" ဖြတ်သန်းသွားလာခွင့်မပြု " ဆိုတဲ့ ငါ့နှလုံးသားကိုမှ
နင်က ဝင်လာချင်တယ်။
ငါ့ခွင့်ပြုချက်အပြည့်အဝမရခင် အတင်း ဝင်ချလာတယ်။
နင့်ရဲ့ အတ္တတွေ၊ မာနတွေအတွက် ငါ့ကိုထားခဲ့ပြန်တယ်။
နင် ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ ရအောင်
ငါ့နှလုံးသားကို ကျောင်းဝင်းထဲက ကင်တဲန်းများမှတ်နေလား?
စိုင်းစိုင်းခမ်းလှိုင်ကပြောတယ် " အချစ်နှစ်ခု ပေါင်းစပ်တဲ့အခါ၊
မိဘအသိုင်းအဝိုင်းရဲ့ စွက်ဖက်မှုတွေမပါရင် သိပ်ကောင်းမှာနော် " တဲ့။
ငါတို့ နှစ်ယောက်ရဲ့ အချစ်ကို ဝင်ရောက်စွက်ဖက်သွားတာ မိဘအသိုင်းအဝိုင်းတွေ မဟုတ်သလို၊
မတူညီတဲ့သဘောထားတွေကြောင့်လဲ မဟုတ်ပါဘူး။
ငါတို့ နှစ်ယောက် စိတ်တူကိုယ်တူ ချစ်ခဲ့ကြပါလျက်နဲ့
ငါတို့ ရဲ့ ဦးနှောက်နဲ့ မာနတရားတွေက ဝင်ရောက် စွက်ဖက်သွားကြတာပါ။
နင်အဲဒါကို မသိချင်ယောင်ဆောင်ပြီး နှုတ်ဆိတ်နေခဲ့တာ ငါတကယ် ရင်နာတယ်။
ငါ့ရဲ့ နှလုံးအိမ်မှာ ကိုယ့်သဘောနဲ့ကိုယ် Sign Up လုပ်သွားပြီးမှ Password ကိုဖျောက်ထားခဲ့တယ်။
ငါ့ကိုလဲ ညာလိုက်သေးတယ်နော်။ " ငါ Password မေ့သွားပြီ။ ဝင်လို့ မရတော့ဘူး " တဲ့။
ဟဟဟားးးးးးးးးးးးးးးးး လို့ သာအော်ရယ်လိုက်ချင်ပါတယ်ဟာ။
ငါ့နှလုံးသားကလဲ Password မပါရင် ဝင်လို့မရတာ နင်အသိပါလေ။
ခုဆို ဘယ်သူပဲ ကြိုးစားကြည့်နေပါစေ...........
Wrong User Name Or Password!!!!! ဆိုတာပဲ ပေါ်နေလေရဲ့။
ငါလဲ ဘယ်လိုမှ မတတ်နိုင်တော့ဘူးဟာ။
ခုတော့ User မရှိတော့တဲ့ ငါ့နှလုံးအိမ်မှာ လာရောက်ပြင်ဆင်ပြီး၊
ထပ်မံဖြည့်စွက် ပြုပြင်မဲ့သူမရှိရှာတော့ စုတ်ပြတ်သတ်နေပြီပေါ့။
ဘာပဲဖြစ်ဖြစ်.........ခံရခက်တယ်။ ခါးသီးတယ်။
ဒါပေမဲ့ဝဋ်တစ်ခုကျွတ်တယ်။
နင်ပျော်နေပါစေ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
25.7.09 ( Sat; )
10:20 Pm
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
မောင်နှမလေးတွေ
-
အဖွားရဲ့  တရားစီရင်ချက်...3 hours ago
-
ထိတွေ့ခြင်း အနုပညာ15 hours ago
-
-
-
နားရွက်မပါသောကလေးငယ်1 day ago
-
-
အလွမ်းနေ့ရက်1 day ago
-
-
မမုန်းလိုက်ပါနဲ့2 days ago
-
ရိုးရိုးလေးဆုံးသွားတဲ့ ပုံပြင်2 days ago
-
-
ရာမညဟု ခေါ်သည်2 days ago
-
ပြောင်းဖူးပေါက်ပေါက် သုံးထုပ်2 days ago
-
အနှိုင်းမဲ့ခြေရာနှစ်စုံ2 days ago
-
ပြာသို3 days ago
-
-
ချစ်ခင်ပွန်းများအတွက် မှာတမ်3း days ago
-
-
အမေများနေ့ အမှတ်တရ3 days ago
-
ကွဲပြားသောတူညီမှု4 days ago
-
အစစ်လား အတုအယောင်လား5 days ago
-
Watching the live football5 days ago
-
ဘဝသင်ခန်းစာ6 days ago
-
ဝ နေသူ အပြစ်6 days ago
-
ကြောင်နံ့သာ1 week ago
-
Letter From Burma1 week ago
-
သြစကြေးလျားရောက် NLD လွှတ်တော်အမတ်များ1 week ago
-
-
-
သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး1 week ago
-
-
အိမ်ကဆင်းသွားတဲ့ချစ်သူ1 week ago
-
ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ2 months ago
-
အချစ်စေညွှန်ရာအတိုင်3း months ago
-
ဆုတောင်3း months ago
-
Ethical Consideration4 months ago
-
Manchester သွား တောလား4 months ago
-
ယခုမှစ၍နုတ်ဆက်သည်5 months ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)5 months ago
-
ညီမလေးများ အတွက် မပျက်မကွက် မွေးနေ့ဆုတောင်း5 months ago
-
မော်ဒန် အချစ်တိုင်ရတု6 months ago
-
For “Harvest Thanksgiving Festival”7 months ago
-
ကျေးဇူးတင်လွှာ8 months ago
-
-
"They Hid The Bee From The Rain"11 months ago
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
22 comments:
- သားကြီး said...
-
gmailလား
yahooလားမသိ :P
ဘာပဲဖြစ်ဖြစ်wrong userဖြစ်နေပလေစေဦး
activeလုပ်ခဲ့တဲ့လူမှန်ရင်တော့ မေးခွန်းတစ်ခုကို
ဖြေတတ်ရလိမ့်မယ် :P
စိတ်ကူးဆန်းဆန်းလေးကိုပျော်ပျော်လေးဖတ်သွားပါတယ်
သယ်ရင်းရေးးးး - kyalkalay said...
-
ဟဟ
hacker နဲ့တော့တိုးအုံးမယ်
တိုးရင်လဲ white hacker နဲ့ပဲတိုးပါစေလို့
login လာမဝင်တာကြာရင် remind mail send လိုက်လေ - လင်းကြယ်ဖြူ said...
-
ခုလိုချိန်မှာ Hecker တ္ဂေပေါနေတယ်ဆိုတော့
Hecking လုပ်ပြီး ပြန်ဝင်လိုက်ရင် အဆင်ပြေမယ်ထင်တယ်ခင်ဗျ...း)
ပျော်ပါစေ - လပြည့်ရိပ် said...
-
ကောင်းလိုက်တဲ့ အတွေး အခေါ်နဲ့ အရေးအသားလေးပါ။ ကိုယ်တိုင်ဖြစ်ရပ်နဲ့ ဆင်ဆင်တူနေတာမို့ ခံစားသွားတယ် ....
- ရေတမာ said...
-
password recovery ရှိတယ်လေ.. second mail ပေးမထားဘူးလား.. Question တွေမှတ်မိရင်လည်းရပါတယ်... မရရင်လည်း အသစ်သာလုပ်လိုက်..
ု - နဒီမိုးညို said...
-
တစ်ကယ်..ချစ်ရင်..မာန..ဆိုတာ..မရှိတောဖူး..
သူနဲ့ ကိုယ်နဲ့ ဟာ..စိတ်တူကိုယ်တူ..
ဖြစ်သွားတတ်တယ်.ဖြူစင်ရေ.. - နဒီမိုးညို said...
-
တစ်ကယ်.ချစ်သွားရင်..မာနဆိုတာ..
မရှိတော့ဖူး..သူနဲ့ကိုယ်..နဲ့ ဟာ..
စိတ်တူကိုယ်တူ..ဖြစ်သွားတတ်တယ်.
ဖြူစင်ရေ... - ဂျပန်ကောင်လေး said...
-
တခါတလေ ပတ်စ်ဝတ်မေ့သွားတဲ့ အကောင့်အတခုကို စိတ်မရှည်စွာနဲ့ မေ့ပစ်ကြတယ်.. တခါတလေ ပြန်ဝင်ဖို့ ကြိုးစားချင်လာပြန်တယ်... ကျွန်တော်ကတော့ Recovery လုပ်ပစ်မယ်.. ပြန်ပြီးတော့ Edit လုပ်မယ်.. လုပ်လို့မှမရရင် Cancel Account လုပ်ရတော့မှာပေါ့.....
- မေဇင် said...
-
ပုံဖော်သွားတာလေး အရမ်းကြိုက်တယ် သူက password မေ့နေတယ်ပြောရင်.... forgot your password ? ရှိတယ်ပြောလိုက်လေ....း) ။ ဒါမှ မဟုတ် ကိုယ့်နှလုံးသားကို Sign up ထပ်လုပ်ပြီး...ပျော်ရွှင်စွာ.ဘ၀ တစ်ခုတည်ဆောက်နိုင်မယ့်သူ ပေါ်လာဦးမှာပေါ့...
- ဇော် said...
-
အင်း
ဘာပြောရမယ်မသိ။ =) - စိုင်းလောဝ်ပိန်း said...
-
စိတ်ကူးလေးကောင်းတယ်။
- အနော် said...
-
အနော် password သိတယ်ဗျို့
password ပြောပြမယ်လေ မုန့်ကျွေးမလား.... :P - rose of sharon said...
-
user name ပြောင်းပြီး account သစ်တခုထပ်ဖွင့်ဘို့အကြံပေးချင်ပါတယ်...
- ငှက်ကလေး said...
-
ဟဟဟ ကိုသားကြီးမမေးဘူး ဒီတခါ ညီမမေးမယ် ကိုယ်တွေ့လားဟင် ဟာာားးးးဟားးးးးးးးးးးးး
အကောင်းဆုံးမ အဲ ပြေမယ် မာနတွေ ခဝါချလိုက်ပါ တကယ်ချစ်ရင်လေ အဲဒီမာနကြီးကမကောင်းပါဘူး မမရာ မျိုးကျော့မြိုင်သီချင်းတောင် ရှိသေးတယ် ဘာတဲ့ မာနတွေ ခဝါချကာ အချစ်ရဲ့အောက်မှာ ဒူးတွေ ထောက်ကြဆိုတာလေ ဘယ်လောက်ကောင်းတုံး မဟုတ်ဘူးလား လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြသလို မာနလဲ မကင်းနိုင်ကြပါဘူး
ဟဲဟဲ ဆရာလုပ်သလိုများ ဖြစ်သွားလားမသိဘူး ဟဟဟဟ ဂလိုဆိုလဲ ဆော်တီးး
ပြောမလို့ မမအိန်ဂျယ်ရေ ဘယ်လိုဖြစ်လို့ ကိုသားကြီးနောက်မှာ အမြဲတမ်း မမက မန့်နေတာလဲ လို့ ဟားးဟားးးးးး အခုမေးတောင်မမေးရသေးဘူး သူကအရင်ဖြေတယ် ဟွန်းးးးးး - နေစိုးနိုင် said...
-
ကူညီပါရစေ
ကူညီပါရစေ ခင်ဗျ
ဒီလောက်တော့ ရလောက်ကောင်းပါရဲ့
ဘယ်သူဖွင့်တယ်ဆိုတာ သိထားတဲ့နောက်မှာတော့ password ဆိုတာ ဘာလုပ်ဖို့တုန်း .. မူမနေနဲ့ သူဆိုတာသေချာနေမှတော့ ပေးလိုက်တော့ ၀င်ခွင့်.. - ကောင်းကင်ပြာ said...
-
password တွေ ခနခန မေ့တတ်သူ တယောက်ပါ(အဲ ဘာမှ ဆိုင်ဘူးထင်တယ်)
- pandora said...
-
rose of sharon ပြောသလို account အသစ်ထပ်ဖွင့်တာ ကောင်းမယ်ထင်ပါရဲ့။ မခက်ပါဘူးနော်။
- အနော် said...
-
ဖြူစင်ရေ အလည်လာတဲ့အတွက် ကျေးဇူးပါပဲနော် ဟိဟိ
အနော်လို့ပဲ ချစ်စနိုးနဲ့ ခေါ်ပါနော် ဘာလို့ဆိုတော့လေ
အဲ့နာမည်လေးကလေ ရာဇဝင်ရှိတယ် သိလား
ဟိဟိ နောက်မှ ပြောပြမယ်နော် ဒိုင်လျှိုလေးပေါ့......
စီဘောက်စ်ကလေ အနော့်ဆီကလာရင် network timeout လို့ပဲ ပြောနေတယ်ကွာ ဝင်လို့လဲ မရဘူး ဒါကြောင့် ကွန်မန့်မှာ လာအော်သွားပါတယ်ဗျို့................
ပတ်စဝပ်သိချင်ရင် တိုးတိုးလေး လာပြောပြမယ်နော်
တကယ်သိတာပါဆို ယုံဘူးလား............. ဟီးဟီး -
ဝါးးး ဂျီမေလ်းကနေများ ၀င်လာတာလား အဲဒီဗိုင်းရပ်က :P
စိတ်ကူးလေးကောင်းတယ်။ - အိပ်မက်ကဗျာ said...
-
နှလုံးသားပတ်စ်ဝခံတာအရေးမကြီးဘူးနော်..XP ဆိုရင် ပတ်စ်ဝဟတ်ပြီးဝင်လို့ ရတယ်နော်..သတိထားအုံး..ဟဲဟဲ..ဟီးဟီး......ဗြဲ.........
- ဟိန်းနီ said...
-
ဒေါ်ဒင်းရေ ဘယ်ရောက်နေတာလဲ ငါ့ကိုမခေါ် တော့ဘူးလား အဟင့်ဟင့်ဟင့်
- pome said...
-
အချစ်စစ်မှာမာနတွေ..မရှိပါဘူး angel .. nice post :)

