ကိုသားကြီးရဲ့ တက်ဂ်လေး ရေးကြည့်လိုက်မှ သိလိုက်ရတယ်။
ကိုယ်ဘယ်လောက် ပေါ့ဆလိုက် ပါသလဲဆိုတာကိုပါ။ စိတ်လဲလုံးဝမကောင်းပါဘူး။
ကိုယ့်ကို ဝင်မန့်ထားတာလေးတွေ ကို ပြန်လှန်ကြည့်လိုက်တော့လေ......
ငါ့ညီမလေးငှက်က အဖေ့အတွက် ကဗျာမှာ မန့် ခဲ့တုန်းက တက်ဂ်သွားကြောင်း ပြောခဲ့သေးတာပဲနော်။ တကယ်ပါပဲ။။။ ငှက်ရေ...မင်းအမဟာလေ မင်းလိုမဟုတ်ပါဘူးကွယ်။
ညံ့ပါ့၊ တုံးပါ့။ ရှက်ရှက်နဲ့ ဝန်ခံပါရစေကွယ်နော်။
ညီမလေး အဖြစ်ချင်ဆုံး ဆန္ဒဆိုတာလေးရေးတဲ့ ပိုစ့်ကို ဖတ်ခဲ့သေးတယ်။
ကိုယ့်နာမည်တွေ့ တော့ အော် သူခင်တဲ့သူတွေ နာမည်ချရေးတာပဲလို့ ထင်ခဲ့မိတာပါ။
တက်ဂ်ဆိုတာ ကိုမသိခဲ့တာပါကွယ်။ (မျက်နှာဘယ်ထားရမှန်းမသိတော့ဘူး..ဟီးးးးးးးး ရှက်လိုက်တာ) အဲဒီတုန်းက " မမရေ အားလည်းနာတယ်နော် မမကို တက်ဂ်ထားတယ် " ဆိုတာကို နားမလည်လို့ ယောင်ချာချာနဲ့  ဘာပြောသွားမှန်းတောင်မသိလိုက်တာဟေ။
မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။ ဂယ်ပါပဲ...
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမည် ဆိုလျှင်ဖြင့် သူငယ်ချင်းတို့ ၏ ဘလော့များ ဝင်ဝင်ဖတ်မှ တက်ဂ်ဆိုတာကိုသိလိုက်ရခြင်းဖြစ်ပါ၏။
အဘိဓာန်ဆိုသည်ကိုလည်း ပျင်းရိသော အကျင့်ကြောင့် မသိသော စကားလုံးရှိလည်း မလှန်မိပါ။
ဤသူမှာ အခြားသူမဟုတ်ပါ ညံ့ဖျင်း ၍ ပျင်းရိလွန်းသော အကျွန်ုပ် ပင်ဖြစ်ပါ၏။
ညီမလေးရေ... တကယ်စိတ်မကောင်းပါဘူး။
ငါ့ညီမလေး ထင်ရှာရော့မယ်.... သူ့ ကိုဂရုမစိုက်ဘူးလို့ လေ။
မဟုတ်ဘူးနော်။ တကယ်တောင်းပန်ပါတယ်ကွယ်။
ပြန်ရေးပေးမယ်နော်။ ခွင့်လွှတ်ပါကွယ်။
ဖြစ်အောင်တော့ ရေးကိုရေးပစ်လိုက်ဦးမယ်။
ပထမဦးဆုံးရဖူးသောတက်ဂ်ကလေးရဲ့ ရှေ့မှာ ရရှိခဲ့ဖူးတဲ့ တက်ဂ်ဦးလေးလို့ လေ။
အကျွန်ုပ် Angel Shaper သည် အဖြစ်ချင်ဆုံးသောဆန္ဒဟူသည့်
ချစ်ငှက်မလေး၏ တက်ဂ်ပိုစ့်အား ကြိုးစား၍ မကြာမီရေးပေးပါမည်ဟု
ဤတောင်းပန်စာဖြင့် အများသိစေရန် ၀န်ခံဂတိပြု လက်မှတ်ထိုးပါ၏။
မကြာမီ၊ လာမည်၊ မျှော်......
ချစ်ခြင်းများစွာဖြင့်
Angel Shaper
19.7.09 ( Sun; )
3:5 Am
ဟူးးးးးးးးး ပညာရှိသတိဖြစ်ခဲတဲ့။ (ခုထိမလျော့သေး....ဟိဟိ)
(အဟဲ... ငါ့တောင်းပန်စာလေး အာဇာနည်နေ့ အမှတ်တရ ပိုစ့်လေးတောင်
ဖြစ်မှန်းမသိဖြစ်သွားပါရော့လား ...ဟရို့ )
စိတ်ကြိုက်စုစည်းမှုများ

- ယုံကြည်နေပါ
- အချစ်စွမ်းအား
- နေပါစေတော့ချစ်လို့
- ကျနော်မကောင်းဘူး
- အချစ်သီချင်း
- စဉ်းစားရဦးမယ်
- စိတ်ညစ်နေလား
- မိုးရာသီ
- မာယာ
- သနပ်ခါး
- ပြန်မဆုံဖြစ်ကြရင်
- မင်းတစ်ယောက်တည်း
- နှောင်ကြိုး
- အဖြူရောင်
- မျက်ဝန်း
မောင်နှမလေးတွေ
-
အဖွားရဲ့  တရားစီရင်ချက်...3 hours ago
-
ထိတွေ့ခြင်း အနုပညာ15 hours ago
-
-
-
နားရွက်မပါသောကလေးငယ်1 day ago
-
-
အလွမ်းနေ့ရက်1 day ago
-
-
မမုန်းလိုက်ပါနဲ့2 days ago
-
ရိုးရိုးလေးဆုံးသွားတဲ့ ပုံပြင်2 days ago
-
-
ရာမညဟု ခေါ်သည်2 days ago
-
ပြောင်းဖူးပေါက်ပေါက် သုံးထုပ်2 days ago
-
အနှိုင်းမဲ့ခြေရာနှစ်စုံ2 days ago
-
ပြာသို3 days ago
-
-
ချစ်ခင်ပွန်းများအတွက် မှာတမ်3း days ago
-
-
အမေများနေ့ အမှတ်တရ3 days ago
-
ကွဲပြားသောတူညီမှု4 days ago
-
အစစ်လား အတုအယောင်လား5 days ago
-
Watching the live football5 days ago
-
ဘဝသင်ခန်းစာ6 days ago
-
ဝ နေသူ အပြစ်6 days ago
-
ကြောင်နံ့သာ1 week ago
-
Letter From Burma1 week ago
-
သြစကြေးလျားရောက် NLD လွှတ်တော်အမတ်များ1 week ago
-
-
-
သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး1 week ago
-
-
အိမ်ကဆင်းသွားတဲ့ချစ်သူ1 week ago
-
ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ2 months ago
-
အချစ်စေညွှန်ရာအတိုင်3း months ago
-
ဆုတောင်3း months ago
-
Ethical Consideration4 months ago
-
Manchester သွား တောလား4 months ago
-
ယခုမှစ၍နုတ်ဆက်သည်5 months ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)5 months ago
-
ညီမလေးများ အတွက် မပျက်မကွက် မွေးနေ့ဆုတောင်း5 months ago
-
မော်ဒန် အချစ်တိုင်ရတု6 months ago
-
For “Harvest Thanksgiving Festival”7 months ago
-
ကျေးဇူးတင်လွှာ8 months ago
-
-
"They Hid The Bee From The Rain"11 months ago
Blog Archive
-
▼
2009
(41)
-
▼
July
(11)
- ငယ်ငယ်က အမှတ်တရလေးများ
- Angel Shaper ကို နှိပ်စက်နေတဲ့ H1S1 Virus
- နှလုံးသား Password!!!!!!!
- မေ့လျော့ခဲ့မိတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးများ
- ချစ်ငှက်မလေးအား စိတ်မကောင်းကြီးစွာဖြင့် လူသိရှင်ြ...
- ရင်နှင့်ရင်းပြီး အပေးခံလိုက်ရတဲ့ ပထမဦးဆုံးသော တက်...
- ပြီးသွားတော့လဲ ပြီးသွားတာပါပဲ....
- ပေးရန်အကောင်းဆုံးလက်ဆောင်များ
- စိုက်ကြ ပျိုးကြ
- လှည့်စားသူ သို့ ....
- သူငယ်ချင်း..... သို့ ... ၁
-
▼
July
(11)
Labels
- ခင်မင်မှု အမှတ်တရလေးများ (11)
- ပါးပါးလေးတွေးပြီး ပေါ့ပေါ့လေးပြုံးဖို့  (4)
- ပုံပြင်၊ ၀တ္ထုတိုလေးများ (2)
- ရင်ဘတ်ထဲက အမှတ်တရများ (13)
- သတင်း (1)
- ဆောင်းပါး (1)
- ရေးမိရေးရာ (22)
10 comments:
- မေဇင် said...
-
ခွင့်လွှတ်ပါတယ်ကွယ်....မသိလိုမှားတဲ့...မလိမ်မိုး မလိမ္မာ အမိုက်အမဲလေး အတွက်.... ငှက်ကလေး ကိုယ်စား...ငါကိုယ်တော်မြတ် .... ခွင့်လွှတ်လိုက်သည်..... ဟီးဟီးဟီး... စတာနော်...ဖြစ်တတ်ပါတယ်... မျှော်ဆိုတော့လဲ မျှော်ရတာပေါ့နော်...း)
- ဂျပန်ကောင်လေး said...
-
:).. ဖြစ်တတ်ပါတယ်ဗျာ.. ကျွန်တော်ဆို လိုက်မေးယူနေရတယ်.. ခဏခဏ... ဟီး
- chitpalone said...
-
အင်း သမီးဆိုလည်း အဲ့ဒါတက်ဂ်ဆိုတာ ဘာကြီးလည်းဟင်ဆိုပြီး မေးယူရတယ် မပြောပါနဲ့တော့ အဲ့လိုပဲ။ ဖြစ်တတ်ပါတယ်။ မျှော်နေမယ်နော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး - သားကြီး said...
-
ငါ့ကိုပထမဆုံးစtagတာကိုရီနိုကြီးဟ
အဲ့တုန်းကငါလည်းမသိဘူး
ကိုရီနိုကရက်ကြာလာတော့စီဘောက်မှာလာအော်
တယ် ညီလေး သားကြီး လှုပ်ရှားတော့လေကွာတဲ့ ဘယ်မှာလဲtagပိုစ်တဲ့
လူတောင်ကြောင်သွားပါတယ်ဆို ထားခဲ့ဖူးသောရည်းစားများဆိုတဲ့ပိုစ်မှာကိုယ့်နာမည်တော့ပါ
တာတွေ့သား ခုသူငယ်ချင်းဖြစ်သလိုပဲပေါ့ အဲဒီတုန်းကသဘောတရားကိုမသိဘူး ဘလောက်လျှောက်ဖတ်တာကြာမှသိတာ ဟီးဟီးးးးးးးးး
အဲ...ငှက်ကလေးတစ်ယောက်မတွေ့သေးပါလား? - ငှက်ကလေး said...
-
အယ် ပြောဦးမယ် မမ အဖြစ်ချင်ဆုံး ဆန္ဒရေးပြီးသားလေ ငါ့အမကတော့လေ နေဦး ပြန်ရှာကြည့်လိုက်ဦးမယ် မမရေးထားတာ ရှိတယ်လေ ငယ်ငယ်က သီချင်းဆိုတာ အဆိုတော်ဖြစ်ချင်တယ်ဆို ဟုတ်ဘူးလားလို့ အဲဒီတုံးက မမ ညီမ့ကို တဂ်ရေးပေးတယ် ထင်တာ ဟိဟိ
ဟုတ်တယ်မမရေ ညီမလဲ အစက တဂ်ဆိုတာ ဘာမှန်းမသိဘူးရယ် နောက်မှအဟားးးး ရတယ် ကိစ္စ မရှိပါဘူး ကိုယ့်ချင်းကိုယ့်ချင်းတွေပဲ ကြည့်ပါဦး ခေါင်းစီးကြီးကလဲ ငါ့အမကတော့လုပ်ပြီ ဟိဟိ များ ကိုစိတ်မကောင်းဖြစ်အောင် ဟွန်းးးးး အဲဂလောက်မလိုပါဘူး မမရယ် ဟဲဟဲ - kaungkinpyar said...
-
စောင့်ဖတ်ပါမယ် ညီမလေးရေ
- ငှက်ကလေး said...
-
ဒီမယ်လေ ဒါဟုတ်ဖူးလားလို့ http://angelshaper.blogspot.com/2009/06/angel-shaper.html ဆိုနေ ညီမ မမကိုတဂ်ပြီးတော့ မမက ဒါလေးရေးတော့ အော် မမခေါင်းစဉ်မတက်တတ်လို့ ဂလိုလေး ရေးလိုက်တယ်မှတ်တယ် အဲဒါလေးပဲလေ အဖြစ်ချင်ဆုံး ဆန္ဒ ဟုတ်ဘူးလား ကဲ မဟုတ်ဘူးဆိုလဲ ရေးစေဗျားးးးးးးးးးး ဟုတ်ပလား အမလေးနော် ငါ့နှယ် နံမည်ကြီးတော့မှာပဲ ငါ့အမ လုပ်တာနဲ့ပဲ ဟဟဟဟဟ
- နေစိုးနိုင် said...
-
ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ်
- kiki said...
-
ဂလောက်တောင် ညံ့ ရသလား ...
ကဲဟာ ..ကဲဟာ...
တိန် ... ဂိန် ..ကိန် ကိန်...
မှတ်ပလား ဟ..
ကဲ .. ရေးပေရော့..
ဟိုတက် ဒီတက် နေကြတာကြီးတွေကို..
ခိခိ
(အဲဒီ -- word verification ..လေး အရင်ဖြုတ်ပေးပါဝေးးး အလုပ်ရှုပ်လို့  ပါအေ) - မီးမီးချစ် said...
-
ရီရတယ်နော်..အတဂ် ခံရတဲ့ လူကလဲ မသိ..
တဂ်တဲ့ လူကလဲ မသိနဲ့ ... အဟေးဟေးဟေး..
ကွန်မန့် ရရင် အရမ်းပျော်တယ် နော်..ဘာလို့ လဲတော့ မသိဘူး လူကစပ်ဖြီးဖြီးကို ဖြစ်လို့ ..

