ကိုယ့်ဘဝမှာ မျက်ရည်ရဲ့ တန်ဖိုးဆိုပြီး ခံစားနားလည်ခွင့်ရခဲ့တဲ့ အမှတ်တရတွေ အများကြီးထဲက တစ်ချို့ကို ဖွင့်ပြောပြချင်နေမိတယ်။

ဟိုးးးးးးးးးတုန်းက ကိုယ့်ကို အရမ်းချစ်မြတ်နိုးခဲ့တဲ့ ကိုယ့်ရဲ့ချစ်ဦးသူဟာ "သူ့အချစ်ကို ကိုယ်က မယုံကြည်လို့" ဆိုပြီး ကြေကွဲဝမ်းနည်းစွာ ကိုယ့်ကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကစပြီး အချစ်ကို ယုံကြည်စွာ တန်ဖိုးထားတတ်ဖို့ ကိုယ့်နှလုံးသားထဲမှာ အဲ့ဒီအစွဲက ထင်ကျန်နေခဲ့တယ်။

ကိုယ့်ရဲ့ကျေးဇူးရှင် ချစ်ဖခင်ကြီးကလည်း ကိုယ့်ကြောင့် မျက်ရည်ကျခဲ့ဖူးတယ်။ ကိုယ့်မိသားစုနဲ့ အဝေးကြီးကို ပထမဆုံး ကိုယ်ခွဲသွားရတဲ့အချိန်တုန်းကပေါ့။ ကိုယ်အိမ်ပြန်ရောက်တဲ့မနက်ခင်းလေးမှာပဲ ကိုယ့်ဖေဖေက "သူချစ်သော သမီးကြီးနဲ့ အကြာကြီး ခွဲသွားရပေမယ့် အခုလို ကျန်းမာရွှင်လန်းစွာ ပြန်ဆုံခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မျက်ရည်တွေကျပြီး ချီးမွမ်းဆုတောင်းခဲ့တယ်။" ဘဝ၊ ဘဝတွေအတွက် ကိုယ်ချစ်တဲ့ မိသားစုနဲ့ ပြန်ပြီး ခွဲခွာနေနေရတဲ့ အခုလို အချိန်မျိုးမှာတော့ ဖေဖေ့မှာ ခံနိုင်ရည်တွေ ရှိနေလောက်ပါပြီလေ။ ဘဝရဲ့ တိုက်ပွဲတွေကြား လဲကျ ရှုံးနှိမ့်တဲ့အခါတွေမှာ၊ ဝမ်းနည်းအားငယ်လာတဲ့ အချိန်မျိုးတွေမှာ ကိုယ့်အတွက် မျက်ရည်တွေကျပြီး ဆုတောင်းပေးနေတဲ့ ကိုယ့်ကို ချစ်သော မိဘ၊ မောင်နှမ နဲ့ ကိုယ့်မိသားစုတွေရဲ့ မေတ္တာတရားတွေကို မြင်ယောင်ရင်း ကိုယ်အားသစ်တွေ ပြန်မွေးယူခဲ့ရတယ်။ အနေဝေးသည့်တိုင် အတူရှိစဉ်တုန်းကထက် မိဘစကားကို မမေ့မလျော့ ရိုသေစွာ နားထောင်လိုက်လျှောက် ဖြစ်ခဲ့တယ်လေ။

ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ချစ်သူလည်း သူနဲ့အဝေးကြီးကို ထွက်လာရမဲ့အချိန်မှာ ဖြေမဆည်နိုင် ဝမ်းနည်း မျက်ရည်ကျခဲ့တယ်။ ချစ်သူရဲ့မျက်ရည်တွေအတွက် ကိုယ် ဘာမှပြင်ဆင်မထားခဲ့မိဘူး။ အဲ့ဒီအချိန်တုန်းက နှုတ်ဆက်ခွဲခွာဖို့အတွက် ခံစားရတဲ့ နာကျင်မှုက ကိုယ်ကိုယ်တိုင်တောင် မခံမရပ်နိုင်ခဲ့ဘူး။ ကိုယ့်အတွက်နဲ့ ချစ်သူကျခဲ့ဖူးတဲ့ မျက်ရည်တွေအတွက် "ဘာပဲဖြစ်ဖြစ် သူ့ကို နားလည်ခွင့်လွှတ်ပေးဖို့၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အချစ်ကို လေးစားတန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နေဖို့" ဆိုတဲ့အရာတွေ အခုချိန်ထိပါပဲ ကိုယ့်နှလုံးသားမှာ သံမှိုစွဲနေခဲ့တယ်။

ကိုယ့်ကိုချစ်သောသူတွေရဲ့ မျက်ရည်စက်တွေဟာ ကိုယ့်အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့ အချိန်ထိ ကိုယ့်ဘဝမှာ အများကြီး ကူညီပြောင်းလဲ အကျိုးသက်ရောက်နေမှန်း တအံ့တသြ နားလည်ခံစားခဲ့ရတယ်။

ဒီလိုပါပဲ... မနေ့ညက Facebook မှာ Blog တွေမှာ မြင်ရ၊ ဖတ်ရတဲ့ ဧရာဝတီကိုချစ်သော ဧရာဝတီရဲ့ ချစ်သူတွေရဲ့ ကျမျက်ရည်တွေ၊ ရင်ဘတ်ထဲက စကားလုံးတွေ၊ တောင်းဆုလေးတွေကို တနင့်တပိုးကြီး ဖတ်လိုက်ရတဲ့အချိန်မှာ ဒီအတွေးလေးတွေနဲ့အတူ ဧရာဝတီအတွက် စကားလေးတွေ ပြောပြချင်မိတဲ့ စိတ်ကလေး ဖြစ်လာခဲ့ရတယ်။ ဗီဒီယိုဖိုင်တွေထဲက ဧရာဝတီမြစ်ရေစီးသံတွေဟာ "ကိုယ့်အလိုဆန္ဒမပါပဲ ကိုယ့်ကို နိုင်ထက်စီးနင်း မလုပ်ကြပါနဲ့"၊ "ဧရာဝတီကိုချစ်သော ဧရာဝတီရဲ့ချစ်သူများ ကူညီကယ်တင်ကြပါ" လို့များ ငိုယိုတောင်းပန်နေသယောင် ရင်ဘတ်ထဲထိ ရိုက်ခိုက်လို့လာခဲ့တယ်။

ကိုယ့်အနေနဲ့ ဘာမှမစွမ်းဆောင်နိုင်ပါဘူး။ ဘာမှလုပ်မပေးနိုင်သလို ကိုယ်တိုင်လည်းမကယ်တင်နိုင်ပါဘူး ဧရာဝတီ။ မင်းဟာ ကိုယ်တို့ တိုင်းပြည်ကို ကျက်သရေတိုးစေတဲ့အပြင်၊ ရှားပါးတဲ့သဘာဝ သယံဇာတတွေနဲ့ သတ္တဝါ အားလုံးကို အကျိုးပြုတဲ့ ကိုယ်တို့အားလုံးရဲ့ အဖိုးထိုက်တဲ့ ရတနာမြစ်တစ်စင်းပါ။
"မငိုပါနဲ့ ဧရာဝတီ"
မင်းဘက်မှာ ရပ်တည်နေတဲ့ မင်းရဲ့ချစ်သူတွေရှိနေတယ်။
မင်းအတွက်ကျတဲ့ မျက်ရည်တွေ၊ မင်းအတွက် ပြုတဲ့ တောင်းဆုတွေဟာ
မင်းကို မင်းရဲ့ရန်သူတွေ လက်ထဲ လည်စင်းခံ ပြိုကျမသွားဖို့၊
မင်းဘဝ ရှင်သန် အဓွန့်ရှည်ဖို့ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ကိုယ်ယုံကြည်တယ်။ မင်းလည်း ယုံကြည်နေလိုက်ပါ။ ကိုယ်တို့အားလုံးအတွက် မင်းထာဝရ စီးဆင်းပေးပါ။
ဧရာဝတီမြစ်ကြီး ရာဇဝင်သံသရာတိုင် ရှင်သန်စီးဆင်းနိုင်ပါစေသား။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
24.9.2011 (Sat;)
11:45PM

ဒါ တို့ပြည်၊ ဒါတို့မြေ... တို့ပိုင်တဲ့မြေ...
ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။




အပျင်းကြီးနေတဲ့ Angel Shaper ကို လွန်ခဲ့တဲ့ သုံးပတ်လောက်က သူငယ်ချင်း အနော် တက်ဂ်ကလေးနဲ့ သတိတရ ကြိုးစလေး ချထားပေးခဲ့တယ်။ သူငယ်ချင်း ခိုင်နုငယ် ကလည်း အပြင်မှာ တစ်ခါမှ အတူတူမကဲဖူးလို့ ကဲချင်ပါကြောင်း တဂ်ပိုစ့်ကလေးနဲ့ စကားလမ်းကြောင်း ဖွင့်ပေးခဲ့လို့ ဝမ်းသာအားရပဲ လတ်တလော စိတ်ဆန္ဒလေးတွေကို အခုမှပဲ မျှဝေလိုက်ရပါတယ်... (အပျင်းကြီးနေလို့.... နောက်ကျသွားတာ ခွင့်လွှတ်ကြဗျိုးးးး)

အစားချင်ဆုံး အစားအစာ - အစားဆိုရင်တော့ ကြိုက်တာလာထား။ လူနဲ့တည့်တာ မှန်သမျှ စားချင်တာပါပဲ။
နေ့တိုင်းစားဖြစ်တဲ့ အစား - နေ့တိုင်း စားဖြစ်တာ ဆိုရင်တော့ ခေါက်ဆွဲခြောက်ထုတ်၊ ခေါက်ဆွဲကြော်၊ ထမင်း၊ ဟင်း၊ နွားနို့၊ ကွေကာအုပ်။ (ဝတာလည်းမပြောနဲ့... အားနေရင်ကို ဗိုက်ဆာတာ... :D)
အလိုချင်ဆုံးရေမွှေး - လက်ဆောင်ရမဲ့ ရေမွှေး... ဟဲဟဲ (တစ်ခါတည်း ကြေငြာခဲ့တယ်ဟေ့)
သုံးဖြစ်နေတဲ့ ရေမွှေး - clinique happy FOR MEN (အနံ့လေးက သင်းသင်းလေးနဲ့ လန်းလို့ အရမ်းကြိုက်စ်...)
အလိုချင်ဆုံး မွေးနေ့လက်ဆောင် - မွေးနေ့လက်ဆောင်လား... အာဘွားးးပေါ့... ဟိဟိ
အလိုချင်ဆုံးဖုန်း - Quality ကောင်းကောင်း၊ ဈေးပေါပေါ...
သုံးဖြစ်နေတဲ့ဖုန်း - စကားပြောလို့ရတယ်၊ မက်ဆေ့လည်း ပို့လို့ရတယ်။။။ ကိုယ်သုံးနေတာ အဲ့လိုဖုန်း.... :D
အရူးသွပ်ဆုံးအရာ - ဂီတ
အနီးစပ်ဆုံးဂီတ - ဟော်လို ဂစ်တာ
အလိုချင်ဆုံးစာအုပ် - ကိုယ့်ကို ပညာတွေပေးနိုင်တဲ့ စာအုပ်မျိုး။
အခုဖတ်ဖြစ်နေတဲ့စာအုပ် - ခုတလော စာအုပ်တော့ သိပ်မဖတ်ဖြစ်ဘူး။ မနက်တိုင်း ဖတ်ဖြစ်နေတဲ့ စာအုပ်ကတော့ ကျမ်းစာအုပ် နဲ့ နေ့စဉ်ခွန်အားပဲ ဖတ်ဖြစ်တယ်။။။
အကြားချင်ဆုံးစကား - ဟန်ဆောင်မှုတွေမပါတဲ့ အရိုးသားဆုံး စကား (အဖြူရောင်မုသားလည်း လက်မခံဘူး.. ဒါဗြဲ)
အဖြစ်ချင်ဆုံးဆန္ဒ - ကျန်းမာချင်တယ်။ လန်းဖြာချင်တယ်။ စိတ်သွားတိုင်းတော့ ကိုယ်မပါချင်ဘူး။ (စိတ်ဆိုတာကလည်း အခက်သားလား... မကောင်းတဲ့ဘက်ပဲ မွေ့လျော်တတ်ကြတော့လေ... အဟီးးး)
အလိုချင်ဆုံးဆု - အခုလောလောဆယ်တော့ ပိုက်ဆံတွေအများကြီးလိုချင်တယ်... ပြီးရင် အိမ်ပြန်မယ်။ (ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အဲ့ဒီဆုကို ခုချက်ချင်းကို လိုချင်တာပါပဲ။)
အသွားချင်ဆုံးနေရာ - ချစ်သူနဲ့ အတူတူသွားရမဲ့နေရာ (ငရဲပြည်တော့ မလိုက်ဘူး... )
သွားဖြစ်နေတဲ့နေရာ - အစားအသောက်တွေရတဲ့နေရာ၊ မျောက်ရှုံးအောင်ဆော့လို့ရတဲ့နေရာ၊ ကာရာအိုကေဆိုင်၊ အနီးအနားက ရှော့ပင်းစင်တာ၊ ဆေးရုံ၊ ဆေးခန်း။
အကြည့်ချင်ဆုံးရုပ်ရှင် - ခုတလောတော့ ဟာသကားတွေပဲ ကြည့်ချင်တယ်။ ကြည့်ဖြစ်တယ်။
အပြောချင်ဆုံးစကား - စိတ်ရှည်သည်းခံ၊ နည်းလမ်းမှန်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပေါ့။ ဒါပေမယ့် မဟုတ်ရင်တော့ မခံနဲ့ ပြန်ဖိုက်... :D
အယုံကြည်ဆုံးလူသား - နိုးဝမ်းးး (လူနာမည်မဟုတ်... ဘယ်သူ့ကိုမှ...)
မယုံကြည်ဆုံးအရာ - ကိုယ့်ကို.... နင်ရုပ်ဆိုးလိုက်တာ၊ အသံလည်းမကောင်းဘူး၊ သီချင်းဆိုတာလည်း မတော်ဘူး၊ ညံ့လိုက်တာ၊ ပိန်းလိုက်တာ၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး၊ စသော စသော စကားများဖြင့် အမွှန်းတင်ခြင်းများ (ထိုသို့သောစကားများ လုံးဝလုံးဝကို အယုံအကြည်မရှိပါ...)
အမုန်းဆုံးအရာ - ဟန်ဆောင်ခြင်း၊ လိမ်ညာခြင်း
အသောက်ဖြစ်ဆုံးအအေး - ၁၀၀% Juice၊ Fresh Milk အေးအေးလေး
လတ်တလောအထိတွေ့ဆုံးအရာ - ဂစ်တာ (မတတ်တခေါက်နဲ့ ဂစ်တာပဲ ထိုင်တီးဖြစ်တယ်....... လွမ်းလို့)
မကောင်းတဲ့ကျန်းမာရေး - နှလုံး၊ မျက်လုံး၊ ခေါင်းးး (အလုံးတွေပဲ မကောင်းတာ...)
အကောင်းဆုံးအဖော် - အခန်းထဲက ဂစ်တာစုတ်ကလေး တစ်လုံးရယ်၊ စက်ထဲက သီချင်းတစ်ချို့ ရယ်။
လက်ရှိအကြိုက်ဆုံးသီချင်း - Idiots ရဲ့ လူအဂီတ Albumထဲက မင်းအတွက်မင်း ဆိုတဲ့သီချင်းကို ထပ်ခါတလဲလဲ ပြန်ပြန်နားထောင်ဖြစ်တယ်... (ကိုယ်လုံးကိုမှအားမနာ ဝမ်းနည်းအားငယ်တတ်လွန်းတဲ့ ကိုယ့်ကို အားမာန်သစ်တွေပေးတယ်... အတ္တကြီးပြီး တကိုယ်ကောင်းဆန်တတ်တဲ့ ကိုယ့်အကျင့်တွေကိုဆင်ခြင်ဖို့လည်း သတိပေးတယ်...)
အကြောက်ဆုံးအလုပ် - မစားနိုင်တော့တာကို အားနာပြီး အတင်းစားရတာ၊ အခြေအနေအရ မပြောချင်လည်း ပြောနေရတာ၊ မသွားချင်လည်း သွားနေရတာ၊ စောင့်စားရတာ။ (အိုးးးး အဲ့ဒါတွေပေါ့ အကြောက်ဆုံးအလုပ် အမုန်းဆုံးအလုပ်တွေ...)
တန်ဖိုးအထားဆုံးအရာ - ရိုးသားမှု၊ ယုံကြည်မှု (ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတယ်... အဟုတ်)
အကြောက်ဆုံးတိရိစ္ဆာန် - ဟောင်တတ်တဲ့ခွေး နဲ့ မြွေ။
တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ - လိုင်းပေါ်မှာဆိုရင်တော့ များတယ်။ အပြင်မှာတော့... ကိုဇော်၊ အုပ်ကြီး၊ ခရေတွန်၊ စစ်မင်းညို၊ မမကာရံဆူး၊ တစ်ခါမှမဆုံဖူးလို့ မကြာခင် အတူတူသောင်းကျန်းမယ်ဆိုတဲ့ ခိုင်နုငယ် (ကြိုပြီးပြောလိုက်ပီနော်)
အပြင်သွားတိုင်းပါတဲ့ ပစ္စည်း - လွယ်အိတ် (ဖုန်း၊ စာအုပ်၊ ဘောပင်၊ ပိုက်ဆံအိတ်...)
စိတ်အညစ်ဆုံးအချိန် - ကိုယ့်ဘဝကိုကိုယ် လှမ်းမျှော်ကြည့်မိတဲ့ အချိန်
အနေချင်ဆုံးနေရာ - မေတ္တာတရားနဲ့ ခွင့်လွှတ်ခြင်းတွေ ရှိတဲ့နေရာ
ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - လူယုတ်မာတွေက ကိုယ်က လူကောင်းပါ လို့ တဖွဖွ ပြောနေတာ၊ လူလိမ်တွေက ကိုယ်မညာတတ်ဘူးလို့ပြောနေကြတာ... အများကြီးပဲ... သိပ်မမှတ်မိဘူးကွယ်။။။
ပေးချင်တဲ့သတင်းတစ်ခု - ခိုးယူခြင်း၊ လုယက်ခြင်းကို ရှောင်ကျဉ်ပါ။ အစိုးရသည် ယှဉ်ပြိုင်ခြင်းကို အင်မတန် မုန်း၏။ :))))))))
အပျော်ဆုံးဖြစ်မယ့်အချိန် - ချစ်သူနဲ့ အတူတူပျော်ရမဲ့အချိန်ပေါ့ကွယ်။ ဟဲဟဲ

ကျေးဇူးပါ အနော်နဲ့ ခိုင်လေးရေ... စာရေးပျင်းတဲ့ ကိုယ့်ကို စာရေးဖြစ်အောင် သတိတရတက်ဂ်ပြီး ကြိုးစလေးတွေ လှမ်းဆွဲကြလို့နော်... နောက်လည်း ချစ်ချစ်ခင်ခင် သတိတရ တက်ဂ်ဟေ့... ဟဲဟဲ... တစ်ခုတော့ကြိုပြောရဦးမယ်... ကျုပ်နာမည်ကို စာလုံးပေါင်းမှန်အောင်တော့ ပေါင်းပေးကြပါလေ... ဟွန်းးးးး

ချစ်ခြင်းများစွာဖြင့်
Angel Shaper
4.6.2011 (Sat;)
11:00 PM


On This Very Valentine's Day!!!

I WOULD LIKE TO

Thanks To Those Who Hated Me, They Made Me A Stronger Person!

Thanks To Those Who Loved Me, They Made My Heart Bigger!

Thanks To Those Who Were Worried About Me, They Let Me Know That They Actually Cared!

Thanks To Those Who Left Me, They Made Me Realize That Nothing Lasts Forever!

Thanks To Those Who Entered My Life, They Made Me Who I'm Today!

And Just Want To Thank You All For Being There In My Life As My Great Friends!!!

Hope, Me & Every One Will Have A Genuine Valentine's Day!!!

Happy Valentine's Day!!!!!!!

With Love,

Angel Shaper

14.2.2011 (Mon;)

1:55 Am

ရက်၊ လတွေ တစ်ရွေ့ ရွေ့  ပြေးလွှားလာရင်းနဲ့ ခရစ်စမတ်ရာသီလေးတောင် ရောက်လာပြန်ပေါ့။ ဟိုးငယ်ငယ် ပိစိလေးအရွယ်တုန်းကတော့ ခရစ်စမတ်ရောက်ရင် မုန့်ဖိုးတွေ၊ လက်ဆောင်တွေ အများကြီးရတယ်။ အဝတ်အစား အသစ်လှလှပပလေးတွေ ဝတ်ရတယ်။ ကျောင်းတွေပိတ်တယ်။ အဝေးရောက်နေတဲ့ မိသားစုဝင်တွေနဲ့လဲ ပြန်ဆုံတွေ့ခွင့်ပြန်ရတယ်။ အိမ်မှာ၊ ဘုရားကျောင်းမှာ လူစုံတယ်။ Carol Singing လှည့်တယ်။ သီချင်းတွေ ဆိုကြတယ်။ မုန့်တွေအများကြီးစားရတယ်။ ပျော်ဖို့သိပ်ကောင်းတယ်။ ဒါဟာ ခရစ်စမတ်လို့ပဲ သိနားလည်ခဲ့ဖူးတယ်။

တကယ်တော့ ခရစ်စမတ်ဆိုတာ... ပျော်ပွဲရွှင်ပွဲ တစ်ခု သက်သက်မဟုတ်သလို၊ ခရစ်ယာန်ဘာသာရဲ့ ထုံးတမ်းစဉ်လာ ပွဲတော်တစ်ခုလည်း မဟုတ်ဘူး။ ခရစ်စမတ်ဆိုတာ.... တစ်လောကလုံး ဝမ်းမြောက်ဖို့ရန် " Joy To The World The LORD Is Come " လောကဝမ်းမြောက် ဘုရားကြွလာ ဆိုပြီး ကြွေးကြော်နိုင်ဖို့ရန်အတွက် ဘုရားသခင်ရဲ့သားတော်ဟာ လူ့ဇာတိကိုခံယူပြီး အနိမ့်ကျဆုံး နွားစားခွက်ထဲမှာ ဖွားမြင်လာခဲ့တဲ့နေ့ ဖြစ်တယ်။ ဒါဟာ... ခရစ်ယာန်တွေအတွက်သာမဟုတ်ပဲ တစ်လောကလုံးအတွက် မွေးဖွားခဲ့တာပါ။

သခင်ခရစ်တော် လူ့ဇာတိခံယူပြီး လူ့လောကကို ဆင်းသက်လာတာဟာ လူ့ဇာတိခံယူရုံ၊ ဆင်းသက်လာရုံ သက်သက် မဟုတ်ပဲ၊ လူသားအားလုံး လိုက်လျှောက်ကျင့်သုံးနိုင်ဖို့ရန် အတွက် သူ့အသက်တာ အားဖြင့် ဥပမာပြ သွန်သင်လိုခြင်းလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ခရစ်တော် လူ့ဇာတိခံယူပြီး လူသားတွေကို ကယ်ချွတ်ဖို့ စေလွှတ်ခဲ့တာဟာ အဖခမည်းတော် ဘုရားသခင်ပဲ ဖြစ်တယ်။ ဒါတွေ အားလုံးဟာ ဘုရားသခင်ရဲ့ အလိုဆန္ဒတွေပဲ ဖြစ်တယ်။ သခင်ခရစ်တော်ဟာလည်း " ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ " ဆိုတဲ့ ပုံသက်သေမျိုး လုပ်မပြခဲ့ပါဘူး။ စံပြကောင်းတစ်ယောက် တကယ့်ကို " IDEAL" အဖြစ် ရပ်တည်ပြခဲ့တဲ့ အပြင် လောကမှာ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်၊ " နှိမ့်ချစွာ၊ ရိုကျိုးစွာ နေထိုင်တတ်ဖို့ " ပါ ရှေ့ ဆောင် လမ်းပြပြီး ခမည်းတော် ဘုရားရဲ့ အလိုတော်ကို ဖြည့်ဆည်းနာခံခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းလောက်က Down Here အဖွဲ့ ရဲ့ " How Many Kings " ဆိုတဲ့ ခရစ်စမတ်တေးအယ်လ်ဘမ်
လေးတစ်ခု သူငယ်ချင်း Benjamin LianPi က လက်ဆောင်ပေးခဲ့တယ်။ စာသားတွေဟာ ငါတို့ သိနားလည်ပြီး မေ့လျော့နေတဲ့ အကြောင်းအရာတစ်ခုကို ပြန်ပြီး ဆင်ခြင်နိုင်ခွင့်ကို ပေးတယ်လို့ သူ့ခံစားချက်ကို ပြန်မျှဝေ ခဲ့တယ်။ LianPi ပြောသလိုပါပဲ ဒီသီချင်းက Angel Shaper ရဲ့ စိတ်နှလုံးကို တကယ်ပဲ တို့ထိပါတယ်။ သီချင်းထဲက စာသားတွေကို ပြန်ပြီး ဆင်ခြင်ကြည့်မယ် ဆိုရင်.... ဘုရင်များရဲ့ဘုရင်၊ အရှင်များရဲ့အရှင်၊ သခင်များရဲ့သခင်၊ ဘုရားရဲ့ သားတော်တစ်ယောက်ဟာ ရှိသမျှ၊ ဖြစ်သမျှ၊ ပိုင်ဆိုင်သမျှ အားလုံးကို စွန့်ပြီး အသေးနုတ်ဆုံးဖြစ်တဲ့ နွားစားခွက်ထဲမှာ လူ့ဇာတိခံယူပြီး မွေးဖွားခြင်းခံယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါတွေအားလုံးဟာ ခမည်းတော် ဘုရားရဲ့ အလိုဆန္ဒဖြစ်တဲ့အတွက်ကြောင့် သခင်ခရစ်တော်ဟာ အားလုံးကို စွန့်ပြီး လူသားတွေကို အပြစ်မှ ကယ်ချွတ်ဖို့ ဆင်းသက်လာခဲ့ခြင်းဖြစ်တယ်။ အရမ်းကို ထိမှန်တဲ့စာသားလေးတွေ ဖြစ်တယ်။
Cause, How Many Kings, Stepped Down From Their Thrones? How Many Lords Have Abandoned Their Homes? How Many Greats Have Become The Least For Me? How Many Gods Have Poured Our Their Hearts? To Romance A World That Has Torn All Apart? How Many Fathers Gave Up Their Sons For me? Only One Did That For Me!

သခင်ခရစ်တော်ဟာ ကားတိုင်ပေါ် အသေမခံခင် Gethsemane မှာ ဆုတောင်းခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကိုလည်း (Mark. 14:36) မှာ တွေ့ရပါတယ်။ အို... အဖ ခမည်းတော်၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော..... ဆိုပြီး ဆုတောင်းခဲ့ပါတယ်။ ဘုရားရဲ့သားတော်ဟာ ဘုရားသားဖြစ်ပေမယ့် လူ့ဇာတိကို ခံယူခဲ့ရတဲ့အတွက်၊ ဒီအသေခံခြင်း ဟာလည်း အသွေးအသားနဲ့တည်ဆောက်ထားတဲ့ သူ့အတွက် အင်မတန် ခက်ခဲနေကြောင်း ပြသထားပါတယ်။ ဒါပေမယ့် ခရစ်တော်ဟာ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဘုရားရဲ့အလိုတော်အတိုင်း လိုက်လျှောက်နာခံခဲ့ပါတယ်။ ဒီအရာကို ကြည့်ခြင်းအားဖြင့် ယေရှုခရစ်ဟာ လူ့လောကမှာ လူ့ဇာတိခံယူခဲ့ရုံသက်သက်နဲ့ အသက်ရှင်ခဲ့တာမဟုတ်ပါဘူး။ အသက်ရှင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘုရားသခင်ရဲ့အလိုတော် အတိုင်းပဲ စွန့်လွှတ်အနစ်နာခံပြီး အသက်ရှင် ခဲ့ကြောင်း ကို တွေ့ရပါတယ်။ အဖ ခမည်းတော်ရဲ့ အလိုဆန္ဒတွေ အားလုံးကို ယခုလို နာခံလိုက်လျှောက်ခဲ့ပြီး မှသာ " IT IS DONE " " ဤအမှု ပြီးပြီ။ " ဆိုပြီး ခရစ်တော် ကြွေးကြော်နိုင်ခဲ့ခြင်းဖြစ်တယ်။

ဒီလိုဆိုရင်... တို့တွေ အားလုံးလဲ ကိုယ့်ရဲ့ ဝန်တာ၊ တာဝန် အသီးသီးကို ဘယ်လိုကျေပွန်မလဲ??? ဤအမှုပြီးပြီ လို့ ကြွေးကြော်နိုင်ဖို့ရန် ဘယ်လို ကြိုးစားအသက်ရှင်မလဲ??? သခင်ခရစ်တော် ပြသခဲ့တဲ့ စံနမူနာအတိုင်း ဘယ်လို လိုက်လျှောက်နိုင်မလဲ??? အခြေခံက စပြီး ဆင်ခြင်ကြည့်မယ်ဆိုရင်..... အနန္တော၊ အနန္တ ဂိုဏ်းဝင်ဖြစ်တဲ့ ကိုယ့်ရဲ့ ကျေးဇူးရှင် မိဘနှစ်ပါးအပေါ် အဓိက တာဝန်ကျေဖို့ လိုအပ်ကြောင်းတွေ့ရပါတယ်။

( ဧဖက် ၆း၁) မှာ ဘာပြောထားသလဲ ဆိုရင်... သားသမီးတို့ ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ လို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့ အလိုဆန္ဒတွေကို စွန့်ပစ်ပြီး မိဘစကားကို နားထောင်နာခံရုံမက၊ မိဘကို ပြန်ပြီး လုပ်ကျွေးပြုစုကာ စိတ်ချမ်းသာအောင် ထားနိုင်ဖို့၊ ကျေးဇူးဆပ်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။

မိဘတွေ အနေနဲ့လည်း သခင်ယေရှု လမ်းပြခဲ့တဲ့အတိုင်း " IT IS DONE " ခဲ့ကြပြီးပါပြီ။ တာဝန်တွေ ကျေခဲ့ကြ ပြီးပါပြီ။ သားသမီးတွေကို ဝမ်းနဲ့လွယ်မွေးခဲ့ရုံမက၊ ညအချိန်မတော် ကလေးထငိုရင် အိပ်ချင်နေတဲ့ စိတ်ကို ချိုးနှိမ်ပြီး အိပ်ယာထနို့တိုက်ပေးခဲ့တယ်။ အညစ်အကြေးတွေကို သန့်စင်ပေးခဲ့တယ်။ သားသမီးတွေအတွက် အပင်ပန်းခံပြီး လုပ်ကျွေးပြုစုပေးခဲ့တယ်။ မိဘတွေရဲ့ အနစ်နာခံလုပ်ဆောင်ချက်တွေဟာပြောလို့မကုန်နိုင်ပါဘူး။ မိဘတွေဟာ မိဘနေရာကနေ " IT IS DONE " နိုင်ခဲ့ကြသလို၊ သားသမီးတွေ အနေနဲ့လည်း မိဘကို လစာလေး တွေ အပ်၊ ငွေလေးတွေ ပို့ ပေးရုံနဲ့ မလုံလောက်ပါဘူး။ အဆုံးစွန်ထိပြောရရင် မိဘကို ရွှေဘုံပေါ်မှာ ဇိမ်ကလေးနဲ့ ထားနိုင်ခဲ့တယ် ဆိုရင်တောင် မိဘကျေးဇူးဆပ်နိုင်ပြီ လို့ ဆိုလို့မရပါဘူး။ မိဘကျေးဇူးကို မဆိုထားနှင့် မိဘတွေ သားသမီးအပေါ်မှာထားတဲ့ မေတ္တာတရားတစ်ခုတည်းနဲ့တောင် မညီမျှနိုင်သေးပါဘူး။ ဒီတော့... သားသမီးတွေ အနေနဲ့ အသက်ကြီးလာမဲ့ မိဘတွေကို နားလည်စွာ ချစ်ခင်ရိုသေနိုင်ဖို့ လိုအပ်သလို၊ မိဘစကားကို နားထောင် ရုံမက ကိုယ့်ရဲ့ အလိုဆန္ဒတွေကို ချိုးနှိမ်ပြီး ပေးဆပ်နိုင်ဖို့၊ မိဘစိတ်ချမ်းသာအောင်ထားနိုင်အောင် တစ်သက်လုံး ကြိုးစားသွားဖို့ လိုအပ်ပါတယ်။

ဒီပိုစ့်လေးဟာ ခရစ်စမတ် ဆိုပြီး ခရစ်စမတ်နဲ့ မဆိုင်တဲ့ ပိုစ့်တစ်ခုလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ခရစ်တော် မွေးဖွားလာတဲ့ ထူးဆန်းတဲ့ ဒီခရစ်စမတ်လေးရဲ့ အဓိက ဆိုလိုရင်းကို သေချာတွေးကြည့်ခံစားပြီး ဖြစ်ပေါ်လာတဲ့ ပိုစ့်လေးတစ်ပုဒ်ဖြစ်ပါတယ်။ X'mas ဟာ Fulfillment Of Christ ရဲ့ အစဖြစ်တဲ့အတွက် ခရစ်တော် ပုံသက်သေကောင်းပြသခဲ့သလို တို့လူငယ်လေးတွေလည်း မိဘစကားကို နားထောင် နာခံပြီး ဖြည့်ဆည်းပေး နိုင်ဖို့၊ မိဘစိတ်ချမ်းသာအောင် အသက်ရှင်ကြဖို့ ဒီပိုစ့်လေးနဲ့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဒီပိုစ့်လေး ဖြစ်လာဖို့ Idea နဲ့ ခံစားချက်လေးတွေကို မျှဝေပေးခဲ့တဲ့ U Mang Sen ကို ကျေးဇူးအကြီးကြီးတင်ရှိပါကြောင်း.....

ဘုရားသခင်ထံမှ လာတဲ့ စစ်မှန်တဲ့ ပျော်ရွှင်ဝမ်းမြောက်ခြင်း။ ချစ်ခြင်းမေတ္တာ၊ ငြိမ်သက်ခြင်း၊ စုံလင်ပြည့်စုံခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ Angel Shaper ရဲ့ မောင်နှမအားလုံးအတွက် ဆုတောင်းပေးခဲ့ပါတယ်။ အားလုံးပဲ Merry Christmas And Happy New Year ပါ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
24.12.2010 (Fri;)
2:00 Am

လူတိုင်းအတွက်တော့ အဖေဆိုတာဟာ အားကိုးရာ ဟီးရိုးကြီးပါ။ ငါကြီးလာရင်တော့ ဖေဖေ့လို ဖြစ်အောင် ကြိုးစားမယ်။ ရိုးသားဖြောင့်မတ်ရမယ်။ လူတွေကို လေးစားတန်ဖိုးထားတတ်ပြီး လူပီသရမယ်။ ကူညီတတ်ရမယ် ဆိုတာတွေဟာ ငယ်ငယ်ကတည်းက ဘယ်သူမှ သင်ပေးစရာမလိုပဲ စိတ်ထဲကနေ ဖြစ်ချင်လာတဲ့ ဆန္ဒတွေပေါ့။
သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လို့ ရှုံးလာတယ်၊ ခံလာရတယ်ဆိုရင် နောက်ဆုံး ကျည်ဆန်ဖြစ်တဲ့ ငါ့အဖေနဲ့တိုင်မယ် ဆိုတဲ့ စကားမျိုးတွေကိုလည်း အဖေကို သိပ်အားကိုး တတ်တဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ပြောထွက်မိတဲ့ စကားလုံးတွေပါ။ သရဲကြောက်လို့ ဖြတ်မသွားရဲတဲ့လမ်းကို ညအမှောင်မှာ ဖေဖေနဲ့သွားရရင် ဘာကြောင့်မှန်းမသိ ကြောက်စိတ်တွေ မရှိတော့တာဟာလည်း အဖေဟာ ကိုယ့်အတွက် သူရဲကောင်း တစ်ယောက် ဖြစ်နေလို့ပေါ့။

အဖေတွေကတော့ ကြင်ကြင်နာနာနဲ့ ချော့သိပ်ဖြစ်ချင်မှ ချော့သိပ်ဖြစ်မယ်...............လိုအပ်မှုမှန်သမျှကိုတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ သူတို့ရင်ထဲမှာ တံဆိပ်ခတ်ထားပြီးသားပါ။ ဒီတော့ ဖေ့ဖေ့ကျေးဇူး ဆိုတာတွေ ကို ကဗျာတွေ စာတွေ ဖွဲ့လည်း ဖွဲ့မမီပါဘူးလေ။

ဒီနေ့ ၂၀.၆.၂၀၁၀ ဟာဖခင်များနေ့ဖြစ်ပါတယ်။ ဒီတစ်ခါ ဖခင်များနေ့ဖြစ်ပေါ်လာပုံကိုတော့ မအားလပ်မှုတွေ ကြောင့် မျှဝေမပေးနိုင်ပါဘူး။ Angel Shaper မှာ အဖိုးနဲ့ ဖေဖေ့အပြင် ဦးလေးတွေလည်း ရှိတယ်။ မွေးစားဖခင်တွေလည်း အများကြီး ရှိပါတယ်။ အကိုတွေလည်း အများကြီးရှိပါတယ်။ အဖေတစ်ယောက်လို ဆိုဆုံးမပေးတဲ့ ဆရာတွေလည်း အများကြီးရှိပါတယ်။ ပါပါးလို့ သမီးခေါ်တဲ့ ရန်ကုန်က ဆရာ Kevin Moe၊ အမေရိကားက ဖေကြီး အောင်သာငယ်၊ ဒူဘိုင်းက ဘကြီးမိုး လို့ ခေါ်တဲ့ ကိုမိုးဇော်လွင်၊ ဘကြီးသာလို့ခေါ်တဲ့ ကိုသာယာ၊ မလေးရှားက ဦးတည် (ကိုသောမတ်စ်)၊ ဖခင်နေရာ မရောက်သေးတဲ့အကိုတွေ၊ ကြိုးစားနေသူ အကိုတွေလည်း အများကြီးပါ။ (ဖခင်ဖြစ်ပြီးသူများသာ နာမည်ဖော်ပြသည်) အားလုံးဟာ ဘုရားပေးတဲ့ အမျိုးတွေပေါ့။ သမီးအရင်းတစ်ယောက်လို ဂရုတစိုက် ဆိုဆုံးမကြတယ်။ ကူညီကြတယ်။ အားပေးကြတယ်။ ဖေးမပေးကြတယ်။ မေတ္တာ၊ စေတနာတွေ အားလုံးအတွက် ကျေးဇူးလည်း အများကြီး တင်ပါတယ်။ အဖိုး၊ ဖေဖေနဲ့ မွေးစား ဖခင်တွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တွေအားလုံးကို သီချင်းလေးနဲ့ဖြစ်ဖြစ် ပိုစ့်လေးနဲ့ပဲဖြစ်ဖြစ် ဂါရဝပြုဖို့ စိတ်ထဲရှိနေပေမယ့် အချိန် အင်မတန် ဆင်းရဲသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် မနှစ်က ဖခင်များနေ့မှာ ဖေ့ဖေ့အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာလေးနဲ့ပဲ အားလုံးကို ဂါရဝပြုလိုက်ရပါသည်။

Dad,

There Are Not Many Words
To " Thank You " For All That You Have Done.
You Go Out Of Your Way To Help The People
You Came Across Each Day And You Surely Become Richer With
The Blessings You Gather Along The Way.

You Showed So Much Concern And
Helped Me In Every Way You Could,
And It Is True That Only Because Of You,
The Tests Of Life, I Stood On My Own.
And While I Keep Wondering
How You Manage To Help Others Always,
This Note Of Gratitude Comes Your Way
To "Thank You" For Brightening My Days.
I Love You Daddy, You Are My Hero!!!!!!!!!!!!!!!
On This Special Father's Day, May God Bless You Dad!!!

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.6.2010 (Sun;)
1:00 Am

မနေ့ညက ထူးဆန်းတဲ့ ပိတ်ကားတစ်ခုမှာ အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ ပုံရိပ်တစ်ချို့ ပေါ့။
မိသားစုလက်စုံထမင်းဝိုင်းမှာ ငါ.......မပါဘူး။
ညနေခင်း မိသားစုတွေ စနောက်ရင်း တီဗွီထိုင်ကြည့်ချိန်မှာလည်း ငါ........မပါဘူး။
လူစုံတက်စုံ ဆွေးနွေးရင်း တိုင်ပင်ကြတဲ့ စကားဝိုင်းမှာလည်း ငါ...........မပါဘူး။
မိသားစုရဲ့ တစ်နိုင်စီးပွားကို စုစုစည်းစည်း လုပ်နေကြချိန်မှာလည်း ငါ...........မပါဘူး။
ရပ်ကွက်ထဲက သာရေးနာရေး အမှုကိစ္စတွေအတွက် ရပ်ကွက်လူငယ်လေးတွေ စုစည်း လုပ်ဆောင်နေတဲ့နေရာမှာလည်း ငါ................မပါဘူး။
ငါ..... ငါ..... ငါ.... ငါဘယ်တွေရောက်နေတာလဲ?
ငါ ဘာတွေလုပ်နေတာလဲ..... င့ါကိုယ်ငါ ပိတ်ကားတွေနောက်မှာ ရှာဖွေနေရင်းးး

ဟော................. ငါ..... ငါ... တစ်ယောက်တည်းပါလားးး
တစ်ယောက်တည်း ဆာလောင်မှုအတွက် မုန့်ဝယ်ထွက်ချိန် ဘေးကနေ ပိုက်ဆံလိုက်ရှင်းပေးမယ့် အဘွားလည်း ရှိမနေဘူး။
တစ်ယောက်တည်း အထီးကျန် အားငယ်လို့ ဆုံးရှုံးနာကျင်နေချိန် အားပေးနှစ်သိမ့်ပေးမဲ့ ဖေဖေလည်း အနားမှာမရှိဘူး။
ကိုယ့်ရဲ့ ဝေရာဝိစ္စတွေအကုန် လုပ်ပေး၊ စားချင်တာကို ချက်ကျွေး၊ လုပ်ချင်တာတွေကို အားပေးတတ်တဲ့ မေမေလည်း မရှိဘူး။
ဖျားနာနေချိန် ဆေးခန်းလိုက်ပို့၊ ဂရုတစိုက်နဲ့ မသောက်ချင်တဲ့ဆေးတွေကို စိတ်ရှည်ရှည်နဲ့ လိုက်တိုက်မဲ့ အဒေါ်လည်း မရှိဘူး။
ကိုယ်ပြောသမျှကို စိတ်ဝင်တစား ပြုံးပြုံးလေးနားထောင်ပေးမယ့် ဦးလေးလည်း အနားမှာ မရှိဘူး။
လိုချင်တာကို မရရအောင်ဝယ်ပေး၊ စားချင်တာတွေကို ဝယ်ကျွေးမဲ့ ဒေါ်လေးလည်း မရှိဘူး။
ကိုယ့်အပေါ်အနွံတာခံတတ်တဲ့ ညီမလေးလည်း ပျောက်နေတယ်။
သီချင်းတွေဆိုပြ ကပြပြီး၊ တစ်ခါတလေ စိတ်တိုအောင် လိုက်စတတ်တဲ့ မောင်လေးလည်း မရှိဘူး။
အလိုမကျလို့ စိတ်ကောက် စိတ်ဆိုးနေချိန် ချော့မော့ပေးမဲ့ သူငယ်ချင်းတွေလည်း အနားမှာ မရှိဘူး။
ငါ့တစ်ယောက်တည်း ဒဏ်ရာဗရပွနဲ့ လျှောက်ရင်း လျှောက်ရင်း လဲလိုက် ထလိုက် နဲ့။
တင်းထားလိုက်ရတဲ့အားတွေများ တင်းဖန်များတော့ ပြတ်ချင်ချင်.......
အဲ့ချိန်မှာပဲ..... ဆတ်ခနဲ........လန့်နိုးတော့..........
အော်.... ငါ အိပ်မက်ဆိုးတွေမက်နေတာပါလား........ ဆိုတဲ့ အသိဥာဏ်တွေ မှတ်ဥာဏ်အဖြစ် ပြောင်းလဲသွားတဲ့အချိန်ထိ
အဲဒီအိပ်မက်ဆိုးကိုပဲ စိတ်နာနာနဲ့ ဆက်မက်နေရဆဲ........

ချစ်ခြင်းများစွာဖြင့်
Angel Shaper
31.5.2010 (Mon;)
10:35 Pm


Anna Jarvis ဟာ ၁၈၆၄ ခုနှစ်၊ Philadelphia မှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ ချစ်သူနဲ့ လက်ထပ်ခွင့်မရတဲ့နောက် တစ်ကိုယ်တည်း အပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ချက်ချရင်း အသက်အာမခံရုံးချုပ်ကြီး (Life Insurance) မှာ အလုပ် ဝင်လုပ်ခဲ့တယ်။ ၁၉၀၅ ခုနှစ်သူမမိခင်ဆုံးပါး သွားခဲ့တဲ့နောက် အလုပ်ကထွက်ပြီး မျက်စိမမြင်တဲ့ ညီမဖြစ်သူကို ပြုစုစောင့်ရှောက်ခဲ့ရတယ်။ ညီအမ နှစ်ယောက်တည်း မိခင်မရှိပဲ အသက်ရှင်ရတဲ့ ဒုက္ခတွေကို ခံစားနေရချိန် မိသားစုတစ်ခုမှာ မိခင်တစ်ယောက်ရဲ့ အရေးပါ လိုအပ်မှုတွေ၊ မိခင်တစ်ယောက်ရဲ့ နွေးထွေးလုံခြုံတဲ့ မေတ္တာ တရားတွေ နဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်းတ လွမ်းဆွတ်နေခဲ့ပါတယ်။ ဒါ့ကြောင့် မိခင်များကို အောက်မေ့ သတိရတဲ့နေ့ တစ်ခုကို ပြုလုပ်ကျင်းပ သတ်မှတ်ပေးဖို့အတွက် အမေရိကား အစိုးရ အာဏာရှင်များထံမှာ တောင်းဆိုမှု အမြဲတမ်းပြုခဲ့ပါတယ်။ ၁၉၀၈ မေလ ၁၀ ရက်နေ့မှာတော့ မိခင်များနေ့ကို ဘုရားကျောင်း တွေမှာ စတင်ပြီး ကျင်းပဖြစ်ခဲ့ပါတယ်။ ၁၉၁၄ မေလ ၈ ရက်နေ့မှာ အမေရိကန် President Mr. Woodrow Wilson ဦးဆောင်မှုနဲ့ Perliament မှ မေလ ဒုတိယပတ်ရဲ့ တနင်္ဂနွေနေ့ ကို မိခင်များနေ့အဖြစ် အတည်ပြု သတ်မှတ် ပေးခဲ့ပါတယ်။ အဲဒီနေ့မှာ မိခင်တွေကို အဖြူရောင်ပန်းပွင့်များနဲ့ ဂုဏ်ဆောင် ဂါရဝပြုဖို့ရန် Anna Jarvis က စီစဉ်ဆောင်ရွက်ခဲ့ရာ အများက အားရကျေနပ်စွာ ဂုဏ်ပြုခဲ့ကြပါတယ်။ တချို့ နိုင်ငံများမှာ မိခင်များနေ့ကို နှစ်ဦးပိုင်းတွေမှာ စောပြီး ကျင်းပပေမယ့် အခုဆိုရင် နိုင်ငံပေါင်း ၄၆ နိုင်ငံကျော်မှာ မိခင်များနေ့ကို ဂုဏ်ပြု ကျင်းပ နေကြပါပြီ။ ဒ့ါကြောင့် ၂၀၁၀ မေလရဲ့ ဒုတိယပတ် တနင်္ဂနွေဖြစ်တဲ့ မနက်ဖြန် မေလ ၉ ရက်နေ့ဟာ မိခင်များနေ့ ဖြစ်တဲ့အတွက် နိုင်ငံအများစုမှာ ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ မိခင်တွေကို ဂုဏ်ပြုတဲ့ ပွဲလေး ကျင်းပနေကြပါလိမ့်မယ်။

ဒါကတော့ အတိုဆုံးချုံ့ လိုက်ရတဲ့ မိခင်များနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ဒါတောင်... ဖေဖေ့ဆီကို ဖုန်းဆက်ဂျီကျပြီး မေးမြန်း ခဲ့ရတာပါ။(ကျေးကျေးစ် ဖေဖေ... ဘွားးးဇ်) အပြည့်အစုံ ဖော်ပြမပေးနိုင်တာ Angel Shaper ရဲ့ လိုအပ်ချက်မျှသာ ဖြစ်လို့ အားလုံးပဲ ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ မိခင်များနေ့ ရောက်တော့မယ် ဆိုရင် အရင်က မောင်နှမတွေ မုန့်ဖိုးတွေ စုပြီး အဘွားနဲ့ မေမေ့ကို သူတို့လိုအပ်မဲ့ တန်ဖိုး သိပ်မကြီးတဲ့ လက်ဆောင်တစ်ခုခု ပေးဖြစ်တယ်။(မုန့်ဖိုးအခြေအနေအရပေါ့လေ) ဘုရားကျောင်းဆင်းရင် သူတို့စားချင်တဲ့ အစားအသောက်လည်း ဝယ်ကျွေးဖြစ်တယ်။ အဲဒီနေ့မှာ အလိမ်မာဆုံး အသိတတ်ဆုံး သားသမီး လေးတွေဖြစ်ခဲ့ကြတယ်။ အဘွားတွေ၊ အမေတွေဆီက ကောင်းကြီးမင်္ဂလာကို အဲလိုရယူခဲ့တဲ့ သားသမီးလေး တွေပေါ့။

မနက်ဖြန်တော့ အဝေးတစ်နေရာကနေ ကျေးဇူးပဲ မေမေ ဆိုတဲ့ စကားလေးကို လေလှိုင်းကနေပဲ ပြောခွင့်ရမယ်။ အဘွားနဲ့ မေမေကတော့ ဖုန်းထဲကနေပဲ ကောင်းကြီးတွေပေးမယ်။ အိမ်မှာတော့ ဘုရားကျောင်း ဆင်းရင် မိသားစုတွေ စုံစုံလင်လင် အဘွားဆီကနေ ကောင်းကြီး မင်္ဂလာတောင်းခံပွဲတဲ့ အဒေါ်၊ ဦးလေးတွေ၊ ဘုရား ကျောင်းက အသင်းတော်မိသားစုတွေရယ်၊ မိခင်များနေ့ကို အိမ်မှာ ကျင်းပမယ်တဲ့။ အဲဒီ ဖေဖေ့အစီအစဉ်မှာ... အဝေးရောက်နေတဲ့ အဒေါ်နှစ်ယောက်ရယ်၊ သမီးကြီးရယ်၊ သားကြီးရယ် မပါဝင်နိုင်ပေမယ့် အဘွားပေးမဲ့ ကောင်းကြီးတွေကို သူတို့အားလုံးနဲ့ ထပ်တူ ရရှိမယ်ဆိုတာတော့ သေချာပါတယ်လေ။

ဘလော့ပေါ်က၊ အွန်လိုင်းပေါ်က မောင်နှမအားလုံးကိုလည်း Angel Shaper လက်တို့ပြီး သတိပေး လိုက်ချင် ပါတယ်။ အမေနဲ့ အနီးကပ်ဆုံးနေရတဲ့ သူပဲဖြစ်ဖြစ်၊ အဝေးရောက်နေတဲ့သူတွေပဲဖြစ်ဖြစ် မနက်ဖြန်တော့ ကိုယ့်ရဲ့ အချစ်ဆုံး မေမေ့ကို ကျေးဇူးတင်စကားလေး တစ်ခွန်းလောက်တော့ ပြောဖြစ်စေချင်ပါတယ်။ မိခင်မေတ္တာဆိုတာ ကျေးဇူးပဲမေမေ လို့ ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ဒီအရွယ်တွေမှာ အမေ့ကျေးဇူးကို နားမလည် မသိတတ် သေးရင်တောင် မစော်ကားမိဖို့ လိုတယ်လေနော်။ ဒီလိုစကားပြောနေတဲ့ Angel Shaper ဟာ အခုထက်ထိ မိဘတွေအပေါ်မှာ မသိတတ်သေးတဲ့အပြင် လေလှိုင်းပေါ်ကနေ စိတ်ဆိုးတတ်တုန်း၊ Webcam ကနေ နှုတ်ခမ်းစူပြီး စိတ်ကောက်တတ်တုန်းပါ။ ဒါပေမယ့် ကျေးဇူးပဲမေမေ ဆိုတာ ရင်ဘတ်ထဲကနေလာတဲ့စကားလုံး အစစ်အမှန်တွေပါ။

အမေ့အတွက် သီချင်းကောင်းကောင်းလေးတွေ ရေးပြီး၊ သီဆိုကြတယ်။ ကဗျာလှလှလေးတွေ ဖွဲ့ဆိုကြတယ်။ ဆောင်းပါးကောင်းကောင်းလေးတွေ ရေးကြတယ်။ အဲဒီလို အမေတွေကို အပြောင်မြောက်ဆုံး ဂုဏ်ပြုနိုင်ဖို့ အရည်အချင်းမပြည့်မီတဲ့ Angel Shaper ကတော့ ငယ်ငယ်တုန်းက မိခင်များနေ့ဆိုရင် ဘုရားကျောင်းမှာ အမေတွေကို အဖြူရောင်ပန်းစည်း လှလှလေးတွေကမ်းပေးရင်း ဂါရဝပြုခဲ့ရတယ်။ စင်ပေါ်မှာ လက်ပိုက်ပြီး ချစ်တဲ့အမေ၊ သူရဲကောင်းမေမေ ဆိုတဲ့ သီချင်းလေးတွေကို သူငယ်ချင်းတွေနဲ့ အော်ဟစ်ရင်း ဂုဏ်ပြုခဲ့ရတယ်.....
အခုတော့ အဝေးရောက် သမီးကြီး တစ်ယောက်အနေနဲ့ အခန်းထဲမှာ တစ်ယောက်တည်း ဂစ်တာတစ်လက်နဲ့ အမေသီချင်းတွေ အော်ဆိုရင်း ဂုဏ်ပြုရတော့မယ်။

အိမ်မှာကျန်ခဲ့တဲ့ အဘွားရယ်၊ မေမေရယ်၊ ဒီဘလော့ပေါ်မှာ ရှားရှားပါးပါး ရတဲ့ မွေးစားအမေနှစ်ယောက်ဖြစ်တဲ့ မယ်မယ်ကီ့ ရယ်၊ မမမေမေ ဂျာမုန်း ရယ်၊ အမေအခေါ်ခံရပြီး ချစ်မကြီးများအမေအခေါ်ခံရတော့မဲ့ ချစ်မမများ၊ အားလုံးရဲ့ အာဇာနည် မိခင်ကြီးဖြစ်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ အမေများအားလုံး ကို Angel Shaper ဒီပိုစ့်လေးနဲ့ ဂါရဝပြုလိုက်ပါတယ်။
အမေများအားလုံး ကျန်းမာအသက်ရှည်လို့ ထာဝစဉ်ရှင်သန်ပါစေ။

အားလုံးပဲ... ကိတ်မုန့်လေး စားသွားရမယ်နော်။ ဒီကိတ်မုန့်လေးကတော့ သူငယ်ချင်း ပေါက်စီ တကူးတက ရှာပေးထားတာ.... အဲလေ... ဖုတ်ပေးထားတာ။ အမေများကို ဂုဏ်ပြုဖို့ဆိုပြီး သူကိုယ်တိုင် စိတ်တိုင်းမကျမချင်း လက်စွမ်းပြထားတဲ့ ကိတ်မုန့်လေးပါ။ သူငယ်ချင်း ပေါက်စီကိုလည်း ကျေးဇူး အကြီးကြီးတင်ရှိပါကြောင်း.....
၂၀၁၀ မေလ ၉ ရက်နေ့မှာကျရောက်သော မိခင်များနေ့မှာ
အမေများအားလုံးချမ်းမြေ့ပါစေ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
8.5.2010
6:00 Pm (Sat;)

Angel Shaper ငယ်ငယ်တုန်းက သင်္ကြန်ကျပြီဟေ့ ဆိုရင် ဘယ်မှကိုမထွက်ရဲလောက်အောင် ရေပက်ခံရမှာ အင်မတန် ကြောက်တတ်သူပါ။ အနှစ်သက်ဆုံး အားကစား လို့ အမေးခံရရင် ရေကူးခြင်း လို့သာဖြေတတ်တယ် ခုထိ ရေမကူးတတ်ပါဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ အိမ်နောက်ဖေးချောင်းမှာ ရေကူးပြီး ဆော့ကစားလေ့ ရှိပါတယ်။ တစ်နေ့ သူငယ်ချင်းတွေနဲ့ ရေထဲ စိန်ပြေးတမ်းကစား နေတုန်း Angel Shaper ခြေထောက်ကြွက်တက်ပြီး ရေနစ်ပါတယ်။ အစအနောက်သန်တဲ့ Angel Shaper ကို ဥာဏ်နီဥာဏ်နက် များတယ် ထင်ပြီး သူငယ်ချင်းတွေက ချက်ချင်းလာမကူကြပါဘူး။ အကြာကြီးနေမှ ရေမွန်းပြီး အသက်မရှူနိုင်လို့ ရေပေါ် ပြန်မတက်နိုင်မှပဲ သူငယ်ချင်းတွေက ရေနစ်နေမှန်း သိပြီး အချိန်မီ ကယ်တင်ခဲ့ကြ လို့သာ ရေနစ်လို့ မသေ တယ်။ အဲဒီအချိန်ကတည်းက ရေဆို အသေကြောက်၊ ချောင်းထဲ ဘယ်တော့မှ ရေမဆော့ဖြစ်တော့သလို၊ ရေချိုးခန်းထဲ ရေချိုးရမှာတောင် ဝန်လေးရလောက်တဲ့အထိ ရေကို ကြောက်တတ်သွားရတာပါ။
(Angel Shaper ရဲ့ ရေကြောက်ရသော အကြောင်းရင်း ဤတွင် ပြီး၏။) အဟဲ....

သင်္ကြန်ကျပြီ ဆိုရင်တော့ ရေကြောက်မှန်း သိနေတဲ့ သူငယ်ချင်းတွေ Angel Shaper ကို ရေလောင်းဖို့ ချောင်းရတာ သူတို့အလုပ်။ အပြင် ထွက်လည်စရာတောင် မလို၊ အိမ်ရှေ့ထွက်မိပြီ ဆိုရင်ကို ရေလောင်းချင်သူ တွေ ဝိုင်းဝိုင်းလည်နေတတ်တာ မဆန်းတော့။ ရေများ အပက်ခံရပြီ၊ အလောင်းခံရပြီဟေ့ ဆိုရင် အသံပြဲကြီးနဲ့ အော်ငိုပစ်လိုက်တာ ပါပဲ။ ရေကြောက်တာကိုး။ သူတို့တွေ ရေလောင်းလိုက် ရလို့ Angel Shaper အော်ငိုပြီ ဆိုရင် အရမ်းကိုပျော်ကြတယ်လေ (တော်တော်စိတ်ပုပ်တဲ့ ကောင်တွေ)။ အင်မတန် စွာကျဲလန်နေတဲ့ကောင်ကို ရေလောင်းလို့ အော်ငိုတယ် ဆိုတာ သူတို့ အတွက်တော့ သဘောကျစရာပေါ့။ သူတို့အတွက် နိုင်ကွက်က ဒါပဲ ရှိတာကိုး။

အဲလိုနဲ့ပဲ သင်္ကြန်အတွင်းဆို Angel Shaper တို့ ခရစ်ယာန်လူငယ်လေးတွေ ဘုရားကျောင်းမှာ Camp သွင်းပြီး သင်တန်းတွေ တက်ရပါတယ်။ ကျမ်းစာတွေ သင်ရတယ်။ သီချင်းတွေလည်း သင်ရတယ်။ ဂစ်တာ၊ ကီးဘုတ်၊ တယော စသဖြင့် သင်ရတယ်။ ဂိမ်းတွေဆော့ရတယ်။ ရေကလည်းကြောက်တတ်တော့ အပြင်မထွက်ရဲ၊ မလည်ရဲ၊ မကဲရဲနဲ့ ခပ်ကဲကဲ Angel Shaper သင်္ကြန်တွင်းတွေမှာတော့ ဘုရားကျောင်းမှာပဲ အပျော်ရွှင်ဆုံး အချိန် ကုန်ခဲ့ရတယ်။

ရပ်ကွက်ထဲမှာတော့ ညဆိုရင် လူငယ်တွေစုပြီး မုန့်လုံးရေပေါ်တွေ လုပ်စားကြတယ်။ ထမနဲလည်း ထိုးကြတယ်။ ထန်းလျက်မွှေးမွှေးလေးနဲ့ မုန့်လုံးရေပေါ်တွေကိုတော့ အရမ်းကြိုက်တယ်။ ကံစမ်းမဲ လို့ခေါ်တဲ့ ငရုပ်သီးစပ်စပ် လေးတွေထည့်ထားတဲ့ မုန့်လုံးတွေကိုတော့ အရမ်းမုန်း။ အဲဒါ မမတွေနဲ့ ကိုကို ကဲကဲလေးတွေ လက်ချက်ပေါ့။ လူကြီး၊ သူမ တွေကို တစ်အိမ်တက်ဆင်း ကျွေးပြီးပြီ ဆိုမှ လူငယ်တွေ၊ ကလေးတွေ လုစားရတယ်...အဲလေ... ဝိုင်းစားကြရတယ်။ ဂစ်တာတီးပြီး သီချင်းတွေဆိုကြတယ်။ သင်္ကြန်သီချင်း ဆိုရင်တော့ ကောင်မလေးတွေက ယိမ်းအကလေးတွေနဲ့ ထကကြနဲ့ ပျော်စရာသင်္ကြန်လေး တွေကို ဆယ်တန်းထိ ရပ်ကွက်ထဲက သူငယ်ချင်း အကို၊ အမတွေနဲ့ ပျော်ပျော်ကြီးကို ဆင်နွှဲခွင့်ရခဲ့ပါတယ်။

သူငယ်ချင်းတွေက အိမ်မှာပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ် အလှူလုပ်မယ် ဆိုရင်တော့ Angel Shaper မပျက်မကွက် သွားရောက် အားပေးပြီး လူမှုရေးကျေပွန်တတ်ပါတယ်။ အဟဲ... Angel Shaper အလှူအိမ်တွေက ချက်တဲ့ ဟင်းတွေတော်တော်ကြိုက်တယ်။ အိမ်မှာ အမေ့ကို အလှူအိမ်က ဟင်းတွေချက်ကျွေးဖို့ ပူဆာနေကျ။ အလှူအိမ်က ကုလားပဲဟင်းချက်လေး၊ သရက်သီးသုပ်လေး၊ မုန့်ညှင်းချဉ်သုပ်လေး ကအစ အရမ်းကြိုက်ပါတယ်။ စားလို့ အရမ်းကောင်းတာကိုး။ အဲလိုနဲ့သင်္ကြန် အလှူတွေလည်း တတ်နိုင်သလောက် ဆင်နွှဲဖြစ်ခဲ့တယ်။ (ငတ်ကြီးကျမှန်း သိသာနေလား မသိ)

ရန်ကုန်ရောက်တော့ သင်္ကြန်ဆိုရင် Alpine က ကျင်းပတဲ့ IC Show တွေကို ရှေ့ဆုံးကနေ အားပေးတတ် လာတယ်။ ရှိုးကြည့်ဖို့ အကိုတစ်ယောက်က သူ့ကားနဲ့ လိုက်ပို့တယ်။ လမ်းမှာ ရေတွေပက်တော့ အော်ငိုပါတယ်။ မှတ်မှတ်ရရ ၂၀၀၈ သင်္ကြန်ကို မောင်နှမရင်းလို ချစ်ရတဲ့ သူငယ်ချင်း Russell နဲ့အတူ သူတို့ ရဲ့ မြန်မာ့အသံ ဝင်းကြီးထဲက မိသားစုတွေ၊ သူ့သူငယ်ချင်းတွေနဲ့ ကဲခဲ့ဖူးတယ်။ အကိုကပဲ သူ့ကားနဲ့ လိုက်ပို့ခဲ့တာပါ။ သူနဲ့ သူ့ကောင်မလေးကတော့ ကားရှေ့ခန်းမှာ လုံလုံခြုံခြုံပေါ့။ ရေတွေ စပြီး အပက်ခံရတော့ ရင်ထဲအေးလိုက်တာ၊ ကျောတွေကို စိမ့်ခနဲပဲ။ အစက အော်ငိုမိသေးတယ်။ အားလုံးက ပျော်နေကြတော့ ကိုယ်လည်း သူတို့လိုပဲ သီချင်းတွေအော်ဆိုရင်း ရေပက်ခံရတာကို ပျော်နေမိတော့တယ်။ တကယ့်အမှတ်ရစရာ သင်္ကြန်ရက်လေး တစ်ရက်ပါ။ အင်းယားကန်မှာ ကားတွေ အကုန်ပိတ်ကြပ်လို့ စိတ်တွေ ညစ်ခဲ့ရသေးတယ်။ နေ့လည် ပင်ပန်းတော့ မုန့်တွေစားကြတယ်။ ဆက်လည်ကြတယ်။ ညနေမှ အိမ်ပြန်နားဖြစ်ကြတယ်။ နောက်နေ့ ဖျားပါလေရော။ ရေမကြောက်တော့တာ အဲဒီကတည်းက ခုထိပေါ့။ ဟိဟိ

ဒီနှစ်တော့ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိလိုက်ပါဘူး။ သူငယ်ချင်း Neo ကတော့ ပီနန်းလိုက်ပို့မယ်တဲ့။ သူ့အဖေတို့ တီးဝိုင်းနဲ့ သီချင်းပေးမဆိုလို့ သူ့ကိုကွေးနေတာလေ... မသွားချင်ဘူးပဲ ငြင်းရတာပေါ့။ အကိုတော် ဝဏ္ဏ၊ သူငယ်ချင်း ဖိုးချို တို့လည်း အလှူအတွက် အလုပ်များနေတယ် ဆိုပြီး ဖုန်းပဲဆက်တယ်။ ဖိတ်ကျွေးဖော် တောင် မရ။ ငမူး ကိုလောက်လောက် ကလည်း သူပဲကဲမယ်တဲ့၊ င့ါညီမလေး အိပ်ယာမထနိုင်ဘူး ဆိုပြီး မခေါ်ချင်ပဲ ပစ်ထားတော့ ဘယ်မှ မသွားဖြစ်တော့ဘူးပေါ့။ အကိုတော် ကိုသားကြီးကလည်း သင်္ကြန်အတွင်း အကဲပိုနေပြီး ညီမတော် သမီးကြီးကို မေ့ထားလို့ သူ့ကိုလည်း ကွေးတယ်။ ဒီတော့ Angel Shaper ရဲ့ ၂၀၁၀ သင်္ကြန်က ဘာမှန်းကို မသိလိုက်တာ အဆန်း မဟုတ်ပါဘူး လေနော်။

ဒီနှစ်ကို ရန်ကုန်သင်္ကြန်ရဲ့ အစည်ဆုံးနေရာလေးတွေမှာ မဏ္ဍပ်မဆောက်ရ ဆိုတဲ့ သတင်းကြားတော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိသေးတယ်။ အနုပညာရှင်တွေ နေပြည်တော်မှာပဲ သင်္ကြန်ကျမယ် ဆိုတဲ့သတင်း ကြားရ ပြန် တော့ စိတ်မကောင်းဖြစ်မိတယ်။ အနုပညာရှင်တွေကို လွမ်းတာလား နေပြည်တော်မှာ သင်္ကြန်မကျရလို့ အဆိုတော် မဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကို အားငယ်မိတာလားတော့ မသိ........(အဟဲ)

ရင်ဘတ်ထဲကနေ ဝမ်းနည်းကြေကွဲရဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်သင်္ကြန်မှာ အေးချမ်းတဲ့ သင်္ကြန်မိုးတွေ မရွာပဲ ဗုံးပေါက်တယ် ဆိုတဲ့ သတင်းကို ကြားနေ၊ မြင်နေရတာကိုပါပဲ။ လန်းနေမဲ့ သူငယ်ချင်းတွေကို စိတ်ပူပြီး စုံစမ်း ဆက်သွယ်ရ၊ ဆုတောင်းပေးရနဲ့ တစ်ယောက်တည်း ဝမ်းနည်းပြီး စိတ်ထိခိုက်နေမိတယ်။ ဘာဖြစ်တာလဲဗျာ...... သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်ကူး အခါသမယ၊ ရေတွေလောင်း၊ ပက်ပြီး နှစ်ဟောင်းက အညစ်အကြေးတွေကို အေးမြတဲ့ သင်္ကြန်ရေနဲ့ ဆေးကြောပစ်တာ မြန်မာ့သင်္ကြန်မဟုတ်လား။။။။ ဘယ့်နှယ်... နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ မဆေးပဲ အနုမြူမှုန့်တွေနဲ့ လာဆေးပေးရတယ် လို့ သိပ်ကို အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ ဆွံ့အသွားခဲ့ရတဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ကလေး တစ်ခုပါ။

အဲဒီ အနုမြူမှုန့်တွေကြား အသက်ပေးလိုက်ရတဲ့ သူတွေ၊ ထိခိုက် ဒဏ်ရာရသူတွေ အားလုံးအတွက် ထပ်တူ ဝမ်းနည်း နာကြည်းစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်ဆိုးတွေရဲ့ နောက်မှာ တို့မြန်မာတွေ အတွက် ငြိမ်းချမ်းမှု ဆိုတဲ့ လေပြေညင်းကလေးတွေ တိုက်ခတ်ပြီး၊ မေတ္တာတရား ဆိုတဲ့ မိုးစက်ကလေးတွေ ကျရောက်ပါစေ။ စာနာတတ်တဲ့ ဗုံးတွေသာ ဖေါက်ခွဲပြီး၊ ကိုယ်ချင်းစာတရား ဆိုတဲ့ ရေပိုက်တွေနဲ့ ပက်ဖြန်းနိုင်ကြပါစေလို့သာ.......

သမီးကြီး Angel Shaper ရဲ့ သူငယ်ချင်း မောင်နှမအားလုံး မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်...

ချစ်ခြင်းများစွာဖြင့်
Angel Shaper
18.4.2010 (Sun;)
6:55 Am

အသိတရားဆိုတာ...???တဲ့။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဖို့ ချစ်ခင်ရတဲ့ အမသေးသေးလေး မအင်ကြင်းသန့် က ချစ်ညီမ သေးသေးလေးကို တက်ဂ်ထားပါတယ်။ Angel Shaper ဒီခေါင်းစဉ်ကို စိတ်ဝင်စားသလို၊ ရေးဖို့လည်း တော်တော်လေး အားခဲထားပေမယ့် အသိဥာဏ်ဗဟုသုတအားနည်းချက်ကြောင့် တော်တော်နောက်ကျနေမိပါတယ်။ ဒါပေမယ့်လည်း ချစ်ခင်မှုကို လေးစားတန်ဖိုးထားတဲ့အတွက် အင်မတန် အလုပ်ရှုပ်နေတဲ့အကို ကိုစေတနာကို ဂျီတိုက်ပြီး သူ့ဆီကနေ အသိတရားနဲ့ပတ်သက်တဲ့ သူ့အမြင်လေးတွေကို အများကြီး မှတ်သားနာယူရင်း မောင်နှမနှစ်ယောက် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

အသိတရားဆိုတာကို လူတွေက ဘယ်လိုခံယူထားတယ်၊ ဘယ်လိုတိုင်းတာထားတယ်ဆိုတာ Angel Shaper မသိပါဘူး။ ဒီလူဟာ အသိတရားရှိတယ်၊ မရှိဘူးဆိုတာကိုသူ့ရဲ့အသက်အရွယ်၊ ပတ်ဝန်းကျင်၊ လေ့လာ ဆည်းပူးခြင်း၊ အတွေ့အကြုံ၊ ဥာဏ်ပညာ ဗဟုသုတ၊ သူ့ရဲ့အခြေခံစိတ်ဓာတ်နဲ့ ခံယူချက်အပေါ်မှာမူတည်ပြီး ဆုံးဖြတ်လို့ရပါ့မလား??? အဲလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားတဲ့ အသိတရားတွေ တူညီမယ် လို့တော့ မျှော်လင့်လို့မရပါဘူး။ အသက်ငယ်ပေမယ့် အသိတရားပြည့်ဝလို့ ကြိတ်ပြီး လေးစားအားကျရတဲ့ သူတွေ ရှိသလို၊ အသက်ကြီးနေပေမယ့် အသိတရားမရှိပါလားလို့ ကိုယ့် ဦးနှောက်သေးသေးလေးနဲ့ ဆုံးဖြတ်မိ ခဲ့တာတွေလည်း မနည်းတော့ဘူးမလား???

အသိတရားနဲ့ဆက်စပ်တဲ့ စကားလုံးတွေအများကြီးရှိပါတယ်။ ဥပမာ... အသိပညာနဲ့အတတ်ပညာဆိုရင်လည်း အသိနဲ့ ပတ်သက် သွားရတာပဲလေ။ နောက် အသိဆိုတာရှိရင်၊ မသိဆိုတာလဲ ရှိမှာပါပဲ။ တကယ်တော့ လောကကြီးက အင်မတန်ကျယ်ပြန့်ပါတယ်။ ဒီတော့ လောကကြီးမှာ သိစရာတွေကလည်း အများကြီးပါပဲ။ လူတွေရဲ့အဖြစ်အပျက်တွေ၊ လူတွေရဲ့အရည်အချင်းတွေ စသဖြင့် လူတွေနဲ့ ပတ်သက်လို့လည်း သိစရာတွေ တပုံတပင်ရှိပါတယ်။ သဘာဝနဲ့ ပတ်သက်လို့လည်း သိစရာတွေ အများကြီးပါပဲ။ လောကသဘာဝနဲ့ ပတ်သက်ပြီးတော့ လူတွေဖန်တီးထားတဲ့ အတတ်ပညာတွေ၊ လူတွေတွေးခေါ်ထားတဲ့ အသိပညာတွေနဲ့ ပတ်သက်လို့လည်း သိစရာတွေ အများကြီးပါ။ တရားဆိုတာကတော့ ရှင်းရှင်လေးပါ... မှန်ကန်မျှတခြင်း ပေါ့။ ဒီတော့ လူတစ်ယောက်ကို....... ဒီလူကတော့ လောကမှာ အရာခပ်သိမ်းသိရှိပြီး မှန်ကန်တယ်၊ မျှတတယ်လို့ ဆုံးဖြတ်လို့ ဖြစ်နိုင်ပါ့မလား? လုံးဝမဖြစ်နိုင်ပါဘူး။ လူကြီးသူမတွေ ဆုံးမခဲ့ကြတယ်။ "အသိတရားနဲ့ ပြည့်စုံအောင် ကြိုးစားကြ" တဲ့။ ဒီတော့ ဘာတွေကို သိရမှာလဲ???

နားလည်ရသလောက် ပြောရရင်တော့ အသိတရားဆိုတာ...ကိုယ့်နောင်ဘဝအတွက် အရေးပါတဲ့အရာတစ်ခုမှာ ပါဝင်ပါတယ်။ နောင်ဘဝအတွက် ကောင်းကျိုး၊ ဆိုးကျိုးအပြင်၊ လက်ရှိ ဘဝမှာလည်း ကိုယ့်ရဲ့ဘဝ ရပ်တည် ရှင်သန်ရေး၊ တိုးတက်ရာတိုးတက်ကြောင်း၊ ဆုတ်ယုတ်ရာဆုတ်ယုတ်ကြောင်းတွေ၊ ကိုယ့်ကြောင့် သူတဖက်သား ဒုက္ခရောက်မှာ၊ ကောင်းကျိုးဖြစ်မှာတွေကို သိရှိပြီးတော့ မိမိကိုယ်တိုင်လည်း ပိုင်ဆိုင်ထားတဲ့အခြေအနေမှာ ကိုယ်ကိုယ်တိုင် ကောင်းဖို့ကော၊ သူတစ်ပါး ကောင်းဖို့ကော နေထိုင်ကျင့်ကြံပြီး ကျင့်သုံးတတ်တာကို အသိတရား ရှိတယ်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။ ကိုယ့်ကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုး နှစ်မျိုးမှာ ကိုယ့်ကောင်းကျိုးကြီးပဲ လွန်ကဲပြီး တစ်ဖက်သားအတွက်တော့ ဆိုးကျိုးဖြစ်အောင် ကျင့်သုံးတတ်တဲ့သူကိုပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးမဲ့စေတဲ့သူတွေကိုပဲဖြစ်ဖြစ် အသိမဲ့တယ်လို့ ပြောရမှာပေါ့။

ဒီလိုပါပဲ... အသိတရားကို သိပြီးရင် အသိတရားတွေကို မမေ့မပျောက် ထာဝရကျင့်သုံးတတ်ဖို့လည်း လိုအပ်နေ ပြန်ပါတယ်။ ဒီတော့ အသိတရားနားမှာ သတိတရားဆိုတာ ကပ်ပါနေပါတယ်။ ဥပမာ..... ဆေးလိပ်စွဲသောက် တတ်တဲ့ လူတွေဟာ သူဆေးလိပ်သောက်လိုက်တာ သူ့အတွက်၊ သူ့မိသားစုအတွက်၊ သူ့ဘေးပတ်ဝန်းကျင် အတွက်ပါ မကောင်းမှန်း မသိတဲ့သူ မရှိပါဘူး။ အဲဒါကို သိသိကြီးနဲ့ ဆေးလိပ်ကို မဖြတ်ပဲ ဆက်သောက်နေတာ အသိတရားရှိတယ်လို့ ခေါ်လို့မရပါဘူး။ မကောင်းမှန်းလဲသိတယ်၊ ဖြတ်လဲ ဖြတ်နိုင်တယ်ဆိုရင်တော့ ဒီလူဟာ အသိတရားရှိတယ်လို့ ပြောလို့ရပါတယ်။ ဆေးလိပ် သောက်ချင်စိတ် ဖြစ်လာရင် မသောက်သင့်ဘူးလို့ အချက် ပေးတာ သတိပါပဲ၊ မသောက်ဖြစ်ဘူးဆိုရင်တော့ အသိရှိသွားပါပြီ။ ကိုစေတနာဆိုရင်တော့ သူအိပ်နေတဲ့ အချိန်တိုင်းမှာ အသိရှိပါတယ်။ အိပ်နေရင် ဘယ်တော့မှဆေးလိပ်မသောက်ပါဘူးတဲ့။ (သူကိုယ်တိုင် အဲလို ဝန်ခံထားတာမို့လို့ သူ့ကိုဥပမာပေးရခြင်းဖြစ်ပါတယ်။ အဟဲ)

အထူးသဖြင့် အသိတရားဆိုတာ ကိုယ်ကျင့်တရားကို ထိန်းတာပါပဲ။ ကိုယ်နဲ့နှိုင်းပြီး သူတစ်ပါးအပေါ် ကိုယ်မကြိုက်တာ၊ မကောင်းဖူး ထင်တာကိုမလုပ်ပဲ၊ ကိုယ်ကြိုက်တာ၊ကောင်းမယ်ထင်တာကိုပဲ လုပ်တာကို ကိုယ်ကျင့်တရားလို့ ခေါ်ပါမယ်။ လူတွေရဲ့စိတ်ဟာ မကောင်းမှုမှာ မွေ့ပျော်လွယ်ပါတယ်။ ဒီတော့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့လည်း တော်တော်လေးကိုခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ့်အပေါ် သူတစ်ပါးမကျင့်သုံးစေချင်တဲ့ အရာအားလုံးကို ကိုယ်ကလည်း သူတစ်ပါးအပေါ် အလွယ်တကူ မကျင့်သုံးမိဖို့ သတိလေးနဲ့ အသိတရားလေးထားပြီး နေထိုင်ကြိုးစားသွားကြမယ်ဆိုရင် လောကကြီးဟာဒီ့ထက်ပိုပြီး ပျော်စရာ ကောင်းလာပါလိမ့်မယ်။ ဒီတော့....... Angel Shaper နဲ့တကွ ချစ်တဲ့မောင်နှမအားလုံး ကိုယ်ကျင့်တရားကော၊ သူတစ်ပါးကောင်းမွန်ရေးကော၊ မိမိဘဝတိုးတက်ရေးကော၊ ကောင်းအောင်နေတတ်တဲ့ အသိတရားရှိနိုင်ဖို့ ကြိုးစားကြပါစို့၊ အသိတရားနဲ့ ပြည့်စုံအောင်ကြိုးစားပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။

မပြည့်စုံတဲ့ Angel Shaper ရဲ့ အသိတရားဆိုတာ...??? လေးကို ချစ်မ မအင်ကြင်းနဲ့အတူ ..................
ချစ်တဲ့ မောင်နှမအားလုံးလဲ ကျေနပ်နိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
20.3.2010 (Sat;)
1:30 AM

ဒီငွေလောက်နဲ့ ပဲမနူး ဘူးဆိုတဲ့ မလေးရှား က အိန္ဒြာ ကွန်ယက်ကုမ္ပဏီ လီမီတက်
ကျွန်တော့ ကောင်လေးတယောက်ပေါ့.... မြန်မာပြည်မှာ အလှူလုပ်ဖို့ ၇.၃.၂၀၁၀ ရက်နေ့ က အိန္ဒြာဆိုတဲ့ ငွေလွဲ လုပ်ငန်းကနေ ငွေလွဲခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင်.. ၁၀.၃.၂၀၁၀ လောက်ဆိုရင် ရန်ကုန်မြို့  ကိုရောက်နေကြပါ။ ဒီတစ်ခါတော့ ၁၀ရက်နေ့ အထိမရောက်တော့ ကောင်လေးလဲ စိတ်ပူပြီး ( ၀၃-၂၀၇၀၁xxx... )ဆိုတဲ့ အိန္ဒြာရုံးချုပ်ကို ဖုန်းဆက်ပြီးညနေပိုင်းမှာမေးရှာ ပါတယ်။
အိန္ဒြာရုံးချုပ်က ဖုန်းကိုင်တဲ့ကောင်မလေးကလဲ အခုပို့နေပါတယ်တဲ့လေ..
ဒီလိုနဲ့ စိတ်ချ လက်ချနေနေရင်း ၁၁.၃.၂၀၁၀ နေ့လယ်မှာ ရန်ကုန်က ဖုန်းဝင်လာပါတယ်..
အလှူငွေ မရောက်သေးပါဘူးတဲ့လေ... အဲတာနဲ့ သူလဲ ရုံးချုပ်ကို ဖုန်းဆက်ရှာပါတယ်..အရင် ဖုန်းကိုင်နေကြ ကောင်မလေးကဘဲ ကိုင်ပြီးတော့ပို့နေပါတယ်တဲ့..(သူ့ကြည့်ရတာ ဖုန်းလာတိုင်းဖြေဖို့ အလွတ်ကျက်ထားပုံရပါတယ်) ဒါနဲ့ဘဲ ကျွန်တော့ ကောင်လေးက အမရေ ၇.၃.၂၀၁၀ ရက်နေ့ ကငွေလွဲလိုက်တာပါ.. မနေ့က ၁၀.၃.၂၀၁၀ ရက်နေ့ ကလဲပို့နေပါတယ် ဒီနေ့၁၁.၃.၂၀၁၀ နေ့လယ်မှာ လဲပို့နေပါတယ်လို့ အမက ပြောပေမယ့် ငွေမရောက်သေးဘူးလို့ပြောလိုက်ပါတယ်... ဒီတော့မှ ဖုန်းကိုင်တဲ့ ကောင်မလေးက ဘောက်ချာနံပါတ် ပြောပါဆိုပြီးမေးပါတော့တယ်.လွဲတဲ့စာရင်းကြည်ပေးမယ်လို့.. ပြောနေတုန်းမှာဘဲ နောက်ထပ် အမျိုးသမီးတစ်ယောက် က ဖုန်းဝင်ကိုင်ပြီးမေးပါတယ်..
ဘယ်ဆိုင်ကလွဲတာလဲလို့ မေးပြန်ပါတယ်.. ဒါနဲ့ဘဲ ကောင်လေးက ကလန်းဆိုင်က လွဲတာပါလဲဆိုရော... ကလန်းဆိုင်ကိုဖုန်းဆက်ပါတဲ့..(၀၃-၃၃၄၂၂xxx...)ဆိုတဲ့ဖုန်းနံပါတ်ကိုပေးပါတယ်...

ယုံကြည်.စိတ်ချ.တိကျ.မြန်ဆန် ( ပဲစားရန် :P )ကောင်လေးက ကလန်းဆိုင်ခွဲကိုဆက်ပြီး အကျိုးအကြောင်းရှင်းပြပြီးငွေမရောက်သေးကြောင်းပြောပြပါတယ်..
အဲ့ဒါနဲ့ ဆိုင်ကလူကလဲ ရန်ကုန်ကိုမေးပေးမယ်ဆိုပြီး ဖုန်းချသွားပါတယ်... နာရီဝက်လောက်ကြာတော့ ကောင်လေးက ဖုန်းဆက်ပြီးပြန်မေးတော့ ရန်ကုန်ကလူ On Line ပေါ်မှာ မရှိလို့ ခဏစောင့်ပါလို့ ပြောတာနဲ့..
ကောင်လေးက ဖုန်းနံပါတ်ကို တောင်းလိုက်ပါတယ်... ( ၅၄၁xxx... )ကို ခေါ်တာပေါ့... ၁၅ မိနစ်လောက်ခေါ်တာ လိုင်းမအားလို့ နောက်ထပ် ဖုန်းနံပါတ် ရှိရင်ပေးပါဆိုတော့ နောက်ဖုန်းနံပါတ် ( ၇၂၂xxx.. ) ဆိုတော့ ကောင်းလေး လဲ လက်မလယ်အောင်ဘဲ ဖုန်းနံပါတ် ၂ခုလုံးကို ဆက်ရှာပါတယ်.. မိနစ်၂၀ လောက်ကြာတော့ ကံကောင်း ထောက်မစွာနဲ့ ( ၅၄၁xxx... )ကို ဝင်သွားပါတယ်.. ဒါနဲ့ဘဲ ရန်ကုန် ငွေလွဲကို အကျိုးအကြောင်းရှင်းပြပြီးငွေမရောက်သေးကြောင်းပြောပြပါတယ်.. လွဲသူအမည်... ပို့သူအမည်... ဘောက်ချာ နံပါတ်..ငွေလွဲနေ့စွဲ တွေ ပေးပြီး ရှာလဲ ရှာခိုင်းရော.. သူ က ဒီစာရင်းမရှိပါဘူးတဲ့လေ... ( ကျွန်တော်လိမ်မိအပြစ် ရှိပါ၏ လို ပြောရမလိုပါဘဲ ) အဲ့ဒါနဲ့ ကောင်လေးက ကလန်းဆိုင်ခွဲကိုဆက်ပြီးစာရင်းမရှိပါဘူး လို့ပြန်ပြောပြပါတယ်...

ဇာတ်လမ်းက အဲ့ဒီ မှာ စတော့တာပါဘဲ.. ပရိတ်သတ်ကြီးရေ....
ကလန်းဆိုင်ခွဲကဖုန်းကိုင်တဲ့သူက..ဒါဆိုရင် ဒီကလူတွေက ဒီငွေကို ဘုံးလိုက်တယ်ပေါ့ ( အဲ့ဒီလိုလဲ မပြောမိပါလားကွယ် ) ဒီငွေလောက်နဲ့ ပဲမနူးဘူးဆိုဘဲ... ( စဉ်းစားမိတာက သူ့ ခမျာ နေ့တိုင်း ပဲစားနေလို့ ပဲစကား ပြောတယ်ထင်ပ ..ဂျောက်ဂျက်သီချင်း ကို...."နင် ထမ္မင်းစားပြီးကြီးတာလား? ပဲ စားပြီးကြီးတာလား" လို့ ပြောင်းဆိုရမလိုဖြစ်နေပြီ..ဟဟ ) ကောင်လေးကတော့ နှာကစ်သွားတာပေါ့.. သူကစားသုံးသူကို....အမှန် က စာရင်းကြည့်မှားတဲ့ ရန်ကုန် ငွေလွဲကို အကျိုးအကြောင်းရှင်းပြပြီး ပြဿနာကို ဖြေရှင်းပေးရ မှာဖြစ်ပေမဲ့ ကိုယ့်ရဲ့ 
စားသုံးသူကို. ပြန်ရန်တွေ့တာတော့ အရုပ်ဆိုးလွန်းပါတယ်.. ကမ္ဘာ့စီးပွားရေး ဥပဒေသတစ်ခုဖြစ်တဲ့ "စားသုံးသူသည် အမြဲမှန်သည်" ဆိုတဲ့ဥပဒေသကတော့ မြန်မာစားသုံးသူတော့ အလှမ်းဝေးလျှက်ဘဲ ရှိနေတယ် ဆိုတာတွေရပါတယ်... ဒီလိုနဲ့ ဘဲ ရန်တွေ့ပြီးတဲ့နောက်.. သူ ရန်ကုန် ငွေလွဲကို ဆက်သွယ်ပေးမယ့်အကြောင်း .. ခုဖုန်းဆက်နေတာ ၇ ကြိမ်ရှိနေပြီဖြစ်လို့ သူတို့အလုပ်တွေရှုပ်နေလို့ထပ်မဆက်ဖို့.. သူတို့က ဘဲပြန်ဆက်သွယ်ပါမယ် ဆိုပြီးပြောပါတယ်..... ( သြော်ဘယ်သူ ကငွေအ ကုန်ခံပြီးသူတို့ဆီဖုန်းဆက်ခြင်ပါ့မလဲ..
ကိုယ့်ကောင်မလေးလဲမဟုတ်... ကိုယ့်ငွေမရောက်လို့ဆက်တာကို..ဟဟ )
ဒီလိုနဲ့ဘဲ နောက် ၄၅ မိနစ်ကြာတော့ ဖုန်းပြန်လာပါတယ်..ရန်ကုန် ငွေလွဲကစာရင်း အကြည့်မှားသွားတာပါတဲ့...
အခုပို့နေပါတယ်တဲ့လေ..( ဓါတ်ပြားဟောင်းကြီးပြန်ဖွင့်ပြီး တစ်ခွန်းမှ သူတို့ မှားကြောင်းပြန်မပြောသွားပါဘူး.. )..
ကျွန်တော်စဉ်းစားမိတာက ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမဲ့မြန်မာပြည်ကြီးမှာ နိုင်ငံတကာအဆင့်မှီ တရားဝင်ငွေကြေးလဲလှယ်တဲ့ စနစ်တစ်ခုပေါ်ပေါက်လာမယ်ဆိုရင်ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်သားပြည်သူ တစ်ရပ်လုံး အကျိုးရှိကြမှာဘဲလို့ မြင်ယောင်မျှော်လင့်ရင်း ( မျိုးကြီးဆိုတဲ့ သီချင်းထဲက "မျှော်လင့်ချက်နဲ့ အသက်ရှင်တဲ့ လူတွေနှလုံးသားခြင်းလက်ကမ်း" ဆိုသ လို ) ကျွန်တော့ရဲ့  မျှော်လင့်ချက်တွေကိုလဲ စာဖတ်ပရိတ်သတ်ကြီးဆီ ကို ပြန်လည် လက်ဆင့်ကမ်း လိုက်ရပါတယ်...။ ။
မှတ်ချက်။ ။ ခုစာရေးနေစဉ်မှာဘဲ ရန်ကုန်မြို့ ကို အလှူငွေတွေရောက်ရှိသွားပါကြောင်း... :)


လေးစားစွာဖြင့်
ရဲရင့်နီ



ချင်းအမျိုးသားနေ့ဆိုတာ ချင်းလူမျိုးတို့ရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ ရရှိရေးအတွက် နှစ်ပေါင်း(၄၀)ကျော် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်လာခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုပါ။ ၁၈၉၅-၁၉၄၈ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့အထိ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ ချင်းလူမျိုးစုဟာ ၁၈၉၇ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်ခင်ကာလအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိတို့ကိုယ် မိမိတို့ အုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။

မေမြို့ (အခု ပြင်ဦးလွင်မြို့) အခြေစိုက်အင်္ဂလိပ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ချင်းအမျိုးသားတွေဟာ ၁၉၁၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားများပညာရည်မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ချင်းအမျိုးသားတို့ရဲ့ ပညာရည်မြှင့်တင်ရေးကို စပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချင်းအမျိုးသားတို့ရဲ့ သမိုင်းမှာ ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌအဖြစ် ဆူဗီဒါအွမ်ပိုင်း (ကန်ပက်လက်ခရိုင်)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဝမ်သူးမောင် (ဝမ်းသူးရွာ၊ မင်းတပ်မြို့နယ်)၊ အတွင်းရေးမှူးအဖြစ် ဦးရမ်းလောင်းလိန် (ကန်ပက်လက်မြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် မြေပြန့်အရှိုချင်းများ၊ လူရှည်ချင်း အမျိုးသားတို့ပါဝင်ခဲ့ကြတယ်။ ဒီအဖွဲ့အစည်းကြောင့်ပဲ ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအတွက် အရေးပါတဲ့နေ့တစ်ရပ် ဖြစ်လာခဲ့ရတယ်။

၁၉၂၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားတို့ရဲ့ ပထမဆုံး ချင်းနိုင်ငံရေးပါတီဖြစ်တဲ့ ချင်းတောင်ညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ၁၉၃၃မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ဆိုပြီး အမည်ပြောင်း မှည့်ဆိုခဲ့ကြတယ်။ ၁၉၃၄ စက်တင်ဘာလ၂၉ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗြိတိသျှဆီမှ ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နှစ်နာချက် ၉ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ အဲဒီ ညီလာခံရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဟာ ပြည်မကို လွတ်လပ်ရေးပေးရင် ချင်းတောင်ကိုလည်း လွတ်လပ်ရေး ပေးရမယ်။ အခြားတိုင်းရင်းသား လူမျိုးတွေနည်းတူ ချင်းအမျိုးသားများကိုလည်း တန်းတူအခွင့်အရေး ပေးရမယ် လို့တောင်းဆိုခဲ့ကြပါတယ်။

၁၉၃၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးဖို့ အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ကိုယ်စားလှယ် ၃၀၀၀ခန့် နဲ့ အင်္ဂလိပ် အာဏာပိုင် တို့ဟာ ကန်ပက်လက်မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားညီညွှတ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ဗြိတိသျှ အာဏာပိုင်တို့အနေနဲ့ "မည်သို့မျှလိုက်လျောပေးနိုင်မည်မဟုတ်" ဆိုတဲ့ တုံ့ပြန်ချက်ကြောင့် ချင်းအမျိုးသား ကိုယ်စားလှယ်အနေနဲ့လည်း ဆန္ဒပြပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလိပ်အစိုးရဟာ ချင်းအမျိုးသားညီညွှတ်ရေးကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပြီး ဦးဝမ်သူးမောင်နှင့်အဖွဲ့ ၉ ဦးတို့ကို ဖမ်းဆီးခဲ့ကြပါတယ်။ သူတို့အဖွဲ့ကို ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မြင်းခြံ၊ မန္တလေး၊ ကသာ ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဦးဝမ်သူးမောင်ဟာ အကြိမ်ကြိမ်အဖမ်းခံရပြီး သူ့ရဲ့ အိမ်ကိုပါ မီးရှို့ပစ်ခြင်းကို ခံခဲ့ရသူပေါ့။

၁၉၄၈ ဖေဖော်ဝါရီလ ၁၉-၂၂ ရက်များမှာ ချင်းဝိသေသတိုင်း၊ တိုင်းလုံးဆိုင်ရာ ညီလာခံတစ်ရပ်ကို ဖလမ်းမြို့ မှာ ကျင်းပခဲ့ပြီး ချင်းဝိသေသတိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထု ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရွာသူကြီး၊ တိုက်သူကြီး၊ အုပ်ချုပ်ရေး၊ ပြောင်းခွန်၊ လူခွန်၊ အမဲခွန် ပေးဆောင်တဲ့စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း ဖေဖော်ဝါရီလ၂၀ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၁၈-၁၉၄၈ထိဟာ ချင်းအမျိုးသားတို့အတွက် သမိုင်းဝင်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်သတ်မှတ်ဖို့ ၁၉၅၀ အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ချင်းအမျိုးသားရေးရာကောင်စီ အစည်းအဝေးကနေ သတ်မှတ် အတည်ပြု ပြဌာန်းခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖတ်ကြားအားပေးခဲ့ပါတယ်။

ဒါတွေကတော့ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်လေးပေါ့။ ချင်းလူမျိုးတွေရဲ့ချစ်စရာ ရိုးရာဓလေ့အချို့  Angel Shaper သိသလောက်ပြောပြရမယ်ဆိုရင်တော့ ချင်းလူမျိုးတွေဟာ အရင်ဘိုးဘွားခေတ်ကတည်းက အင်မတန်မှကို ရိုးသားဖြူစင်ပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ လူမျိုးစုတွေဖြစ်ခဲ့ပါတယ်။ ဒီလူမျိုးစုကို သစ္စာရှိတဲ့ တောင်ဇလပ်ပန်းနီလေးတွေ၊ အောက်ချင်းငှက်ကလေးတွေနဲ့ ကိုယ်စားပြုခဲ့တယ်လေ။

တောင်ဇလပ်ပန်းဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး၊ အမွှေးဆုံး နဲ့ နာမည်အကြီးဆုံးပန်း မဟုတ်ခဲ့ပေမယ့် သူ့သဘာဝနဲ့သူ ပွင့်ဖူးတတ်တဲ့ပြီး နေဒဏ်၊ မိုးဒဏ်၊ လေဒဏ် အားလုံးကို ကြံ့ကြံ့ခံရင်း သစ္စာရှိရှိ ပွင့်ဖူးတတ်တဲ့ သစ္စာရှိတဲ့ပန်းကလေးတစ်မျိုးပါ။ တောင်ဇလပ်ပန်းဟာ ပင်စည်ကနေ ခူးဆွတ်ပေမယ့် သူ့သဘာဝကိုက အကြာကြီး ပွင့်လန်းနိုင်စွမ်းရှိတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုးပေါ့။ ဒီပန်းလေးတွေဟာ မြေပြန့် ဒေသတွေမှာ မပွင့်နိုင်ပါဘူး။ ဒီလိုအေးချမ်းတဲ့ တောင်ပေါ်ဒေသမှာပဲ ထူးခြားစွာ ပွင့်တတ်တဲ့ ပန်းတစ်မျိုးပါ။ တောင်ဇလပ်ပန်းတွေဟာ ချင်းပြည်နယ်ကို ကိုယ်စားပြုအလှဆင်နေတဲ့ သဘာဝကပေးတဲ့ လက်ဆောင်ပါ။

အောက်ချင်းငှက်ရဲ့ သဘာဝဟာဆိုရင် သူတို့ဟာသစ္စာရှိတဲ့အမျိုးတွေဖြစ်တယ်။ ဘယ်လောက်ထိ သစ္စာရှိသလဲ ဆိုရင်တော့ တစ်ကောင်သေရင် ကျန်ခဲ့တဲ့တစ်ကောင်ကပါ သူ့ချစ်သူသေတဲ့နေရာဒေသကိုရောက်အောင် ဟိုးအမြင့်ဆုံးကောင်းကင်ပေါ်ကနေ ထိုးဆင်းကျပြီး အသက်သေခံရင်း ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားခဲ့ ကြတဲ့ ငှက်ကလေးတွေပေါ့။ သူတို့ရဲ့သစ္စာတရားဟာ ချင်းလူမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ပုံသက်သေ ကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာလေးတစ်ခုပြောရရင် အရင်ခေတ်တုန်းက ချင်းလူမျိုးတွေရဲ့တောင်ပေါ်ဒေသ တောရွာတွေမှာ သော့ဆိုတာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းပျောက်တယ်။ ခိုးတယ်၊ ဝှက်တယ်၊ သူခိုး ဆိုတာ မရှိခဲ့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်ဟာ ယုံကြည်မှုရှိတယ်။ သစ္စာရှိကြတယ်။ လယ်ထွန်သွား၊ အပြင်သွားတဲ့အချိန်တွေမှာတော့ ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့လောက်ပဲ သစ်လုံးတွေနဲ့ အကာအကွယ်ပြု ခဲ့ကြတာပါ။ အဲဒီလောက် အေးချမ်းခဲ့တာပေါ့။

နောက်ပြီး ချစ်စရာဓလေ့တစ်ခုကတော့ လူပျို၊ အပျိုတွေဟာ မိဘနှစ်ပါးရဲ့ မျက်စိအောက်မှာပဲ ချစ်ရေးဆို တတ်ကြတယ်။ ချစ်ခွင့်ပန်ကြပါတယ်တဲ့လေ။ အချစ်ရေးဆိုတဲ့အခါမှာလဲ ကဗျာတွေ၊ သီချင်းလေးတွေဖွဲ့ဆိုပြီး ချစ်ရေးဆိုတတ်ကြတာ ဓလေ့တစ်ခုပေါ့။ လူပျိုလှည့်ပြီဆိုရင် လူသူရှိတဲ့နေရာ အဓိကကတော့ အပျိုလေးရဲ့ နေအိမ်မှာ မိဘ၊မောင်နှမရှိနေချိန်တွေမှသာ လည်ခွင့်ရှိပါတယ်။ သမီးရည်းစားချိန်းတွေ့ကြမယ်ဆိုရင်တော့ မိသားစုအားလုံးနဲ့ မီးဖိုဘေးမှာမီးကလေးလှုံရင်း တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြပြီး ချစ်ကြည်နူးကြရတယ် ဆိုပဲ။ ဒီခေတ်လူငယ်တွေလို လူသူပါးပြီး မှောင်တဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံရဲ့ ထောင့်နေရာလေးတွေ၊.... စတဲ့ စတဲ့ နေရာလေးတွေမှာ ချိန်းတွေ့ကြတာ မဟုတ်ဘူးလို့ပြောချင်တာပါ။ အဟဲ။ ချစ်သူချင်းလဲ အောက်ချင်းငှက်တွေလိုပဲ သစ္စာရှိကြတယ်။ သေတဲ့အထိကိုပဲ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားပြီး ချစ်မြတ်နိုးတတ်ကြပါတယ်။

ချင်းလူမျိုးတွေမှာ ချင်းစကား၊ ချင်းအမျိုးအနွယ်ပေါင်း အများကြီး အများကြီး ရှိပါတယ်။ (အကုန်လုံးကို ဖော်ပြရင် ပိုစ့်ကအရမ်းကို ရှည်သွားလိမ့်မယ်။ ဒီတော့ အခွင့်ကြုံမှ ဖော်ပြပါ့မယ်)။ ပန်းအိုးလေးတစ်လုံးကို အလှဆင်ဖို့ အတွက် ပန်းပွင့် အမျိုးစုံ၊ အရောင်စုံ အသုံးပြုမှသာ လိုအပ်သလို အလှပဆုံး အလှဆင်နိုင်သလိုပဲ၊ ချင်းလူမျိုးတွေ ဟာလဲ မြောက်များစွာသော အမျိုးနွယ်စု၊ ဘာသာစကားစုတွေကြောင့်သာ ပိုပြီး လှပသက်ဝင် အဓိပ္ပာယ်ရှိရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၀ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ (၆၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီပိုစ့်လေးကို ရေးသားရခြင်းပါ။ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ Angel Shaper ရဲ့ အားနည်းချက် ဖြစ်သလို၊ သေချာလေ့လာပြီးမှ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချို့ ကို အခွင့်ရှိရင် တင်ပြပါဦးမယ်။

ဒီပိုစ့်လေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် အကြံပေးပြီး ကူညီပြောပြပေးတဲ့ အကို (U Sianpu) နဲ့ သူငယ်ချင်း ပေါက်စီကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ သူငယ်ချင်းပေါက်စီ ဆွဲထားတဲ့ ဒီဇိုင်းလေးကြောင့်လဲ ကျေးကျေးစ်နော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.2.2010 (Fri;)
11:25 Pm

ည........... မှောင်မိုက်လွန်းတဲ့ ည
မှောင်မိုက်မှုတွေ ကြားက
အလင်းရောင် တစ်ချို့ တဝက် ဖြန့်ကျက်လို့နေလေရဲ့။
အော်..... လရောင်နဲ့အတူ အေးချမ်းမှုတွေများ ပါလာမလားလို့ ငါခိုလှုံခဲ့မိတယ်။
ရင်ထဲမှာပူလောင်ခြင်းတွေကိုပဲ ငါခံစားရရှိခဲ့တယ်။

အိပ်လို့ မပျော်တဲ့ ည......
ရင်မှာ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ချို့ 
ပူလောင်နေတာလား၊ ခံရခက်တာလား မသိတဲ့ ခံစားမှုတစ်ချို့ 
ဒီလိုနဲ့ ပဲ အချစ်ဆိုတာကို အကျွမ်းတဝင်ဖြစ်မှန်း သိခဲ့ရတယ်။

အထီးကျန် ခြောက်သွေ့တဲ့ည.......
တစ်ယောက်တည်း အတွေးတွေ များစွာထဲက
ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ခံစားဖူးတယ်။
နှစ်ဦးသား အတိုင်းမသိပျော်ရွှင်ခဲ့ဖူးတယ်။

ခုတော့လည်း ငါ့တစ်ယောက်တည်း
ရယ်ချင်ရယ်နေတယ်။ မျက်ရည်လေးတွေ ဝဲချင်ဝဲနေတယ်။
ဘယ်သူမှမသိတဲ့ တစ်ကိုယ်တည်းလွမ်းဆွတ်မှု
ရူးကြောင်ကြောင် အတွေးများလား......
အင်းးးးးးးးးး သေချာတာတော့ ငါအခုထက်ထိ အိပ်မရသေးတာပါပဲ။

အိပ်မပျော်တဲ့ သမီးကြီးအိန်ဂျယ့်ကို အရထူးတဲ့ အကိုတော်ကိုလောက်ကြီး (ခေါ်) ကိုခလောက်
(ကိုအိုက်ခီလောက်)က သနားလို့တဲ့...... မူးမူးနဲ့ လက်ဆောင်ရေးပေးလိုက်တဲ့ ကဗျာလေးပေါ့။
ကိုလောက်ကြီးရေ.......ကျေးဇူးကြီးးးးကြီးးးးးးးးးးးနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
6.2.2010 (Sat;)
3:20Am

ဒီနှစ်မွေးနေ့ပွဲလေးကိုတော့ ကိုယ့်ရဲ့အခန်းလေးထဲမှာ
မိတ်ဆွေမရှိ၊ ကိတ်မရှိ၊ မွေးနေ့အနမ်းလေး ပေးမဲ့ ချစ်သူမဆိုထားနှင့်
သူငယ်ချင်းအပေါင်းသင်း၊ ချစ်ခင်သူ မိဘဆွေမျိုးအားလုံးရဲ့ အဝေးမှာ
အထီးကျန်ခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ၊ သတိရခြင်းတွေနဲ့
အတူတူ ဆင်နွှဲဖြစ်ခဲ့တယ်။
အဲဒီနေ့ ကိုယ့်ပါးပြင်ထက်ဆီကို တကူးတက တွေ့ထိ ခုန်ဆင်းလာတဲ့
အထူးဧည့်သည်တော် မျက်ရည်စက်လေးတွေကိုတော့
ဝိုင်အဖြစ်နဲ့ ပြုံးပြုံးလေး သောက်သုံးလိုက်မိတယ်။
(အဲဒီအပြုံးလေးတွေ ပီပြင်တယ်၊ မပီပြင်ဘူးဆိုတာတော့ ကိုယ်လဲ မသေချာခဲ့ပါဘူး)

ချစ်ခြင်းများစွာဖြင့်
Angel Shaper
10.12.09 ( Thur;)
11:59 Pm

ဒဒွေး မောင်နှမများရဲ့ အမှတ်တရ စကားလုံးလေးတွေ ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။ သူတို့ရင်ထဲက ဆုတောင်းလေးတွေ အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။
"ငါ့လက်ကို ဖြတ်ချင်တယ်ဟာ။ နင့်အတွက် ကဗျာလေးတစ်ပုဒ်တောင် စပ်မပေးနိုင်ဘူး။ ဒီညကစပြီး နင့်အတွက် အမှတ်တရ ကဗျာလေး ရေးကြည့်မယ်နော်" လို့ ချွဲသွား၊ အချစ်ပြသွားတဲ့ သမီးကြီး အိန်ဂျယ်ရဲ့ အကိုတော် ကိုသားကြီး ရဲ့ ကဗျာလေးကိုလဲ မျှော်နေပါတယ်။ မပြန်ခင် Angel Shaper နဲ့အတူတူ အားလုံးပဲ ဖတ်ခွင့်ရမယ် လို့လဲမျှော်လင့်မိပါကြောင်းးးးးးးးး (ထင်တော့မထင်.. အဟဲ)

ဒါကတော့ ကိုလင်းကြယ်ဖြူရဲ့ အမှတ်တရ စကားလုံးလေးတွေပါ။

သူငယ်ချင်း Dim ရေ....
ခဏလေးပဲ တွေ့ကြရတာဆိုပေမယ့် တကယ့်မောင်နှမအရင်းတွေ သူငယ်ချင်းအရင်းတွေလို ခင်မင်မှုတွေက မှတ်တမ်းတစ်ခုအဖြစ် အမြဲရှိနေမှာပါ... ကန့်သတ်တားဆီးလို့ မရနိုင်တဲ့ အချိန်တွေနဲ့ ဘဝ အနေအထားတွေ အရ တို့တတွေ ပျော်လို့တောင်မဝသေးခင် အခြေအနေအရ နယ်ခြား အရပ်တစ်ပါးကို အောင်မြင်မှုတွေ ရယူနိုင်ဖို့ အားမာန်အပြည့်နဲ့ ရွက်လွှင့်မယ့် သူငယ်ချင်းအတွက် အားသစ်မာန်သစ်တွေ ရယူနိုင်ပြီး လိုရာ အောင်ပန်းကို ဆွတ်ခူးနိုင်စေဖို့ဘာမှ သိပ်မကောင်းပေမယ့် တတ်စွမ်းသမျှ လက်လှမ်းမီသလောက်လေး အားစိုက်ရင်း ရင်ထဲကထွက်ကျလာတဲ့ စာစုလေးတွေကို လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ....

တရုတ်တန်းက ကြေးအိုးဆိုင်ရယ်၊ ဝက်သားဆိုင်ရယ်၊ ကာရာအိုကေ စက်ကြီးတစ်လုံးရယ်၊ ရေခဲမုန့်ချိုချို အေးအေးလေးတွေရယ်၊ Noodle House ရယ်၊ (Wild Wadi,Water Park)ရေကမ္ဘာ အပန်းဖြေဥယျာဉ်ကြီးရယ်၊ Ski Dubai က Snow Park ရယ်၊ နောက်ဆုံးတော့ ဒူဘိုင်းဆိုတာကြီးရယ်က ငါတို့အားလုံးနဲ့ နင့်အတွက် ထာဝရ အမှတ်တရ ရှိနေမှာပါဟာ....
တချိန်ချိန် တနေ့နေ့ တနေရာရာမှာ ငါတို့တွေ နင့်ကို ဝမ်းသာအားရပြန်တွေ့ခွင့် ရခဲ့မယ်ဆိုရင် တို့တတွေ အဲ့ဒီအချိန် အဲ့ဒီနေ့မှာ ငယ်မူပြန်လို့ လတ်ဆတ်တဲ့ပျော်စရာတွေကို နောက်တစ်ဖန်ပွေ့ပိုက်ရင်း ပျော်လိုက် ကြတာပေါ့နော။ ငါနှုတ်မဆက်တော့ပါဘူး။ လူချင်းသာ ဝေးကြရတာပဲ၊ ရင်းနှီးမှုတွေကို အချိန်တွေနဲ့ အနေအထားတွေက ဘယ်လိုမှ တိုက်စားမသွားနိုင်ဖူးလို့ ယုံကြည်လို့ပါပဲ....

လာမည့်အနာဂတ်၊ နင့်ရဲ့ အနာဂတ်အတွက် လိုသလိုသုံးရအောင် ငါကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ရယ်၊ ငါကိုယ်တိုင် ခံစားရင်း နှုတ်ဖျားကထွက်ကျလာတဲ့ ခံစားမှုစာစုလေးတွေကို နင့်အတွက် အမှတ်တရလက်ဆောင် ပေးလိုက်ပါရစေ။ တစ်ထောင့်တစ်နေရာကနေ အထောက်အကူ နဲနဲလေးလောက် နင့်အတွက်ဖြစ်စေမယ်ဆိုရင် ကဗျာလေးတွေက တကယ်ကို အမှတ်တရပေါ့နော။

ငါ ဖတ်ရင်းအားမာန်တွေခဲ့တဲ့ ကဗျာလေးတစ်ပုဒ်က ဆရာကြီး ဦးဘဂျမ်းရဲ့
အောင်နမိတ် အောင်စိတ်

အနင်းခံရတဲ့ မြက်ပိုသန်သတဲ့
အကျဉ်းစံရတဲ့ ငှက် ပို ပျံနိုင်လိမ့်မယ်။

အခက်အခဲတွေ့ က
ဖျက်ခွဲ၍ ပစ်ကြလော့။

ရက်ရှည်ရကောင်းလားလို့
မျက်ရည်မကျနဲ့။

အဲကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။

အကြောက်သန်အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာနဲ့။

ရှေ့ကိုသာဆက်လျှောက်
တစ်နေ့နေ့မှာ ရောက်ရမယ်။

မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲ ခြင်းစိတ်ဓါတ်နဲ့
နမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့။

ဆရာကြီး ဦးဘဂျမ်း

ပြီးတော့ ကိုယ်တိုင် တတ်စွမ်းသလောက် နဲ့ လက်လှမ်းမီသလောက် မတတ်တခေါက်နဲ့ .....
ဆက်လျှောက်

စိတ်ပျော့ဖောက်ပြန် ကြောက်တာသန်ရင်
နောက်မှာကျန်ကာ ဆွေးမယ့်အရေး
တွေးလို့အမှန် ရဲရဲလျှောက်
နဲနဲလောက်မှ အားမလျော့လေနဲ့။

အချိန် နဲ့ ရက်စွဲ

နာရီနဲ့ ပြက္ခဒိန်ထဲ က
အချိန် နဲ့ ရက်စွဲတွေ
ဖက်တွဲကာ စည်းချက်ညီညီပြောင်းလို့
အလီလီဟောင်းသွားတဲ့ စက္ကန့်နဲ့နေ့ရက်တွေကို
ပွေ့ဖက်နမ်းချင်တဲ့ ဆန္ဒရှိလို့ ပြန်တောင်းချင်တောင်
ကံအကြောင်းမညီလို့ သူတို့ပြန်မလာနိုင်တော့ဘူး......

လင်းကြယ်ဖြူ


ဒါကတော့ ဦးပီ (ကိုပီတာရဲ့ အတွေးပုံရိပ်များ)ရဲ့ အမှတ်တရ စကားလုံးလေးတွေပေါ့။

ချစ်စရာကောင်းတဲ့ ညီမလေးနဲ့ သိရတာဝမ်းသာပါတယ်။ ချစ်ခင်သူဝိုင်းဝိုင်းလည်တယ်ဆိုတာ ဒါ ပါရမီတစ်ခု ပေါ့နော်။ ဒီတိုင်းချစ်လို့ရတာမဟုတ်ဘူးလေ။ သူ့မှာချစ်မွှေးပါလာလို့ပေါ့။ ဘာပဲဖြစ်ဖြစ်အားလုံးအောင်မြင်ပါစေ။

ယုံအောင်လဲပြောတတ်၊ လွမ်းအောင်လည်းချွဲတတ်တဲ့ တောင်ပေါ်သူလေးရေ....
ဘ၀သံသရာဆိုတဲ့ ရထားကြီးပေါ်မှာ....
ခဏတာဆုံတွေ့ ခင်မင်ခဲ့ရတဲ့အတွက် ၀မ်းသာကျေနပ်မိပါတယ်.....
အခုတော့အားလုံးထက်အရင် ဒူဘိုင်းအလွန်တစ်ဘူတာမှာ ဆင်းသွားတော့မယ်ပေါ့.....
ပြီးရင်....ဟိုးအဝေးကို....ရထားတစ်စင်းနဲ့ ဆက်လက်ထွက်ခွာဦးမယ်နော်...

တို့လည်းတစ်နေ့နေ့ကျရင် ဒီဘူတာကနေဆင်းပြီး နောက်ရထားပြောင်းစီးရမှာပါပဲ....
ဟိုနေ့ကစာသားလေးနဲ့ပဲ နောက်ဆုံးထပ်ဆုတောင်းပေးလိုက်ပါတယ်...
May all the love of those who matters to you, come to you beyond measure.

ရွှင်လန်းချမ်းမြေ့ ပါစေသော်ဝ်....
ကိုပီတာ....

ဒါကတော့ သူငယ်ချင်းလေး ဝေယံရဲ့ အမှတ်တရစကားလေးပါ။

သိတာသိပ်မကြာသေးဘူး။ အခုမှပဲတွေ့ဖူးတယ်။ ခင်ဖို့လဲ သိပ်ကောင်းတယ်။
မြန်မာပြည်ပြန်သွားပြီးရင်လဲ အကြာကြီးမနေပါနဲ့နော်။ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေ။
မအိန်ဂျယ်....အောင်မြင်ပါစေ...
တိတ်ကဲ....
မောင်ဝေယံ

ဒါကမကြီးငုံရဲ့ နှုတ်ဆက်စကားလေးးးးး

အားလုံးနဲ့ အမြဲတမ်း ပျော်ရွှင်ခဲ့ရပါတယ်။ Dim ရေ တနေ့နေ့တော့ ပြန်ဆုံဦးမှာပါ။ ခဏလေးတွေ့ပြီး ပြန်ခွဲရတော့လေ စိတ်မကောင်းဖြစ်ရပါတယ်။ ရောက်လေရာ နေရာတိုင်းမှာ အမြဲ ပျော်ရွှင်အောင်မြင်ပါစေ။
အမြဲတမ်းပြုံးပြုံးရယ်ရယ်နေတဲ့ Dim အမြဲတမ်းပြုံးရယ်နိုင်ပါစေနော်။ အမြဲတမ်းလဲ အဆင်ပြေပါစေ။ အောင်မြင်ပါစေ။ အမြဲတမ်းလဲ ခင်ဦးမယ်နော်။ မမေ့နဲ့နော်။
မကြီးငုံ

ဒါလေးကတော့ ကျွန်တော်တို့အိမ်က ငဇော်ရဲ့ ရင်ဘတ်ထဲက စကားလုံးလေးတွေပေါ့။

လူအသစ် တစ်ယောက်တိုးလာလို့ ငါတို့တော့ အင်အားတောင့်ပြီဆိုပြီး ၀မ်းသာမယ် ကြံတုန်းရှိသေးတယ်
လူအဟောင်း တစ်ယောက် လျော့သွားတော့မယ် ...
လူတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ကြတာချည်းပဲဆိုပေမယ့် ..
နှလုံးသားရှိသူတိုင်း သံယောဇဉ်နဲ့ မကင်းနိုင်ကြဘူးမို့လား ...
အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင်လေ ..
အဲ့ဒီနေ့က အိမ်ကျယ့်မျက်နှာကို ကျနော်မကြည့်ချင်ခဲ့ဘူးဗျာ ..
အထူးသဖြင့် ရထားစီးဖို့ စက်လှေကားက အဆင်း အိမ်ကျယ့်ကိုနောက်ဆုံးကြည့်လိုက်ရတဲ့အကြည့်ပေါ့...
ကျနော့်ကို နာကျင်စေခဲ့လို့ပါ ..
ခံစားရမယ်မှန်းသိရင် အစထဲက ဆုံစည်းခဲ့ဖို့မကောင်းဘူးလို့လဲ အိမ်ပြန်လမ်းတစ်လျှောက် တွေးလိုက်မိတယ်....
အခု .. ကျနော် ..
သူ (သူမ) ကို လွမ်းနေရပြီလေ ...
ဇော်

ချစ်မကြီး မနှင်း(နှင်းနဲ့မာယာ)ကလဲ ခုလို တခမ်းတနား နှုတ်ဆက်စကားခြွေခဲ့တယ်လေ။

Dim နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေကအများကြီးပဲ။ သူနဲ့ ပိုက်ဆံတွေလဲ အများကြီးကုန်တယ်။ လမ်းတွေလဲ အများကြီးလျှောက်ခဲ့ရတယ်။ အဲကောင်မလေးနဲ့ပေါင်းပြီးမှ ဒုက္ခတွေလဲ အများကြီးရောက်တယ်။

ဒူဘိုင်းသူ လူဆိုးမလေးတွေထဲက တစ်ယောက်ပြန်တော့မယ်ဆိုတော့ စိတ်လဲမကောင်းဘူး...
ချစ်မကြီးလို့ခေါ်ပြီး ချွဲနေတဲ့ အိန်ဂျယ်နဲ့ ဒေါ်လေး ဒေါ်လေးနဲ့ တချိန်လုံး စနောက်နေတတ်တဲ့ ဇော်တို့ကို
ညီမလေးတွေလို အရမ်းကို သံယောဇဉ်ဖြစ်ခဲ့ရတယ်...
ငုံကတော့ စကားများလွန်းလို့ သူနဲ့တွေ့ရင် ပတ်ပြေးနေရတာ..
သမီးပျိုက သူငယ်ချင်း အရင်းကြီး သူ့ကိုတော့ မနိုင်လို့ လွှတ်ထားတာကြာပေါ့...
ရှိတာက မဟာအင်အားကြီး မိန်းမသား ငါးယောက်
အားလုံးထဲမှာ မျက်နှာပြောင်ပြီး ပွဲကို ထိန်းတတ်တဲ့ အိန်ဂျယ်တစ်ယောက်ပြန်တော့
သူ့အဖော် ဇော်က တစ်ပင်တိုင်မင်းသမီးလေးအဖြစ်နဲ့ လွမ်းနေလေရဲ့...
အိန်ဂျယ်က ဓါးပြတိုက်တာတော်တယ်။ ပွဲရှိပီလားဟေ့ဆိုရင် သူဓါးပြတိုက်နေကျ ရေခဲမုန့်တွေ နောက်ဆိုရင် ကပ်မစားရတော့ဘူးပေါ့...
ကိုယ်က လူကြီးဆိုတော့ သူ့လို ဓါးပြတိုက်ရင် မရမှာသေချာတယ်...
အိမ်ဂျယ့်ကို လွမ်းမှာထက် သူ့ရေခဲမုန့်တွေကို ပိုလွမ်းမိမှာ သေချာတယ်...
လေဆိပ်ကို လိုက်မပို့တော့ဘူးနော်။ ဇော်ငိုတာတွေ့ရင် ကျုပ်လဲ မချော့တတ်ဘူး ဝိုင်းငိုမိမှာသေချာတယ်...
ဘာပဲဖြစ်ဖြစ် ပြန်တွေ့မယ်နော်...
နေရာတိုင်းမှာ ပျော်ရွှင်ပါစေ အိန်ဂျယ်လေးရေ...
ချစ်မကြီး မနှင်း

ဒါကတော့ သူငယ်ချင်းလေး သမီးပျိုရဲ့ အမှတ်တရ စကားလုံးတွေပေါ့။

အိန်ဂျယ်လေးရေ.......

ကိုဖြိုးရဲ့မွေးနေ့လေးကို သတိရမိသေးတယ်နော်။ ငါတို့တွေ သူများအမြင်ကတ်တဲ့ထိ သီချင်းတွေ အော်ဆို ကြတာလေ။ ငါကမဆိုတတ်တော့ နင်နဲ့ကပ်ဆိုရတာပေါ့။ ဒါပေမယ့် ငါတို့တွေ အရမ်းပျော်ခဲ့ကြတယ်နော်။ နင် အမှတ်၁၀၀ ရတော့ ငါလေ..ပျော်လိုက်တာ။ ပြီးတော့လေ ဘကြီးမိုး လိုက်ကျွေးတဲ့နေ့တုန်းကလေ ငါတို့ကလေးအုပ်စု ခံလိုက်ရသေးတယ်လေ။ ငါတို့အရည်တွေပဲ အ၀သောက်ကြတာလေ။ ငါတို့ဗိုက်ဝမှ လူကြီးတွေက ရှယ်တွေမှာတာလေ။ ငါတို့ခံလိုက်ရတယ်...ဟားဟား ဘာပဲပြောပြော ဒါတွေက အမှတ်တရတွေ ပေါ့နော်။ ငါဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။

ပါးချိုင့်လေးနဲ့နင့်ကို ငါအမြဲသတိရနေမယ်ဆိုတာ နင်ယုံပေးပါနော်။ ပွင့်ပွင့်လင်းလင်းရှိတဲ့နင်က ခင်မင်သူပေါလို့ သူငယ်ချင်းအတွက် ဂုဏ်ယူလို့မဆုံးပေါ့။ ဟန်ဆောင်မှု ကင်းတဲ့နင်က......ဘယ်တော့မှ အထီးကျန် မနေနိုင်သလို ဘယ်နေရာရောက်ရောက် ခင်မင်သူတွေပေါလို့ ငါ့သူငယ်ချင်းလေး ပျော်ရွင်နိုင်မှာပါဟာ။ ငါတို့တွေ ခွဲကြရတော့မယ် ဆိုပေမယ့် ငါ့ရင်ဘတ်ထဲမှာ နင်ရှိနေပါတယ်။ တွေ့ခဲ့ကြတဲ့ အချိန်တွေက တိုတောင်းလှတယ် ဆိုပေမယ့် ရင်ထဲမှာ နက်ရှိုင်းနေတယ်ဆိုရင် ငါတို့ရဲ့ခင်မင်မှုက အဆုံးမရှိပေါ့နော်။

အိန်ဂျယ်ရယ်...ငါလေ ပွင့်ပွင့်လင်းလင်းပြောရရင် နင့်ကိုမသွားစေချင်ဘူးဟာ။ ပျော်ရွင်စရာနေ့ရက်တွေက အမှတ်တရ အတိတ်အနေနဲ့ ကျန်ရှိခဲ့ပေမယ့် နောင်လာမယ့်အချိန်တိုင်းမှာ နင်မရှိတော့ သီချင်းဆိုမယ့် သူလည်းမရှိတော့ဘူးနော်။ ငါလေနင်နဲ့တွဲလို့ ရေခဲမုန့်လည်းကြိုက်တတ်နေပြီဟ။ ငါစားတိုင်း နင့်ကို သတိရနေမယ်နော်။ ထားလိုက်ပါတော့ အိန်ဂျယ်ရယ် ...မနက်ဖြန်ရဲ့နေ့ရက်တွေတိုင်းမှာ စက္ကန့်အချိန်တိုင်း ပျော်ရွင်နိုင်ပါစေလို့ ငါဆုတောင်းပေးနေပါ့မယ်နော်။

အချိန်တိုင်း မအားတဲ့ငါ့ကို စိတ်ရှည်ရှည်နဲ့ပွဲတိုင်းပါအောင် ညှိပေးကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ဟာ။ နင်ပြန်မယ့်နေ့မှာလည်း ငါရှိမနေပြန်ဘူး။ နောက်ဆုံးသွားကြမယ့် နေရာတွေကိုလည်း ငါမလိုက်နိုင်ပြန်ဘူးနော်။
ဒါပေမယ့် ငါ့စိတ်ကတော့ နင်နဲ့အတူရှိနေမယ်ဆိုတာ ယုံနော်။ အိန်ဂျယ်ပြန်မယ့် ခရီးလမ်း သာယာဖြောင့်ဖြူးလို့ ရှေ့ဆက်ရမယ့်လမ်းခရီးတွေလည်း အောင်မြင်ပါစေဟာ။
အမြဲခင်နေမယ့် သမီးပျို

အားလုံးရဲ့ ချစ်စရာ အမှတ်ရစရာ နှုတ်ဆက်ဆုတောင်းလေးတွေအတွက် ကျေးဇူးအကြီးကြီးးးးးးးးး အများကြီး တင်ပါတယ်နော်။
အားလုံးပေးခဲ့တဲ့ဆုတွေနဲ့ ပြည့်ပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.11.09 (Sun;)
11:50 Pm

Angel Shaper ရဲ့ ပထမဆုံးအကြိမ် နှုတ်ဆက်ပွဲကို ၂၃.၁၀.၀၉ (သောကြာနေ့)က ဒဒွေးမောင်နှမများ ဆုံဆည်းရာ Rolex Tower မှာ ဘကြီးများ အကိုတော် အမတော်များ နဲ့ အတူ ပျော်စရာအကောင်းဆုံး ကျင်းပခဲ့ကြတယ်။ အဲဒီနေ့ ပျက်ကွက်သူတွေကတော့ အမိမြေရောက် ကိုချမ်းနဲ့ မဒမ်ချမ်း၊ လတ်လတ်ဇော်နဲ့ အလုပ်များနေတဲ့ ကိုဖြိုး (လင်းကြယ်ဖြူ) တို့ပဲဖြစ်ပါတယ်။

ချစ်မကြီး မနှင်း (နှင်းနဲ့မာယာ) နဲ့ အရောက်သွားတော့ စပွန်ဆာပေးမဲ့ ဘကြီးမိုး တစ်ယောက်ထဲ ရောက်နေ လေရဲ့။ သူက စားနေကျဆိုင်ထက် ပိုအဆင်ပြေမဲ့ Tower ကြီးရဲ့ အပေါ်ဆုံးထပ် ဝရံတာမှာ ပိုစားကောင်းတယ် ဆိုပြီး စီစဉ်ထားပါတယ်။ ခနနေတော့ မငုံ (ကန္တာရမိုးစက်များ) နဲ့ သမီးပျိုတို့ ရောက်လာတယ်။ အထူးဧည့်သည် ကြီးဖြစ်တဲ့ ဒူဘိုင်းရွှေရောင်စဉ်ရဲ့ ကလောင်ရှင် (ဒူဘိုင်းရောက်မြန်မာMID အဖွဲ့ ကြီးအတွက်ပါ အားတက်သရော ပါဝင်နေသူ) ကိုသံလွင်လင်းဦးလည်း ရောက်လာပါတယ်။ ဦးပီ (ကိုပီတာရဲ့အတွေးပုံရိပ်)ကတော့ အချိန်တိတိ ကျကျ ရထားကြီးစီးပြီး ထွက်လာပေမယ့် နေရာကို ကျော်လိုက် ခွလိုက်နဲ့မို့ ဘကြီးမိုးဆင်းခေါ်မှပဲ နေရာမှန်ကို ရောက်လာနိုင်ပါတော့တယ်။ တစ်အောင့်နေတော့ အန်ကယ်ဦးကျော်ခင်နဲ့  ဆရာဝန်ဒေါက်တာ မမဆုလှိုင်ဝင်း တို့လည်းရောက်လာတယ်။ ဘကြီးသာ(ကိုသာယာ) တစ်ယောက် ကတော့ နောက်ဆုံးမှပဲ သာသာယာယာ ရောက်လာပါတယ်။

လူစုံတော့ စားသောက်ဖို့ မှာကြတယ်။ ဟော့ပေါ့အရင်မှာတယ်။ ပြီးတော့ ဟင်းတွေ တစ်ခုပြီးတစ်ခုမှာကြတယ်။ စားပွဲပေါ်မှာက စားစရာတွေက အစုံပါပဲ။ စားသောက်ရင်း ပြောကြ ဆွေးနွေးကြတယ်။ လူကြီးတွေ စကားပြော ကောင်းနေတုန်း စကားထက် အစားမက်တဲ့ မငုံ၊ သမီးပျို နဲ့ Angel Shaper တို့ဟာ ကလေးပီပီ အားရပါးရ စားကြတယ်။ ဟော့ပေါ့ကလဲ တစ်အိုးပြီးတစ်အိုး ကုန်တယ်။ ကိုယ့်ရှေ့ကအိုးကုန်လို့ ထပ်ဖြည့်တုန်း မဆူခင် တဖက်က လေပေါနေတဲ့ လူကြီးတွေရဲ့ အိုးနဲ့ ပြန်လဲ။ ဟဲဟဲ။ ပြီးတော့ Avocado လေးသောက်လိုက်၊ ကော်ပြန့်ကြော်လေးစားလိုက်နဲ့ နောက်ထပ် ဆက်ဆွဲမဲ့ပွဲအတွက် အားယူဖို့ Toilet တောင် သွားလိုက်ရ သေးတယ်လေ။ ခစ်ခစ်

Toilet အမှတ်တရတစ်ခု ပြောရမယ်ဆိုရင် Toilet ဆိုတာလဲမြင်ရော သုံးယောက်သား ကျေနပ်သွားတဲ့ ဒီဇိုင်းနဲ့ ဝင်ချသွားလိုက်ကြတာ အထဲမှာ သူ့ ကိစ္စသူလုပ်နေတဲ့ ကုလားတစ်ယောက် ကိုမြင်မှပဲ နေရာမှားဝင်လာမှန်း အထိတ်တလန့် သိလိုက်ရပါတော့တယ်။ အမျိုးသား Toilet ကြီးဖြစ်နေတယ်ဗျာ...ဟားးဟားးးး ဒီလိုနဲ့ သုံးယောက်သား ပြုံးစိစိနဲ့ ပြန်ထွက် လာရတာပေါ့။ ပြန်ထွက်မလာချင်လို့မှ မရတာကိုလေ။ အဟဲ...ဒီလိုနဲ့ အမျိုးသမီး Toilet ကို ကပြာကယာ ပြန်ပြောင်းပြေးရှာလိုက်ရတယ်။

ဒီလိုနဲ့ ကျေကျေနပ်နပ်ကြီး နောက်ဆက်ပွဲ စားစရာများကို ပြန်လည်ပြီး မှာယူ စားသောက်ကြပါတယ်။ ငါးကင် ကြီးတွေ၊ ငါးဟင်းအကောင်လိုက်ကြီးတွေ အများကြီးပဲဗျာ။ ဘယ်လောက်သောင်းကျန်းကြသလဲဆို "ဘကြီးမိုးရေ ဟိုဘက်စားပွဲက ကုလားမကြီးသောက်တဲ့ ဟာမျိုးသောက်ချင်တယ်" ဆိုတာမျိုးက ပါသေးတယ်။ ဟိဟိ........ အဲဒီနေ့ လူကြီးဝိုင်းက ဆွေးနွေးတာတွေ သိပ်များတော့ မမှတ်မိပါဘူး။ ဒူဘိုင်းမှာ မြန်မာတွေအတွက် အခမဲ့ စေတနာဆေးကုခန်းလေး ဖွင့်ဖို့တိုင်ပင်နေသံလည်း ကြားရပါတယ်။ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ အဲဒီနေ့လူကြီးတွေ စကားဝိုင်းတော်တော်နဲ့ကို မပြတ်တာဗျာ။ ကာရာအိုကေအစီအစဉ်မပါ၊ သီချင်းမဆိုရတော့ Angel Shaper တို့ ပျင်းပြီပေါ့။ ဂျီကျနေတဲ့ ကလေးတွေကို နားညည်းတဲ့အဆုံး ပထမအကြိမ်နှုတ်ဆက်ပွဲ ပြီးဆုံးကြောင်း ကြေငြာ အပြီးမှာ နားလည်လိုက်တာကတော့ အပျိုကြီးမနှင်းနဲ့ ဘကြီးမိုးတို့ရဲ့ လူလည်ကျတာကို ခံလိုက်ရတယ် ဆိုတာပါပဲ။ (ကာရာအိုကေ မပါအောင် အကွက်ဆင်ပြီး အဲဒီနေရာကို တမင်ရွေးပြီး ခေါ်လာမှန်း နောက်ကျမှ သိခဲ့ရတယ်လေ) ဟင့်ဟင့်။ မကျေနပ်ဘူးနော်။

ဒီလိုနဲ့ လမ်းမခွဲခင် Angel Shaper တို့အတွက် ရေခဲမုန့်ကတော့ မပါမဖြစ်ပါရပြန်ပါတယ်။ အန်ကယ် ဦးကျော်ခင်နဲ့ ဦးသာယာတို့ဟာ ရေခဲမုန့်ဖိုး ငါရှင်းမယ်၊ နင်ရှင်းမယ်နဲ့ ငြင်းခုန်နေကြပါတယ်။ ဘယ်လောက်ကုန်မယ်ဆိုတဲ့ အတွေ့အကြုံမသိသေးလို့ ငြင်းတာလဲ ဖြစ်နိုင်သလို သူတို့ရင်ထဲက စေတနာဆိုရင် ပိုမှန်မှာပေါ့။ အနိုင်ရသွားသူ ကတော့ ကံကောင်းသူ ဦးကျော်ခင်ဖြစ်ပြီး ကံဆိုးသူ ဦးသာယာ ရှုံးသွားပါတယ်။ ဒီတော့ အန်ကယ်ဦးကျော်ခင်ပဲ ရေခဲမုန့်ဖိုးတွေ တဝကြီးရှင်းလိုက်ရတာပေါ့လေ။

ဒီလိုနဲ့ ဘကြီးမိုးနဲ့ တကွ အဘတော်များ အကိုအမများကို ကျေးဇူးတင်ကြောင်း ပြောပြီး ရေခဲမုန့်ဆိုင်ကနေ လမ်းခွဲလာကြပါတယ်။ "ဘကြီးမိုးရေ အရမ်းပျော်တာပဲ ကျေးဇူးတင်လိုက်တာဗျာ။ အများကြီးကုန်မှာပဲနော်" ဆိုတော့ ဘကြီးမိုးက "ပါပါးလေးပါ" တဲ့။ "ဘာပါပါးလေးတုန်းဗျ ပိုက်ဆံအိတ် ပါးသွားတာကိုပြောတာလား" "မဟုတ်ရပါဘူးကွယ်။ သမီးတကယ်ပျော်တယ်၊ ကျေနပ်တယ်ဆိုရင် ကုန်ရကျိုးနပ်ပါတယ်" တဲ့လေ။ ဘကြီးမိုးရေ ကျေးဇူးသိပ်တင်ပါတယ်ဗျာ။

ဒုတိယအကြိမ်မြောက် နှုတ်ဆက်ပွဲ ကိုတော့ ၃၁.၁၀.၀၉ (စနေနေ့) မှာ ကိုဖြိုး (လင်းကြယ်ဖြူ)က စပွန်ဆာပေးပြီး ကိုဖြိုး၊ မနှင်း (နှင်းနဲ့မာယာ)၊ ငဇော် (ကျွန်တော်တို့အိမ်) နဲ့ Angel Shaper တို့လေးယောက် Burjuman Centre,( Noodle House )မှာ ပျော်ပျော်ကြီး ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီနေ့က လူမစုံပါဘူး။ ဘကြီးမိုးက မြန်မာပြည် အလည်ခဏပြန်ပြီး၊ ကိုချမ်းက ပြန်မရောက်သေးဘူး။ ကျန်တဲ့ အဘတော်တွေ အကိုအမတွေက မအားလပ်ကြပါဘူး။ ဒီတော့ အားလပ်နေတဲ့ လေးယောက်သား ဝတ္တရားမပျက် မပါဝင်နိုင်တဲ့သူတွေအစား အများကြီး မှာစားခဲ့ကြပါတယ်။ အဲဒီဆိုင်က ကိုမျိုးဆိုတာ ကိုဖြိုးရဲ့ အခန်းဖော် မြန်မာလူမျိုး သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူကပဲ စတော်ဘယ်ရီရှိတ်ကို တစ်ယောက်တစ်ခွက်တိုက်တဲ့အပြင် Angel Shaper အရမ်းကြိုက်တဲ့ Jasmine Tea မွှေးမွှေးလေး ကိုလဲ အလကားတိုက်ပါသေးတယ်။ ကျေးဇူးသိပ်တင်တယ် ကိုဖြိုးနဲ့ ကိုမျိုးရေ....

တတိယအကြိမ်မြောက် အစီအစဉ်အနေနဲ့ ၇.၁၁.၀၉ (စနေနေ့)မှာ Angel Shaper ရဲ့ ပူဆာမှုကြောင့် ကိုလင်းကြယ်ဖြူ ကိုကျော်ကျော်ထိုက်တို့ ဦးဆောင်ပြီး Jumeirah က နာမည်အကြီးဆုံး၊ အလှဆုံး နဲ့ပျော်စရာ အကောင်းဆုံး ဖြစ်တဲ့ Wild Wadi, Water Park ကို လိုက်ပို့ ပေးပါတယ်။ ပါဝင်ခဲ့ကြသူတွေကတော့ ကိုကျော်ကျော်ထိုက်၊ ကိုဖြိုး၊ မနှင်း၊ သမီးပျို၊ Angel Shaper နဲ့အတူနေ အမတော် မဇာနည်။ မအေကေ၊ မင်းမင်းနဲ့ ချမ်းချမ်းတို့ ပဲပေါ့။

အဲဒီနေ့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ရေဘောလုံးတွေစီးကြတယ်။ ရေလှိုင်ခေါင်းတွေစီးကြတယ်။ ဟိုးးးးးအမြင့်ဆုံး ကနေ ရေလျောစီးရတာ ရင်ခုန်ဖို့ကောင်းသလို ပျော်ဖို့လဲသိပ်ကောင်းပါတယ်။ ရေကူးကြတယ်။ ဆော့လို့ရသမျှ အကုန်အကုန် ဆော့ပြီးချိန်မှာတော့ စတုတ္ထအကြိမ်မြောက်ပွဲကို ဆက်မနွှဲခင် ကိုကျော်ကျော်ထိုက်က သူ့ ရဲ့ အိမ်တော်ကိုအလည်ခေါ်လို့ လိုက်သွားခဲ့ကြသေးတယ်။ ကိုကျော်ကျော်ထိုက်ရဲ့ မဟေသီချောလေး ဖျော်တိုက်တဲ့ ကော်ဖီနဲ့ မုန့်တွေ၊ အာလူးကြော်တွေကို စေတနာ အသိအမှတ်ပြုတဲ့အနေနဲ့  အကုန်ပြောင်အောင် ကူညီ စားသောက်ပေးခဲ့ကြပါတယ်။ မပေါ့မပါးနဲ့ ဧည့်ဝတ်ကျေပေးတဲ့ ကိုကျော်ကျော်ထိုက်ရဲ့ မဟေသီကို ကျေးဇူးအထူး တင်ရှိသလို၊ နားရက်လေးမှာ မဟေသီ့အနားတောင် ကပ်ခွင့်မရလောက်အောင် သွားချင်ရာ လိုက်ပို့ကူညီပေးတဲ့ ကိုကျော်ကျော်ထိုက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။

ကိုကျော်ကျော်ထိုက်တို့ရဲ့ ဂေဟာလေးကနေ စတုတ္ထမြောက် နှုတ်ဆက်ပွဲလေး ဆက်နွှဲဖို့ Burjuman Centre (Noodle House)ကို ညနေ ၆နာရီခွဲမှာ အားလုံးချီတက်ခဲ့ကြတယ်။ အဲဒီပွဲလေးမှာတော့ ယောက္ခမလောင်း အလည်လာတာတောင် မအားလပ်တဲ့ကြားက ချစ်ညီမလေးကို နှုတ်ဆက်ချင်လို့ ဆိုပြီးရောက်လာတာ ချစ်ဖို့ ခင်ဖို့သိပ်ကောင်းတဲ့ မငုံပါ။ နောက်ပြီးတော့ နိုက်ဂျူတီအထွက် အိပ်ရေးမဝတဝနဲ့ ချစ်သူငယ်ချင်းကို နှုတ်ဆက်ဖို့ လာတာ ဇော်ပေါ့။ ယုံအောင်လဲပြောတတ်တယ်၊ လွမ်းအောင်လဲ ချွဲတတ်တဲ့ ညီမလေးကို နှုတ်ဆက်ချင်ပါတယ် ဆိုတဲ့ ကိုပီတာ နဲ့ ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး၊ မေးမြန်းပြီးလာရမှာပဲ ဆိုကာ အရောက်လာတာ ဒဒွေး ဘလော့ဂါသစ်လေး မောင်ဝေယံ တို့ပါပဲ။ ဒီလိုနဲ့ တစ်ဖွဲ့လုံး မောမောပန်းပန်း နဲ့ပဲ တစ်ဝကြီး မှာကြစားကြ သောက်ကြပါတယ်။ ဒီပွဲကိုလဲ ကိုလင်းကြယ်ဖြူရဲ့ ကဒ်လေးနဲ့ပဲ ဆင်နွှဲလာကြတာပါ။ အဲဒီဆိုင်မှာကိုမျိုးနဲ့  မြန်မာ အမကြီး တစ်ယောက်ရှိပါတယ်။ လူ ၁၁ယောက်စာကို ၇ယောက်စာပဲယူတဲ့အပြင် ချက်ပြုတ်ခန်းထဲက မြန်မာ အကိုတွေကလဲ တစ်ပွဲကို ပုံမှန်သုံးပွဲစာလောက် အများကြီး လုပ်ပေးခဲ့ကြပါတယ်။ ဒီနေရာမှာ မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့်လေး တစ်ခုကိုလဲ မသိမသာလှမ်းတွေ့ နိုင်ပါတယ်။ မြင်တတ်ရင်ပေါ့။ အဟဲ.... ကိုမျိုးက သိပ်ကောင်းပြီး ဈေးသိပ်ကြီးတဲ့ Angel Shaper အကြိုက်ဆုံး Jasmine Tea လေးအိုး တိတိနဲ့ နောက်ဆုံး ဧည့်ဝတ်ကျေသွားလိုက်ပါသေးတယ်။ ပါဆယ်တော့ မဆွဲခဲ့ပါဘူး။ အဟဲ....

အဲလိုစားသောက်ပြီးတော့ တစ်ယောက်ချင်းစီကနေ အမှတ်တရ စကားလေးတွေ ချွေဖို့တောင်းဆိုပြီး ဖုန်းလေးနဲ့ Record လုပ်ထားတယ်။ တစ်ယောက်တစ်ခွန်းချွေပြီးချိန်မှာ ကိုပီတာက The Best Seller No.6 ရထားတဲ့ The Secret ဆိုတဲ့စာအုပ်ကောင်းလေး တစ်အုပ်နဲ့ တန်ဖိုးကြီးကြီးလှလှပပ ဖောင်တိန်လေးတစ်ချောင်း လက်ဆောင် ပေးတယ်။ အဲဒီစာအုပ်ရဲ့ အထက်စာမျက်နှာတွေမှာ သူတို့တွေရဲ့ အမှတ်တရ လက်မှတ်လေးတွေလည်း ထိုးပေး ကြတယ်။ အရမ်းကို အမှတ်ရစရာ ကောင်းတဲ့ နှုတ်ဆက်ပွဲပါ။

Angel Shaper ဒူဘိုင်းကို မထင်မှတ်ပဲရောက်လာခဲ့တယ်။ ဒီဒူဘိုင်းကနေ ဒီလို ချစ်စရာကောင်းတဲ့ မိသားစု မောင်နှမတွေနဲ့ ဆုံရမယ်လို့ ထင်မထားမိဘူး။ ချစ်စရာသိပ်မကောင်းတဲ့ ခပ်ဆိုးဆိုး Angel Shaper ကို ချစ်စရာ ကောင်းတဲ့ သူတို့ရဲ့ မေတ္တာ၊ စေတနာတွေကြောင့်သာချစ်ခင်ခဲ့ကြတာပါ။ ဒီလို မိသားစု မောင်နှမတွေ သာမက အွန်လိုင်းပေါ်ကနေ မောင်နှမတစ်ချို့ ရသလို ဘလော့ပေါ်မှာလဲ ဖေကြီး၊ ဘကြီး အကိုအမ မောင်နှမတွေ အများကြီး ရခဲ့ပါတယ်။ ဒီလူတွေအားလုံးဟာ ဘုရားသခင်ပေးတဲ့ ဆုလေးတွေဖြစ်လို့ ဘုရားသခင်ရဲ့ ကျေးဇူး တော်ကိုလဲ ချီးမွမ်းပါတယ်။ မထင်မှတ်ပဲရရှိခဲ့တဲ့ အားလုံးရဲ့ မေတ္တာ၊ စေတနာနဲ့ ခင်မင်မှုလေးတွေအတွက် ကျေးဇူးတင်ပြီးရင်း ပိုမိုချစ်ခင်လာရပါတယ်။ ဘယ်တော့မှ မေ့ဖျောက်လို့ရမှာမဟုတ်တဲ့ ခင်မင်မှုလေးတွေနဲ့ အမှတ်ရ သတိရနေမှာပါ။

Angel Shaper အတွက် စေတနာ၊ မေတ္တာ၊ အချိန်၊ ငွေ၊ အင်အား အများကြီး ပေးဆပ်ခဲ့ကြတာတွေအတွက် အတိုင်းထက်အလွန် ပါပဲလို့ ကျေးဇူးတင်စကားလဲ ပြောချင်ပါတယ်။ အားလုံး ပေးခဲ့တဲ့ ဆုတွေနဲ့ ပြည့်စုံပါစေ။
အားလုံးလည်း မေတ္တာတရားနဲ့ ပြည့်ဝလို့ ငြိမ်းချမ်းတဲ့ ဘဝလေးတွေ အောင်မြင်ပျော်ရွှင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင် နိုင်ပါစေလို့လဲ တောင်းဆုပြုခဲ့တယ်။

စကားမစပ် ဒီအိမ်သစ်လှလှလေးဟာ Angel Shaperရဲ့ အကိုတော် ကိုသားကြီး စိတ်တိုင်းမကျမချင်း စိတ်ကြိုက် ဖြစ်အောင် ခေါင်းစားပြီး အိပ်ချင်မူးတူးနဲ့ စိတ်ရှည်လက်ရှည် ဆောက်ပေးခဲ့တဲ့ အိမ်သစ်လေးပါ။ သူ့ရဲ့ အမှတ်တရ လက်ဆောင်လေးပေါ့။ ကိုသားကြီးကိုလည်း ကျေးဇူးကြီးကြီး တင်တယ်နော်။





ချစ်ခြင်းများစွာဖြင့်
Angel Shaper
11.11.09 (Wed;)
1:11 Am

Angel Shaper လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ကျန်းမာရေးတွေ ချူချာလိုက်တာ တုပ်ကွေးဖြစ်လိုက်၊ လေးဘက်နာဖြစ်လိုက်နဲ့ ဘယ်မှမလည်မပတ်နိုင်ဖြစ်နေလို့ သူငယ်ချင်းမောင်နှမတွေကိုလွမ်းနေပါတယ်။ (အရင်ချွဲပြလိုက်ဦးမှ... အဲလေ...ချွဲပြတယ် ထင်ကြဦးမယ်။ ဂယ်ပြောတာပါဂျာ)

လွန်ခဲ့တဲ့ တပတ်လောက်က လေးဘက်နာတွေ ပြန်ဖြစ်ပြီး တံတောင်ဆစ်က အရိုးကြီးတွေကိုက်လို့ ဘာလုပ်ရမယ် မှန်းလဲမသိဘူး။ ဆေးခန်းသွားပြဖို့ကလဲ ဆေးခန်းကပေးမဲ့၊ သောက်ရမဲ့ဆေးတွေကို ကြောက်လို့ မသွားချင်၊ အဲလို ပေတေနေလိုက်တာ။ ညညတောင် အိပ်မရအောင် ကိုက်လာတဲ့အဆုံးတော့ ဆေးခန်း ပြေးရပြီပေါ့။ ပြန်လာတော့ မသက်သာလို့ တစ်ခုခုလိမ်းမှဆိုပြီး လိမ်းဆေးလိုက်ရှာမိတယ်။ လိမ်းဆေးကလဲ ရှာမတွေ့တော့ ရှာတွေ့တဲ့ အကြောတွေ၊ ကြွက်သားတွေ နာရင်ဖျန်းတဲ့ Spray ဗူးကို ဒါလဲ ပူတာပဲလေ အဆင်ပြေမှာပါ ဆိုပြီး ကိုယ့်ကိုယ်ကို ဒေါက်တာရမ်းကုလုပ်လိုက်တာ......ဘယ်ပြောကောင်းမလဲ Allergy ဖြစ်တယ်လေဗျာ။ ဘယ်ဘက်လက်တစ်ခုလုံး ထုံကျင်ပြီး ယောင်ကုန်ရော။

အဲဒါ...ဘယ်လို လုပ်ရမယ်မှန်း မသိဘူး။ အခန်းထဲမှာကလဲ ဘယ်သူမှမရှိဘူး။ အွန်လိုင်းပေါ်မှာ သူငယ်ချင်း မောင်နှမတွေတော့ ရှိတယ်လေ။ ကိုမြစ်(မြစ်ကျိုးအင်း)ကိုတွေ့လို့ ပြောပြတယ်။ "အကိုရေ၊ သမီး ဒီလိုဒီလို ဖြစ်တယ်" ဆိုတော့ သူကလဲ ဖွားကီ့ကို လှမ်းမေးပေးတယ်။ ချစ်မကြီးမနှင်း (နှင်းနဲ့မာယာ) ကိုလဲတွေ့ လို့ "ချစ်မကြီးရေ သမီး ဒီလိုဒီလို ဖြစ်တယ်၊ ဟင့်ဟင့်" ဆိုပြီး ချွဲမိပြန်ရော.. သူကလဲ ကိုယ်တို့ ဒူဘိုင်းက ဆရာဝန် ဒေါက်တာမမဆုမွန်ကို ဖုန်းဆက်မေးပေးရှာတယ်။ ပါးလုံးကိုလဲ မရှောင်ဘူး။ "သူငယ်ချင်းရေ...ငါလေ ခု ဒီလို ဖြစ်နေတယ်ဟယ်။" ဆိုပြီး ငိုမိပြန်ရော...လူက ထူပူနေတာကိုးးးးးးးးးးး တွေ့ ရာလူကို ဒုက္ခပေးရတော့တာပေါ့။ သူလဲ သူသိသလောက် ဆေးတွေ ညွှန်းပေးရှာတယ်။ ဝက်ကလေးကတော့ သိတဲ့အတိုင်းပဲ ကြင်ကြင်နာနာနဲ့ အားပေးရှာပါတယ်။ "သမီးကြီး အိန်ဂျယ်ရယ် မသေနိုင်ပါဘူးဟယ်" တဲ့။ ငိုရမလို၊ ရယ်ရမလိုဖြစ်ရတာပေါ့။ ဝက်လေ အဲလိုပြောရက်တယ်။ ဟင့်ဟင့် (လူမဆန်လိုက်ပုံ...အဲလေ... က်မဆန်လိုက်ပုံများ ပြောပါတယ်။။ ဟွန်း)

အွန်လိုင်းနေတဲ့ အဒေါ်ကလဲ စိတ်ပူပြီး ဆေးခန်းမြန်မြန်ပြန်သွားနဲ့ အတင်းနှင်လွှတ်နေပြီ။ အဲဒီအချိန် အကိုမြစ်က "သမီးကြီးရေ ဘာမီတွန် ၂လုံးသောက်၊ ရေခဲအိတ်နဲ့ ယောင်တဲ့နေရာကို အုပ်လိုက်လို့ မကီပြောတယ်" တဲ့။ ချစ်မကြီးကလဲ မမဆုမွန်ဆီက ဆေးတွေလိုက်ညွှန်းနေတယ်လေ။ "ဘာမီတွန်၊ စီထရင်း၊ အလက်ဇန်" တွေ သောက်ရမတဲ့။ ဟင်...ဘာဆေးတွေလာပြောမှန်းမသိဘူးဆိုပြီးးးးးးး ကြံရာမရတဲ့ အဆုံး တစ်ဖက်ခန်းကိုပြေး ဘာမီတွန်သွားရှာပြီး ၂လုံး သောက်ချလိုက်တယ်။ ရေခဲသေတ္တာထဲက ရေခဲတုံးတွေကို အ၀တ်နဲ့ သေချာထုတ် ဒါပဲ အုပ်လိုက်တယ်။ တအောင့်နေတော့ အယောင်က တဖြည်းဖြည်းလျော့ကျလာပြီး ရင်ထဲက အလုံးကြီးလဲ တဖြည်းဖြည်းကျလာတယ်လေ။ ဟူးးးးးးးးးးး ဒါဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် Angel Shaper အတွက် တကယ်မမျှော်လင့်ပဲ ခြောက်ခြားခဲ့ရတဲ့ Accidental Allergy ပါပဲ။

ဒီလိုရောဂါတွေ သက်သာပြီးတော့ အိမ်ပြောင်းတာနဲ့ တိုက်ဆိုင်ပြန်ကော......... အိမ်သစ်မှာ နက်မရသေးလို့ သုံးလေးရက် စောင့်ရတယ်။ နက်ရတဲ့နေ့ သောင်းကျန်းမယ်လို့ ကြံရွယ်တုန်းရှိသေး ဟိုတစ်ခါဖြစ်တာဘယ်လက် ခုက ညာဘက်ပြန်ကိုက်တယ်လေ။ ဒီတော့ မနက်အိပ်ရာနိုးတာနဲ့ ချစ်မကြီး မနှင်းကို ဖုန်းဆက်လိုက်တယ်။ သူက "ချစ်ညီမရေ ဆေးဝယ်လာမယ်" တဲ့။ သူကိုယ်တိုင် အစားလာကျွေး၊ ဆေးတွေ တစ်ပုံကြီး ဝယ်တိုက်တယ်။ အဲဒီဆေးတွေ သောက်ပြီး ခုငြိမ်နေရတယ်လေ။

မပြန်ခင် သောင်းကျန်းလိုက်ဦးမဟဲ့လို့ စိတ်ကူးရင်း ပျော်နေတဲ့ သနားစရာ Angel Shaper မှန်းချက်နဲ့ နန်းထွက် မကိုက်ဘူး ဖြစ်ရပြီပေါ့။ ခုတော့ ချစ်တဲ့ အကိုအမတွေ၊ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု၊ ဆုတောင်းမေတ္တာပို့သမှု တွေကြောင့် သက်သာလာလို့ နောက်နေ့ ကစပြီး ဘလော့တခွင် ပြဲပြဲစင်အောင် ဝင်ရောက်မွှေနှောက် သောင်းကျန်း နိုင်တော့မယ်လို့ မျှော်လင့်မိပါကြောင်းနှင့် ဆေးကုပေးတဲ့ မမဆုမွန်၊ ဖွားကီနဲ့ ကိုယ်စားလှယ် ဆရာဝန် ကိုမြစ်၊ မကြီးနှင်း၊ သူငယ်ချင်းညီမတွေဖြစ်တဲ့ ပါးလုံးနဲ့ ဝက်စုတ်၊ စလုံးကနေ စိတ်ပူပြီး "ဆေးခန်းသွား၊ ဆေးသောက် ပေတယ်၊ တေတယ်" လို့ ဖုန်းဆက်ပြီးဟောက်ဖော်ရတဲ့ သူငယ်ချင်း ရေတမာ၊ "ချင်းပိန်...နင့်လက်နှစ်ဖက်လုံး ဖြတ်ပလိုက်ဟာ ရှုပ်တယ်" ဆိုပြီးကြင်နာတဲ့ အားပေးမှုနဲ့ အကြံပေးတဲ့ သူငယ်ချင်းလကြီး (တလနွန်)၊ "ညီမလေးရေ...အအေးမခံနဲ့၊ ခဏခဏဖြစ်ရင် နှလုံးရောဂါပါဖြစ်တတ်တယ်၊ ဂရုစိုက်နော်။ အိပ်ရေးဝဝ အိပ်ပေးရတယ်" လို့ အားပေးနားချသွားတဲ့ ကိုဘိုကြီး(ကိုမိုးကုတ်သား)၊ "င့ါအမေ သောက်တဲ့ မြန်မာဆေးတွေ မေးပေးထားမယ်။ ပြန်လာရင် အဲဒါနဲ့ သေချာကုလိုက်ရင် ကောင်းသွားလိမ့်မယ် သယ်ရင်းနော်။ ဘာမှအားမငယ်နဲ့ " လို့ အားပေးသွားတဲ့ သူငယ်ချင်း နန်းဝေ (ချစ်နန်းဝိုင်)၊ စီဘောက်စ်က တစ်ဆင့် စိတ်ပူပြီး လာအော်၊ လာမေးကြသူတွေ၊ ဆုတောင်းပေးသွားကြသူတွေ၊ သူငယ်ချင်းမောင်နှမများ အားလုံးကို ကျေးဇူးကြီးကြီးတင်ပါတယ်လို့။

ကျေးဇူးတင်တယ် ဆိုတဲ့ စကားကို ကျေးဇူးတင်လို့ တင်မှန်းသိအောင်တောင် ပြောမပြတတ်၊ ဖော်မပြတတ်တဲ့ Angel Shaper ချင်းတိုင်းရင်းသူလေး တစ်ယောက်ကို နားလည်ပေးစေချင်ပါတယ်။
Angel Shaper ရှင်းရှင်းလင်းလင်း မြန်မာလိုပဲပြောတော့မယ် အားလုံးကို ကျေးဇူးတင်သလို လေးစားချစ်ခင်ရပါတယ်ဗျာ။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
3.11.09 (Tue;)
2:45 Am

အလုပ်ထဲမှာဗျာ (၁) မှာ မကျနပ်ချက်တွေ ဖွင့်ထုတ်ဖူးတယ်မို့လား။ ဒီတစ်ခါ အလုပ်ထဲမှာ အသစ်ရလာတဲ့ သူငယ်ချင်း မောင်နှမသစ်တွေ အကြောင်း ကြွားရင်း အလုပ်ထဲမှာ ပေါခဲ့တောခဲ့ကြတာလေးတွေ အဲလေ... ပျော်ခဲ့ပါးခဲ့ကြတာလေးတွေ ရေးချင်ပါတယ်။

Angel Shaper တစ်နှစ်လုံး ဒီဆိုင်မှာ တစ်ဦးတည်းသော မြန်မာဖြစ်နေတာ။ ပြန်ခါနီးမှပဲ သူငယ်ချင်းသစ်တွေ ရလာတယ်။ တစ်ယောက်တည်းတုန်းကတောင် တစ်ဆိုင်လုံး ဗြောင်းဆန်နေအောင် သောင်းကျန်းခဲ့တာ ခု Angel Shaper အပါအဝင် မြန်မာလေးယောက်ဖြစ်နေပြီလေ။ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ စဉ်းစား၍သာကြည့်ကြပါကုန်။

Angel Shaper ပထမဆုံးမိတ်ဆက်ပေးချင်တာ အရင်ဆုံးရောက်လာတဲ့ အကိုသူငယ်ချင်းအသစ် မင်းမင်းပါ။ သူကတော့ အေးအေးလေးနဲ့  အင်မတန်အစအနောက်သန်တဲ့သူ၊ Angel Shaper ရဲ့ ထမင်းဗူးကို တာဝန်ယူရတဲ့ သူပါ။ နောက်တစ်ယောက်က ကြိုင်ကြိုင် (ခ) ကြိုင်ကြီးလို့ ချစ်စနိုးခေါ်တဲ့ ကိုကြိုင်သင်းပါ။ သူကတော့ ငါးပိကြော် ဗူးလေးနဲ့  ချဉ်ရည်ဟင်းလေး ပုံမှန်နီးပါး ထည့်လာပေးတဲ့သူပေါ့။ နောက်တစ်ယောက်က ဟင်းချက်ကောင်းတဲ့ ကျော်ဇင်ပါ။ တစ်ခါမှ ဟင်းမချက်ဖူးပါတဲ့။ သူချက်လာတဲ့ ဟင်းမှန်သမျှ ကောင်းလွန်းလို့ ကိုယ်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက် အားပေးလေ့ရှိပါတယ်။

Angel Shaper က တစ်ဦးတည်းသော သူတို့ ရဲ့ ညီမတော်ဆိုတော့ Break အရင်ယူရပါတယ်။ ဒီတော့ကာ ဘယ်ပြောကောင်းမလဲ ကိုသားကြီး ညီမ သမီးကြီးပဲ အစားဆိုရင်တော့ အဟဲဟဲ.......သိတယ်ဟုတ်။ ထမင်းဗူးတွေ ဟင်းဗူးတွေ တစ်ပုံကြီးကို မစားခင် အပြင်ကိုလာကြွှားရတာအမော။ " ကြည့်ကြစမ်းပါဦးဗျာ။ ဘာဖြစ်လို့များ ကျွန်တော် ဒီလို အခွင့်အရေးမျိုးကို ခုများမှ ရတာလဲ။ တစ်လပဲရတော့မဲ့ ဒီအခွင့်အရေးကို လက်မလွတ်သင့် ဟီးးးးးဟီးးးးးး " ဆိုပြီးထွက်အော်ရင် သူတို့ တွေ သာမက ဆိုင်ကလူတွေ အကုန် တဟားဟား အော်ရယ်ပြီး အားကျရတဲ့ အဖြစ်ဗျာ။ ကိုယ်ကလဲ သူတို့ ချက်လာတဲ့ ဟင်းတွေ မှန်သမျှကို ညီမငယ်ပီသစွာ အားပေးခဲ့ရတာ ပေါ့နော်။

နောက်ပြီး အူကြောင်ကြောင်ကောင်တွေများ အကိုတော်တွေဆီကတဆင့် "စကားပြောရင်၊ ရယ်ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ ကောင်မလေးလေ သူ့ ကို ဒီကဒ်လေး ပေးပေးပါ။ သူ့ဖုန်းနံပါတ်ပေးပါ" ဆိုပြီး သူတို့ ကဒ်တွေများ ပေးထားခဲ့တာတို့ ဘာတို့ညာတို့များဆိုရင်တော့ ဆွဲဖြဲကြတယ်။ ဖုန်းနံပါတ်တော့ တစ်ခါတလေ ပေးကြတယ်။ ဟဲဟဲ...ဆိုင်က ဘော်ဘော်ကြီး ( Soul လို့ခေါ်တဲ့ Morocco က Arabic ပါ) ရဲ့ ဖုန်းနံပါတ်ကို ပေးကြတယ်။ ဘော်ဘော်ကြီးကို ခေါ်မိလို့ကတော့ မလွယ်ဘူးမှတ်ပါ။ သူက အသေစားတာပါဆို (ခေါင်းပြောတာ) ဟိဟိ။ ပြီးတော့ သူက ကိုယ့်ရဲ့ ဖိုက်တာလေ။ ကိုယ်လုပ်တဲ့ ပြသနာမှန်သမျှ လိုက်ရှင်းပေး၊ ကာကွယ်ပေးတဲ့ အားကိုးရသူ ဘော်ဘော်ကြီးပေါ့။ အဲသလိုပေါ့ ကိုယ့်ကို ရိသဲ့သဲ့ လာရိရင်တော့ အကိုတော်တွေကော ဘော်ဘော်ကြီးကော နည်းမျိုးစုံနဲ့ ငကြောင်တွေကို ပညာပြပေးကြပါတယ်။ ကိုယ့်ညီမကို ဘယ်သူကများ တစ်ပါးသူလက်ထဲ ရောက်အောင် ကူညီမလဲလေနော်။ အဲလို စိတ်ချရတဲ့ ဘော်ဒီကဒ်တွေ ရထားတယ်။ အဟဲ...

ဆိုင်ကို မြန်မာတွေ စကားတွတ်ထိုးပြီး ဝင်လာတာမြင်ရရင်ဖြင့် လေးယောက်သား တပြုံးပြုံးနဲ့  ဘာမှဝင်မပြောပဲ နောက်ကနေ ဘယ်လိုစရမလဲချောင်းပြီး တစ်ခုခုမေးမှ မြန်မာလိုပြန်ဖြေပေးလိုက်ရင် ဟိုက ကြောင်သွားတာတို့၊ လန့်ဖြန့်သွားတာတို့ ဖြစ်ရော။ အကိုတစ်ယောက် လာလည်တုန်းကဆို လေးယောက်သားလုပြီး စကား လိုက်ပြောကြတာ အမောဗျာ။ ပြီးရင် လေးယောက်သားလုပြီး ပြည်တွင်းဖြစ် ( made in Myanmar) တွေကို လိုက်ကြွားရတာ၊ လိုက်ကြော်ငြာရတာ အမောဗျာ။ ဈေးကလဲ အကြီးဆုံးဗျ။ အဲလိုနဲ့ အဲဒီအကိုကြီးဆို နားပူလို့နေမယ်။ နောက်မလာရဲတော့ဘူး ဟီးးဟီးးးးးးးး အမှန်က SPRINGFIELD ဆိုတာ SPAIN BRAND ပါ။ ဈေးအကြီးဆုံး၊ ဒီဇိုင်းအလှဆုံးနဲ့  အကောင်းဆုံးတွေဟာ ကိုယ့်နိုင်ငံက ထုတ်တာပိုများသလိုဖြစ်နေတော့ ကြွားကြတာပေါ့ဗျာ။ ဂုဏ်လဲယူမိပါတယ်။ ဒီလေးယောက်လက်ချက်နဲ့  လာသမျှ မြန်မာတွေမှာ ခေါင်းတွေ မူးနောက် သွားလောက်အောင်ကို ဧည့်ဝတ်ကျေခဲ့ကြတယ်။

နောက်တစ်ခါကတော့ ကြိုင်ကြိုင်နဲ့ ဘော်ဘော်ကြီးတို့ METRO ရထားစီးတိုင်း ဆုံနေကျ မမလှလှ နှစ်ယောက် ဆိုင်ကိုလာတဲ့ တစ်နေ့ပေါ့။ သူတို့ နှစ်ယောက် ဆိုင်မှာ အကျီ င်္တွေလာကြည့်ကြတယ်။ စကားကလဲ တွတ်ထိုးပြီး ပြောနေကြလေရဲ့။ အကျင့်အတိုင်းစနောက်ကြဖို့ မျက်စပစ်ပြီးကြပြီလေ။ ဘော်ဘော်ကြီးက သူတို့နှစ်ယောက်ကို Metro စီးရင်အမြဲတွေ့တယ်။ ချောတယ်။ သူတို့ ဘာစကားပြောတာလဲ နားထောင်ကြည့်။ ဆိုပြီး ကိုယ့်ကို ဝင်ရောခိုင်းတာပေါ့။ မြန်မာလားတဲ့။ ကိုယ်က သိပေမဲ့ မသိသလိုနေဦး။ နားထောင်ကြည့်မယ် ဆိုပြီး သူတို့ကို လိုက်ကြည့်နေတုန်းမှာပဲ Fitting Room ထဲ အကျီတွေ ဝတ်ကြည့်နေတဲ့ ပြောင်အိုကြီး ( အဘိုးကြီး မို့လို့ပါ) ထွက်လာတော့ သူတို့ တွေတစ်ဖွဲ့တည်း ဖြစ်နေမှန်း သိလိုက်ရတော့တယ်လေ။ ဘော်ဘော်ရော ဟိုသုံးယောက်ရော တစ်ယောက် တစ်လှည့်ကြည့်ပြီး မျက်စိမျက်နှာပျက်သွားရတာပေါ့။ ဘော်ဘော်ကြီးကတော့ ရုပ်ချောလို့ ကိုယ့်ကို ဝင်ရော ခိုင်းတာ အဘိုးကြီးနဲ့ ဖြစ်နေလို့ပေါ့။ ကိုယ်တွေကတော့ သိတယ်မလား နှမြောမိတာပါ။ ကိုယ့်အမ ချောချော လှလှလေးတွေကို လူမျိုးခြား အဘိုးကြီးလက်ထဲ ထည့်ပေးလိုက်ရသလို ခံစားရတာပါ။ ဘော်ဘော်ကြီးက သူတို့ ထွက်သွားပြီးတော့မှမေးတယ် " မြန်မာလား" တဲ့။ ကိုယ်ကလဲ အညံ့မခံ "အရူးးးးးးး နင်ဂျပန်လိုမတတ်ဘူးလား။ သူတို့ ဂျပန်လိုပြောနေတာလေ။ ဟွန်းးးးးး " လို့အရူးကွက်နင်းပြီး သူ့ ကို ဟောက်စားလုပ်ခဲ့တယ်။ ငါကဂျပန်လို နှုတ်ဆက်တာလောက်ပဲ တတ်တာလေတဲ့။ အမှန်ကိုယ်ဆို ဂျပန်လို ဟယ်လို လို့တောင် နှုတ်မဆက်တတ်ပါဘူး။ အဲဒီ မမလှလှလေးတွေကိုတော့ မစမနောက်လိုက်ရပါဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်ရင်အစုံကို နင်းခြေသွားသလိုကို ခံစားရပါတယ်။ တကယ်နှမြောမိတယ် မမတို့ရေ။

အဲ......ကျန်ပါသေးတယ်။ တစ်ချို့ လူမျိုးခြားတွေကို ကြိုက်သလိုနာမည် ပေးခေါ်တတ်ကြသေးတယ်။ ဥပမာ ထိပ်ပြောင်လေး ဆိုရင် (ပြောင်ကလေး၊ ပြောင်လေး)ပေါ့။ ထိပ်က နဲနဲပိုပြောင်ရင် (ပြောင်ကြီး)ပေါ့။ ကတုံး ဆိုရင်တော့ကတုံးပါပဲ၊ တခြားကတုံးတွေကိုတော့(ဆံရှည်)၊ ဆံပင်နဲနဲပဲပေါက်ပြီး ထိပ်ကလေးကွက်ပြောင်နေရင် (ကွက်ကလေးပြောင်)၊ အဲလို အမျိုးမျိုး နာမည်ပေးပြီးခေါ်တတ်ကြတယ်။ တစ်ခါဆို ပြောင်ကြီးတစ်ယောက် အကျီ ဝတ်ကြည့်နေတာ သူနဲ့မတော်လို့ နောက်ဆိုဒ်တစ်ခုတောင်းတယ်။ သွားရှာပေးပြီး ပြန်လာတော့ သူက တံခါးကို ပြန်ပိတ်ထားတယ်လေ။ ကိုယ်လဲ ဘယ်လိုခေါ်တယ်မှတ်လဲ "ပြောင်ကြီးရေ... "လို့ခေါ်လိုက်တာ ဟိုက "ရားးးး" တဲ့ "အလဲ့။ နားလည်တယ်။ ထူးတတ်တယ်တော့" ဆိုပြီး လေးယောက်သား ပြုံးစိစိနဲ့ပေါ့။ နောက်တစ်ခါ မင်းမင်း အလှည့်မှာတော့ "ပြောင်ကြီးရေ.. "ခေါ်တာ ဟိုကမထူးဘူးဗျာ။ သူလဲအကြံကုန် "အဖေရေ...."လို့ ခေါ်လိုက်ကော ဟိုက "ဝေးးးးးးးး" တဲ့ဟဟားးးးးးးးးးးးးး မင်းမင်းခံလိုက်ရတာလေ။ အချောင် ကုလားထိပ်ပြောင်ကို အဖေတော်လိုက်ရတယ်။ အဟိ အဲလို အဲလိုတွေဗျာ။

ကောင်မလေး ချောချောလေးတွေများ သူတို့မောင်ငယ်လေးတွေအတွက် ဈေးဝယ်လာရင်တော့ အဲဒီ ကောင်လေးတွေက ဟိုသုံးယောက်ရဲ့ ယောက္ဖ ဆိုတဲ့ နာမည်ရရောပေါ့။ ကောင်လေးက အကျီ င်္ဝတ်ကြည့်တယ်။ "အဆင်ပြေလား" မေးရင်း ဟိုဘက်ကို "ကြည့်စမ်း ကြိုင်ကြိုင် ငါ့ယောက္ဖလေး "ဆိုပြီး တဖက်ကိုတော့ "ယောက္ဖရေ Size, Ok! " လက်မထောင်ပြလိုက်တာ ဟိုကလဲ "အိုကေ" ပေါ့။ ဟဟားးးးးးးး ကြားထဲက ကောင်လေးငယ် ခမျာ သူ့အမချောချောလေးကို ပေးလိုက်ရတယ်ဗျာ။

ကုလားချောချောလေးတွေများ သေချာပြုံးပြပြီးကူညီပေးကြည့်ပါလား အကိုတော်တွေက လိုက်စတတ်ပါတယ်။ " ကြည့်စမ်း၊ ကြည့်စမ်း သူ့ကောင်ကိုတော့ ပြုံးပြုံးကြီး ကူညီပေးနေတယ်။" ဆိုတာမျိုး။ "နှာခေါင်းကြီးကို ကြည့်ပါဦးဟယ်။" ဆိုတာမျိုး လိုက်စတာ။ ကိုယ်ပဲသိနားလည်တော့ "သေမယ်။ သေမယ်နော်။ ဟွန်းးးးးးးး " လို့ပဲ လိုက်ကြိမ်းနေရတယ်။

လေးယောက်သား ဈေးဝယ်သူတွေကို ခင်ခင်မင်မင် စနောက်ကြတယ်။ ပျော်အောင်နေကြတယ်။ စည်းလုံးကြတယ်။ အားလုံးလဲ အဆင်ပြေပါတယ်။ တစ်ခုခုဆို ကိုယ်က အငယ်ဆုံးဖြစ်ပေမယ့် စီနီယာလိုဖြစ်နေတော့ တစ်ခုခု မေးလို့ ကိုယ်က တစ်ကြိမ်ထက် ပိုပြောပြရမယ်ဆိုရင် "ရှည်လာပြီနော်။ ရှည်လာပြီ။ စိတ်စိတ်။ စိတ်ရှည်လာပြီ" ဆိုပြီး မာန်မဲ မိတတ်သေးတယ်။ သူတို့ကတော့ ခွင့်လွတ်ပါတယ်။ ဗွေမယူကြပါဘူး။ ဒီဆိုင်မှာ သူတို့ကြောင့်ပဲ ကိုယ့်မှာ မောင်နှမ ရတယ်ဆိုပြီး အားတွေပိုရှိလာတာ၊ ပိုပျော်လာတာပါ။ ဘာပဲပြောပြောပေါ့။ ဒီဆိုင်၊ ဒီကုမ္ပဏီမှာ မြန်မာတွေ ရိုးသားတယ်။ အလုပ်ကြိုးစားတယ်။ ဆိုတာတွေကို ကြားရတာ အရသာရှိသလို ဂုဏ်လဲယူမိပါတယ်။ သူတို့ကိုလဲကိုယ်က လိုအပ်တာတွေပြောပြရင်း၊ အကြံပေးနိုင်သလောက်ပေးရင်း (တနည်းအားဖြင့်တော့ စွာပုံ၊ စွာနည်းပေါ့) ပျော်ပျော်ကြီး အလုပ်လုပ်ခဲ့ကြတယ်။ နောက်တစ်ပတ်ပြီးရင် ဒီမောင်နှမတွေကို ခွဲရတော့မယ်။ ခွဲသွားဖို့ အင်အားတော့မရှိသေးဘူး။ ဒါပေမဲ့ခွဲကြရဦးမယ်။ ဘာပဲဖြစ်ဖြစ် ပျော်ခဲ့ဖူးတာတွေ အမှတ်ရနေဦးမှာပါ။
နောက်မှ ဆက်မယ်ဗျာ။ ခေါင်းအားကြီးကိုက်နေပြီ။
အားလုံး ပြုံးပျော်ကြည်နူးနိုင်ကြပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Angel Shaper
22.10.09 (Thur;)
3:50 Am

စကားလုံးလှလှလေးတွေနဲ့ စွန်းထင်းမှုကဗျာလေးတွေ ဖန်တီးနေတဲ့ ဖေကြီး (ကိုအောင်သာငယ်)က တစ်ဦးတည်းသော သူ့မွေးစားသမီးလေးမို့ ချစ်ခင်စွာနဲ့ တက်ဂ်ထားပါတယ်။ ဖေကြီးကပြောတယ်၊ "သမီး တက်ဂ်ပိုစ့် ရေးရဦးမယ်နော်။ ရူးချင်ယောင်ဆာင်လို့မရဘူး " ဆိုလို့ ဟုတ်ကဲ့လိုက်ပါတယ်။ ပြီးတော့ မယ်မယ်ကိ ကလဲ "အိမ်ကျယ်နေကျမို့  ချန်ထားလို့မကောင်း " ဆိုပဲ၊ နောက် သူငယ်ချင်းလကြီး (တလနွန်) ကလဲ တက်ဂ် ထားသေးတယ်။ မောင်လေးခွက်ခွက် (ခ) ခွက်ကြီး (အဆိပ်ခွက်) ကလဲ "မအိန်ဂျယ် တက်ဂ်ထားတယ်နော် လာဖတ်လှည့် " ဆိုလို့ ပြေးသွားလိုက်တာ သူက ကိုယ့်ကို ခေါင်းမစားစေချင်တဲ့ စေတနာလေးနဲ့ ရေးလို့ လွယ်အောင် နာမည်လေးကို ပြောင်းပြန်လှန်ပြီး တမူထူးအောင် တက်ဂ်လိုက်တော့လဲ သူတက်ဂ်သလို ဖြူစင်ကြယ် ကနေ က ဖော် ကြယ်စင်ဖြူ နဲ့ပဲ ကရင်းရေးလိုက်ရပါတော့တယ်လေ။

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name : ANGEL
2. A four Letter Word : ABLE
3. A boy's Name : ANTHONY
4. A girl's Name : ABBY
5. An occupation : ACTRESS
6. A color : AQUA
7. Something you'll wear : ACCESSORY
8. A food : AN ICE-CREAM
9. Something found in the bathroom :A WATER, A SOAP, ETC.... ဒါအကြံကုန်ပဲ။ (ဟိဟိ မှတ်ကရော)
10. A place : ABUDHABI ( DUBAI, UAE)
11. A reason for being late : ( ANYWAY, I'M LATE AGAIN; WON'T GIVE ANY EXCUSES.)
12. Something you'd shout : ACTION STATIONS!
13. A movie title : AIR FORCE ONE
14. Something you drink : AMERICAN WINE
15. A musical group : ABBA
16. An animal : ANTELOPE
17. A street name : ALMUTEENA ( DEIRA, DUBAI )
18. A type of car : ASTON MARTIN RED
19. The title of a song : AGAINST ALL ODDS ( MARIAH CAREY )
20. A verb : AGE ( We Age Every Day, What A Depressing Thought! )

ခွက်ကြီးရဲ့ က ဖော်ကြယ်စင်ဖြူ လေးလဲ အားပေးသွားကြဦးလေ။

1.What is your name : ကြယ်စင်ဖြူ ( အမှန်က ဖြူစင်ကြယ်ပါနော်)
2. A four Letter Word : ကြီးကျယ်လိုက်တာ
3. A boy's Name : ကြိုင်သင်း
4. A girl's Name : ကြည်အေး
5. An occupation : ကြွက်သတ်ဆေးရောင်းသည်။
6. A color : ကြက်သွေးရောင်
7. Something you'll wear : ကြည်လင်တဲ့ အပြုံး ( အဟဲ)
8. A food : ကြာဇံသုပ်
9. Something found in the bathroom : ကြည့်မှန် တစ်ချပ်
10. A place : ကြုံတိုင်းရွာ ( ကိုကိုတွတ်တို့ ရွာပေါ့... အဟီးးးးးးး)
11. A reason for being late : ကြာသွားလို့ နောက်ကျတာ။
12. Something you'd shout : ကြာကြီး ကြောင်ကြည့်နဲ့နော်။ ကြက်ဆူဆီနဲ့ ကြွပ်ကြွပ်ကြော်စားပစ်မယ်။ ဘာမှတ်နေလဲ...ဟွန်းးးးးး
13. A movie title : ကြိုးတစ်ချောင်း (မြင့်မြတ်၊ မောစ့်၊ ခင်လေးနွယ်)
14. Something you drink : ကြံရည်
15. A musical group : ကြယ်အုပ်စု ( ဟဲဟဲ)
16. An animal : ကြက်တူရွေး
17. A street name : ကြာညိုလမ်း
18. A type of car : ကြုံရာကား ( တလွဲမတွေးရ... ကြုံရာ= အဆင်ပြေရာ) ဟိဟိ
19. The title of a song : ကြင်နာသူနှစ်ဦး ဆုံနိုင်ရင် ( တင်ဇာမော်)
20. A verb : ကြွားဝါသည်။


ကိုယ့်ရဲ့ ပေါက်ကရ အဖြေလေးတွေ၊ ချစ်ခင်မှုနဲ့ တက်ဂ်တဲ့ ဖေကြီး၊ မယ်မယ်ကိ၊ လကြီး၊ ခွက်ကြီး တို့ ကျေနပ်နိုင်ပါစေလို့ .....

ချစ်ခြင်းများစွာဖြင့်
Angel Shaper
15.10.09 ( Thur;)
4:00 Am