အဖြစ်ချင်ဆုံးဆန္ဒတွေကိုရေးရမယ်ဆိုရင်တော့ ဆုံးတော့မယ်မထင်။
ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်လည်းလေ လောကီသားပေမို့  ဖြစ်ချင်တဲ့၊
လုပ်ချင်တဲ့ ဆန္ဒတွေက ခပ်များများရယ်။


များလွန်းလို့ မေ့လျော့နေတဲ့ ဆန္ဒလေးတွေလဲ ရှိနေပါပြီ.... ဒါတွေထားပါလေ........
ကဲ...ကဲ.... စရေးပါတော့မယ်။။ ငယ်ငယ်ကတည်းက မှတ်မိတဲ့ ဆန္ဒလေးတွေက စပါမယ်။
ငယ်ငယ်ကတော့ ကလေးထုံးစံပေါ့၊ ပညာတတ်ကြီး ဖြစ်ချင်ခဲ့တယ်။
ဘွဲ့ ဦးထုတ် အများကြီးဆောင်းရတဲ့ ပညာတတ်ကြီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်လေ။
သိတတ်စအရွယ်မှာတော့ Angel Shaper ဤသို့ အရူးထခဲ့သည် ဆိုတဲ့ ပိုစ့်လေးမှာရေးခဲ့သလိုပဲ
သီချင်းဆိုရတာကို ပျော်တယ်။ ကြီးလာရင်တော့ အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒလေး(ခုထိ) ရှိတယ်။

အိမ်မှာတော့ တို့ ရဲ့ ဟီးရိုးကြီးတွေက အဘိုးနဲ့ အဖေပေါ့။
သူတို့ လို လူတွေကို စေတနာထား၊ ကူညီရိုင်းပင်းပြီး၊ သူများအကျိုးသယ်ပိုးပေးတတ်တဲ့ စိတ်ထားလေးတွေ၊
သားသမီးတွေအပေါ်မှာ ပုံသက်သေကောင်းပြခဲ့တဲ့ အရည်အသွေးလေးတွေအတွက် လေးစားရ၊ အရမ်းချစ်ရလို့ 
ငါကြီးလာရင်တော့ သူတို့ လို ဖြစ်ချင်တယ် ဆိုတဲ့ ဆန္ဒလေးလဲ ဖြစ်ခဲ့တယ်။

အဲလိုပဲ တစ်နှစ်ပြီးတစ်နှစ် အသက်လေးလဲ တစ်ဖြည်းဖြည်း ပြောင်းလဲလာသလို၊
လူအမျိုးမျိုးနဲ့ တွေ့ ကြုံခင်မင်လာရတယ်။
ရောက်ရှိကျင်လည်ရတဲ့ ပတ်ဝန်းကျင်လဲ အသစ်အဆန်းများ လာတာနဲ့အမျှ
ဖြစ်ချင်တဲ့ဆန္ဒလေးတွေကလဲ အော်တို ပြောင်းလဲလာတယ်လေ။

တို့ ခုနှစ်တန်းနှစ်မှာတော့ တို့ ကို အရမ်းချစ်ပြီး ခင်ဖို့ အရမ်းကောင်းတဲ့ ဘေးအိမ်က အန်တီကြီး အဖမ်းခံရတယ်။
သူ့ ကိုမတရားတဲ့ အမှုစစ်နည်းနဲ့ အပြစ်ဒဏ် ၁၂နှစ်အချခံရတဲ့နောက်ပိုင်းမှာတော့ အဲလို မတရားတဲ့အမှုတွေကို
တရားတဲ့ နည်းနဲ့ ဖြေရှင်းပေးနိုင်တဲ့ တရားသူကြီးကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။

ရှစ်တန်းနှစ်မှာတော့ အတန်းပိုင်ဆရာမက တစ်ယောက်ချင်းစီ ဖြစ်ချင်တဲ့ဆန္ဒလေးတွေ ထပြောခိုင်းတယ်။
တို့ လဲ ၀ံ့ဝံ့ကြွားကြွားနဲ့ပဲ " သမီး တရားသူကြီး ဖြစ်ချင်တယ် " လို့ ဖြေခဲ့တယ်။
အဲဒီအတန်းချိန်လဲ ပြီးရော အတန်းထဲက ကောင်လေးတွေက လိုက်စတယ်။
" ဟေ့ကောင်၊ နင်တရားသူကြီးဖြစ်ရင် ငါတို့ ကိုတော့ လျော့လျော့ပေါ့ပေါ့လေး အပြစ်ဒဏ်ချပေါ့ဟာ " တဲ့။
တို့ လည်း ပြန်မေးလိုက်တာပေါ့။ " နေစမ်းပါဦး၊ နင်တို့ က ဘာအမှုနဲ့ ရောက်လာကြမှာလဲ " ဆိုတော့၊
" တရားသူကြီးကို ဖက်နမ်းတဲ့ အမှုနဲ့ ပေါ့ဟဲ့ " တဲ့။
ချက်ချင်း အပြစ်ဒဏ်ချမှတ်ပေးခဲ့တယ်။ " ဟေ့ကောင်တွေ၊ သေဒဏ်ပဲ၊ ဟွင်းးးးး "
လို့ လေ။

နောက် ၁၀တန်းနှစ်မှာတော့ ကျန်းမာရေးအရမ်းချူချာလို့  အရမ်းကို ကျန်းမာချင်တာပဲ။
လူတွေအားလုံးကိုလဲ ကျန်းမာစေချင်တယ်။
အဲလိုနဲ့ ပဲ လူတွေကျန်းမာအောင်ကူညီပေးတဲ့ ဆရာဝန်အရမ်းဖြစ်ချင်ခဲ့ပြန်တယ်လေ။

ပြီးတော့ သူငယ်ချင်းတွေနဲ့  အိပ်မက်လေးတွေကို
အကောင်အထည် အတူတူဖော်ဖို့ ကြိုးစားခဲ့ချင်သေးတယ်လေ။
နောက်တော့လည်း တစ်နယ်စီ ခွဲခွာခဲ့ရပြန်တော့ မလုပ်ဖြစ်ပြန်ဘူး။

ရည်းစားလေး ထားမိခဲ့ပြန်တော့လည်း သူ့ ကိုပဲချစ်ချင်ခဲ့တယ်။
ကိုယ်လဲ သူ့ ကိုပဲ ချစ်ချင်ခဲ့သလို၊ သူလဲ ကိုယ့်တစ်ယောက်ထဲကိုပဲ ချစ်နေစေချင်တယ်။
ကိုယ့်အတ္တလေးပဲပေါ့ကွာ... မုန့် ကိုသာ ဝေစားတတ်တာ၊ အချစ်ကျ ဝေမစားနိုင်ပြန်ဘူးလေ။ဟိဟိ
အဲဂလို......အတ္တဆန်ဆန် ဆန္ဒလေးလည်း ရှိခဲ့ဖူးတယ်လို့ ။
ဒါပေမဲ့ပေါ့.... သူလဲလေ လောကီသားပေမို့ ................

ပညာတတ်ဖြစ်ချင်တဲ့ Angel Shaper တစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့  နိုင်ငံခြားကျောင်းတက်ဖို့ 
သင်တန်းတွေလိုက်တက်၊ IELTS တွေလိုက်ဖြေနဲ့  လုံးပမ်းလာတာ
အဆင်မပြေမှုတွေနဲ့ ပဲ ကြုံခဲ့ရတယ်။
ခုတော့လဲ ကုလားမျိုးစုံ ( ကုလားမျိုးစုံဆိုတာ ကုလားဖြူ၊ ကုလားမဲ၊ ကုလားနီ၊ ကုလားဝါ၊ ကုလားပြာ၊ ကုလား......) ပေါတဲ့
နိုင်ငံမှာအလုပ်ရလို့ ဘာရယ်မဟုတ် လာလုပ်နေတယ်။

ပျော်တယ်လဲ မဟုတ်၊ မပျော်ဘူးလဲ မဟုတ် နဲ့  နေလာတာ တစ်နှစ်ပြည့်တော့မယ်။
နိုဝင်ဘာလကို အန်တီ့ဆီလည်ရင်း သူငယ်ချင်းတွေအားလုံးနဲ့  ဆုံဖို့ အရမ်း ကို အားခဲထားတာ။
အန်တီကလည်း အဓိက ကိုယ့်ကို လွမ်းလို့ တွေ့ ချင်တာရယ်၊
သူငယ်ချင်းတွေနဲ့ ပေးဆုံချင်တာရယ်ကြောင့်ခေါ်နေတာပါ။
အဲဒါ နိုဝင်ဘာလ ခွင့်တင်တော့ မရခဲ့ဘူး၊ ဒီနိုင်ငံက ဥပုဒ် ရှိသတဲ့လေ။
အဲဒီဆန္ဒလေးလဲ မပြည့်တော့ပြန်ဘူးပေါ့။

ခုတော့လဲ လုပ်ချင်ရာ လျှောက်လုပ်ပြီး၊ ရေးချင်ရာ လျှောက်ရေးတဲ့
Angel Shaper တစ်ယောက် ဘလော့ဂါ မောင်နှမအိမ်တွေပဲ လည်ပတ်ပြီး
စာဖတ်သူလိုက်လုပ်ဖို့ ဆန္ဒလေး ပြင်းပြင်းပြပြ ဖြစ်လာခဲ့ပြန်ပေါ့။
ကိုသီဟသစ်နဲ့ ရေတမာပြောတဲ့ ဘလော့ဆိုတာ....
Angel Shaper အတွက်ကတော့
ရင်ဘတ်ထဲက အရာအားလုံးကို သွန်ချလို့ ကောင်းတဲ့ နေရာလေးတစ်ခု
လို့ သာဆိုလိုက်ချင်ပါတယ်။
မောင်နှမအိမ်တွေသွားလည်တာကျတော့ စိတ်အစာကျွေးပြီး၊ အပမ်းဖြေ တာပေါ့။
ရင်ဘတ်ထဲမှာ ပြည့်လာရင်တော့ ကြိုးစားပြီး အန်ထုတ်ပ့ါမယ်....
အဲဒီအခါတော့ မမေ့မလျော့ လာခဲ့ကြဦးပေါ့။

နောက်......လုပ်ချင်နေတဲ့ ဆန္ဒတစ်ခုလေးအတွက် ပိုက်ဆံစုဖို့  ကြိုးစားရဦးမယ်။
ဘာဆန္ဒလဲတော့မမေးရဘူးနော်။
အသေသတ်............ပြောဘူးးဟူးးးးဟူးးးး
P;;;; ကိုသားကြီး နဲ့  ငှက်ကလေးသိတယ် ဝေ့....
တလွဲ ထင်ကြမှာစိုးလို့ ... ကြိုဖြေရှင်းရတယ်။ ဒီနှစ်ယောက်က လွယ်ကိုမလွယ်တာ....
မဟုတ်ကဟုတ်က တွေးပေးနေမှာစိုးလို့ လေ....ဟိဟိ

ဒီလိုပါပဲ..... ကိုယ်လည်းလေ လောကီသားပေမို့ ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီးနဲ့ 
မဖြစ်ခဲ့၊ မပြည့်စုံခဲ့တဲ့ ဆန္ဒတွေအားလုံးအတွက် မချိတင်ကဲ ဖြစ်ရုံကလွဲလို့ ......
ဘာမှမတတ်နိုင်လေတော့
မဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေနောက်ကိုလိုက်ရင်းးးးးးးးးးးးးးးးးးးးး
ဆန္ဒလေးများစွာပြည့်စုံဖို့ ......ကြိုးစားလိုက်ဦးမယ်။

မပီပြင်ခဲ့တဲ့ တို့ ရဲ့ ဆန္ဒလေးတွေပါ။ ချစ်တဲ့ ငှက်ကလေး နဲ့  အားလုံးသော မောင်နှမများ ကျေနပ်နိုင်ပါစေနော်။


ချစ်ခြင်းများစွာဖြင့်
Angel Shaper
22.7.09 ( Wed; )
11:45 Pm

20 comments:

သယ်ရင်းရေ
နင်နဲ့ငါနဲ့တူနေပြီ ငါ့အဖေဟာခုချိန်ထိငါ့အတွက်
ဟီးရိုးကြီးပါပဲ အဖေငါ့ကိုပြောပြခဲ့တဲ့သင်ခန်းစာတွေက သူ့ဘဝကရတဲ့အသိတွေချည်းမို့ ဘယ်စာအုပ်ကမှ ပြဋ္ဌာန်းထားတဲ့ သင်ရိုးတွေတော့မဟုတ်ခဲ့ဘူး တနေ့ကျရင်ငါဟာ ငါ့အဖေလို အဖေမျိုးဖြစ်ချင်တယ်
သယ်ရင်းပြောသလိုပါပဲ ရောက်ရှိနေထိုင်တဲ့ပတ်ဝန်းကျင်အပြောင်းအလဲကြောင့်
ဖြစ်ချင်တဲ့ဆန္ဒတွေလည်းအော်တိုပြောင်းပြောင်းနေလေရဲ့
မှန်တာပြောရမယ်ဆိုရင် ကိုယ့်ဘဝကိုကိုယ်တကယ်မကျေနပ်ပါဘူး မျှော်လင့်ထားသမျှမဖြစ်ခဲ့တာတွေချည်းများတော့ ဖြစ်ချင်တဲ့မျှော်လင့်ချက်တွေလည်းတဖြည်းဖြည်းနည်းပါးလာနေပြီ
သယ်ရင်းရေ...တရားသူကြီးဖြစ်တာချင်းတူ တရားမျှတတဲ့တိုင်းပြည်ကဖြစ်တာပဲပိုကောင်းပါတယ် နီးရာဓါးကိုကြောက်နေရရင်တော့ တရားဆိုတာလည်း မတရားနိုင်တော့ဘူးပေါ့
ကောင်လေးတွေကိုသေဒဏ်ချမှာတော့ ပြင်းထန်လွန်းပါတယ်ကွယ် တစ်သက်တစ်ကျွန်းဆိုမကောင်းဘူးလား ထောင်ချပစ်လိုက်ပေါ့ ရိုးရိုးထောင်ကိုပြောတာပါ ဟဲဟဲ
ငှက်လေးရေ...နောက်ဆုံးဆန္ဒတစ်ခုကိုတို့တွေလျှိုထားရအောင်နော်
ပြောဖူး စိတ်ချ ဖြစ်လာမှပဲ အားလုံး ဟင်ကနဲ ဟာကနဲဖြစ်သွားရအောင်လေ ကောင်းဘူးလား?

11111111111111
ရင်ဘတ်ထဲက အရာအားလုံးကို သွန်းချလို့ ကောင်းတဲ့ နေရာလေးတစ်ခု

မိုက်တယ်
ဆန္ဒလေးတွေ ပြည်.ဝပါစေ

ဟီး ၁၁၁၁၁ ထင်ပီးဝမ်းသာအားရရိုက်လိုက်တာ
မဟုတ်ရင် ဖြက်ပေးနော်

အဖြစ်ချင်ဆုံးဆန္ဒလေး ဖြစ်တဲ့
ဒီနေ့ ထိလဲဖြစ်ချင်နေတယ်ဆိုတဲ့
အဆိုတော်လေးဖြစ်လာပါစေ
ဖြစ်ရင် အရင်ဆုံးဆုတောင်းပေးထားတာနော်
သိတယ်ဟုတ် မမေ့ကြေးးးးးး

မြူးလေး

အဖြစ်နိုင်ဆုံးဆန္ဒလေးတွေ အမြန်ဆုံးဖြစ်ပါစေ။ ဖြစ်ချင်တဲ့ ဆန္ဒတွေ တဖြည်းဖြည်း ဖြစ်လာပါစေ။


မင်း ဆိတ်အစာကျွေးပြီး အန်ထုတ်ရင်တော့ ကျုပ်မလာချင်ဘူးကွယ် :P

လိုရာဆန္ဒတလုံးတ၀ကြီး ပြည့်စုံပါစေသား... ဟီး...

ဖြစ်ချင်တာတွေ ဖြစ်ပါစေ..ဖြစ်ချင်နေတာတွေ များနေသလိုပဲ :)

ဖြစ်ချင်တဲ့ဆန္ဒလေး..အမြန်ပြည့်ဝပါစေ..နော်

ဆန္ဒတွေကများလိုက်တာရော... ဟုတ်တယ် ... နောင့် လဲ ငယ်ငယ်တုန်းက အမျိုးထဲက ၀င်ငွေ ကောင်းတဲ့ ဦးလေး နဲ့ အန်တီက အင်ဂျင်နီယာ ဆိုတော့ ဘယ်အချိန်မေးမေး အင်ဂျင်နီယာ ဖြစ်ချင်တယ်ပဲ ပြောတာ.....။ ခုတော့လဲ .....း) အင်ဂျင်နီယာ နဲ့ လားလား မှမဆိုင်တဲ့ Accountant ဖြစ်နေရတယ်... ဘ၀ ဘ၀ ဘ၀ ပေါ့... လုပ်သလို မဖြစ်လာတော့ ဖြစ်သလိုလေးပဲ လုပ်ရတော့တာပေါ့...။

=)
အစအဆုံး သေချာဖတ်သွားပါတယ်ဗျာ။
ပြီးတော့ ခေါင်းနဲနဲ မူးသွားတယ်။
ဖြစ်ချင်တာတွေ များလွန်းတာကို လိုက်မှတ်လိုက်ရလို့။ အဟီး။ =P

ဆန္ဒဆိုတာအခြေအနေပေါ်မှာမူတည်ပြီးပြောင်းလဲတတ် တယ်လို့ခံယူထားသူမို့ နားလည်ခံစားဖတ်ရှုသွားပါတယ် ဆန္ဒတွေအားလုံးပြည့်ဝနိုင်ပါစေ။

ဖြစ်ချင်တာတွေကို ဖြစ်အောက်ကြိုးစားကြည့်ပေါ့
လောကကို အရှုံမပေးနဲ့ 

ဒီလိုပါဘဲဟယ်။ ဘဝဆိုတာ ကိုယ်လုပ်ယူလို့ မရတာတွေ အများကြီးဘဲလေ။

မေလေးလဲငယ်ငယ်က ဆရာဝန်သိပ်ဖြစ်ချင်ခဲ့တာ။
ကိုယ်ဘက်က ဘာမှမမှားဘဲနဲ့ ခါးသီးတဲ့နေ့ရက်တွေ ဖြတ်ခဲ့ရတယ်။


အခုတော့လဲ ဘဝက ပုံသေအသားကျပျော်ဝင်အောင် ကြိုးစားနေရပါတယ်လေ.

ဖြစ်ချင်တာရယ်၊ဖြစ်နေတာရယ်၊ဖြစ်သင့်တာရယ်
တစ်ထပ်ထဲ ကျပါစေနော်။

အဖြစ်ချင်ဆုံးဆန္ဒလေးတွေ လာဖတ်တယ်။ ကုလားမျိုးစုံပေါတဲ့ ကုလားပြည်မှာ မလုပ်ချင် လုပ်ချင်နဲ့ အလုပ်လုပ်နေရတာ ကိုယ်ချင်းစာတယ်။ တူတာတစ်ခုရှိသေးတယ်။ ငယ်ငယ်က တရားသူကြီး ဖြစ်ချင်တာချင်းလဲ တူတယ်။

ဲဖြစ်ချင်တဲ့ဆန္ဒလေးတွေ အမြန် ပြည့်ပါစေ။

ဆန္ဒတွေ ပြည့်ပါစေ ညီမလေးး

ဟဟဟ တဂ်ထားတဲ့ ညီမက နောက်ကျတယ် ဟဟဟ ခွင့်လွှတ်ကွယ်နော် ဖတ်သွားတယ် အစအဆုံး ဟိဟိ ဟုတ်ပြီလေ နောက်ဆုံးဆန္ဒကို ညီမတို့တွေ လျှို့ဝှက်ထားတာပေါ့ နော့် ဟုတ်ဖူးလား ညီမ တကယ်ကို အဲဒါလေး လုပ်ချင်ပါတယ် အမှတ်တရပေါ့ မမရေ ကျေးဇူးနော် ရေးပေးတာ

ဘိုင် ဆန္ဒများ အားလုံးပြည့်ဝ စေသားးးးးးးးးးးးး

ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကို ပြန်တွေးမိရင် အခုတွေး အခု မျက်ရည်ဖြိုင်ဖြိုင်ကျပါတယ် အမရေ :(
အဖြစ်ချင်ဆုံး ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးမယ်နော်

အဖြစ်ချင်ဆုံး ဆန္ဒလေး အတွက် ပိုက်ဆံ စုနေတယ်ဆိုတော့ မဟုတ်မှ လွဲရော ... အဲတာပဲ ဖြစ်ရမယ်.. (တိုးတိုးလေး ပြောလိုက်တယ် )

တရားသူကြီး ...ခုတော့ မတရားသူကြီး တွေသာ များ နေတာ ... တော်တော်ကြာ ..ဖြူစင်ကြယ် ကနေ
ရှေ့ မှာ ( မ)တလုံး တိုးနေမှာ စိုးပါတယ် ။

လိုရာ ဆန္ဒပြည့် ဝ ရစေသားးးး

နောက်ဆုံးဆန္ဒလေး အမြန်ဆုံးပြည့်ပါစေလို့  ဆုတောင်းပေးတယ်နော်... :)

မဖြူစင်ကြယ်ရေ

ဖြစ်ချင်တာတွေ အများကြီးထဲက အဖြစ်ချင်ဆုံး ဆန္ဒလေးတွေ ဖြစ်ပါစေဗျာ

ရင်ဘတ်ထဲက အရာအားလုံးကို သွန်ချလို့ ကောင်းတဲ့ နေရာလေးတစ်ခု

ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တော့ သဘောကျသွားတယ်

်ခင်မင်စွာဖြင့်
သီဟသစ်