ခုတလော အိမ်တိုင်းလိုလိုမှာ တွေ့နေရတဲ့ ခုတလော ဆိုတဲ့ တက်ဂ်လေးကို ငှက်ကလေးဆီ သွားဖတ်တော့ သူက လူလည်ကျပြီး အားလုံးကို သိမ်းကျုံး တက်ဂ်ထားတာတွေ့ရတယ်။ ဘယ်ရမလဲ.. အရူးကွက်နင်းပြီး မသိချင် ယောင်ဆောင်နေလိုက်တာပေါ့။ ဟိဟိ...ဒါပေမယ့် အဲဒီ ငှက်စုတ်လေးက မရဘူး။ အိမ်ထိလာအော်သွားတယ်။
မမရေ... တက်ဂ်ထားတယ်နော်...ဆိုလို့ အရင်တက်ဂ်လိုပဲ နေလိုက်ရမလားပေါ့။ အဟဲ.....လုပ်တော့ပါဘူးနော်။
ငဇော့်အိမ်ရောက်ပြန်တော့ နာမည်စာရင်း၊ ဘလော့စာရင်းနဲ့တကွချစ်ပြထားတာတွေ့လိုက်ရပြန်ကော။။။။
ဟိုရွေ့ဒီရွေ့ လုပ်ကြည့်မိသေးတယ်။ မနေ့က ကိုကြီးသစ် (သီဟသစ်) ကလဲ မလှမ်းမကမ်း လာအော်ထားတာ တွေ့တော့ ဘယ်ပြောကောင်းမလဲ.......
ကျွန်ုပ်လဲ လောကီသားပေမို့  ချစ်ခင်၍ တက်ဂ်ခြင်းကို ဝမ်းသာအားရပဲ ချရေးလိုက်မိပါတော့သည်။ ပေါ့.......
တို့ 
ခုတလော တွေးနေမိတာကတာရာမင်းဝေရဲ့ ဝတ္ထုတစ်ပုဒ်ထဲက ကောင်လေးတစ်ယောက်လို လိုက်တွေးကြည့်နေမိတယ်။
အော်.... တို့တစ်တွေ ခုခေတ်မှာ လူဖြစ်လာရတာ ကံကောင်းလိုက်တာနော်။
ကမ္ဘာဦးမှာသာ လူဖြစ်ရရင်တော့.... အဝတ်တွေလဲ မပါဘူး။။။
ရှက်စရာကြီးးးး အဟိ.............လို့  အူကြောင်ကြောင်တွေးနေမိတယ်။
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာကအော်.... What I Know Is I Know Nothing!!! ပါလားနော်။
ကျန်းမာရေးခေါင်းက ဒေါင်ခနဲ ဒေါင်ခနဲ ထထမြည်တယ်လေ။
မျက်ကြောတွေလဲ တင်းလို့ ။
အရိုးအဆစ်တွေလဲ တစ်ကျွတ်ကျွတ် ထထ မြည်တယ်။
အဲလောက် ကျန်းမာရေး ဒေါင်ဒေါင်မြည်၏ ပြောပါတယ်။
ဖတ်ဖြစ်တဲ့စာအုပ်လက်လှမ်းမီသလောက်ပါပဲ။ (လှမ်းမမီရင် မဖတ်ဖြစ်တော့ဘူးလေ)
ရောက်ဖြစ်နေတာကဟိုဟို ဒီဒီ။ ရောက်တတ်ရာရာ။။။။
ရေးဖြစ်နေတာကဟိုရေး၊ ဒီရေး၊ ရေးချင်ရာလျှောက်ရေး နေမိတယ်။
နားထောင်ဖြစ်နေတာကJango က လာတဲ့သီချင်းတွေ၊ မောင်နှမတွေရဲ့ ဘလော့အိမ်ကသီချင်းတွေ၊ ဖုန်းထဲက သီချင်းတွေ၊ အစုံပါပဲ။
ရွတ်နေမိတဲ့ကဗျာနင်လည်းရူး၊ ငါလည်းရူး။
လူတွေအကုန်လုံး တစ်မျိုးစီရူး။
ဖြစ်ချင်နေတာကာတွန်းထဲက ကိုပူစီလေး ဖြစ်ချင်မိတယ်။ အမြင်မတော်တာလေးတွေ လိုက်လုပ်ပေးနိုင်အောင်လို့ ။
စားဖြစ်နေတာကလူနဲ့ တည့်တဲ့အစာ၊ စားလို့ ရတာမှန်သမျှ စားဖြစ်နေတယ်။
ဟိဟိ။။။ အစားဆိုရင် ကြိုက်တာလာ။။။။။
သနားနေမိတာကဘဝင်မြင့်ရောဂါ ရနေတဲ့သူတွေ။
လွမ်းနေမိတာကစိတ်ကောက်ရင် ရေခဲမုန့် ကျွေးပြီး ချော့တတ်တဲ့သူ့ ကို။
မေ့လျော့ပစ်နေမိတာကတို့ ကမေ့တတ်တယ်နော် အချစ်......
စဉ်းစားနေတာ........ စဉ်းစားနေတာ... ဘာတွေ မေ့နေတာလဲလို့ ...
အဲ ပြောမလို့ ဟာ မေ့ပြီ။
ခါးသက်နေမိတာကရင်ထဲကမပါတဲ့ အပြုံးတုတွေ၊ စကားလုံး အနုအရွတွေ (အသည်းယားလို့ ...)
တမ်းတနေမိတာကမိသားစုလက်စုံစားရတဲ့ ထမင်းဝိုင်း။
မနက်တိုင်း အဘိုးဝယ်ကျွေးတဲ့ ကြက်သားပူတီ နဲ့ အီကြာကွေး။
အဘွားချက်ကျွေးတဲ့ ချင်းဆန်ပြုတ်။
လိမ္မာတိုင်း အဖေဝယ်တိုက်တဲ့ ဒိန်ချဉ်တစ်ခွက်။
အမေပြင်ဆင်ပေးတဲ့ အစားအသောက်တွေ။
ဦးလေး လုပ်ကျွေးတဲ့ ခေါက်ဆွဲပြုတ်။
အဒေါ်တွေလုပ်ကျွေးတဲ့ မုန့်တီသုပ်။
ညီမလေးကြော်ကျွေးတဲ့ ကြက်ဥကြော်.....
မောင်လေးကျွေးတဲ့ ရေခဲချောင်း။
မောင်လေးအငယ်ဆုံးဖြစ်တဲ့ သားငယ်လေး ခပ်တိုက်တဲ့ ရေတစ်ခွက်။
အိုးးးးးးးးး မယ်မင်းကြီးမ... တမ်းတတာတွေကလဲ အစားအသောက်တွေကြီးပဲလား... ဟရို့ ။
ကြိတ်ပြီးချီးကျူးနေမိတာကလောကကြီးကို ကိုင်လှုပ်မဲ့သူတွေကိုပေါ့။
စွန့်စားရဲတဲ့သူတွေ။
ကြိတ်ပြီးအထင်သေးနေမိတာကကိုယ့်ကိုယ်ကို သာ ကိုးကွယ်နေသူတွေ။ ( ငါ.. ငါ... ငါ... ဆိုသူတွေပေါ့ )
ဆန္ဒမရှိတဲ့နေရာမေတ္တာတရား နဲ့  ခွင့်လွှတ်ခြင်း မရှိတဲ့နေရာ။
ဆန္ဒရှိနေတဲ့ ကိစ္စအများကြီးပဲ.... စားမယ်။ အိပ်မယ်။ ဘလော့လည်ဖတ်မယ်။ သီချင်းနားထောင်မယ်။
ဂစ်တာတီးမယ်။ လိုက်အော်မယ်။
မုန်းတီးနေမိတာမျက်နှာဖုံးစွပ် ဟန်ဆောင်တတ်တဲ့သူတွေ။ ကြီးနိုင်ငယ်ညှင်း လုပ်ရဲတဲ့ သူရဲဘောကြောင်တွေ။
ချစ်နေမိတာရိုးသားပွင့်လင်းသူတွေ
စိတ်ပျက်နေမိတာစောင့်ဆိုင်းရတာကို တကယ်စိတ်ပျက်တယ်။
ဥပမာ.....၅နာရီခွဲနော်ဆိုပြီး ၈နာရီခွဲမှ ရောက်လာတဲ့သူတွေကိုစောင့်ဆိုင်း
ရတာမျိုးပေါ့။
ဘတ်စ်ကားစောင့်ရတာ။ ကားလမ်းပိတ်လို့ စောင့်ဆိုင်းရတာမျိုး။
စွဲလန်းနေမိတာက
သူ့ အသံ။ အဟိ
လိုအပ်နေတာက
မေတ္တာ၊ အကြင်နာ၊ နွေးထွေးတဲ့ ဂရုစိုက်မှု ( လောဘကြီးတယ်နော် )
တောင်းမိတဲ့ဆု
ကမ္ဘာကြီးငြိမ်းချမ်းပါစေ။
လူသားအားလုံးပျော်ရွှင်ပါစေ။ (တကယ်တောင်းဖြစ်တယ်နော်။ မယုံမရှိနဲ့ )
ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာ
ဟဟဟားးးးးးးးးးး
ပါးချင်တဲ့အမှာစကား
ပျော်ပျော်နေ သေခဲ၊ မော်တော်တွေ ရေထဲ။။။။။
သူလေ တော်တော်ကဲ။ ဟဲဟဲ
ရိုးရိုးကျင့် မြင့်မြင့်ကြံ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်။
အားလုံးပဲ...
ခုတလော ပြုံးပျော်ကြည်နူး နိုင်ကြပါစေလို့ လဲအမှာစကားပါးခဲ့ချင်ပါတယ်။။။။။။။
ဝန်ခံချင်တာက
ကိုယ်တကယ် ဝမ်းသာဂုဏ်ယူစွာနဲ့  ဒီတက်ဂ်လေးကိုရေးလိုက်တာပါနော်။
ငှက်ကလေး၊ ငဇော်၊ ကိုကြီးသစ် ကျေနပ်နိုင်ပါစေလို့ ။။။။။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.8.09 ( Wed; )
2:30 Am