လူ့လောကကြီးထဲမှာ တစ်နေ့ တစ်နေ့  လှုပ်ရှားရုန်းကန်နေကြရတယ်။
လူတွေလူတွေ မနက်အလုပ်သွား၊ ညနေ ပြန်လာ ဒီလိုနဲ့ ပဲ
တစ်နေ့ တာအချိန်တွေ ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။
တစ်ရက်တစ်ရက် စားဖို့ သောက်ဖို့  ဈေးသွား ဝယ်ခြမ်းပြီး၊ ပြင်ဆင် ချက်ပြုတ်၊
စားကြ သောက်ကြ၊ ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။
လှဖို့ ပဖို့  တစ်နေ့ တစ်နေ့  ပြင်ရဆင်ရ ဖြီးရ လိမ်းရ၊
ညနေမိုးချုပ် မိတ်ကပ်ပြန်ဖျက် မျက်နှာပြန်သစ်ရနဲ့ အင်းးးးးး ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။
အချစ်ဆုံးသူငယ်ချင်းတွေ တွေ့ကြဆုံကြ၊ ခင်ကြမင်ကြ၊ ပျော်ကြပါးကြ၊
ပြန်ခွဲခွာကြရနဲ့ သံသရာ စက်ဝိုင်းထဲ လည်ပတ်ရင်း ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။
ကောင်လေးနဲ့ ကောင်မလေး စတွေ့ ချစ်ကြိုက်၊ ခွဲကြ ကွဲကြ၊ အသည်းကွဲကြ
အချိန်တန်တော့လည်း ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။
ရွက်ဟောင်းတွေကြွေ ရွက်သစ်လေးတွေဝေလို့ 
အသက်လေးတွေ တဖြည်းဖြည်းကြီးရင့်လာတယ်၊ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်သေးဘူး။
ပြီးသွားတော့လည်း ပြီးသွားမှာပါပဲလား? ......
ဒါ လောကဓမ္မတာတဲ့လား? ........
အဲလိုမဖြစ်ချင်ဘူး..........
ဟင့်အင်း...... လွယ်လွယ်နဲ့ ဘာမှ ပြီးမသွားစေချင်ဘူး။
မျှော်လင့်ချက်လက်ကျန်လေးတွေ ပိုက်ထွေးလို့ 
ဘဝ.... ဘဝ.... လေးတွေ အတွက်
ဆက်လက် ကြိုးစား ရုန်းကန်ချင်သေးတယ်။
ဘဝတစ်ခု ပြီးဆုံးမသွားခင် တစ်ခုခုတော့ ဖြစ်ခဲ့ချင်သေးတယ်။ လုပ်ခဲ့ချင်သေးတယ်။
ဘဝဆိုတာကြီးကို ရေစုန်မမျှော လိုက်ချင်ဘူး။ မျှောမပစ်လိုက်နိုင်ဘူး။
ငါ..... ဘာလုပ်ရမလဲ... ဘာလုပ်သင့်လဲ?
ငါဘယ်လို ရှေ့ဆက်ကြိုးစား သွားရမလဲ?
ချစ်ခြင်းများစွာဖြင့်
Angel Shaper
12.7.09 ( Sun; )
2:40 Am
နိုးမိုးဝဲလ်... ဘာဝဲလ် ညာဝဲလ်... သိဝူးးးး

Followers
စိတ်ကြိုက်စုစည်းမှုများ
LINKIN PARK
သူတို့ တွေရှိနေတယ်
ခြေရာလေးများ ချန်ခဲ့ပါ
မောင်နှမလေးတွေ
-
15June255 days ago
-
Look back to memory lane2 weeks ago
-
အရှိတရား နဲ့ အကျိုးဆက်4 months ago
-
ဒီဇင်ဘာ မိုး6 months ago
-
ရင္ဘတ္ထဲကလူ -( ၁၁)5 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
-
အလှနတ်သမီးလေး မလိခ...6 years ago
-
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
-
ကျွန်တော်နှင့် အမျှင်7 years ago
-
ပန်းရိုင်းကလေးရဲ့အိပ်မက်7 years ago
-
-
-
-
-
Just a minute10 years ago
-
ဈေးဝယ်တတ်တဲ့ နေ့10 years ago
-
-
ငယ်ဘဝအကြောင်း သောင်းပြောင်းထွေလာ10 years ago
-
ပြည်ထောင်စု သမ္မတ ယောရုဝ နိုင်ငံတော်10 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…10 years ago
-
အလံတစ်ရာ11 years ago
-
တံခါးခေါက်သံ...12 years ago
-
ချစ်သော နိုဝင်ဘာ12 years ago
-
ဒီမှာ “ ဟေ့ လူ”12 years ago
-
ပြိုင်လှေ12 years ago
-
Manchester သွား တောလား13 years ago
-
For “Harvest Thanksgiving Festival”13 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
10 comments:
- မေဇင် said...
-
ဟုတ်တယ်.... ပြီးတော့လဲ ပြီးသွားတာပါပဲ... မင်းသိင်္ခ လဲပြောတယ်...ဟိဟိ...။ ဒါပေမယ့်  လူတွေက မပြီးခင်လေး မှာ ကပ်ရှုပ်နေကြတယ် မမရယ် အဟဲ အလုပ်တွေ ပြောပါတယ်...။ နောင့်လဲ အမြဲ တွေးမိတယ်..။ စိတ်ညစ်လာရင်ပေါ့ ...ဘာမှ စိတ်ညစ်မနေနဲ့ ပြီးတော့လဲ ပြီးသွားတာပဲဆိုပြီး..။
ခင်တဲ့
မေဇင် - သားကြီး said...
-
တစ်ခုခုကျန်ရစ်အောင် အခွေထုတ်မှနဲ့တူတယ်
ရုပ်ရှင်ရိုက်စားလည်းဖြစ်တာပဲ
ပိုက်ဆံမရှိတာပဲခက်တာ
အင်း...စဉ်းစားလိုက်ဦးမယ်
ပြီးရင်လည်းပြီးတာပဲမလုပ်ချင်ဘူး:)
အလွန်ပျောက် gtalkမှာလည်းမတွေ့
ဘယ်တွေရောက် ??? - ဝက်ဝံလေး said...
-
များပြောရင် မယုံဘူး တွေ့လား မမအိန်ဂျယ် ကိုသားကြီးနဲ့ များက မမကိုသတိရနေပါတယ် ဆိုမှ ဟွန်းးး
ဟုတ်ပါ့နော် မမ များလဲ ဂလိုပါပဲ ရုပ်ရှင်ရိုက်လိုက် ကိုရီးယားသွားလိုက်နဲ့ ပြီးတော့ လဲ ပြီးသွားတာပဲနော် ဟိဟိ - မိုးခါး said...
-
ပြီးတော့လည်း ပြီးသွားတာပါပဲ
မပြီးခင်ကြားထဲမှာသာ ရှုပ်ရှက်ခပ်နေကြတာနော် ..
ပြီးတော့လည်း ပြီးသွားမှာပါ .. - kiki said...
-
ပြီးတော့လဲ ပြီးသွားကြရမှာပေါ့ အိမ်ကျယ် လေးရယ် ။
ပြီးတာကြီးကို မပြီးသေးပါဘူးဆိုရင်တော့
ဆက်ရန် များစွာနဲ့ ဒီ့ ထက်ကို ပိုပြီး ရှုပ်ရှက်ခပ်နေကြရမှာလေ ။
ဒါဆိုရင် ဒီကမ္ဘာလောကကြီး ဟာ
အင်မတန် လေးလံပြီး ဘယ်နေရာ ပြုတ်ကျရမှန်းတောင် သိတော့မှာ မှုတ်ဖူး နော်..
သွပ် သွပ် သွပ်..
တခုခုကို ချန်ခဲ့ချင် သပ ဆိုရင်လည်း
နာမည်ကြီးအောင်ဘာလုပ်မလဲဟင်..
ကောင်းတာတွေလုပ်ရတာ ခက်တယ် ..
မကောင်းတာတွေကျ လွယ်မှလွယ် .
ဟိဟိ .. လဒကြီးတွေ လို နာမယ်ပျက်ကြီးတော့ လဲ
ရာဇဝင်မှာ မတင်ထားခဲ့ ချင်ပါဘူး။
နေပစေတော့ကွယ်...
ပြီးသွားတာပဲ ကောင်းပါလိမ့် မယ် နော် ..
ခင်လို့  ပေါခဲ့ ခြင်း ဖြစ်ကြောင်း သတိပြု ပါလေ။
ခင်မင်လျှက်..
မကိ - ဂျပန်ကောင်လေး said...
-
မှန်တာပေါ့ဗျာ.. ဘ၀ကို ဒီအတိုင်းမပြီးသွားချင်ဘူး..အင်း ကံတရားရှိသေးရင် လုပ်စရာအလုပ်တွေ တပုံကြီးပဲ အိန်ဂျယ်ရေ...
- chitpalone said...
-
မှန်သမှ ပါးလုံးလည်း အဲ့လိုပြီးမှာကို ကြောက်တာ အဲ့ဒါကြောင့် စိတ်ကိုတင်းထားတာ။ တခါတလေတော့လည်း လျှော့ချပစ်ချင်စိတ်ပေါက်တယ်။ အဲ့ကျရင်လူလုပ်ရတာ အရသာဘယ်ရှိတော့မလည်းနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး - မဟာဆန် said...
-
ကလေး က လားဟင်။ ကျွန်မ ကလေးဝမှာ၊ မင်းကင်းမှာ နေဖူးတယ်။
ပြီးတော့လဲ ပြီးတာပါပဲ ဆိုတဲ့ အတွေးက အခုနှစ်ပိုင်းတွေမှာ ကျွန်မ ခေါင်းထဲ ရောက်နေခဲ့တယ်
ဒါပေမဲ့လေ Angel လိုမျိုး တစ်ခုခုတော့ ဖြစ်အောင်လုပ်ခဲ့မယ် ဆိုတာမျိုးတော့ မ၀င်ဘူး။
ပြီးသွားမှာပဲ ဆိုတဲ့ အတွေးကြီး စိုးမိုးနေလို့။ - ဇော် said...
-
ဟုတ်တယ် ကြယ်..
ကျနော်လဲ အဲ့ဒါကိုပဲ စဉ်းစားမိနေတာ။
ကျနော်အပြီးထွက်ခွါတဲ့တစ်နေ့ .... ဆိုတာကိုလေ။ =) - မယ့်ကိုး said...
-
ပြီးတော့လည်း ပြီးသွားတာတွေနဲ့ ပဲ မပြီးနိုင်အောင် ရှုပ်နေတဲ့ ဘဝပဲနော်။
အတွေးလေး ကောင်းတယ် ညီမလေးရေ...အဲဒီလို စိတ်ထားနိုင်တာ အကောင်းဆုံးပါပဲ။