အားလုံးသိဖူးပြီးသား၊ နားလည်ပြီးသားဖြစ်မဲ့ ပုံပြင်တိုတိုလေး တစ်ပုဒ် မျှဝေလိုက်ချင်ပါတယ်။
လူတစ်ယောက် သူ့ကလေးကို ပုခက်လေးမှာ သိပ်ရင်းနဲ့ ထမင်းစားနေသတဲ့။
သူ့ကလေးကလဲ တော်တော်နဲ့ အိပ်မရတော့ ဂျီကျတာပေါ့....
"အဖေ... အဖေ... သားကို လွှဲပေး.... သားကိုလွှဲပေး" ဆိုပြီး အော်ငိုတော့တာပေါ့။
သူ့ အဖေက "သားရေ... မလွှဲပေးနိုင်သေးဘူးဟေ့........
အဖေ စားလို့ မဝသေးဘူးကွ" လို့ ပြန်ဖြေလိုက်သတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။။။။။။။
ဟိဟိ..... ဘာမှန်းလဲသိဘူးနော်။
သဘောကျလို့ ဆားချက်လိုက်တယ်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.8.09 ( Sat; )
1:20 Am
နိုးမိုးဝဲလ်... ဘာဝဲလ် ညာဝဲလ်... သိဝူးးးး
Followers
စိတ်ကြိုက်စုစည်းမှုများ
LINKIN PARK
သူတို့ တွေရှိနေတယ်
ခြေရာလေးများ ချန်ခဲ့ပါ
မောင်နှမလေးတွေ
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 weeks ago
-
ကံရာဇာငယ် ဆင်ဒရုမ်း1 month ago
-
-
၂၉၁၁၂၀၂၅7 months ago
-
Look back to memory lane1 year ago
-
ဒီဇင်ဘာ မိုး1 year ago
-
ရင္ဘတ္ထဲကလူ -( ၁၁)6 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား7 years ago
-
-
အလှနတ်သမီးလေး မလိခ...7 years ago
-
-
-
ကျွန်တော်နှင့် အမျှင်8 years ago
-
ပန်းရိုင်းကလေးရဲ့အိပ်မက်8 years ago
-
-
"ခို" သို့မဟုတ် မြို့ပြ အန္တရာယ်10 years ago
-
ဆစ်ဒနီက အထက်တန်းကျောင်း အားကစားသမားလေးနှစ်ဦး10 years ago
-
Just a minute11 years ago
-
ဈေးဝယ်တတ်တဲ့ နေ့11 years ago
-
-
ငယ်ဘဝအကြောင်း သောင်းပြောင်းထွေလာ11 years ago
-
ပြည်ထောင်စု သမ္မတ ယောရုဝ နိုင်ငံတော်11 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…11 years ago
-
အလံတစ်ရာ12 years ago
-
တံခါးခေါက်သံ...13 years ago
-
ချစ်သော နိုဝင်ဘာ13 years ago
-
ဒီမှာ “ ဟေ့ လူ”13 years ago
-
ပြိုင်လှေ13 years ago
-
Manchester သွား တောလား14 years ago
-
For “Harvest Thanksgiving Festival”14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
22 comments:
- kyalkalay said...
-
အဖေတောင် မသေသေးဘူး
အမွေတောင်းတဲ့ သားမိုက်ပဲ
နဲနဲ ဂေါက်နေလား? - Yu Ya said...
-
Way! ကြယ်ကလေး... နေရာတကာ သူ ၁ ကြီးပဲ.. နာလည်း ၁ ယူမလို့ပြေးလာတာ အခုတော့ ၂..၂..
- နှင်းနဲ့မာယာ said...
-
ဟားဟား
လွှဲပေးဘူးကွ...
အာပြဲအောင်အော်... လွှဲပေးဘူး...
ဒါပဲ... - ကာရံဆူး said...
-
လွှဲပေးဘူးဟေ့...သေအောင် အော်ပစေ...စားမှာပဲ...စားမှာပဲ..
- အနော် said...
-
အေးအေး သားရေ
အဖေ စားပီးလို့ အဖေ အဝအပြဲဖြစ်မှ သားကို လွှဲပေးမယ်နော်
အခုက အဲ့လိုဖြစ်နေပီထင်ရဲ့ ဖြူစင်ရေ
ဟိုအဘိုးကြီးက မသေသေးဘူး ဟိုကောင်လေးက နေရာတွေ လိုက်ယူနေတယ်လေ - kiki said...
-
လွှဲဘူး လွှဲဘူး ။
မင့်ကို ချစ်လွန်းလို့  ငါ့သားရ ။ မင်းပင်ပန်းမှာ အဖေမကြည့်ရက်လို့ ပါကွ ...
လက်ညောင်းရင်တောင်၊ ခြေထောက်နဲ့ ဆက် ဆွဲပေးမယ် ..ငှဲလျှောင်း ငှဲလျှောင်းးးးးး - မေဇင် said...
-
ဟမ် ဒီလောက်လေးတောင် မသိဘူးလား.... ငါ မ၀ သေးပါဘူးဆို.... သားရော ဘာရော နားမလည်ဘူးနော်..။
-
ရီရတယ်။ ပုံပြင်မဟုတ်ပါဘူးဟ
-
အဖေစားနေတာက ဘယ်တော့မှ ဝမှာမှ မဟုတ်တာ...။
- စည်သူ said...
-
ဟေ)))))))))))
ဘယ်ယိုယဲဟ...
တားတားလဲ ဘားမှကြောရဒေးဘူး..
ဟင့်အင်း.. ရဘူး.. ရဘူး.. ဟရွဲပေး.. ဟရွဲပေး.. - ငှက်ကလေး said...
-
အေးလေ ကြယ်စုတ် ဘယ်အချိန်ကတည်းက နေပြီးချောင်းနေမှန်းကို မသိတာ အဟီးးးး
ဟုတ်ပါ့ သူပြောမှပဲ ငါ သဘောပေါက်တော့တယ် ကြယ်ရေ ဒီတခါ နင် တော်တယ် စ ဖတ်စ ဘာမှန်းမသိဘူး ကြယ်ပြောမှသိတယ် အဟီးးး ပိန်းချက် - yangonthar said...
-
အဲ ဖြူစင် ငါလည်း ကြောင်တောင်တောင်နဲ့  ကွန့် မန့် လာဖတ်မှ ဘာပြောမှန်းသိတယ် အဟုတ်ဗျာ .... အဲဒီကလေး စိတ်ပေါက်ပေါက်နဲ့ ငယ်ထိပ် အထု မခံရတာ ကံကောင်း ငါမသေ သေးဘူး အမွေတောင်းလို့ ဆိုပြီး :D
ဒါဆားချက်တာလား အချိုမှုန့် ချက်တာလား ပြောစမ်းပါဦး ...... :P - သားကြီး said...
-
လွှဲလိုက်တာနဲ့
နာဖို့ပဲရှိတော့တယ်လေ
အဲဒါကြောင့်မလွှဲရဲတာပါ သိတယ်ဟုတ်?
facebookမှာအပင်တွေစိုက်တာ အဆင်ပြေနေပြီလား
ငါ့ခြံထဲလည်းလာလည်ဦးဟ
နောက်ပြီး farm townဆိုတာရှိသေးတယ်ဟုတ်
နင်ဆော့လား
ကောင်းတယ်လို့ပြောကြတယ် - ဇော် said...
-
ဘာအဓိပါယ်လဲဗျာ။ =)
-
အဖေက အား၍သားအား ပုခက်လွှဲသည့်အခါ ဆိုသိပ်သည့် သီချင်းလေးသည်ကား-
"တို့သွေးလဲ မဟုတ်၊တို့သားလဲ မဟုတ်၊
တို့ အမျိုးလဲမဟုတ်ပေ။":P - လင်းကြယ်ဖြူ said...
-
တိုတိုလေးနဲ့ထိတယ်..
ဘာကိုလဲတော့မမေးနဲ့နော်..
ဖေဖေကလည်း တအားကို စားနေလေတော့ သားလေးကို လွှဲပေးဖို့အချိန်မရတာနေမှာပေါ့..
ပုခက်နော်..ပုခက်ကိုပြောတာ..ဟဲ..
ပျော်ပါစေ - pandora said...
-
တော်တဲ့အဖေပေါ့.. တပြိုင်နက် အလုပ်၂ ခုလုပ်နိုင်တယ်။
- ကိုလူထွေး said...
-
အဲဒါ ဟိုးတချိန်က ဇာဂနာတို့ ပြက်ခဲ့ကြတဲ့ ပြက်လုံးလို့ ကြားဖူးတယ်...
စောင်းပစ်ပေမယ့် တည့်တည့်ထိတယ်လေ...
ဒီကနေ့ ကံမကောင်းပါလား...
းဝ) - သုခုမလေဒီ said...
-
သားသားလေးကိုခေါင်းမူးမှာဆိုးလို့ မလွှဲပေးတာပါ။း)ဖေကြီးပဲ ဒုက္ခခံပါမယ် သားရယ်။း)
သားဇိမ်နဲ့ သာနေ...
ဟီးဟီး တွေးမိတာကိုလျှောက်ရေးတာ..
အဆင်ပြေပျော်ရွှင်ပါစေ ကြယ်လေးရေ။ - စူး said...
-
လွှဲပေး လွှဲပေး ဆိုတာ..
ပုခက်ကို ပြောတာပါဟာ..။
အထင်မလွှဲပါနဲ့..။ - သီဟသစ် said...
-
ဟိုနေ့က မဖြေချင်လို့ ဖြေမသွားဘူး
ခုလည်းဖြေမသွားဘူး
:)
မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါညီမရေ
ခင်မင်စွာဖြင့်
သီဟသစ် - Khyl said...
-
လွဲပေးမယ် တားတား... နဘေးကိုလွဲပေးရမှာလား... တည့်တည့် လွှဲပေးရမလား... ဒါမှမဟုတ်ငယ်ထိပ်တည့်တည့်ဆို ပိုကောင်းသယ်ညော်... ဂိန်...