သူငယ်ချင်း..........
နင့်ကို ငါ အကြိမ်ကြိမ် အခါခါ ပြောခဲ့ပါရဲ့နဲ့ 
ငါ့စကားကို နင်နားမထောင်ခဲ့ဘူးနော်။
ဘာလဲ....
ငါ့စေတနာကို နင်အသိအမှတ်မပြုတာလား.....
ဒါမှမဟုတ်....... ဂရုကိုမစိုက်ခဲ့တာလား... ဟင် ............
သူငယ်ချင်းရယ်... နင်ဟာ......
ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါဟာ။
နင် သူနဲ့ စချတ်တဲ့ အချိန် ငါ မှတ်မိပါသေးတယ်။
ပထမဆုံး မိတ်ဆက်ကြ၊ ဓာတ်ပုံတွေ ပို့ ၊
သူငယ်ချင်းတွေဖြစ်လို့ ။
ငါတောင်ပြောခဲ့သေးတာပဲ......
သူပို့ တဲ့ ဓာတ်ပုံ ကသူဖြစ်ချင်မှဖြစ်မယ်လို့ လေ။
နင်....ညည မအိပ်ပဲသူနဲ့ ချတ်ပြီး၊
နောက်တော့ ချစ်သူတွေဖြစ်သွား ကြတယ်ဟုတ်။
နင့်မှာ သူနဲ့ ချစ်သူတွေလဲဖြစ်ရော သူငယ်ချင်းတွေကို ပစ်ထား၊
ကွန်ပျူတာနဲ့ ပဲ တချိန်လုံး အချိန်ကုန်ပြီး
မနက်မိုးလင်းလို့  နင့်ကိုလာကြည့်ရင် နားမှာ နားကြပ်ကြီးတန်းလန်းနဲ့ ။
ငါ့မှာဆို စိတ်တောင်မကောင်းဘူး၊ နားရင်းထတီး ချင်စိတ်လဲ ဖြစ်မိတယ်။ ဟင်းးးး
အင်း ခုဆို........ ငါကြိုက်တဲ့ နင့်လက်ရာ.... ပဲကုလားဟင်းသီးစုံ ချဉ်ရည်နဲ့ 
ကြက်သားဟင်း လေးကို တောင် နင် ချက်မကျွေးတာ ဘယ်လောက်ကြာပြီလဲ။ ဟွန်းးးးးးးး
နင့်လက်ရာ စားရဖို့ နေနေသာသာ၊ အစားတောင် နင်မှန်မှန် မစားနိုင်တော့ဘူးမို့ လား။
ငါနင့်ကို ပြောလိုက်ရင် ပြုံးပြုံးလေးနဲ့  ပြန်မပြော၊ နားမထောင် လုပ်ခဲ့တာ
ခုလို နင်ခံစားရဖို့ ဖြစ်မယ်ဆိုတာ..... အဲဒီအချိန်ကတည်းက နင်သိခဲ့ရင်
ငါ့စကား နားထောင်ဖြစ်မလားဟင်................
ငါ နင့်ကိုပြောခဲ့တာ မှတ်မိသေးလား........
အဲဒီလို ချစ်တယ်ဆိုတဲ့ စကားလုံးတွေဟာ......
ကွန်ပျူတာရဲ့ ကီးဘုတ်ပေါ်က ထွက်ကျလာတဲ့ စကားလုံးတွေပါလို့ ။
ငါ နင့်ကို အထင်သေးဖို့ မပြောခဲ့သလို၊
အထင်ကြီး ပြီး ဇွတ်မှိတ်ယုံလိုက်ဖို့ လဲ အကြံမပေးခဲ့ဘူး မို့ လား။
ခုလို........
နင်ရင်နာကြေကွဲနေတာမြင်ရရင်
ငါ နင့်ထက်ပို ပြီး ရင်နာတယ်၊ ခံပြင်းတယ်ဆိုတာ နင်ယုံကြည်ပေးပါဟာ။
ငါဆိုတဲ့ လူဟာလဲ နင်တို့ လို သူငယ်ချင်းတွေ အပေါ်မှာ အဲလောက်သံယောဇဉ် တွယ်တာတတ်တာနင်အသိဆုံးပါ။
နင့်ထက် ငယ်ပေမယ့်၊ နင့်ထက် အသက်ကြီးတဲ့ သူတွေနဲ့ ပဲ
ပေါင်းသင်းလာခဲ့တဲ့ ငါလို ကလေးဆိုးတစ်ယောက်ရဲ့ စကားကို နင် အရေးမထားခဲ့တာ
ငါသိပ်ဝမ်းနည်းတယ်။
ခုတော့ သူနင့်ကို BLOCK လုပ်လိုက်ပြီ။
နင်လဲ ကြေကွဲ ခံစားနေရပြီ။
ငိုကြွေးနေရပြီလေ။
င့ါမှာ နင့်အတွက် ရင်ဘတ်ထဲက ခံပြင်းစိတ်လေးတွေ၊ သူ့ ကိုမုန်းတီးတဲ့စိတ်လေးတွေ မျိုသိပ်ပြီး
လိုက်စုံစမ်းပေးခဲ့ရတာ သူက ကလေးအဖေ ဖြစ်နေတယ်လေဟာ..................
ကဲ..... ငါတို့ တွေ ဘာဆက်လုပ်သင့်လဲ......
ဘာဆက်လုပ်ကြမလဲ..........................................
ကဲ.... သူငယ်ချင်းရေ....
မလိုအပ်တဲ့ အပေါစားခံစားချက်လေးတွေကို ဘေးချိတ်ထားလိုက်စမ်းပါဟာ.....
နင့်ကို မှမရရင် ငါသေမှာပဲ ဆိုပြီး၊ တကယ်လဲ ကွဲရော...
နှာစေးချောင်းဆိုးလေးတောင် မဖြစ်ကြပါဘူး ဟ .... ဟဟားးးးးးးးးးး
တန်ဖိုးရှိတဲ့ အနာဂတ်သစ် အတွက် နေ့ သစ်တွေကို စိတ်သစ်ကိုယ်သစ်နဲ့ 
ကြိုးစား လျှောက်လှမ်းကြပါစို့ ဟာ... နော်။။။။။
ဒါကိုယ့်စိတ်ကူးလေးပါနော်။
ဟီးးးးးး ကြိုပြီး ဖြေရှင်းမထားရင် ငှက်ကလေးနဲ့ ကိုသားကြီးက အသေတွယ်တာ။
အမှန်အတိုင်းလုပ်ပါဟာ အချင်းချင်းပဲ ဆိုတာမျိုး၊
မမရေ ကိုယ်တွေ့ လားဆိုတာမျိုး တွေ လာဦးမယ်လေ....ဟဟဟားးးးးးးး
ဒါကြောင့် ကြားဖူးနေကျတွေထဲက အရာလေးတွေကို စေတနာစိတ်လေးနဲ့  လျှောက်ရေးကြည့်တာပါလို့ ။
ချစ်ခြင်းများစွာဖြင့်
Angel Shaper
2.7.09 ( Thur; )
1:40 Am
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
မောင်နှမလေးတွေ
-
အဖွားရဲ့  တရားစီရင်ချက်...3 hours ago
-
ထိတွေ့ခြင်း အနုပညာ15 hours ago
-
-
-
နားရွက်မပါသောကလေးငယ်1 day ago
-
-
အလွမ်းနေ့ရက်1 day ago
-
-
မမုန်းလိုက်ပါနဲ့2 days ago
-
ရိုးရိုးလေးဆုံးသွားတဲ့ ပုံပြင်2 days ago
-
-
ရာမညဟု ခေါ်သည်2 days ago
-
ပြောင်းဖူးပေါက်ပေါက် သုံးထုပ်2 days ago
-
အနှိုင်းမဲ့ခြေရာနှစ်စုံ2 days ago
-
ပြာသို3 days ago
-
-
ချစ်ခင်ပွန်းများအတွက် မှာတမ်3း days ago
-
-
အမေများနေ့ အမှတ်တရ3 days ago
-
ကွဲပြားသောတူညီမှု4 days ago
-
အစစ်လား အတုအယောင်လား5 days ago
-
Watching the live football5 days ago
-
ဘဝသင်ခန်းစာ6 days ago
-
ဝ နေသူ အပြစ်6 days ago
-
ကြောင်နံ့သာ1 week ago
-
Letter From Burma1 week ago
-
သြစကြေးလျားရောက် NLD လွှတ်တော်အမတ်များ1 week ago
-
-
-
သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး1 week ago
-
-
အိမ်ကဆင်းသွားတဲ့ချစ်သူ1 week ago
-
ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ2 months ago
-
အချစ်စေညွှန်ရာအတိုင်3း months ago
-
ဆုတောင်3း months ago
-
Ethical Consideration4 months ago
-
Manchester သွား တောလား4 months ago
-
ယခုမှစ၍နုတ်ဆက်သည်5 months ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)5 months ago
-
ညီမလေးများ အတွက် မပျက်မကွက် မွေးနေ့ဆုတောင်း5 months ago
-
မော်ဒန် အချစ်တိုင်ရတု6 months ago
-
For “Harvest Thanksgiving Festival”7 months ago
-
ကျေးဇူးတင်လွှာ8 months ago
-
-
"They Hid The Bee From The Rain"11 months ago
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
4 comments:
- ကောင်းကင်ပြာ said...
-
အဲလိုတွေကြားရတာ ကြာနေပီ၊ စိတ်ထဲ အဲလိုတွေ ဖြစ်တာကို လက်မခံချင်ပေမဲ့ ဖြစ်နေကြတုန်းပဲ
- သားကြီး said...
-
“ချစ်နိုင်သူတွေ...ချစ်ကြပါ ကြိုက်ကြပါ....ချစ်ပိုင်ခွင့်မရှိတော့ လွမ်းရတယ် ဆွေးရတယ်..... ဒန့် ....ဒလန့်....ဒန့်..ဒန့်... OnlineမှာQကြမယ်ဟေ့ကောင်းကောင်း :P
- ငှက်ကလေး said...
-
အယ် ငါ့နံမည်က ဘီလိုလုပ် ပါနေတာတုံး ကိုသားကြီးလုပ်ဦးလေ များတို့ နာမည်ကို ခွင့်မတောင်းပဲ ယူသုံးတယ် တရား စွဲမယ် ဟေးးးး ကိုသားကြီးရေ တူ့ကို တရားစွဲရအောင်ဘိလိုလဲ ခိခိ
မမရေဖတ်သွားတယ်နော် ကောင်းတယ် ( ထပ်မေးလိုက်ဦးမယ် ) ကိုယ်တွေ့လား ငင် ဟဟဟဟ - လွင်မင်းခန့်  said...
-
Shaper ရေ.. မရောက်ဖြစ်တာ နဲနဲကြာသွားတယ်..ဆောရီး... ခု..အတိုးချပြီး မန့် ခဲ့မယ်နော်... ပြောရရင်တော့ ဒီကိစ္စတွေဟာ အင်တာနက် ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါပဲ.. အများအားဖြင့် လူငယ်တွေ အင်တာနက်ကို အကျိုးရှိရှိ သုံးရမယ့်အစား.. ချက်တင်တွေနဲ့  ကိုယ့်အချိန်တွေ ကို.. အရည်မရ အဖတ်မရ ဖြုံးတီး နေကြတာ.. နိုင်ငံ နဲ့  လူမျိုးအတွက် ဘက်က ကြည့်ရင် ရင်နာစရာပါပဲ... ဒီကြားထဲ shaper ပြောသလို အသဲတွေကွဲကြ... စိတ်ဓါတ်တွေ ပျက်ပြားကြ.. စာရိတ္တတွေ ညှိုးနွမ်းကြ နဲ့ ... ဖြစ်ကြရရင်..ကာယကံရှင်တွေ အတွက်လည်း ရင်လေးစရာကောင်းပါတယ်... ဒီလိုပြောလို့  ချက်တင်ဆိုတာ လုံးဝမသုံးသင့်တဲ့ အကျိုးမရှိတဲ့ အရာလို့  ဆိုလိုတယ် မထင်ချင်စေပါဘူး.. အကျိုးရှိအောင်သုံးရင် အကျိုးရှိလှ ပါပကော..မိသားစုချင်း..သူငယ်ချင်းချင်း.. ချစ်သူ အချင်းချင်း..ဘယ်လောက်ဝေးဝေး အလွယ်တကူ အချိန်မရွေး အလကားနီးပါးဈေးတွေနဲ့  ဆက်သွယ်နိုင်တဲ့ အရာကိုး... ဒါပေမယ့် misuse ဆိုတာ နေရာတကာ ရှိပါတယ်.. ဒီ့ထက်ဆိုးပြီး abuse အဆင့်အထိလည်း ရှိလာနိုင်တာပါပဲ .. ထက်တဲ့ဓါးတစ်ချောင်း နဲ့ ... ကိုယ့်ရန်သူကို ပြတ်ရှနိုင်စေသလို.. ကိုယ့်ကိုကိုယ်လည်း ပြတ်ရှစေနိုင်တယ်ဆိုတာ မမေ့ဖို့  လိုပါတယ်။ ပြီးတော့.. လူဆိုတာ ဆိတ်ကွယ်ရာရရင် နဂိုလ်က မလုပ်ရဲ မပြောရဲတာတွေ.. လုပ်ရဲပြောရဲ လာတတ်ကြတဲ့ သတ္တဝါတွေ လေ...။ တစ်ဘက်က ကိုယ့်ကိုကိုယ် အဲဒီလို ခပ်ညံ့ညံ့ လူတွေထဲ မပါအောင် သတိထားထိန်းသိမ်းရင်း တစ်ဘက်ကလည်း အဲဒီလိုလူတွေကို သတိထားရှောင်ရှား တတ်ကြဖို့  လိုတာပေါ့။ ကိုကတော့ ချက်ကြသူများကို ဒီလိုလေး သတိပေးချင်တယ်.. “ ချက်ပါ..သို့ သော်..အပြင်မှာလိုပဲ မဟုတ်တာလုပ်ရမှာကို... ရှက်ပါ.."..လို့ ...
LMK

