက်ပို့ ကူညီပေးတဲ့ ကိုကျော်ကျော်ထိုက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။
ကိုကျော်ကျော်ထိုက်တို့ရဲ့ ဂေဟာလေးကနေ စတုတ္ထမြောက် နှုတ်ဆက်ပွဲလေး ဆက်နွှဲဖို့ Burjuman Centre (Noodle House)ကို ညနေ ၆နာရီခွဲမှာ အားလုံးချီတက်ခဲ့ကြတယ်။ အဲဒီပွဲလေးမှာတော့ ယောက္ခမလောင်းအလည်လာတာတောင် မအားလပ်တဲ့ကြားက ချစ်ညီမလေးကို နှုတ်ဆက်ချင်လို့ ဆိုပြီးရောက်လာတာ ချစ်ဖို့ ခင်ဖို့သိပ်ကောင်းတဲ့ မငုံပါ။ နောက်ပြီးတော့ နိုက်ဂျူတီအထွက် အိပ်ရေးမ၀တ၀နဲ့ ချစ်သူငယ်ချင်းကို နှုတ်ဆက်ဖို့လာတာ ဇော်ပေါ့။ ယုံအောင်လဲပြောတတ်တယ်၊ လွမ်းအောင်လဲ ချွဲတတ်တဲ့ ညီမလေးကို နှုတ်ဆက်ချင်ပါတယ် ဆိုတဲ့ ကိုပီတာ နဲ့ ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး၊ မေးမြန်းပြီးလာရမှာပဲ ဆိုကာ အရောက်လာတာ ဒဒွေးဘလော့ဂါသစ်လေး မောင်ဝေယံ တို့ပါပဲ။ ဒီလိုနဲ့ တစ်ဖွဲ့လုံး မောမောပန်းပန်း နဲ့ပဲ တစ်ဝကြီး မှာကြစားကြသောက်ကြပါတယ်။ ဒီပွဲကိုလဲ ကိုလင်းကြယ်ဖြူရဲ့ ကဒ်လေးနဲ့ပဲ ဆင်နွှဲလာကြတာပါ။ အဲဒီဆိုင်မှာကိုမျိုးနဲ့  မြန်မာအမကြီး တစ်ယောက်ရှိပါတယ်။ လူ ၁၁ယောက်စာကို ၇ယောက်စာပဲယူတဲ့အပြင် ချက်ပြုတ်ခန်းထဲက မြန်မာအကိုတွေကလဲ တစ်ပွဲကို ပုံမှန်သုံးပွဲစာလောက်အများကြီး လုပ်ပေးခဲ့ကြပါတယ်။ ဒီနေရာမှာမြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့်လေး တစ်ခုကိုလဲ မသိမသာလှမ်းတွေ့ နိုင်ပါတယ်။ မြင်တတ်ရင်ပေါ့။ အဟဲ.... ကိုမျိုးက သိပ်ကောင်းပြီး ဈေးသိပ်ကြီးတဲ့ Angel Shaper အကြိုက်ဆုံး Jasmine Tea လေးအိုး တိတိနဲ့ နောက်ဆုံး ဧည့်ဝတ်ကျေသွားလိုက်ပါသေးတယ်။
အဲလိုစားသောက်ပြီးတော့ တစ်ယောက်ချင်းစီကနေ အမှတ်တရ စကားလေး တစ်ခွန်းစီလောက်ချွေဖို့တောင်းဆိုပြီး ဖုန်းလေးနဲ့ Record လုပ်ထားတယ်။ တစ်ယောက်တစ်ခွန်းချွေပြီးချိန်မှာ ကိုပီတာက The Best Seller No.6 ရထားတဲ့ The Secret ဆိုတဲ့ စာအုပ်ကောင်းလေး တစ်အုပ်နဲ့ တန်ဖိုးကြီးကြီးလှလှပပ ဖောင်တိန်လေး တစ်ချောင်း လက်ဆောင်ပေးတယ်။ အဲဒီစာအုပ်ရဲ့ အထက်စာမျက်နှာတွေမှာ သူတို့တွေရဲ့ အမှတ်တရလက်မှတ်လေးတွေလဲ ထိုးပေးကြတယ်။ အရမ်းကို အမှတ်ရစရာ ကောင်းတဲ့ နှုတ်ဆက်ပွဲပါ။
Angel Shaper ဒူဘိုင်းကို မထင်မှတ်ပဲရောက်လာခဲ့တယ်။ ဒီဒူဘိုင်းကနေ ဒီလို ချစ်စရာကောင်းတဲ့ မိသားစုမောင်နှမတွေနဲ့ ဆုံရမယ်လို့ ထင်မထားမိဘူး။ ချစ်စရာသိပ်မကောင်းတဲ့ ခပ်ဆိုးဆိုး Angel Shaper ကို ချစ်စရာကောင်းတဲ့ သူတို့ရဲ့ မေတ္တာ၊ စေတနာတွေကြောင့်သာချစ်ခင်ခဲ့ကြတာပါ။ ဒီလို မိသားစုမောင်နှမတွေသာမက အွန်လိုင်းပေါ်ကနေ မောင်နှမတစ်ချို့ ရသလို ဘလော့ပေါ်မှာလဲ ဖေကြီး၊ ဘကြီး အကိုအမ မောင်နှမတွေအများကြီး ရခဲ့ပါတယ်။
ဒီလူတွေအားလုံးဟာ ဘုရားသခင်ပေးတဲ့ ဆုလေးတွေဖြစ်လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလဲ ချီးမွမ်းပါတယ်။ မထင်မှတ်ပဲရရှိခဲ့တဲ့ အားလုံးရဲ့ မေတ္တာ၊ စေတနာနဲ့ ခင်မင်မှုလေးတွေအတွက် ကျေးဇူးတင်ပြီးရင်း ပိုမိုချစ်ခင်လာရပါတယ်။ ဘယ်တော့မှ မေ့ဖျောက်လို့ရမှာမဟုတ်တဲ့ ခင်မင်မှုလေးတွေနဲ့ အမှတ်ရသတိရနေမှာပါ။
Angel Shaper အတွက် စေတနာ၊ မေတ္တာ၊ အချိန်၊ ငွေ၊ အင်အား အများကြီး ပေးဆပ်ခဲ့ကြတာတွေအတွက် အတိုင်းထက်အလွန် ပါပဲလို့ ကျေးဇူးတင်စကားလဲ ပြောချင်ပါတယ်။
အားလုံး ပေးခဲ့တဲ့ ဆုတွေနဲ့ ပြည့်စုံပါစေ။
အားလုံးလဲ မေတ္တာတရားနဲ့ ပြည့်ဝလို့ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေးတွေပိုင်ဆိုင်နိုင်ပါစေလို့လဲ တောင်းဆုပြုခဲ့တယ်။
စကားမစပ် ဒီအိမ်သစ်လှလှလေးဟာ Angel Shaper ရဲ့ အကိုတော် ကိုသားကြီး စိတ်တိုင်းမကျမချင်း စိတ်ကြိုက်ဖြစ်အောင် ခေါင်းစားပြီး အိပ်ချင်မူးတူးနဲ့ စိတ်ရှည်လက်ရှည် ဆောက်ပေးခဲ့တဲ့ အိမ်သစ်လေးပါ။ သူ့ရဲ့ အမှတ်တရလက်ဆောင်လေးပေါ့။ ကိုသားကြီးကိုလည်း ကျေးဇူးကြီးကြီးတင်တယ်နော်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
11.11.09 (Wed;)
1:11 Am
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
လက်ရှိ အခြေအနေ
ဖြစ်နိုင်ရင် အားလုံးကို တစ်ခုတောင်းဆိုချင်ပါတယ်။ ပိုစ့်သစ်လေးတွေ သမီးမေလ်းကို ပို့ပေးစေချင်တယ်။
ကျော်ရ၊ ခွရမဲ့ ဒုက္ခရှိတယ်မို့လားဗျာ။။။
အားလုံးပဲ သတိရပေးကြပါ။။။။။။။
သမီးကြီးလဲ သတိရနေမှာ သေချာတယ်။
အားလုံး အဆင်ပြေပျော်ရွှင်ပါစေကြောင်းးးးးးးးးးး
သတိရပေးကြပါကုန်.........
angelshaper@gmail.com ပါဗျိုးးးးးးး
အချိန်မရလို့ ဒီမှာပဲပေးခဲ့တယ်နော်။ အက်ထားကြပါကုန်......
Blog Archive
-
▼
2009
(40)
-
►
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- ကျွန်မကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
►
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (9)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (3)
- ပုံပြင်တိုတို (1)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (3)
- ရင်ဘတ်ထဲက ကဗျာလေးများ (7)
- သာကြောင်းမာကြောင်း (1)
- ဟီးရိုးကြီးသို့ သုံးနှစ်ပြည့် သတိရအောက်မေ့ခြင်း (1)
- အမှတ်တရ စာစုလေးများ (1)
- ကျေးဇူးတင်လွှာ (2)
- တောင်းပန်စာ (1)
- ပေါက်တတ်ကရ ခံစားချက်များ (3)
- ပျော်ပွဲ ရွှင်ပွဲ (1)
- ရေးမိရေးရာ (7)
တို့ရဲ့မောင်နှမတွေပေါ့
-
မျှော်လင့်ချက်1 hour ago
-
-
Humours4 hours ago
-
ဆန္ဒ နဲ့ အလှူ5 hours ago
-
ရောက်ရာပေါက်ရာမှာ ရွာရိုးကိုးပေါက်6 hours ago
-
ဘလော့ဂါ နှင့် သူခိုး ပုံပြင်10 hours ago
-
Jummyနဲ့ သူရဲ့သရုပ်ဖော်ပုံများ16 hours ago
-
မအိမ်ကံ ( For Dec အပိုင်း - ၃)1 day ago
-
-
-
မယုံကြည်မှုများ…1 day ago
-
-
ငွေရောင်လွှမ်းတဲ့လမ်း2 days ago
-
လမ်းဖောက်သူ2 days ago
-
-
နတ်ဆိုး ကျိန်စာ နဲ့ ကတဲ့ ကဝေ2 days ago
-
တက္ကသိုလ်2 days ago
-
အမည်မပေးလိုသော... ... ...2 days ago
-
ကျွန်တော်တို့ ကဗျာ2 days ago
-
ဘဲစား... ဘဲချေ3 days ago
-
-
သူ......3 days ago
-
အာလူးထမင်းနယ်3 days ago
-
ဗီယက်နမ်မှာ(၆)3 days ago
-
-
-
စိတ်ထဲရှိသမျှ4 days ago
-
ကမ္ဘာ့ HIV/AIDS နေ့4 days ago
-
စကားလုံးတို့ဝတ်ဆံအကြွေ4 days ago
-
-
" နှစ်ချို့ သခင် " ( ကဗျာရှည် )4 days ago
-
အနေအထိုင်မတတ်တော့ ဘ၀ကလွဲတယ်5 days ago
-
ဖြူစင်တဲ့ ကောင်မလေ6း days ago
-
ရင်ထဲက ခုနှစ်ရာတစ်ဆယ့်သုံး1 week ago
-
-
-
ခွင့်ယူပါအုံးမည်2 weeks ago
-
Playing Card (SG trip)2 weeks ago
-
-
-
နယ်မြေစိမ်းမှာ2 weeks ago
-
အစ်မ အိန်ဂျယ်အတွက်..2 weeks ago
-
ဖိတ်ကြားအပ်ပါသည်2 weeks ago
-
ထာ၀၇ တည်ပါ၇စေ။3 weeks ago
-
လောကကြီးရပ်တန့်တော့မလာ3း weeks ago
-
-
စုန်ဆန်ချည်4 weeks ago
-
သုညကြွင်းတော့မဲ့ ကမ္ဘာနေ့ ရက်ရောက်ခဲ့ရင်4 weeks ago
-
အိမ်ပြန်မလို့4 weeks ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း4 weeks ago
-
“ ငဲ့မကြည့်သင့်တဲ့ စာမျက်နှာ”5 weeks ago
-
ကြယ်ကလေး ရဲ့ ...1 month ago
-
နည်းနည်းလေးတော့ လွဲနေတယ်1 month ago
-
ခေါင်းကိုက်တယ်ဆိုရင်2 months ago
-
နိစ္စဓူဝထဲက အပိုင်းအစတွေ2 months ago
40 comments:
- သားကြီး said...
-
၁ကွ
- သားကြီး said...
-
၂ကွ
- သားကြီး said...
-
၃ကွ
- သားကြီး said...
-
၎ကွ
- သားကြီး said...
-
၅ကွ
- သားကြီး said...
-
၆ကွ
- သားကြီး said...
-
၇ကွ
- သားကြီး said...
-
၈ကွ
- သားကြီး said...
-
၉ကွ
- သားကြီး said...
-
၁၀ဗျိုးးးးးးးးး
- သားကြီး said...
-
အဟဲ
ခုတော့ စိတ်အေးလက်အေးစာဖတ်လိုက်ဦးမယ်
ပါးလုံးလေးတို့ ဝက်ပိစိကွေးတို့ရေ
ဆောတီးးးး :P
၁၀ထိအကုန်ယူသွားပြီ - နှင်းနဲ့မာယာ said...
-
ကိုသားကြီး မကြီးမငယ်နဲ့
နေရာလုနေပြန်ပါပီ...
နှင်း - သားကြီး said...
-
ကုလားကသူ့ကိစ္စကိုသူလုပ်နေတယ်ဆိုတော့
ကုလားကိစ္စက ဘာကိစ္စတုန်း
သြော်...သိပြီ
ကွမ်းယာနေတာမဟုတ်လား ခွိ ခွိ - နှင်းနဲ့မာယာ said...
-
ညီမလေးရေ
စိတ်လဲမကောင်းဘူး....
ဒါပေမယ့်
တွေ့ခဲ့ရတဲ့ ခဏလေးပေါင်းများစွာမှာ
အမှတ်တရပေါင်းများစွာနဲ့
လွမ်းနေမှာသေချာပါတယ်...
ခဏခဏ ဂျီကျတတ်တဲ့ ချစ်ညီမကိုတော့
ထူးထူးခြားခြား တိုက်ဆိုင်မှု ရှိရှိ မရှိရှိ သတိရနေမှာပေါ့
ချစ်မ
မနှင်း - အညတြ said...
-
ီညီမ နှစ်ဝမ်းကွဲလေးရေ
ဒီတစ်ခါတော့ အကိုတော် တကယ်ကို စာလာဖတ်တယ်နော်....
သူတို့ရဲ့ စားပွဲသောက်ပွဲတွေ မနွှဲလိုက်ရတာတော့
စိတ်မကောင်းဘူးဗျာ....
ကံကိုက ဆိုးလွန်းပါတယ်... - လင်းကြယ်ဖြူ said...
-
ပြောစရာရှိတာတွေကို ရေပက်မ၀င်ပေအာင် ပြောခဲ့ပြီးပြီမို့
ထွေထွေထူးထူးမရှိတော့ပါဘူး
ပြန်မယ့်နေ့မှာ လိုက်မပို့နိုင်တာခွင့်လွှတ်ပါနော်..
နောက်ထပ်ပြောချင်တာကတော့
အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချရင်း ဘ၀ရဲ့ နေ့စွဲ နာရီ အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်ရင်း
ကောင်းသော လိုရာများ ငါ့သူငယ်ချင်းထံ အမြန်ဆုံး ရောက်လာနိုင်ပါစေလို့ ....
အမှတ်တရ နေ့ရက် လေးတွေ ပျော်စရာအချိန်လေးတွေ အားလုံးအတွက် ကျေးဇူးတင်ရင်း ခဏတာ နှုတ်ဆက်လိုက်ပါတယ်..ဒီနေရာဒီမြေကပေါ့လေ...
နောက်တော့ လည်း ပြန်ဆုံကြတာပေါ့...
တို့အားလုံးရဲ့ ခင်မင်ရင်းနှီး စည်းလုံးမှုတွေကို အချိန်တွေ အနေအထားတွေက ဘယ်လိုမှ တိုက်စားမသွားနိုင်ကောင်းပါရဲ့ ဆိုတော့ ...
ပျော်ပျော်ရွှင်ရွှင် ခဏလေး အနေဝေးကြပါဦးစို့
ဆုတောင်းပေးပါတယ်...ပျော်ရွှင်ချမ်းမြေ့ပါစေ..
ကောင်းသောလိုရာတွေ ပြည့်ဝပါစေ... ..ရောက်လေရာဒေသမှာ ပေါ့....
သူငယ်ချင်း အတွက် အမှတ်တရ
လင်းကြယ်ဖြူ - သားကြီး said...
-
ဟိုဘက်စားပွဲက ကုလားမကြီးသောက်တဲ့
ဟာကဘာတုန်း
သြော်....သိပြီ
ဆိတ်သားစွပ်ပြုတ်မဟုတ်လား :P
အခမဲ့စေတနာဆေးကုခန်းလေး
အထမြောက်ပါစေဗျာ
ခုမှပဲဒူဘိုင်းကဘလော့ဂါတွေ
တော်တော်များမှန်းသိရတယ် ဘရားသားကြီးကိုပီတာလည်း
ဟိုကပဲကိုး ဒီတစ်ခါတော့ “ဒူဘိုင်းမှာလည်းဒီလိုရှိတယ်အစ်ကိုရေ”ဆိုတဲ့ပိုစ်တင်ပေါ့
........
သားကြီးဆီနှုတ်ဆက်ပွဲလာလုပ်ပါလား
ဒီမှာတော့ တိုက်စရာဘီယာပဲရှိတယ် ဟဲဟဲ :P
အမှတ်တရလက်ဆောင်တွေလည်း
ကြည့်သွားပါကြောင်းဗျိုးးးးးးးးး
ခုလောလောဆည်တော့ zZZZZZz - မြစ်ကျိုးအင်း said...
-
တအား ၀ါး ကြတာကိုး
စိတ်မကောင်းတာတွေ တွေးပြီး ဗိုက်ချောင် သွားတော့
ထပ်ဝါးကြပြန်ရော။ - မြစ်ကျိုးအင်း said...
-
မြင်နေတွေ့နေရတဲ့ သူငယ်ချင်းတွေ စိတ်မကောင်း ဖြစ်တာလည်း သဘာဝ ကျပါတယ်။
ကိုယ်တို့လို ခင်မင်ရတဲ့သူတွေတောင် သမီးကြီး
ပြန်တော့မယ်ဆို တော့ စိတ်မကောင်းဖြစ်မိသေးတာပဲ။
ဘလော့တွေပေါ်မှာ သောင်းကျန်းသူ တယောက် လျော့ သွားပြီပေါ့။ခင်ခင်မင်မင်နေပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တဲ့ သမီးကြီးကို လူတိုင်းခင်ပါတယ်။ - မြစ်ကျိုးအင်း said...
-
အစစအရာရာ အဆင်ပြေပါစေနော်
စာအုပ်ထဲမှာ မရေးလိုက်ရပေမယ့် ဒီနေရာမှာပဲ ရေးလိုက်တော့မယ် အမှတ်တရ တခုခုကို...
“ဘာပဲဖြစ်ဖြစ် စိတ်အေးအေးနဲ့ ဖြေရှင်းပါ” - ရေတမာ said...
-
သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ
- တလနွန် said...
-
ချင်းပိန်ရေ
နွေးထွေးတဲ့အဖေအမေတွေရဲ့ ရင်ခွင်ကို ပြန်နားခိုခွင့်လေးရတဲ့အတွက် ဝမ်းသာတယ်။
မြန်မာပြည်ရောက်ရင် ကွန်နက်ရှင်မကောင်းလို့  ဘလော့ထဲမှာ ခဏတာပျောက်ကွယ်နေမိမဲ့ သူငယ်ချင်းအတွက် သတိရသလိုလိုတော့ ရှိနေမိအုံးမယ်။
ပျော်ရွင်ပါစေ။ Safe Trip !!!!!!!!!!!!!!!!!!!!!!!!
ခင်မင်လျက်
တလနွန် - Waing said...
-
အိမ်ပြန်ခရီးလမ်း အဆင်ပြေပါစေ ဖြူစင်ရေ..
- ကောင်းကင်ပြာ said...
-
အစစ အဆင်ပြေပါစေ ညီမလေး..း)
- peter kyaw said...
-
ယုံအောင်လဲပြောတတ်၊ လွမ်းအောင်လည်းချွဲတတ်တဲ့ 
တောင်ပေါ်သူလေးရေ....
ဘ၀သံသရာဆိုတဲ့ ရထားကြီးပေါ်မှာ....
ခဏတာဆုံတွေ့ ခင်မင်ခဲ့ ရတဲ့ အတွက် ၀မ်းသာ
ကျေနပ်မိပါတယ်.....
အခုတော့ အားလုံးထက်အယင် ဒူဘိုင်းအလွန်တစ်ဘူတာ
မှာဆင်းသွားတော့ မယ် ပေါ့  .....
ပြီးယင်....ဟိုးအဝေးကို....
ိရထားတစ်စင်းနဲ့ ဆက်လက်ထွက်ခွာဦးမယ်နော်...
တို့ လည်းတစ်နေ့ နေ့ ကျယင် ဒီဘူတာကနေဆင်းပြီး
နောက်ရထားပြောင်းစီးရမှာပါပဲ.....
ဆုံတွေ့ ခဲ့ ကြရတဲ့ အခိုက် တို့ ဘက်ကမှားတာရှိယင်လဲ
ခွင့် လွှတ်စေချင်ပါတယ်....
တို့ အပေါ်ကိုတော့  မှားတာဘာမှ မရှိပါဘူး...
ဟိုနေ့ ကစာသားလေးနဲ့ ပဲ နောက်ဆုံးထပ်ဆုတောင်း
ပေးလိုက်ပါတယ်...
May all the love of those who matters to you, come to you beyond measure.
ရွှင်လန်းချမ်းမြေ့ ပါစေသော်ဝ်....
ကိုပီတာ.... -
ညီမလေးရေ..တခဏတာတွေ့ဆုံခွင့်ရပြီး ထွက်သွားပေမဲ့ မျှော်လင့်သလို ယုံကြည်နေတယ်။ တို့တွေ ပြန်တွေ့ဦးမယ်လေ။ ရောက်လေရာ နေရာတိုင်းမှာ ပါးချိုင့်လေးပေါ်အောင် အမြဲ ပြုံးရယ်နေပါနော်။
- kiki said...
-
ပျော်စရာ နှုတ်ဆက်ပွဲလေးမှာ ကိုယ်တိုင်ဝင်မနွှဲလိုက်ရပေမဲ့ ပျော်စရာလေးတွေ ထပ်တူ ခံစားမိတယ် သာမီးဂျီး ရေ ..
ရှေးရေစက်ကြောင့် အမှတ်တမဲ့ နဲ့  ဆုံကြရပြီး ခင်မင်ခဲ့ကြရတဲ့ အချိန်လေးတွေ တိုတောင်းလှပေမဲ့ အမြဲတမ်း သတိရ နေမှာပါ ...
အိမ်ကျယ်တဲ့  သမီးကြီး ရှေ့ ဆက်လှမ်းရမဲ့  ဘဝခရီးတလျှောက် အဆင်ပြေ အောင်မြင်ပါစေ ။ မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်း လေး ဖြစ်ပါစေ ။
ကံဆုံတဲ့တနေ့  တို့ တတွေ တွေ့ ကြရအုံး မှာပါ ။
ကျန်းမာရေး ဂရုစိုက်ပါ ။
ဆေးမှန်မှန်သောက် ။
စားနိုင်မှ အိပ်နိုင် မှာ .. အဲ..
ကျန်းမာမှ အလုပ်လုပ် နိုင်မှာ။
လိုင်းမှာတွေ့ လည်း အော်ခေါ်ပါ ။။
မယ်မယ်ကိ .. ( အဟင့် .. ရွှတ် ..ဖတ် ) - rose of sharon said...
-
အစားအသောက်တွေဓာတ်ပုံရိုက်ပြီးတင်ပေးရင်ကောင်းမှာဘဲ... မစားရဝခမန်း သွားရည်ကျချင်လို့
- စည်သူ said...
-
[m;..[m;..[m;..
ဟား..ဟား..ဟား..ဟား..
တော်သေးတာပေါ့.. ပြောလိုက်ချင်ဘူး ကျားအိမ်သာနဲ့ မှားဝင်ရတယ်လို့.. ကုလားသာတွေ့သွားရင် ကုလား လန့်ပြီး မေ့သွားလောက်တယ်..းP
အစားအသောက်နဲ့ ပက်သက်ရင်တော့ နံပါတစ်ရထားတာ
သိတယ်..
ဟုတ်တယ် အိမ်ဂျယ်ရေ..
အခုလိုမောင်နှမတွေ အကိုတွေ ဘကြီးတွေ ဦးလေးတွေနဲ့ တွေ့ရတာ အရမ်းကိုပျော်ဖို့ကောင်းတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်.
ခင်မင်စွာဖြင့်
စည်သူ - နေစိုးနိုင် said...
-
ဝါး .. ဟား ဟား
ဒီလောက် လူစုံတဲ့ပွဲ မနွှဲရတာ နာတယ်ကွာ..
သူများတွေက နုတ်ဆက်တော့ ငါတို့ က ကြိုဆိုရမယ်ပေါ့ ..
ကျားခင်စိန် ရေ ..
ဒူဘိုင်း မှာ အူရိုင်းဖြစ်လာရင် .. မြန်မာပြည်က ဘီယာ အ၀ တိုက်မယ်...
နုတ်ဆက်သူတွေဟာ နုတ်ဆက်နေကြချိန်မှာ ညီမ ကျားခင်စိန် ကို အားကျနေတဲ့ စိတ်တွေ သူတို့တွေ ကိုယ်စီရဲ့ ရင်ထဲမှာ ကိန်းအောင်းနေမယ်ဆိုတာ .. မြေကြီးကို တံတွေးနဲ့ ထွေးတာက မှ ကတ္တရာလမ်းပေါ်ကျ ဦးမယ်.. သေချာတယ် .. သူတို့တွေ အားလုံး ညီမ ကို အားကျနေကြမယ်..
ငါတို့ကတော့ နုတ်ဆက်ပွဲ မတက်နိုင်ပေမယ်...
လာကြိုမယ်.. လေယဉ်ကွင်းမှာ...
အဆင်ပြေပါစေ..
အမိမြေမှ
နေစိုးနိုင် - ဂျပန်ကောင်လေး said...
-
ဒီလို နှုတ်ဆက်ရတာ ပျော်စရာကောင်းပေမယ့် ၀မ်းနည်းစရာလည်းကောင်းတယ်နော်...း(
- pandora said...
-
ပျော်စရာကောင်း လွမ်းစရာလည်းကောင်းမယ့် နှုတ်ဆက်ပွဲလေးတွေအကြောင်း ဖတ်သွားတယ်
အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့ ဆုတောင်းပါတယ် Angel Shaper - reenoemann said...
-
ပြန်ဆုံတွေ့ကျသေတာပေါ့နော်
ကိုရီနို - ~ဏီလင်းညို~ said...
-
အစစအရာရာ အဆင်ပြေပါစေညီမရေ...
အစ်ကိုတော့ ဒါပဲပြောပေးချင်ပါတယ်...။
အခုမှ ရောက်တာဒီကို...
(သူကတော့ အိမ်ပြန်ရာက်နေပလားတောင် မသိပါဘူးးးး) - busymozzee said...
-
ညီမလေးရေ.... အချိန်မီ လာနှုတ်ဆက်ပါတယ်..... လွမ်းနေတော့မှာ ပဲနော်..... အချိန်ရတိုင်း ဘလော့လာရေးနော်..... လာလာကြည့်မယ်....
အပျော်ရွှင်ဆုံး နေ့လေးတွေ တွေ့ရပါစေ... - သီဟသစ် said...
-
ကြည့်စမ်းပျော်စရာကြီးပါလား
ပွဲတွေမှဆက်တိုက်
Celebrity ဆိုတော့ အဲလိုပေါ့၊ စတာနော်
:)
ခင်မင်စွာဖြင့်
သီဟသစ် - ဝက်ဝံလေး said...
-
အဟင့် အဟင့် ရွှတ် ဗြဲ သူများတွေက ပေးလိုက်ကြတဲ့လက်ဆောင်တွေ ငါကျတော့ ဘာမှပေးရဘူး ဟီးးးး နိုချင်တယ် ဂယ်ပဲဂယ်ပဲ
အိမ်ကျယ် ဟိုရောက်ရင် နာ့ကိုမမေ့နဲ့ တိရား (မျက်ရည်ကြားထဲမှ ပြောသည်) ငါတို့ ၅ ယောက် ဆုံမယ့်နေ့ကို မျှော်နေမယ်သိလား နင်ပြောတာ မှတ်မိတယ်မလား
နော် ငါလဲ လာနိုင်အောင်တော့ ကြိုးစားမယ်
ဒါဗြဲ ကျန်းမာရေးဂရုစိုက် တာ့တာ - ဝက်ဝံလေး said...
-
သောင်းကျန်းသူ ဖေသားကြီး မကျေနပ်ပါ ဟင့်
- flowerpoem said...
-
ညီမလေး အိမ်ပြန်တော့မယ်ပေါ့ အားလုံးပျော်ရွှင်ပါစေနော်
- ချမ်းလင်းနေ said...
-
အခုမနက်က ပြန်ရောက်ပြီး ရောက်ရောက်ချင်းလဲ လူချင်းလဲမတွေ့နိုင်၊ ဖုံးလဲ မဆက်နိုင်ဆိုတော့ ခွင်လွှတ်ပေးပါ ညီမရေ။ညနေပြန်တော့မှာကို သိပေမယ့် စကားတောင် တဝမပြောလိုက်ရလို့ ဝမ်းနဲသွားရတယ်။အိန်လိုင်းပေါ်က ပဲဆုံကြမယ်လေ။

