Angel Shaper H1S1 ရောဂါကို အပြင်းအထန်ခံစား နေရပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ခုတလော အရမ်းကို သောင်းကျန်းပြီး
ရက်ရက်စက်စက် နှိပ်စက်နေတယ်လေ။
အထူးသဖြင့် မိသားစု၊ မောင်နှမ၊ သူငယ်ချင်းတွေနဲ့
အကြာကြီး ခွဲပြီး နေနေရတဲ့ ဒီနေရာမှာ ရောဂါပိုဆိုးတတ်ပါတယ်။
ဒါတောင် ဒီမှာ အတူနေရတဲ့ သူတွေက မောင်နှမအရင်းလို ချစ်ခင်စည်းလုံးကြတာနော်။
ဒီက အကို၊ အမတွေ၊ မမြင်ဖူးသေးတဲ့သူငယ်ချင်းတွေ၊ ဘလော့ဂါ မောင်နှမတွေ၊
အွန်လိုင်းပေါ်က သူငယ်ချင်းတွေ၊
အားလုံး အားလုံးက နွေးနွေးထွေးထွေး ခင်ခင်မင်မင်နဲ့
ခံစားချက်တွေကို စာနာနားလည်ပြီး ကူညီရိုင်းပင်းခဲ့ကြပါလျက်နဲ့
ဒီရောဂါကို ဘာကြောင့်များခံစားနေရလဲ ဆိုတာ အဖြေရှာမရပါဘူး။
ဒီလူတွေနဲ့ မပျော်တာလဲ မဟုတ်ဘူး။ ပျော်လိုက်တာ၊ ကဲလိုက်တာမှ တခါတလေ အိပ်တောင် မအိပ်ရပါဘူးဆို။
ဒီ H1S1 ရောဂါဟာ သိပ်ဆိုးပါတယ်။
ခံစားဖူးတဲ့ သူတွေ၊ ခံစားနေရတဲ့သူတွေပဲ စာနာနားလည် ပေးနိုင်မှာပါ။
ဒီဗိုင်းရပ်စ် ဟာ လူကို တကယ် ဒုက္ခပေးပါတယ်။
လုပ်ချင်၊ ကိုင်ချင်စိတ်တွေ လျော့နည်းလာစေမယ်၊
အစာစားချင်စိတ်လည်း မရှိတော့ဘူး။
(Angel Shaper ကတော့ အဲဒီရောဂါကြောင့်လားမသိဘူး
ပိုပြီး အစားဝင်လာလို့ ဝိတ်နည်းနည်းတက်လာတယ်.. အဟိ)
စိတ်ရော၊ လူရော လုံးဝ နွမ်းပြီး၊ အခန့်မသင့်ရင် စိတ်ကျရောဂါပါ
ဝင်သွားစေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး
ဘဝ တိုးတက်မှု အတွက် ကြီးမားတဲ့ အန္တရာယ်တစ်ပါးပါ။
အခန့်မသင့်ရင် စိတ်အနေအထားပါ ချို့ ယွင်းသွားတတ် ပါသေးတယ်။
ဒါကြောင့် Angel Shaper ဒီရောဂါကို ဒီအတိုင်း ဘလိုင်းကြီး ငြိမ်ခံနေလို့ မဖြစ်ဘူးဆိုပြီး
အစွမ်းကုန် တတ်သလောက်၊ မှတ်သလောက် ကိုယ်တိုင်ကုသနေပါတယ်။
Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 ရောဂါဆိုတာ တခြားမဟုတ်ပါဘူး။
အားလုံးသိထားပြီးသား ရောဂါပိုးလေး တစ်မျိုးဖြစ်တဲ့ HOME SICKNESS ပါပဲ။
ခုချိန်မှာ ဒီရောဂါကို အစားများများ စားပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနှင့် အစားထိုးကုသခြင်း၊
သီချင်းများများနားထောင်ခြင်း၊ ဂစ်တာတီး ၍ စိတ်ကြိုက်သီချင်းများ အော်ဟစ်ခြင်း၊
မောင်နှမများ၏ အိမ်များသို့  လည်ပတ်၍ စိတ်အစာကျွေးခြင်း၊
မတတ်တခေါက် စာလေးများရေးခြစ်ခြင်း တို့ နဲ့  ကုသမှု ခံယူနေပါတယ်။
တကယ်လို့ များ အားလုံးရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ
ဒီရောဂါ ခံစားနေရတဲ့သူ များရှိခဲ့ရင် လက်တို့ ပြီး သတင်းပေးပါ။
Angel Shaper ရဲ့ ဆေးမြီးတိုလေးလဲ လက်ဆင့်ကမ်းပေးပေါ့။
အင်မတန်ထိရောက်ပါတယ်။
ကဲ... ဘယ်သူတွေ ဒီဗိုင်းရပ်စ်နှိပ်စက်ခြင်း ခံနေရလဲ?
ဆေးမြီးတိုလေး လက်ဆင့်ကမ်းရင်း အားလုံးပဲ ပြုံးပျော်ကြည်နူးနိုင်ကြပါစေလို့  ဆန္ဒပြုရင်း
ချစ်ခြင်းများစွာဖြင့်
Angel Shaper
28.7.09 ( Tue; )
1:50 Am
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
မောင်နှမလေးတွေ
-
အဖွားရဲ့  တရားစီရင်ချက်...3 hours ago
-
ထိတွေ့ခြင်း အနုပညာ15 hours ago
-
-
-
နားရွက်မပါသောကလေးငယ်1 day ago
-
-
အလွမ်းနေ့ရက်1 day ago
-
-
မမုန်းလိုက်ပါနဲ့2 days ago
-
ရိုးရိုးလေးဆုံးသွားတဲ့ ပုံပြင်2 days ago
-
-
ရာမညဟု ခေါ်သည်2 days ago
-
ပြောင်းဖူးပေါက်ပေါက် သုံးထုပ်2 days ago
-
အနှိုင်းမဲ့ခြေရာနှစ်စုံ2 days ago
-
ပြာသို3 days ago
-
-
ချစ်ခင်ပွန်းများအတွက် မှာတမ်3း days ago
-
-
အမေများနေ့ အမှတ်တရ3 days ago
-
ကွဲပြားသောတူညီမှု4 days ago
-
အစစ်လား အတုအယောင်လား5 days ago
-
Watching the live football5 days ago
-
ဘဝသင်ခန်းစာ6 days ago
-
ဝ နေသူ အပြစ်6 days ago
-
ကြောင်နံ့သာ1 week ago
-
Letter From Burma1 week ago
-
သြစကြေးလျားရောက် NLD လွှတ်တော်အမတ်များ1 week ago
-
-
-
သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး1 week ago
-
-
အိမ်ကဆင်းသွားတဲ့ချစ်သူ1 week ago
-
ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ2 months ago
-
အချစ်စေညွှန်ရာအတိုင်3း months ago
-
ဆုတောင်3း months ago
-
Ethical Consideration4 months ago
-
Manchester သွား တောလား4 months ago
-
ယခုမှစ၍နုတ်ဆက်သည်5 months ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)5 months ago
-
ညီမလေးများ အတွက် မပျက်မကွက် မွေးနေ့ဆုတောင်း5 months ago
-
မော်ဒန် အချစ်တိုင်ရတု6 months ago
-
For “Harvest Thanksgiving Festival”7 months ago
-
ကျေးဇူးတင်လွှာ8 months ago
-
-
"They Hid The Bee From The Rain"11 months ago
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
22 comments:
- လင်းကြယ်ဖြူ said...
-
ဒီလိုပေါ့လေ...ပျော်ရာမနေ..တော်ရာနေတဲ့..
ခုလို စာစုလေးတ္ဂေရေးနေတော့ စိတ်ဖြေဆေးပေါ့နော်
အားလုံး အဆင်ပြေ ပျော်ပါစေ....ဒင်း.... - ဂျပန်ကောင်လေး said...
-
:D... တကယ်နောက်တယ်.. H1S1 ဆိုလို့ ဘာရောဂါလည်းလို့ အံ့သြနေတာ...း)....
- ရွက်လွင့်ခြင်း said...
-
အဲဒီရောဂါက အချိန်ယူ ကုရတယ်
တစ်ယောက်သောသူကို (နံရိုးတစ်ချောင်း) ရှာတွေ့ ရင် အလိုလို ပျောက်သွားပါလေရော...း)) - နှင်းနဲ့မာယာ said...
-
ဆေးမြီးတိုရော ဆေးမြီးရှည်ရော ဆေးကြေးအိုးရော
အကုန်ရှိတယ် ...
ယူမလား....
အလကားတော့ရဝူးနော်...
ရေခဲမုန့်ကျွေးရမယ်....
ညကျရင်ပေးမယ်နော်...
ဒီနေ့တော့ သက်သာအောင် ကြည့်နေလိုက်အုံး..
မနှင်း - မေဇင် said...
-
ခုလောလောဆယ် အပြင်းအထန် ခံစားနေရတယ်...။ ပေးပါ... ဆေးမြီးတို ဖြစ်ဖြစ် မြီးရှည်ဖြစ်ဖြစ်....း) ။ အိမ်မပြန်ရတာ 2 နှစ်ရှိပြီ.... သနားဘူးလား... ;)
- rose of sharon said...
-
Swine flu ဝင်နေတယ်ထင်ပြီးစိတ်ပူသွားတာ... ဒါပေမဲ့ အိမ်လွမ်းတဲ့ရောဂါကလဲပေါ့သေးသေးမှမဟုတ်ဘဲ... အိမ်လျှောက်လည်ပါလား... ဗီယက်နမ်လာလည်
- ချမ်းလင်းနေ said...
-
ကြယ်တွေမှာ ဒီရောဂါ မကူးဘူးတဲ့။ စိတ်သာချနေ။
အကိုတို့ လူတွေပဲ........!!!
ဂရုစိုက်ဦးမှ။ - kaungkinpyar said...
-
အတိုတွေ အရှည်တွေ စုံနေပီ ညီမလေးရေ၊
- kyalkalay said...
-
ဟ cbox ကော?
အိမ်မပြန်ရတာ ဘယ်နှနှစ်?
ပြင်းတောင်ပြင်းသေးတယ် ဟွန်း~~~ - သားကြီး said...
-
ဆေးမှီးတိုကတဲ့လား?
ကောင်းလေစွ :P
H1s1ဆိုလို့လူတောင်ကြောင်သွားတယ်
ငါ့သူငယ်ချင်းလုပ်လိုက်ရင်တော့
အထူးအဆန်းတွေချည်း :) - အနမ်း said...
-
နောက်ပြန်ပြီ နောက်တစ်ယောက် တကယ့်ကိုအလန့်  ထညက်တွေလုပ်ကြတယ်။ အပြေးလာရတာ မောတာပဲ၊ နှလုံးမကောင်းပါဘူးဆို အတော်နောက်ကြတယ်။ ဟွင်းးးးးး
ပျင်းရင် လာလည်၊ မုန့် ကျွေးမယ်း) - ရေတမာ said...
-
ဖြစ်တဲ့နေရာ ဖုန်သိပ်၊ အသက်အောင့် ဖိနပ်နဲ့ နောက်ပြန် ၇ ခါရိုက်လိုက်...... ပျောက်ကရော(အသက်)
- စိုင်းလောဝ်ပိန်း said...
-
ရုတ်တရက် စိတ်ပူသွားသေးတယ်ဗျ။ နောက် သေချာဖတ်မှ၊ တော်တော်နောက်တယ်နော်။ ဘာပဲပြောပြော အဲလိုရေးလိုက်ရတာလည်း ဆေးတစ်မျိုးပဲလေ။
- နွေဆူးလင်္ကာ said...
-
ရောဂါ တကယ်ပြင်းရင်ကော အဲဒီဆေးမြီးတိုက ရပါ့မလားမသိ။ ဒါပေမယ့် နဲနဲ သက်သာလည်း မဆိုးဘူးပြောရမှာပဲပေါ့။
-
တယ်နောက်တယ် လူကြီးကိုနော် အဟားးးးးးးးး ဘာဖြစ်လဲ သီချင်းလေး နားထောင်လိုက်ပျောက်သွားလိမ့်မယ် အိုကေ နော်
- အနော် said...
-
ဖြူစင်ရေ အဲ့ရောဂါကတော့ အမြစ်တွယ်နေပါပီ ဘယ်လိုကုကု မပျောက်ပါဘူး
ပျောက်တဲ့ဆေးတော့ ရှိတယ် သိလား
အိမ်လွမ်းနာဟာ အိမ်ကိုပြန်ရရင် ပျောက်သွားမှာ ဟိဟိ
ကုသမှု ခံယူပုံလေးကိုတော့ ကြိုက်တယ်ဟေ့
နာလဲ အဲ့လိုလုပ်မယ် နာ ဝိတ်တက်လာရင်တော့
ဖြူစင် အကြံပေးတာပဲဟေ့ ဟိဟိ
ပျော်ရွှင်ပါစေ ဖြူစင်ရေ
ဆုတောင်းပေးသွားပါတယ် ဘဝတူတွေမို့လို့လေ :( - မဟာဆန် said...
-
Homesick Homesick
တို့လည်း သေလုမျောပါးပါပဲ
ဖြစ်နိုင်ရင် ညနေ ရုံးဆင်းချိန်တိုင်း မြန်မာပြည်က အိမ်ကို ပြန်ချင်တယ် - ဇော် said...
-
ကျွန်တော်လဲ တူတူပဲဗျ။ အိမ်ကို လွမ်းတယ်။
- ဇော် said...
-
ကျွန်တော်လဲ အိမ်ပြန်ချင်နေတယ်ဗျာ။ လွမ်းတယ်။ =(
- သီဟသစ် said...
-
ဆေးတော့ မသိဘူး
စာဖတ်မိတာ ကိုယ်ပါ
H1S1 ကူးသွားပြီ
:)
ခင်မင်စွာဖြင့်
သီဟသစ် - ZT said...
-
ရွက်လွှင့်ခြင်း ပြောသလို နံရိုးတစ်ချောင်း ရှာလိုက်ပါ။ နည်းနည်း သက်သာ သွားပါလိမ့်မယ်။ :D
- မယ်ကိုး said...
-
ညီမလေးက ရေးတတ်လိုက်တာ။
ပိုပြီး အစားဝင်လာလို့  ၀ိတ်နည်းနည်းတက်လာတယ်တဲ့လား။
ပြုံးရွှင်မိအောင်လည်း ရေးတတ်ပါပေတယ်။ :)

