ချစ်လှစွာသော အပျိုကြီး တီတီနှင်း ( နှင်းနဲ့မာယာ)က ချစ်ခင်၍
တက်ဂ် ထားသဖြင့် ငယ်ငယ်က ရွှတ်နောက်နောက် ရွတ်ခဲ့ဖူးသော
မှတ်မိသမျှလေးများ ပြန်အံရလတ္တံ့ ။
တကယ်ဆိုရင် ကျွန်မရွတ်ခဲ့ဖူးတဲ့ ကဗျာလေးတွေကိုတော့ သိပ်မမှတ်မိတော့ပါဘူး။
ဒါပေမယ့် အမှန်ကို ၀န်ခံရမယ်ဆိုရင်တော့ ငယ်ငယ်က
ကြားခဲ့၊ ရွတ်ခဲ့ဖူးတဲ့ ကဗျာလေးတွေက ကျွန်မစိတ်ကို တကယ်လွှမ်းမိုးခဲ့တာပါ။
ခုလို ပြန်ရေးရတော့လဲ ငယ်ငယ်တုန်းက ဘ၀လေးတောင် ပြန်သတိရမိပါတယ်။
အိမ်ဘေးနားက ဦးငယ် ကဗျာလေး ရွတ်ပြီး ငယ်ငယ်ကချော့ခဲ့ဖူးတာ အမှတ်ရမိတယ်။
ဖိုးရွှေလမင်းရေ
သမီးကို ထမင်းဆီဆမ်းလို့ 
ရွှေလင်ဗန်းနဲ့ ကျွေးပါဦး။ တဲ့....
ဒီလိုလေးလိုက်ရွတ်ပြီး ချော့သိပ်တာခံခဲ့ဖူးတော့ ဖိုးရွှေလမင်းက
လိမ္မာရင်၊ အငိုတိတ်ရင်၊ ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းပြီး
လာကျွေးမယ်ဆိုတဲ့ အတွေးနဲ့ လိမ္မာအောင်ကြိုးစားဖူးတယ်။
အငိုလဲ တိတ်ဖူးတယ်။ ဖိုးရွှေလမင်းကျွေးတဲ့ ရွှေထမင်းဆီဆမ်း စားချင်တာကိုးးးးးးး
ခုတော့ လိမ္မာရင် ရေခဲမုန့် စားရမယ်ဆိုတဲ့ အသိလေး ရှိထားတော့
လိမ္မာဖို့ ကြိုးစားရပြန်ပေါ့။ အဟီးးးး
အရမ်းကိုကြောက်လန့်စေခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်လဲ ရှိပါတယ်။
ဂျာအေးပါ...
မုန့်လုံးကို စက္ကူကပ် ပါတဲ့
ကြာကလပ်နဲ့ ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး
ဂျာအေးကို သူ့ အမေရိုက် မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲနေပါဦး မိုးတောင်ကခြုန်း မုန့်လုံး မုန့်လုံး။
ဒီကဗျာလေး ရွတ်ခဲ့မိတုန်းကဆိုရင်တော့ ဂျာအေးက အမှောင်ထဲမှာ ငိုလို့ 
ကိုလူပျိုက ထရံပေါက်ကနေ သူ့ ခြေထောက်ကိုဆွဲပါတယ် ဆိုတဲ့ အသိလေးနဲ့
အမှောင်ထဲရောက်ရင် မငိုရဲပါဘူး။ ခြေထောက်အဆွဲခံရမယ် ဆိုပြီး အသေကြောက်တာပေါ့။
ငိုနေရင်းနဲ့ အမှောင်ထဲရောက်ရင်တောင် ချက်ချင်းတိတ်ပါတယ်ဆို။
ကိုလူပျို ဆိုတာကြီးကိုလဲ မသိဘူးလေ။ မဲမဲကြီး၊ အကောင်ကြီးကြီးနေမယ် ဆိုပြီး အရမ်းကြောက်ခဲ့ပါတယ်။ အဲလောက်တောင် ကဗျာလေးတစ်ပုဒ်က ကလေးတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်ခဲ့တာပါ။
နောက်တစ်ခုကျတော့ ခုထိသုံးဖြစ်နေတဲ့ ကဗျာမဟုတ်စာမဟုတ်လေးပေါ့။
ရက်သုံးဆယ်မှာ စက်တင်ဘာ၊ ဧပြီ၊ ဇွန် နဲ့ နိုဝင်ဘာ ကျန်လများမှာ သုံးဆယ့်တစ်
ဖေဖော်ဝါရီ နှစ်ဆယ့်ရှစ်၊ ရက်ထပ်နှစ်မှာ တစ်ရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။
အင်းးးးးး ခုချိန်ထိပါပဲ.... ဇူလိုင်လ ဘယ်နေ့ လကုန်မှာလဲဟေ့ လို့ များ အမေးခံရရင်ဖြင့်
ဒီဟာလေး ရွတ်ပြီးမှ အဖြေပေးနိုင်ခဲ့ပါတယ်။
ကျောင်းစာဆိုရင် မှတ်မိနေတတ်တဲ့ သူထဲမှာ ကျွန်မ မပါပါဘူး။
ဒါပေမဲ့ အောင်ဆန်းဇာနည်ဆိုတာလေးတော့ ခုထိမမေ့သေးဘူး။
ရင်ထဲမှာခုထိမှတ်မှတ်ရရရှိနေတုန်းပါပဲ။
အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့ နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စု သား
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့  ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ ဖခင်
ကောင်းစေချင်တဲ့ အမှာစကား ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား။
ချမှတ်သွား။ ချ..... မှတ်..... သွားးးးးးးးးးးးးးးးး ကျွန်မ ရွတ်တဲ့ စတိုင်ပါ။
ဒီကဗျာလေးက ခုချိန်ထိ ရင်ထဲကို အမှတ်ရစေတဲ့ ကဗျာလေးပါ။
ရှိသေးတယ်.... အရမ်းသဘောကျတဲ့ ကဗျာလေး....
ဘေးအိမ်က ငယ်သူငယ်ချင်း ဖိုးသာထူးဆိုတဲ့ ပိန်ပိန်သေးသေးလေး တစ်ယောက်ကို အမြဲစနောက်နေကျလေ။
ဖိုးသာထူး
ဖိုးသာထူး.... ဖိုးသာထူး၊ အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူးက ၀မ်းပူပူ၊ ဖိုးဝကြီးနဲ့ တူ
တူပါသကွဲ့ မယုံငြား......ဒီမှာကြည့်ပါလား......... ၀ါးးးးးးးးးးး
ဆိုပြီး ပိန်ပိန်ညောင်ညောင် ဖိုးသာထူးကို ပါးတွေဖောင်းပြ၊ မျက်လုံးပြူးပြပြီး လိုက်စနေကျ ကဗျာလေးပါ။
စာတွေထဲက မမေ့နိုင်တဲ့ အကြိုက်ဆုံးတွေ အများကြီးပါ။
အဲဒါတွေထဲက တစ်ခုကိုလဲ မှတ်မှတ်ရရ ပြောလိုက်ချင်တယ်။
စားစရာ လာယူပါ။ လုမယူရ။ တဲ့။။ အဟီးးးးးးးး ခုထိသိပ်ကြိုက်.....
ချင်းတိုင်းရင်းသူလေး ဖြစ်တဲ့ ကျွန်မက စကားလဲ ၀ဲတဲတဲပါ။
ဒါကို သူငယ်ချင်းတွေက ချစ်လို့ ပဲ နေမှာပေါ့ စကြပါတယ်။
ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ။ အလယ်ကလူ၊ စကားဝဲ၏။ တဲ့....
ကျွန်မနှစ်ခြိုက်ပါတယ်။ ကိုယ်လဲ လိုက်ရွတ်ဖူးတယ်လေ။
အတန်းထဲက ကောင်လေးတစ်ယောက် ကိုရင်ဝတ်တော့
ပိုက်ဆံ ငါးပြား ချေးစမ်းပါ၊ ချီးဘူးးးးးးး ချီးဘူးးးးးးးးးး ဆိုပြီး သူငိုအောင် လိုက်စဖူးသေးတယ်။
ရန်ဖြစ်ဖူးတဲ့ ငတိမလေးတစ်ယောက်ကိုတော့ စက္ကူစလေးနဲ့ပေါက်ပြီး
နင့်ခေါင်းပေါ်မှာ အမှိုက်ကြီး၊ နင့်အမေ ဗိုက်ကြီး။ ဆိုပြီး ဘာရယ်မဟုတ် ရန်စွာဖြစ်ခဲ့ပါသေးတယ်။
၁၀တန်း အောင်စာရင်းတွေ ထွက်တဲ့ မနက်မှာ သူငယ်ချင်းတွေနဲ့ ဂစ်တာတစ်လက် ကိုင်ပြီး
ကော်ဖီဆို ဂျာဗာ၊ ကော်ဖီဆိုဂျာဗာ၊ ကောဖီးဆို ဂျားအားဗာ...
ကော်ဖီဆို ဂျာဗာ၊ ကော်ဖီဆိုဂျာဗာ၊ ကောဖီးဆို ဂျာဗာ... ကော်ဖီဆို ဂျာဗာ...
ဆိုပြီးကျောင်းရှေ့မှာ ပေါက်ကရ အော်ဖြစ်ခဲ့ပါတယ်။ အဲတုန်းကတော့ သိပ်မငယ်တော့ ပါဘူး။
ဒါပေမယ့် ကလေးလိုပဲ စိတ်လွတ်ကိုယ်လွတ် အော်ခဲ့တာလေ။
ကဲ... တီနှင်းရေ.... ဒီလောက်ပဲ မှတ်မိတော့တယ်။
နောက်လ မကူးခင် အမြန်ဆပ်တာနော် အဟီးးးးးး
အကြွေးဆပ်လိုက်ပြီဖြစ်၍ .... ရေခဲမုန့်လာစားတော့မည်.... ဒါပဲ......
ကျေနပ်နိုင်ပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
31.7.09 ( Fri; )
11:40 Pm
နိုးမိုးဝဲလ်... ဘာဝဲလ် ညာဝဲလ်... သိဝူးးးး

Followers
စိတ်ကြိုက်စုစည်းမှုများ
LINKIN PARK
သူတို့ တွေရှိနေတယ်
ခြေရာလေးများ ချန်ခဲ့ပါ
မောင်နှမလေးတွေ
-
210220255 weeks ago
-
အရှိတရား နဲ့ အကျိုးဆက်1 month ago
-
ဒီဇင်ဘာ မိုး3 months ago
-
ရင္ဘတ္ထဲကလူ -( ၁၁)5 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
-
အလှနတ်သမီးလေး မလိခ...6 years ago
-
-
ဟိုတုန်းက ဒီဇင်ဘာ6 years ago
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
-
ကျွန်တော်နှင့် အမျှင်7 years ago
-
ပန်းရိုင်းကလေးရဲ့အိပ်မက်7 years ago
-
-
-
-
-
Just a minute9 years ago
-
ဈေးဝယ်တတ်တဲ့ နေ့10 years ago
-
-
ငယ်ဘဝအကြောင်း သောင်းပြောင်းထွေလာ10 years ago
-
ပြည်ထောင်စု သမ္မတ ယောရုဝ နိုင်ငံတော်10 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…10 years ago
-
အလံတစ်ရာ11 years ago
-
တံခါးခေါက်သံ...11 years ago
-
ချစ်သော နိုဝင်ဘာ12 years ago
-
ဒီမှာ “ ဟေ့ လူ”12 years ago
-
Manchester သွား တောလား13 years ago
-
For “Harvest Thanksgiving Festival”13 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )13 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
Angel Shaper H1S1 ရောဂါကို အပြင်းအထန်ခံစား နေရပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ခုတလော အရမ်းကို သောင်းကျန်းပြီး
ရက်ရက်စက်စက် နှိပ်စက်နေတယ်လေ။
အထူးသဖြင့် မိသားစု၊ မောင်နှမ၊ သူငယ်ချင်းတွေနဲ့
အကြာကြီး ခွဲပြီး နေနေရတဲ့ ဒီနေရာမှာ ရောဂါပိုဆိုးတတ်ပါတယ်။
ဒါတောင် ဒီမှာ အတူနေရတဲ့ သူတွေက မောင်နှမအရင်းလို ချစ်ခင်စည်းလုံးကြတာနော်။
ဒီက အကို၊ အမတွေ၊ မမြင်ဖူးသေးတဲ့သူငယ်ချင်းတွေ၊ ဘလော့ဂါ မောင်နှမတွေ၊
အွန်လိုင်းပေါ်က သူငယ်ချင်းတွေ၊
အားလုံး အားလုံးက နွေးနွေးထွေးထွေး ခင်ခင်မင်မင်နဲ့
ခံစားချက်တွေကို စာနာနားလည်ပြီး ကူညီရိုင်းပင်းခဲ့ကြပါလျက်နဲ့
ဒီရောဂါကို ဘာကြောင့်များခံစားနေရလဲ ဆိုတာ အဖြေရှာမရပါဘူး။
ဒီလူတွေနဲ့ မပျော်တာလဲ မဟုတ်ဘူး။ ပျော်လိုက်တာ၊ ကဲလိုက်တာမှ တခါတလေ အိပ်တောင် မအိပ်ရပါဘူးဆို။
ဒီ H1S1 ရောဂါဟာ သိပ်ဆိုးပါတယ်။
ခံစားဖူးတဲ့ သူတွေ၊ ခံစားနေရတဲ့သူတွေပဲ စာနာနားလည် ပေးနိုင်မှာပါ။
ဒီဗိုင်းရပ်စ် ဟာ လူကို တကယ် ဒုက္ခပေးပါတယ်။
လုပ်ချင်၊ ကိုင်ချင်စိတ်တွေ လျော့နည်းလာစေမယ်၊
အစာစားချင်စိတ်လည်း မရှိတော့ဘူး။
(Angel Shaper ကတော့ အဲဒီရောဂါကြောင့်လားမသိဘူး
ပိုပြီး အစားဝင်လာလို့ ဝိတ်နည်းနည်းတက်လာတယ်.. အဟိ)
စိတ်ရော၊ လူရော လုံးဝ နွမ်းပြီး၊ အခန့်မသင့်ရင် စိတ်ကျရောဂါပါ
ဝင်သွားစေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး
ဘဝ တိုးတက်မှု အတွက် ကြီးမားတဲ့ အန္တရာယ်တစ်ပါးပါ။
အခန့်မသင့်ရင် စိတ်အနေအထားပါ ချို့ ယွင်းသွားတတ် ပါသေးတယ်။
ဒါကြောင့် Angel Shaper ဒီရောဂါကို ဒီအတိုင်း ဘလိုင်းကြီး ငြိမ်ခံနေလို့ မဖြစ်ဘူးဆိုပြီး
အစွမ်းကုန် တတ်သလောက်၊ မှတ်သလောက် ကိုယ်တိုင်ကုသနေပါတယ်။
Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 ရောဂါဆိုတာ တခြားမဟုတ်ပါဘူး။
အားလုံးသိထားပြီးသား ရောဂါပိုးလေး တစ်မျိုးဖြစ်တဲ့ HOME SICKNESS ပါပဲ။
ခုချိန်မှာ ဒီရောဂါကို အစားများများ စားပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနှင့် အစားထိုးကုသခြင်း၊
သီချင်းများများနားထောင်ခြင်း၊ ဂစ်တာတီး ၍ စိတ်ကြိုက်သီချင်းများ အော်ဟစ်ခြင်း၊
မောင်နှမများ၏ အိမ်များသို့  လည်ပတ်၍ စိတ်အစာကျွေးခြင်း၊
မတတ်တခေါက် စာလေးများရေးခြစ်ခြင်း တို့ နဲ့  ကုသမှု ခံယူနေပါတယ်။
တကယ်လို့ များ အားလုံးရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ
ဒီရောဂါ ခံစားနေရတဲ့သူ များရှိခဲ့ရင် လက်တို့ ပြီး သတင်းပေးပါ။
Angel Shaper ရဲ့ ဆေးမြီးတိုလေးလဲ လက်ဆင့်ကမ်းပေးပေါ့။
အင်မတန်ထိရောက်ပါတယ်။
ကဲ... ဘယ်သူတွေ ဒီဗိုင်းရပ်စ်နှိပ်စက်ခြင်း ခံနေရလဲ?
ဆေးမြီးတိုလေး လက်ဆင့်ကမ်းရင်း အားလုံးပဲ ပြုံးပျော်ကြည်နူးနိုင်ကြပါစေလို့  ဆန္ဒပြုရင်း
ချစ်ခြင်းများစွာဖြင့်
Angel Shaper
28.7.09 ( Tue; )
1:50 Am
" ဖြတ်သန်းသွားလာခွင့်မပြု " ဆိုတဲ့ ငါ့နှလုံးသားကိုမှ
နင်က ဝင်လာချင်တယ်။
ငါ့ခွင့်ပြုချက်အပြည့်အဝမရခင် အတင်း ဝင်ချလာတယ်။
နင့်ရဲ့ အတ္တတွေ၊ မာနတွေအတွက် ငါ့ကိုထားခဲ့ပြန်တယ်။
နင် ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ ရအောင်
ငါ့နှလုံးသားကို ကျောင်းဝင်းထဲက ကင်တဲန်းများမှတ်နေလား?
စိုင်းစိုင်းခမ်းလှိုင်ကပြောတယ် " အချစ်နှစ်ခု ပေါင်းစပ်တဲ့အခါ၊
မိဘအသိုင်းအဝိုင်းရဲ့ စွက်ဖက်မှုတွေမပါရင် သိပ်ကောင်းမှာနော် " တဲ့။
ငါတို့ နှစ်ယောက်ရဲ့ အချစ်ကို ဝင်ရောက်စွက်ဖက်သွားတာ မိဘအသိုင်းအဝိုင်းတွေ မဟုတ်သလို၊
မတူညီတဲ့သဘောထားတွေကြောင့်လဲ မဟုတ်ပါဘူး။
ငါတို့ နှစ်ယောက် စိတ်တူကိုယ်တူ ချစ်ခဲ့ကြပါလျက်နဲ့
ငါတို့ ရဲ့ ဦးနှောက်နဲ့ မာနတရားတွေက ဝင်ရောက် စွက်ဖက်သွားကြတာပါ။
နင်အဲဒါကို မသိချင်ယောင်ဆောင်ပြီး နှုတ်ဆိတ်နေခဲ့တာ ငါတကယ် ရင်နာတယ်။
ငါ့ရဲ့ နှလုံးအိမ်မှာ ကိုယ့်သဘောနဲ့ကိုယ် Sign Up လုပ်သွားပြီးမှ Password ကိုဖျောက်ထားခဲ့တယ်။
ငါ့ကိုလဲ ညာလိုက်သေးတယ်နော်။ " ငါ Password မေ့သွားပြီ။ ဝင်လို့ မရတော့ဘူး " တဲ့။
ဟဟဟားးးးးးးးးးးးးးးးး လို့ သာအော်ရယ်လိုက်ချင်ပါတယ်ဟာ။
ငါ့နှလုံးသားကလဲ Password မပါရင် ဝင်လို့မရတာ နင်အသိပါလေ။
ခုဆို ဘယ်သူပဲ ကြိုးစားကြည့်နေပါစေ...........
Wrong User Name Or Password!!!!! ဆိုတာပဲ ပေါ်နေလေရဲ့။
ငါလဲ ဘယ်လိုမှ မတတ်နိုင်တော့ဘူးဟာ။
ခုတော့ User မရှိတော့တဲ့ ငါ့နှလုံးအိမ်မှာ လာရောက်ပြင်ဆင်ပြီး၊
ထပ်မံဖြည့်စွက် ပြုပြင်မဲ့သူမရှိရှာတော့ စုတ်ပြတ်သတ်နေပြီပေါ့။
ဘာပဲဖြစ်ဖြစ်.........ခံရခက်တယ်။ ခါးသီးတယ်။
ဒါပေမဲ့ဝဋ်တစ်ခုကျွတ်တယ်။
နင်ပျော်နေပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
25.7.09 ( Sat; )
10:20 Pm
အဖြစ်ချင်ဆုံးဆန္ဒတွေကိုရေးရမယ်ဆိုရင်တော့ ဆုံးတော့မယ်မထင်။
ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်လည်းလေ လောကီသားပေမို့  ဖြစ်ချင်တဲ့၊
လုပ်ချင်တဲ့ ဆန္ဒတွေက ခပ်များများရယ်။
များလွန်းလို့ မေ့လျော့နေတဲ့ ဆန္ဒလေးတွေလဲ ရှိနေပါပြီ.... ဒါတွေထားပါလေ........
ကဲ...ကဲ.... စရေးပါတော့မယ်။။ ငယ်ငယ်ကတည်းက မှတ်မိတဲ့ ဆန္ဒလေးတွေက စပါမယ်။
ငယ်ငယ်ကတော့ ကလေးထုံးစံပေါ့၊ ပညာတတ်ကြီး ဖြစ်ချင်ခဲ့တယ်။
ဘွဲ့ ဦးထုတ် အများကြီးဆောင်းရတဲ့ ပညာတတ်ကြီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်လေ။
သိတတ်စအရွယ်မှာတော့ Angel Shaper ဤသို့ အရူးထခဲ့သည် ဆိုတဲ့ ပိုစ့်လေးမှာရေးခဲ့သလိုပဲ
သီချင်းဆိုရတာကို ပျော်တယ်။ ကြီးလာရင်တော့ အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒလေး(ခုထိ) ရှိတယ်။
အိမ်မှာတော့ တို့ ရဲ့ ဟီးရိုးကြီးတွေက အဘိုးနဲ့ အဖေပေါ့။
သူတို့ လို လူတွေကို စေတနာထား၊ ကူညီရိုင်းပင်းပြီး၊ သူများအကျိုးသယ်ပိုးပေးတတ်တဲ့ စိတ်ထားလေးတွေ၊
သားသမီးတွေအပေါ်မှာ ပုံသက်သေကောင်းပြခဲ့တဲ့ အရည်အသွေးလေးတွေအတွက် လေးစားရ၊ အရမ်းချစ်ရလို့ 
ငါကြီးလာရင်တော့ သူတို့ လို ဖြစ်ချင်တယ် ဆိုတဲ့ ဆန္ဒလေးလဲ ဖြစ်ခဲ့တယ်။
အဲလိုပဲ တစ်နှစ်ပြီးတစ်နှစ် အသက်လေးလဲ တစ်ဖြည်းဖြည်း ပြောင်းလဲလာသလို၊
လူအမျိုးမျိုးနဲ့ တွေ့ ကြုံခင်မင်လာရတယ်။
ရောက်ရှိကျင်လည်ရတဲ့ ပတ်ဝန်းကျင်လဲ အသစ်အဆန်းများ လာတာနဲ့အမျှ
ဖြစ်ချင်တဲ့ဆန္ဒလေးတွေကလဲ အော်တို ပြောင်းလဲလာတယ်လေ။
တို့ ခုနှစ်တန်းနှစ်မှာတော့ တို့ ကို အရမ်းချစ်ပြီး ခင်ဖို့ အရမ်းကောင်းတဲ့ ဘေးအိမ်က အန်တီကြီး အဖမ်းခံရတယ်။
သူ့ ကိုမတရားတဲ့ အမှုစစ်နည်းနဲ့ အပြစ်ဒဏ် ၁၂နှစ်အချခံရတဲ့နောက်ပိုင်းမှာတော့ အဲလို မတရားတဲ့အမှုတွေကို
တရားတဲ့ နည်းနဲ့ ဖြေရှင်းပေးနိုင်တဲ့ တရားသူကြီးကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။
ရှစ်တန်းနှစ်မှာတော့ အတန်းပိုင်ဆရာမက တစ်ယောက်ချင်းစီ ဖြစ်ချင်တဲ့ဆန္ဒလေးတွေ ထပြောခိုင်းတယ်။
တို့ လဲ ၀ံ့ဝံ့ကြွားကြွားနဲ့ပဲ " သမီး တရားသူကြီး ဖြစ်ချင်တယ် " လို့ ဖြေခဲ့တယ်။
အဲဒီအတန်းချိန်လဲ ပြီးရော အတန်းထဲက ကောင်လေးတွေက လိုက်စတယ်။
" ဟေ့ကောင်၊ နင်တရားသူကြီးဖြစ်ရင် ငါတို့ ကိုတော့ လျော့လျော့ပေါ့ပေါ့လေး အပြစ်ဒဏ်ချပေါ့ဟာ " တဲ့။
တို့ လည်း ပြန်မေးလိုက်တာပေါ့။ " နေစမ်းပါဦး၊ နင်တို့ က ဘာအမှုနဲ့ ရောက်လာကြမှာလဲ " ဆိုတော့၊
" တရားသူကြီးကို ဖက်နမ်းတဲ့ အမှုနဲ့ ပေါ့ဟဲ့ " တဲ့။
ချက်ချင်း အပြစ်ဒဏ်ချမှတ်ပေးခဲ့တယ်။ " ဟေ့ကောင်တွေ၊ သေဒဏ်ပဲ၊ ဟွင်းးးးး "
လို့ လေ။
နောက် ၁၀တန်းနှစ်မှာတော့ ကျန်းမာရေးအရမ်းချူချာလို့  အရမ်းကို ကျန်းမာချင်တာပဲ။
လူတွေအားလုံးကိုလဲ ကျန်းမာစေချင်တယ်။
အဲလိုနဲ့ ပဲ လူတွေကျန်းမာအောင်ကူညီပေးတဲ့ ဆရာဝန်အရမ်းဖြစ်ချင်ခဲ့ပြန်တယ်လေ။
ပြီးတော့ သူငယ်ချင်းတွေနဲ့  အိပ်မက်လေးတွေကို
အကောင်အထည် အတူတူဖော်ဖို့ ကြိုးစားခဲ့ချင်သေးတယ်လေ။
နောက်တော့လည်း တစ်နယ်စီ ခွဲခွာခဲ့ရပြန်တော့ မလုပ်ဖြစ်ပြန်ဘူး။
ရည်းစားလေး ထားမိခဲ့ပြန်တော့လည်း သူ့ ကိုပဲချစ်ချင်ခဲ့တယ်။
ကိုယ်လဲ သူ့ ကိုပဲ ချစ်ချင်ခဲ့သလို၊ သူလဲ ကိုယ့်တစ်ယောက်ထဲကိုပဲ ချစ်နေစေချင်တယ်။
ကိုယ့်အတ္တလေးပဲပေါ့ကွာ... မုန့် ကိုသာ ဝေစားတတ်တာ၊ အချစ်ကျ ဝေမစားနိုင်ပြန်ဘူးလေ။ဟိဟိ
အဲဂလို......အတ္တဆန်ဆန် ဆန္ဒလေးလည်း ရှိခဲ့ဖူးတယ်လို့ ။
ဒါပေမဲ့ပေါ့.... သူလဲလေ လောကီသားပေမို့ ................
ပညာတတ်ဖြစ်ချင်တဲ့ Angel Shaper တစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့  နိုင်ငံခြားကျောင်းတက်ဖို့ 
သင်တန်းတွေလိုက်တက်၊ IELTS တွေလိုက်ဖြေနဲ့  လုံးပမ်းလာတာ
အဆင်မပြေမှုတွေနဲ့ ပဲ ကြုံခဲ့ရတယ်။
ခုတော့လဲ ကုလားမျိုးစုံ ( ကုလားမျိုးစုံဆိုတာ ကုလားဖြူ၊ ကုလားမဲ၊ ကုလားနီ၊ ကုလားဝါ၊ ကုလားပြာ၊ ကုလား......) ပေါတဲ့
နိုင်ငံမှာအလုပ်ရလို့ ဘာရယ်မဟုတ် လာလုပ်နေတယ်။
ပျော်တယ်လဲ မဟုတ်၊ မပျော်ဘူးလဲ မဟုတ် နဲ့  နေလာတာ တစ်နှစ်ပြည့်တော့မယ်။
နိုဝင်ဘာလကို အန်တီ့ဆီလည်ရင်း သူငယ်ချင်းတွေအားလုံးနဲ့  ဆုံဖို့ အရမ်း ကို အားခဲထားတာ။
အန်တီကလည်း အဓိက ကိုယ့်ကို လွမ်းလို့ တွေ့ ချင်တာရယ်၊
သူငယ်ချင်းတွေနဲ့ ပေးဆုံချင်တာရယ်ကြောင့်ခေါ်နေတာပါ။
အဲဒါ နိုဝင်ဘာလ ခွင့်တင်တော့ မရခဲ့ဘူး၊ ဒီနိုင်ငံက ဥပုဒ် ရှိသတဲ့လေ။
အဲဒီဆန္ဒလေးလဲ မပြည့်တော့ပြန်ဘူးပေါ့။
ခုတော့လဲ လုပ်ချင်ရာ လျှောက်လုပ်ပြီး၊ ရေးချင်ရာ လျှောက်ရေးတဲ့
Angel Shaper တစ်ယောက် ဘလော့ဂါ မောင်နှမအိမ်တွေပဲ လည်ပတ်ပြီး
စာဖတ်သူလိုက်လုပ်ဖို့ ဆန္ဒလေး ပြင်းပြင်းပြပြ ဖြစ်လာခဲ့ပြန်ပေါ့။
ကိုသီဟသစ်နဲ့ ရေတမာပြောတဲ့ ဘလော့ဆိုတာ....
Angel Shaper အတွက်ကတော့
ရင်ဘတ်ထဲက အရာအားလုံးကို သွန်ချလို့ ကောင်းတဲ့ နေရာလေးတစ်ခု
လို့ သာဆိုလိုက်ချင်ပါတယ်။
မောင်နှမအိမ်တွေသွားလည်တာကျတော့ စိတ်အစာကျွေးပြီး၊ အပမ်းဖြေ တာပေါ့။
ရင်ဘတ်ထဲမှာ ပြည့်လာရင်တော့ ကြိုးစားပြီး အန်ထုတ်ပ့ါမယ်....
အဲဒီအခါတော့ မမေ့မလျော့ လာခဲ့ကြဦးပေါ့။
နောက်......လုပ်ချင်နေတဲ့ ဆန္ဒတစ်ခုလေးအတွက် ပိုက်ဆံစုဖို့  ကြိုးစားရဦးမယ်။
ဘာဆန္ဒလဲတော့မမေးရဘူးနော်။
အသေသတ်............ပြောဘူးးဟူးးးးဟူးးးး
P;;;; ကိုသားကြီး နဲ့  ငှက်ကလေးသိတယ် ဝေ့....
တလွဲ ထင်ကြမှာစိုးလို့ ... ကြိုဖြေရှင်းရတယ်။ ဒီနှစ်ယောက်က လွယ်ကိုမလွယ်တာ....
မဟုတ်ကဟုတ်က တွေးပေးနေမှာစိုးလို့ လေ....ဟိဟိ
ဒီလိုပါပဲ..... ကိုယ်လည်းလေ လောကီသားပေမို့ ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီးနဲ့ 
မဖြစ်ခဲ့၊ မပြည့်စုံခဲ့တဲ့ ဆန္ဒတွေအားလုံးအတွက် မချိတင်ကဲ ဖြစ်ရုံကလွဲလို့ ......
ဘာမှမတတ်နိုင်လေတော့
မဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေနောက်ကိုလိုက်ရင်းးးးးးးးးးးးးးးးးးးးး
ဆန္ဒလေးများစွာပြည့်စုံဖို့ ......ကြိုးစားလိုက်ဦးမယ်။
မပီပြင်ခဲ့တဲ့ တို့ ရဲ့ ဆန္ဒလေးတွေပါ။ ချစ်တဲ့ ငှက်ကလေး နဲ့  အားလုံးသော မောင်နှမများ ကျေနပ်နိုင်ပါစေနော်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
22.7.09 ( Wed; )
11:45 Pm
ကိုသားကြီးရဲ့ တက်ဂ်လေး ရေးကြည့်လိုက်မှ သိလိုက်ရတယ်။
ကိုယ်ဘယ်လောက် ပေါ့ဆလိုက် ပါသလဲဆိုတာကိုပါ။ စိတ်လဲလုံးဝမကောင်းပါဘူး။
ကိုယ့်ကို ဝင်မန့်ထားတာလေးတွေ ကို ပြန်လှန်ကြည့်လိုက်တော့လေ......
ငါ့ညီမလေးငှက်က အဖေ့အတွက် ကဗျာမှာ မန့် ခဲ့တုန်းက တက်ဂ်သွားကြောင်း ပြောခဲ့သေးတာပဲနော်။ တကယ်ပါပဲ။။။ ငှက်ရေ...မင်းအမဟာလေ မင်းလိုမဟုတ်ပါဘူးကွယ်။
ညံ့ပါ့၊ တုံးပါ့။ ရှက်ရှက်နဲ့ ဝန်ခံပါရစေကွယ်နော်။
ညီမလေး အဖြစ်ချင်ဆုံး ဆန္ဒဆိုတာလေးရေးတဲ့ ပိုစ့်ကို ဖတ်ခဲ့သေးတယ်။
ကိုယ့်နာမည်တွေ့ တော့ အော် သူခင်တဲ့သူတွေ နာမည်ချရေးတာပဲလို့ ထင်ခဲ့မိတာပါ။
တက်ဂ်ဆိုတာ ကိုမသိခဲ့တာပါကွယ်။ (မျက်နှာဘယ်ထားရမှန်းမသိတော့ဘူး..ဟီးးးးးးးး ရှက်လိုက်တာ) အဲဒီတုန်းက " မမရေ အားလည်းနာတယ်နော် မမကို တက်ဂ်ထားတယ် " ဆိုတာကို နားမလည်လို့ ယောင်ချာချာနဲ့  ဘာပြောသွားမှန်းတောင်မသိလိုက်တာဟေ။
မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။ ဂယ်ပါပဲ...
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမည် ဆိုလျှင်ဖြင့် သူငယ်ချင်းတို့ ၏ ဘလော့များ ဝင်ဝင်ဖတ်မှ တက်ဂ်ဆိုတာကိုသိလိုက်ရခြင်းဖြစ်ပါ၏။
အဘိဓာန်ဆိုသည်ကိုလည်း ပျင်းရိသော အကျင့်ကြောင့် မသိသော စကားလုံးရှိလည်း မလှန်မိပါ။
ဤသူမှာ အခြားသူမဟုတ်ပါ ညံ့ဖျင်း ၍ ပျင်းရိလွန်းသော အကျွန်ုပ် ပင်ဖြစ်ပါ၏။
ညီမလေးရေ... တကယ်စိတ်မကောင်းပါဘူး။
ငါ့ညီမလေး ထင်ရှာရော့မယ်.... သူ့ ကိုဂရုမစိုက်ဘူးလို့ လေ။
မဟုတ်ဘူးနော်။ တကယ်တောင်းပန်ပါတယ်ကွယ်။
ပြန်ရေးပေးမယ်နော်။ ခွင့်လွှတ်ပါကွယ်။
ဖြစ်အောင်တော့ ရေးကိုရေးပစ်လိုက်ဦးမယ်။
ပထမဦးဆုံးရဖူးသောတက်ဂ်ကလေးရဲ့ ရှေ့မှာ ရရှိခဲ့ဖူးတဲ့ တက်ဂ်ဦးလေးလို့ လေ။
အကျွန်ုပ် Angel Shaper သည် အဖြစ်ချင်ဆုံးသောဆန္ဒဟူသည့်
ချစ်ငှက်မလေး၏ တက်ဂ်ပိုစ့်အား ကြိုးစား၍ မကြာမီရေးပေးပါမည်ဟု
ဤတောင်းပန်စာဖြင့် အများသိစေရန် ၀န်ခံဂတိပြု လက်မှတ်ထိုးပါ၏။
မကြာမီ၊ လာမည်၊ မျှော်......
ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.7.09 ( Sun; )
3:5 Am
ဟူးးးးးးးးး ပညာရှိသတိဖြစ်ခဲတဲ့။ (ခုထိမလျော့သေး....ဟိဟိ)
(အဟဲ... ငါ့တောင်းပန်စာလေး အာဇာနည်နေ့ အမှတ်တရ ပိုစ့်လေးတောင်
ဖြစ်မှန်းမသိဖြစ်သွားပါရော့လား ...ဟရို့ )
သူက " ကောင်းတယ်၊ နောက်ထပ် ဆက်ရေး၊ဆက်လုပ်နော် " ဆိုပြီး ကွန်မန့်နေရာမှာ စာရေးထားခဲ့တယ်လေ။ အဲလိုနဲ့ သူက ပထမဆုံးရောက်လာတဲ့ ဧည့်သည် ၀င်မန့် ခဲ့တဲ့သူပဲပေါ့။ အဲဒီ စာလေးတွေ့တော့ ပျော်လိုက်တာ ပါဆို၊ ရှိသမျှသူငယ်ချင်းတွေကို လိုက်ကြွားပြီး ၀င်ခိုင်းရတယ်။ တစ်ချို့ က မရဘူးတဲ့။ အာ... ဘာလို့ မရတာလဲ ဆိုပြီးတော့ ပြသနာရှာတယ်... စိတ်ကောက်တာပေါ့။ သူငယ်ချင်း အောင်ကို ၀င်လည်သွားပြီး လာလည်တယ် ဆိုတာလေးကို ပျော်လို့မဆုံး။ ဒါပေမယ့် နောက်နေ့တွေ ဘာမှကို မလုပ်ဖြစ်တော့သလို ကိုနောင်က "ဘာတွေ တင်ဖြစ်ပြီလဲ" မေးရင် ကိုယ်ကဘာမှမလုပ်တတ်ရှာတော့ ဘာမှမလုပ်ဖြစ်သေးဘူးပေါ့။ သူလုံးဝ သဘောမကျ ပါဘူး။ သူ့မှာ တော်တော်လေး ညစ်သွားပုံရတယ်။ ညစ်မှာပေါ့........ လို့ Angel Shaper.... ငယ်ငယ်ကတည်းက "ကျွန်တော်၏အကြောင်း" လို စာစီစာကုံးတောင် ဖြစ်အောင်ရေးတတ်တာ မဟုတ်ဘူးလေ။ သီချင်းသာ ဆုန်သင်းပါရ်တို့  တင်ဇာမော်တို့ ရှုံးအောင်ဆိုတတ်တာ။ (ဟဲ.. ဟဲ....ကြော်ငြာဝင်ခြင်းဖြစ်၏။)
ကိုနောင်လည်း နောက်ပိုင်း အွန်လိုင်းတက်မလာနိုင်တော့ ၁လကျော်၊ ၂လလောက် သူနဲ့ အဆက်အသွယ် လုံးဝ ပြတ်သွားတယ်။ ကိုယ်ကတော့ ကဗျာလေး တစ်ပုဒ်လေး နှစ်ပုဒ်လေး စမ်းရေးမိတယ်။ ပေးဆပ်သူက ကိုလွင်မင်းခန့်၊ ကိုနိုင်ကြီး၊ သူငယ်ချင်း အောင်ကို၊ သူငယ်ချင်း Richard (မှော်ဘီ)၊ မောင်လေး အားလီတို့တွေ သနားပြီး၊ နှစ်သိမ့်တဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့ ၀င်ပြီး မန့်ပေးကြရှာပါတယ်။ မမန့်ရင်လဲ ပြသနာအရှာခံရလို့ ပါမှာပေါ့။ သူတို့ မန့်ခဲ့တာလေးတွေကို ကိုယ့်မှာ ဖတ်လို့မဝ၊ ရှုလို့ မဝ ဖြစ်ခဲ့ရတယ်လေ။ ကိုယ်ကသာ ဘာမှမရေးတတ်တာ။
နောက်တော့ "မင်းဆိုဒ်လေးက လှပါရဲ့ မျက်စိကြိမ်းလိုက်တာဟယ်၊ မှောင်မည်းနေတာပဲ၊ တခုခုတော့လုပ်ပါဦး" ဆိုတဲ့ ကွန်မန့်တွေများလာတာနဲ့ပဲ တာချီလိတ်က သူငယ်ချင်းဟိန်းနီကို ဝင်ကြည့်ခိုင်းလိုက်တယ်။ ငါ့ဆိုဒ်လေးကို ဝင်မွှေပေးသွားပါပေါ့။ သူက သိပ်နားမလည်ပါဘူးဟာ။ Blogspot ပဲလုပ် အဲဒါလွယ်တယ်။ ငါလုပ်ပေးမယ် ဆိုပဲ။ အဲလိုနဲ့  သူက ကိုယ့်ကို ကူညီသင်ပေးရင်း နှစ်ယောက်သား ဘလော့စပေါ့လေးစတင်လုပ်ဖြစ်သွားတယ်။
တစ်နေ့ တော့ ပေးဆပ်သူမှာ တင်သမျှ အဟောင်းအသစ်တွေ အကုန်ဖတ်ပြီးလို့  လုပ်စရာမသိဖြစ်နေချိန်မှာ ဒီနေရာတွေလည်း သွားလည်ပါဆိုတဲ့ စာကြောင်းလေးအောက်မှာ သင်ပုန်းကြီးဖတ်စာဆိုတာလေးကို သွားတွေ့ လို့  ဝင်ကြည့်လိုက်တော့ (အကိုလား၊ မောင်လား မသိတဲ့) ရေတမာ ရေးထားတာလေးတွေ အများကြီးပဲ ဖတ်လို့ ကောင်းလိုက်တာ။ မသိတဲ့လူတွေ ဝင်မန့် လို့ မရဘူးထင်လို့ ၊ ဘာမှမမန့် ပဲ စာတွေ အကုန်ဖတ်သွားလိုက်တယ်။ အဲဒီကတဆင့် ကိုသားကြီး၊ မနိုင်းနိုင်းစနေ စတဲ့............ တွေ့သမျှ ဘလော့တွေ ဝင်မွှေကြည့်တယ်။ ဖတ်လို့ သိပ်ကောင်းလိုက်တဲ့ စာတွေပါဆို။
ကိုသားကြီးဆီရောက်သွားတော့ ကျားကလေးရဲ့ ပုံပြင်လေးနဲ့ တန်းတိုးတာပဲ။ ဝင်ဖတ်ပြီးတော့မှပဲ "It is My ရင်ဘတ်၊ and you can leave your ခြေရာ၊ But, not ဖနှောင့်၊ P; thank you" ဆိုတာလေးကို တွေ့တော့ သဘောကျလို့  ဝင်မန့် ကြည့်လိုက်တာ၊ ရသွားလို့ ပျော်လည်းပျော်၊ ကြောက်လဲကြောက်သွားသေးတယ်။ ချက်ချင်းပြန်လှည့်ပြေးလာတယ် တန်းနေတာပဲ.... ခစ်ခစ် (တစ်ခါမှ မမန့် ဘူးလို့ လေ)။ သူလိုက်လာပြီး လာလည်သွားကြောင်း၊ တန်းပလိတ်ချိန်းဖို့ မသွားကြောင်း၊ လာလည်သွားတာ ကျေးဇူးတင်ကြောင်း ရေးသွားတာ တွေ့တာ ပျော်ကြောက်ကြီး ဖြစ်ပြီး အဲဒီည အိပ်လို့တောင် မပျော်ဘူး။
(ရေးချင်သလို၊ လျှောက်ရေး လိုက်မိတာလေး၊ ကိုသားကြီးတစ်ယောက် ကျေနပ်မိပါစေလို့ )
ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.7.09 ( Sun; )
12:45 Am
လူ့လောကကြီးထဲမှာ တစ်နေ့ တစ်နေ့  လှုပ်ရှားရုန်းကန်နေကြရတယ်။
လူတွေလူတွေ မနက်အလုပ်သွား၊ ညနေ ပြန်လာ ဒီလိုနဲ့ ပဲ
တစ်နေ့ တာအချိန်တွေ ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။
တစ်ရက်တစ်ရက် စားဖို့ သောက်ဖို့  ဈေးသွား ဝယ်ခြမ်းပြီး၊ ပြင်ဆင် ချက်ပြုတ်၊
စားကြ သောက်ကြ၊ ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။
လှဖို့ ပဖို့  တစ်နေ့ တစ်နေ့  ပြင်ရဆင်ရ ဖြီးရ လိမ်းရ၊
ညနေမိုးချုပ် မိတ်ကပ်ပြန်ဖျက် မျက်နှာပြန်သစ်ရနဲ့ အင်းးးးးး ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။
အချစ်ဆုံးသူငယ်ချင်းတွေ တွေ့ကြဆုံကြ၊ ခင်ကြမင်ကြ၊ ပျော်ကြပါးကြ၊
ပြန်ခွဲခွာကြရနဲ့ သံသရာ စက်ဝိုင်းထဲ လည်ပတ်ရင်း ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။
ကောင်လေးနဲ့ ကောင်မလေး စတွေ့ ချစ်ကြိုက်၊ ခွဲကြ ကွဲကြ၊ အသည်းကွဲကြ
အချိန်တန်တော့လည်း ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။
ရွက်ဟောင်းတွေကြွေ ရွက်သစ်လေးတွေဝေလို့ 
အသက်လေးတွေ တဖြည်းဖြည်းကြီးရင့်လာတယ်၊ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်သေးဘူး။
ပြီးသွားတော့လည်း ပြီးသွားမှာပါပဲလား? ......
ဒါ လောကဓမ္မတာတဲ့လား? ........
အဲလိုမဖြစ်ချင်ဘူး..........
ဟင့်အင်း...... လွယ်လွယ်နဲ့ ဘာမှ ပြီးမသွားစေချင်ဘူး။
မျှော်လင့်ချက်လက်ကျန်လေးတွေ ပိုက်ထွေးလို့ 
ဘဝ.... ဘဝ.... လေးတွေ အတွက်
ဆက်လက် ကြိုးစား ရုန်းကန်ချင်သေးတယ်။
ဘဝတစ်ခု ပြီးဆုံးမသွားခင် တစ်ခုခုတော့ ဖြစ်ခဲ့ချင်သေးတယ်။ လုပ်ခဲ့ချင်သေးတယ်။
ဘဝဆိုတာကြီးကို ရေစုန်မမျှော လိုက်ချင်ဘူး။ မျှောမပစ်လိုက်နိုင်ဘူး။
ငါ..... ဘာလုပ်ရမလဲ... ဘာလုပ်သင့်လဲ?
ငါဘယ်လို ရှေ့ဆက်ကြိုးစား သွားရမလဲ?
ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.7.09 ( Sun; )
2:40 Am
လက်ဆောင်ဆိုတာ လူတိုင်းလက်ခံရှိခဲ့ဖူးကြ သလိုပဲ၊ ပြန်လည်ပေးခဲ့ကြဖူးပါတယ်။
မွေးနေ့ လက်ဆောင်၊ အမှတ်တရလက်ဆောင်၊ ............လက်ဆောင်....စသဖြင့်ပေါ့ အမျိုးမျိုးပေးခဲ့၊ ရခဲ့ ကြတယ်နော်။
Angel Shaper...... ရင်ဘတ်ထဲကနေ ပေးခဲ့ဖူးတဲ့ လက်ဆောင်တွေ၊ ရခဲ့ဖူးတွေ လက်ဆောင်တွေကို ပြန်ပြီး ထုတ်ပြောမနေချင်ပါဘူး။ ကြွားရာရောက်နေမှာစိုးလို့ ။ ဟီးး ဟီးးးးးးးး
ခုတော့ ပုဂ္ဂိုလ်အလိုက် ပေးချင်တဲ့ လက်ဆောင်လေးတွေကို ပြောပြချင်တယ်။
ပထမဆုံး....ကျေးဇူးရှင် ဖေဖေ့ကို ရိုသေခြင်းဆိုတဲ့ လက်ဆောင်လေးပေးချင်တယ်။
မေမေ့ကိုတော့ ကောင်းမွန်တဲ့ စာရိတ္တလေးပေါ့။
မိဘကိုရိုသေတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိတတ်ပေမယ့် တခါတခါ မရိုမသေလေး
ပြောမိ၊ဆိုမိ၊ ပြုမူမိနေတတ်သေးလို့ပါ။ ပြီးတော့ ကိုယ့်ကို ပုံသက်သေကောင်းတွေ ပြခဲ့ကြပါလျက်နဲ့ 
ကြမ်းတမ်းတဲ့ အပြုအမူလေးတွေကို လုပ်ပြမိတတ်တယ်လေ။
ကိုယ့်ရဲ့ မသိတတ်မှုလေးတွေက သူတို့ အပေါ် သောကတွေဘယ်လောက်များ ပေးမိနေပြီလဲ ဆိုတာ မစဉ်းစားရဲပါဘူး။ ဒါကြောင့် သားသမီးရတာနာ ထက် သားသမီးရတနာလေး ပိုဖြစ်ချင်ပါတယ်။
မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေအပေါ်မှာတော့ နားထောင်ခြင်းဆိုတဲ့ လက်ဆောင်လေးပေးလိုက်မယ်။ Angel Shaper က ကိုယ်ပဲ ပြောပြချင်ပြီး လူတဖက်သားကို နားထောင်ပေးရမှာ တခါတခါ အတ္တကြီးစွာ မေ့လျော့တတ်လို့ ပါ။
မိတ်ဆွေတွေရဲ့ စကားကို နားထောင်ပေးမှ အသိပညာတိုးမယ်၊ နောက်ပိုင်းလိုအပ်ရင် သူတို့ ကိုတောင် ပြန်ကူညီလို့ ရတာပေါ့။
ကိုယ့်ကို ရန်သူလို့သဘောထားသူတွေကိုတော့ ခွင့်လွှတ်ခြင်းဆိုတဲ့ လက်ဆောင်လေး ပေးလိုက်ပါ့မယ်။
ဒါမှ ကိုယ့်ရဲ့ ရန်သူက ကိုယ့်ရဲ့ မေတ္တာ၊ စေတနာ ကိုနားလည်ပြီး ကိုယ့်ရဲ့ အကောင်းမွန်ဆုံးသော
မိတ်ဆွေတောင် ပြန်ဖြစ်နိုင်သေးတာပဲ။ မနာလို မုန်းတီးမှုတွေလည်း မရှိတော့ဘူးပေါ့။
ကိုယ့်ရဲ့ ပြိုင်ဘက်အပေါ်မှာတော့ သည်းခံပေးဖို့  ဆုံးဖြတ်လိုက်တယ်။
ဒါမှ သူ့ ဆီက အကြံဥာဏ်တွေတောင် ပြန်ယူလို့ ရမယ်လေ။
ကိုယ်တောင် ပိုတိုးတက် ဦးမယ်နော်။
လူသားတွေအားလုံးအပေါ်မှာ Angel Shaper ပေးမဲ့ လက်ဆောင်ကတော့
ဖြူစင်တဲ့ မေတ္တာဂရုဏာလေးပေါ့။
ဘာလို့ လဲ ဆိုတော့ မေတ္တာဆိုတာ သူတပါးအတွက် အာဟာရ ဖြစ်သလို
ကိုယ့်တွက်လဲ အာဟာရ ဖြစ်လို့ ပါ။
မောင်တွေ၊ ညီမတွေ၊ အငယ်လေးတွေအပေါ်မှာတော့ ကောင်းမွန်တဲ့ ပုံသက်သေလေးတွေ ပေးချင်ပါတယ်။
ဒါမှ ဘာမှနားမလည် မသိတတ်သေးတဲ့ အဖြူထည်လေးတွေ
ကမ္ဘာကြီးကို ငြိမ်းချမ်းလှပအောင် စွမ်းဆောင်တဲ့ အချိန်မှာ အသုံးလေးတော့ ဝင်မှာပေါ့။
ကိုယ့်ကိုယ်ကိုတော့ လေးစားခြင်းဆိုတဲ့ လက်ဆောင်လေးကို ဂုဏ်ယူစွာ ပေးလိုက်ချင်ပါတယ်။
ကိုယ့်ကိုယ်ကိုမှ မလေးစားရင် ဘယ်သူမှ လေးစားမှာ မဟုတ်လို့ ပေါ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ၊ လေးစားနိုင်ဖို့ ကတော့ အတော်လေးကို ခက်ခဲတဲ့ အရာလေးပါ။
ဘာလို့ လဲဆိုတော့ ကိုယ့်ကိုယ်ကို အရင် ပြန်ဆန်းစစ်ဖို့ ၊ ပုံသွင်းဖို့ ၊ ဆုံးမဖို့ ၊ ပြုပြင်ဖို့ ကို လူတွေက မိုက်မဲစွာ လျစ်လျူရှုထားတတ်မိကြတာကိုး............... ကိုယ်ကိုယ်တိုင်လည်း ထိပ်ဆုံးက ပါဝင်တယ်လေ။
ဒီလက်ဆောင်လေးတွေကို Angel Shaper ပေးနိုင်ခဲ့ပြီလို့  မပြောလိုပါဘူး။
ဒီအချိန်ကစပြီး ပေးနိုင်အောင်ကြိုးစားကြဖို့  အားလုံးကို ဖိတ်ခေါ်ရင်း၊ ပြန် သတိပေးလိုက်တာပါ။
ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်ကြတာပဲမို့ လား။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
9.7.09 ( Thur; )
1:40 pm
အကယ်၍သာ....
ပွင့်သောပန်းတိုင်း ထာဝရတည်ရှိမည်ဆိုလျှင်
ဤကမ္ဘာကြီးသည် ပန်းတို့ နှင့် လွှမ်းခြုံထားသော
ကမ္ဘာလုံး တစ်ခုနှင့် တူနေပေမည်။
မေတ္တာဟူသော ဝေါဟာရကို ကြွေးကြော်တိုင်းသာ ပီပြင်လာမည် ဆိုလျှင်
ဤကမ္ဘာလောကကြီးသည် မေတ္တာတို့ နှင့် လွှမ်းခြုံထားသော
ပျော်ရွှင်စရာ လှပသောနေရာလေး တစ်ခုနှင့် တူနေပေလိမ့်မည်။
သို့ သော်.....
ပွင့်သောပန်းတို့  နွမ်းကြွေ ခြောက်သွေ့ကာ
ပျက်စီး ပျောက်ကွယ်ခဲ့ရ သကဲ့သို့ 
ကြွေးကြော်သော မေတ္တာတို့ သည်လည်း လေထဲလွင့်ပါ ပျောက်လွင့်ရ စမြဲပင်။
သို့ ရာတွင်....
ပျက်စီးဆုံးပါးသွားသော ပန်းပွင့်လေးများနေရာတွင်
အခြားအပင်မှ ပန်းပွင့်ကလေးများဖြင့် အစားထိုးလိုက်ခြင်းကြောင့်သာ
ဤကမ္ဘာကြီးတွင် ပန်းတို့ သည် တည်မြဲနေရခြင်း ဖြစ်သည်။
ထိုနည်းတူစွာ....
အောင်မြင်မှု မရှိပဲ ဆုံးရှုံးခဲ့ရသည့် မေတ္တာတို့ နေရာတွင်
အခြားသော အပင်သစ်ကလေးများကို စိုက်ပျိုးပေးကြပါက
ဤလူ့ ကမ္ဘာတွင် မေတ္တာသည် ဆက်လက်ရှင်သန်နေဦးမည်သာ............
သမီးရဲ့ မြန်မာစာဆရာ ဆရာလင်းချင်း သင်ပေးခဲ့ဖူးတဲ့ ကဗျာတွေ စာတွေထဲက
မှတ်သားထားတာလေးကို ပြန်ပြီး ပုံဖော်လိုက်မိတာပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
4.7.09 ( Sat; )
11:30 Pm
မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို မင်းတတ်နိုင်သမျှ မာယာတွေနဲ့ 
ဖြားယောင်းသွေးဆောင်ခဲ့ပြီး၊
အဲဒီမိန်းကလေးဟာ မင်းရဲ့ မာယာတွေ ထဲမှာ အလဲလဲ အပြိုပြို ငြိတွယ် ဆင်းသက်ခဲ့ပြီးကာမှ
မင်းက ဘာမှမလုပ်လိုက်မိသလို၊ အေးတိအေးစက်နဲ့  ပျောက်ကွယ်သွားတော့
အဲဒီ မိန်းကလေးမှာ မင်းကို နားမလည်နိုင်တော့ ပဲ...........
မင်း ပစ်လွှတ်လိုက်တဲ့ မြှားချက်တွေ တပွေ့ တပိုက်ကြီးနဲ့ 
မင်းကို စောင့်မျှော်ရင်း.............
တန်ဖိုးရှိလှတဲ့ သူ့ ရဲ့ အနာဂတ်လေးတွေ မှေးမှိန်သွားကုန်တော့တာပေါ့။
မင်းနောက် အဲလို မလုပ်မိပါစေနဲ့ တော့ကွာ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.7.09 ( Thur; )
1:40 Am
သူငယ်ချင်း..........
နင့်ကို ငါ အကြိမ်ကြိမ် အခါခါ ပြောခဲ့ပါရဲ့နဲ့ 
ငါ့စကားကို နင်နားမထောင်ခဲ့ဘူးနော်။
ဘာလဲ....
ငါ့စေတနာကို နင်အသိအမှတ်မပြုတာလား.....
ဒါမှမဟုတ်....... ဂရုကိုမစိုက်ခဲ့တာလား... ဟင် ............
သူငယ်ချင်းရယ်... နင်ဟာ......
ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါဟာ။
နင် သူနဲ့ စချတ်တဲ့ အချိန် ငါ မှတ်မိပါသေးတယ်။
ပထမဆုံး မိတ်ဆက်ကြ၊ ဓာတ်ပုံတွေ ပို့ ၊
သူငယ်ချင်းတွေဖြစ်လို့ ။
ငါတောင်ပြောခဲ့သေးတာပဲ......
သူပို့ တဲ့ ဓာတ်ပုံ ကသူဖြစ်ချင်မှဖြစ်မယ်လို့ လေ။
နင်....ညည မအိပ်ပဲသူနဲ့ ချတ်ပြီး၊
နောက်တော့ ချစ်သူတွေဖြစ်သွား ကြတယ်ဟုတ်။
နင့်မှာ သူနဲ့ ချစ်သူတွေလဲဖြစ်ရော သူငယ်ချင်းတွေကို ပစ်ထား၊
ကွန်ပျူတာနဲ့ ပဲ တချိန်လုံး အချိန်ကုန်ပြီး
မနက်မိုးလင်းလို့  နင့်ကိုလာကြည့်ရင် နားမှာ နားကြပ်ကြီးတန်းလန်းနဲ့ ။
ငါ့မှာဆို စိတ်တောင်မကောင်းဘူး၊ နားရင်းထတီး ချင်စိတ်လဲ ဖြစ်မိတယ်။ ဟင်းးးး
အင်း ခုဆို........ ငါကြိုက်တဲ့ နင့်လက်ရာ.... ပဲကုလားဟင်းသီးစုံ ချဉ်ရည်နဲ့ 
ကြက်သားဟင်း လေးကို တောင် နင် ချက်မကျွေးတာ ဘယ်လောက်ကြာပြီလဲ။ ဟွန်းးးးးးးး
နင့်လက်ရာ စားရဖို့ နေနေသာသာ၊ အစားတောင် နင်မှန်မှန် မစားနိုင်တော့ဘူးမို့ လား။
ငါနင့်ကို ပြောလိုက်ရင် ပြုံးပြုံးလေးနဲ့  ပြန်မပြော၊ နားမထောင် လုပ်ခဲ့တာ
ခုလို နင်ခံစားရဖို့ ဖြစ်မယ်ဆိုတာ..... အဲဒီအချိန်ကတည်းက နင်သိခဲ့ရင်
ငါ့စကား နားထောင်ဖြစ်မလားဟင်................
ငါ နင့်ကိုပြောခဲ့တာ မှတ်မိသေးလား........
အဲဒီလို ချစ်တယ်ဆိုတဲ့ စကားလုံးတွေဟာ......
ကွန်ပျူတာရဲ့ ကီးဘုတ်ပေါ်က ထွက်ကျလာတဲ့ စကားလုံးတွေပါလို့ ။
ငါ နင့်ကို အထင်သေးဖို့ မပြောခဲ့သလို၊
အထင်ကြီး ပြီး ဇွတ်မှိတ်ယုံလိုက်ဖို့ လဲ အကြံမပေးခဲ့ဘူး မို့ လား။
ခုလို........
နင်ရင်နာကြေကွဲနေတာမြင်ရရင်
ငါ နင့်ထက်ပို ပြီး ရင်နာတယ်၊ ခံပြင်းတယ်ဆိုတာ နင်ယုံကြည်ပေးပါဟာ။
ငါဆိုတဲ့ လူဟာလဲ နင်တို့ လို သူငယ်ချင်းတွေ အပေါ်မှာ အဲလောက်သံယောဇဉ် တွယ်တာတတ်တာနင်အသိဆုံးပါ။
နင့်ထက် ငယ်ပေမယ့်၊ နင့်ထက် အသက်ကြီးတဲ့ သူတွေနဲ့ ပဲ
ပေါင်းသင်းလာခဲ့တဲ့ ငါလို ကလေးဆိုးတစ်ယောက်ရဲ့ စကားကို နင် အရေးမထားခဲ့တာ
ငါသိပ်ဝမ်းနည်းတယ်။
ခုတော့ သူနင့်ကို BLOCK လုပ်လိုက်ပြီ။
နင်လဲ ကြေကွဲ ခံစားနေရပြီ။
ငိုကြွေးနေရပြီလေ။
င့ါမှာ နင့်အတွက် ရင်ဘတ်ထဲက ခံပြင်းစိတ်လေးတွေ၊ သူ့ ကိုမုန်းတီးတဲ့စိတ်လေးတွေ မျိုသိပ်ပြီး
လိုက်စုံစမ်းပေးခဲ့ရတာ သူက ကလေးအဖေ ဖြစ်နေတယ်လေဟာ..................
ကဲ..... ငါတို့ တွေ ဘာဆက်လုပ်သင့်လဲ......
ဘာဆက်လုပ်ကြမလဲ..........................................
ကဲ.... သူငယ်ချင်းရေ....
မလိုအပ်တဲ့ အပေါစားခံစားချက်လေးတွေကို ဘေးချိတ်ထားလိုက်စမ်းပါဟာ.....
နင့်ကို မှမရရင် ငါသေမှာပဲ ဆိုပြီး၊ တကယ်လဲ ကွဲရော...
နှာစေးချောင်းဆိုးလေးတောင် မဖြစ်ကြပါဘူး ဟ .... ဟဟားးးးးးးးးးး
တန်ဖိုးရှိတဲ့ အနာဂတ်သစ် အတွက် နေ့ သစ်တွေကို စိတ်သစ်ကိုယ်သစ်နဲ့ 
ကြိုးစား လျှောက်လှမ်းကြပါစို့ ဟာ... နော်။။။။။
ဒါကိုယ့်စိတ်ကူးလေးပါနော်။
ဟီးးးးးး ကြိုပြီး ဖြေရှင်းမထားရင် ငှက်ကလေးနဲ့ ကိုသားကြီးက အသေတွယ်တာ။
အမှန်အတိုင်းလုပ်ပါဟာ အချင်းချင်းပဲ ဆိုတာမျိုး၊
မမရေ ကိုယ်တွေ့ လားဆိုတာမျိုး တွေ လာဦးမယ်လေ....ဟဟဟားးးးးးးး
ဒါကြောင့် ကြားဖူးနေကျတွေထဲက အရာလေးတွေကို စေတနာစိတ်လေးနဲ့  လျှောက်ရေးကြည့်တာပါလို့ ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.7.09 ( Thur; )
1:40 Am